Jump to content

ပုံတူ မျိုးပွားခြင်း

ဝီကီးပီးဒီးယား က

ဇီဝဗေဒ တွင် ပုံတူ မျိုးပွားခြင်း (cloning) ဆိုစွာမှာ ဗက်တီးရီးယားအင်းဆက် သို့ အပင်တိပိုင်သဘာဝ လိင်မဲ့ မျိုးပွားခြင်းပိုင်genetically-identical ဗီဇချင်း ကိုက်ညီရေ သက်ဟိတိအား ပွားယူခြင်းကို ဆိုရေ။ ဇီဝ နည်းပညာ (biotechnology) တွင် ပုံတူ မျိုးပွားခြင်း ဆိုစွာမှာ ပုံတူ ဒီအန်အေ မျှင်တန်း ကူးယူခြင်း (molecular cloning), ဆဲလ် ပုံတူကူးခြင်း (cell cloning) သို့ အင်္ဂါတိ ပုံတူကူးခြင်း ကိုခေါ်ရေ။ ပိုပနာ ယေဘုယျအားဖြင် digital media သို့ software တိ ပုံတူကူးခြင်း ရို့ကိုလည်းခေါ်ရေ။

မိုလီကျူလာ ကလုံးနီး (molecular cloning) ရေ သက်မှတ်ထားရေ ဒီအန်အေ စီးကွမ့် (DNA sequence) ဧ ပုံတူ အများအပြား ကူးယူခြင်း လုပ်စဉ်ကို ခေါ်ရေ။ ပုံတူ မျိုးပွားခြင်း (cloning) ဟု ဆိုလိုက်ကေ များရေအားဖြင့် ဂျီးခေါ် မျိုးဗီဇ ပါဟိရေ ဒီအန်အေ အပိုင်းအစကို မိုလီကျူလာ ကလုံးနီး နည်းဖြင့် ပွားယူခြင်းကို ဆိုလိုရေ။ ၎င်းနည်းရေ ဂျီး မဟုတ်ရေ promoter (ဂျီးတခု အနီးတွင် တည်ဟိပြီး ထိုဂျီးသင်္ကေတတိ စတင်ဖို့ရာလို့ ညွန်ပြရေ ဒီအန်အေ သင်္ကေတ)အစဟိရေ ဇာနီရာက ဒီအန်အေ အပိုင်းအစ ကိုမဆို ကူးယူနိုင်ပြီး မိုလီကျူလာ ဇီဝဗေဒ တွင် ကကောင်းအရီးပါရေ။ ဇီဝဗေဒဆိုင်ရာ စမ်းသပ်မှုတိ၊ လက်တွိ့အသုံးချနည်းတိဖြစ်ရေ genetic fingerprinting (လက်ဗွေရာ နှိပ်ယူသပိုင်ဗီဇအချက်အလက်တိအား မှတ်တမ်းတင်ခြင်း၊ တူညီမှု ဟိမဟိ တိုက်ယူခြင်း) မှရေ ပရိုတိန်း ထုတ်လုပ်ခြင်းတိ အထိ ဒေနည်းလမ်းကို အသုံးချကတ်ရေ။ တစ်ခါတစ်ရံတွင် ကလုံးနီးဆိုရေ ဝေါဟာရအား ခရိုမိုဇုန်း တွင် ဂျီး တည်ဟိရာနီရာကို ယှာဖွီသည့် positional cloning နည်းဟု မှားယွင်းစွာ ညွှန်းဆိုတတ်ရေ။ ယကေလည်းလည်း လက်တွိ့တွင်မူ ခရိုမိုဇုန်း တွင် ဂျီး တစ်ခုဧ တည်ဟိရာနီရာကို သိဟိသည့်တိုင် ၎င်းဂျီးကို မထုတ်ယူနိုင်ပါ။

သိုးမလေး ဒေါ်လီ

သိုးမလေး ဒေါ်လီ (၁၉၉၆-၂၀၀၃) ရေ သက်ဟိပုံတူမျိုးပွားခြင်းနန့် ရဟိရေ သန္ဓေဆဲလ် မဟုတ်ရေ သာမန်ဆဲလ် မှ ပေါက်ပွားသည့် ပထမဆုံး နို့တိုက် သတ္တဝါ ဖြစ်ရေ။