Jump to content

ပုံသွန်းခြင်း

ဝီကီးပီးဒီးယား က
3310 - Athens - Stoà of Attalus Museum - Mould - Photo by Giovanni Dall'Orto, Nov 9 2009

ပုံသွန်းခြင်း ရေ အရည်ကိုဖြစ်စီ၊ ပုံပြောင်းနိုင်ရေ ရုပ်သတ္ထုအကြမ်းထည်ကိုဖြစ်စီ ပုံသွန်းခွက် (မို လည်းခေါ်) ဘောင်ခိုင်ခိုင်တွင်ထည့်ကာ ပုံသွန်းရေထုတ်လုပ်မှုလုပ်ငန်းစဉ်တခုဖြစ်ရေ။ ပုံသွန်းခွက်ရဟိဖို့တော့ခါ နောက်ဆုံးလိုချင်ရေပုံစံဧ မော်ဒယ် သို့ ပတ္တံမှ လုပ်ယူရေ။

ပုံသွန်းခွက်ရေ ဝမ်းခေါင်းပါရေ ဘလောက်တုံးဖြစ်ပြီး ၎င်းအတွင်းသို့ ပလတ်စတစ်၊ မှန်၊ သတ္တု၊ ကြွေ စရေ ရုပ်သတ္ထုအကြမ်းထည်တိကိုဖြစ်စီ၊ အရည်ကိုဖြစ်စီ ဖြည့်ရရေ။ အရည်ရေ ပုံသွန်းခွက်အတွင်း ခဲလားပြီးကေ ဝမ်းခေါင်းဟိပုံအများ ပေါ်လာရေ။ ပုံသွန်းခွက်ရေ ရုပ်လုံးဧ ပဋိရူပဖြစ်ရေ။ အသုံးမျျားရေ ပုံသွန်းနည်းမှာ ပုံသွန်းခွက်နှစ်ပိုင်းကို ကပ်ပနာ ပုံသွန်းပြီးကေ ရုပ်လုံးပေါ်မှ ခွက်ကိုခွါကာ ထုတ်ယူခြင်းဖြစ်ရေ။