Jump to content

ပဲခူးတိုင်း

ဝီကီးပီးဒီးယား က
ပဲခူးတိုင်းဒေသကြီး
မြန်မာနိုင်ငံတွင်း တည်နီရာ
မြန်မာနိုင်ငံတွင်း တည်နီရာ
Coordinates: 18°15′N 96°0′E / 18.250°N 96.000°E / 18.250; 96.000Coordinates: 18°15′N 96°0′E / 18.250°N 96.000°E / 18.250; 96.000
နိုင်ငံတမ်းပလိတ်:Country data မြန်မာနိုင်ငံ
ဒေသအောက်မြန်မာနိုင်ငံ
မြို့တော်ပဲခူးမြို့
Government
  ​ဝန်ကြီးချုပ်ဦးမျိုး​ဆွေဝင်း
  အစိုးရပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့
  ဥပဒေပြုရီးပဲခူးတိုင်းဒေသကြီး လွှတ်တော်
  တရားလွှတ်တော်ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်
Area
  Total၃၉,၄၀၂.၃ km2 (၁၅၂၁၃.၃ sq mi)
  Rankဆဋ္ဌမ
လူဦးရေ
 (၂၀၁၄)[]
  Total၄,၈၆၇,၃၇၃
  Rankဆဋ္ဌမ
  Density၁၂၀/km2 (၃၂၀/sq mi)
Time zoneUTC+06:30 (မြန်မာစံတော်ချိန်)
HDI (၂၀၁၇)0.547[]
နိမ့် · နဝမ
Websitebagoregion.gov.mm

ပဲခူးတိုင်းဒေသကြီးစော် မြန်မာနိုင်ငံအောက်ပိုင်းတွင်တည်ဟိပါရေ။ အယှေ့ဘက်တွင် ကရင်ပြည်နယ်၊ မြောက်ဘက်တွင် ပြည်ထောင်စုနယ်မြေနန့် မကွေးတိုင်းဒေသကြီး၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်နန့် ဧရာဝတီတိုင်းဒေသကြီး၊တောင်ဘက်တွင် မွန်ပြည်နယ်နန့် ရန်ကုန်တိုင်းဒေသကြီးရို့နန့် ထိစပ်နီရေ။ မြို့တော်မှာ ပဲခူးမြို့ဖြစ်ရေ။

ဒုတိယအကြိမ် ကျူးကျော်စစ်ပွဲအပြီး ၁၈၅၃-ခု၊ ဇန်နဝါရီလ(၂၀)ရက်နိမှာ အောက်မြန်မာပြည်ကို အင်္ဂလိပ်ရို့ဧ့ ကိုလိုနီအဖြစ် အပြီးအပိုင် သိမ်းပိုက်ခြင်းခံရလီရေ။ ယင်းအချိန်ကစတင်ပနာ ကိုလိုနီအုပ်ချုပ်ရီး စနစ်အရ ပဲခူးတိုင်းကို စတင်ဖွဲ့စည်းခရေ။

ပဲခူးတိုင်းတွင် မြန်မာသမိုင်းကြောင်း၌ ထင်ယှားခသော မင်းနေပြည်တော်ဟောင်းတိ ပါဝင်နီလီရေ။ အယှေ့မြောက်ပိုင်းတွင် ကေတုမတီ နာမည်နန့် ကျော်ကြားခသော မြန်မာဧကရာဇ်ရို့ဧ့နေပြည်တော်ဟောင်း တောင်ငူမြို့တည်ဟိလီရေ။ အနောက်မြောက်စွန်းတွင် မြန်မာသမိုင်းဦး၌ ကြီးကျယ်စည်ကားခသော ပျူလူမျိုးရို့ဧ့မြို့တော် သရေခေတ္တရာမြို့ဟောင်း ဟိလီရေ။ ပဲခူးတိုင်းဧ့မြို့တော်ဖြစ်သော ပဲခူးမြို့သည်လည်း ရှေးအတိတ်ကာလက မွန်ပဒေသရာဇ်ရို့ ထီးနန်းစိုက်ခရာ ဟံသာဝတီ မင်းနေပြည်တော်အဖြစ် ထင်ယှားခလီရေ။

ပဲခူးတိုင်းတွင်အရင်ခေါက်က ပဲခူးခရိုင်၊ ဟံသာဝတီခရိုင်၊ သာယာဝတီ ခရိုင်၊ အင်းစိန်ခရိုင်၊ ပြည် ခရိုင်နန့် တောင်ငူခရိုင်ဆိုပနာ ခရိုင်(၆)ခု ပါဝင်ခရေ။ ၁၉၆၂ခုနှစ်၊ နိုင်ငံတော်လုံခြုံရီးနန့် အုပ်ချုပ်မှုစီမံကိန်းအရ ပြည်နယ်/တိုင်းနန့်ခရိုင်တိ သတ်မှတ်ဖွဲ့စည်းရာတွင်လည်း ပဲခူးတိုင်းသည် အဆိုပါ ခရိုင်(၆)ခရိုင်နန့်ပင် ဆက်လက်တည်ဟိခရေ။ ပြည်ထဲရီးဝန်ကြီးဌာနဧ(၂၉.၉.၁၉၆၅) ရက်စွဲနန့် အင်းစိန်ခရိုင်မှ မှော်ဘီ၊ လှည်းကူး၊ တိုက်ကြီးနန့် ထန်းတပင်မြို့နယ်(၄)မြို့နယ်ကို ထုတ်နှုတ်၍ မှော်ဘီခရိုင်အဖြစ် ပဲခူးတိုင်းတွင်ထည့်သွင်းဖွဲ့စည်းခပြီး မှော်ဘီမြို့ တွင် ခရိုင်ရုံးစိုက်ခရေ။

ပြည်ထဲရီးဝန်ကြီးဌာနဧ့(၂၆.၁၀.၁၉၆၅)ရက်စွဲနန့် မှော်ဘီခရိုင်ကို မြို့နယ်(၄)မြို့နယ်နန့်လည်းကောင်း၊ (၄.၁၁.၁၉၆၅) ရက်စွဲနန့် တောင်ငူခရိုင်ကို မြို့နယ်(၆)မြို့နယ်နန့်လည်းကောင်း၊ ပြည်ခရိုင်ကို မြို့နယ်(၆)မြို့နယ်နန့်လည်းကောင်း၊ ပဲခူးခရိုင်ကို မြို့နယ်(၈) မြို့နယ်နန့်လည်းကောင်း၊ ဟံသာဝတီခရိုင်ကို မြို့နယ်(၇)မြို့နယ်နန့်လည်းကောင်း၊ သာယာဝတီခရိုင်ကို မြို့နယ်(၈)မြို့နယ်နန့်လည်းကောင်း ဖွဲ့စည်း၍ ပဲခူးတိုင်းဟု သတ်မှတ်ခရာ ပဲခူးတိုင်းတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ်(၃၉)မြို့နယ်ပါဝင်ခရေ။

(၂၀.၆.၁၉၇၂)ရက်စွဲနန့် ပဲခူးတိုင်းအတွင်းမှ မှော်ဘီခရိုင်နန့် ဟံသာဝတီခရိုင်ရို့ကို ရန်ကုန် တိုင်းအတွင်း ထည့်သွင်းဖွဲ့စည်းခသနန့် ပဲခူးတိုင်းတွင် ခရိုင်(၄)ခရိုင်နန့်မြို့နယ်(၂၈)မြို့နယ် ကျန်ဟိ ခရေ။ ထို့နောက် ပြည်ထဲရီးနန့်သာသနာရီးဝန်ကြီးဌာနဧ့(၃.၈.၁၉၇၂) ရက်စွဲနန့် ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်ခွဲတိကို ပယ်ဖျက်ခရေ။ နိုင်ငံတော်ကောင်စီကာလတွင် ၁၉၇၄ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၃၁အရ ပဲခူးတိုင်းသည် နိုင်ငံတော်ဧ့တိုင်းတစ်ခုအဖြစ် ဆက်လက်တည်ဟိခရေ။


နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရီးအဖွဲ့လက်ထက် (၁၈.၁၀.၁၉၈၉) ရက်နိမှာ ပြည်နယ်နန့် တိုင်းတိအလိုက် မြို့နယ်စုတိ သတ်မှတ်ဖွဲ့စည်းရာမှာ ပဲခူးတိုင်းအတွင်း ပဲခူးမြို့နယ်စု၊ ပြည်မြို့နယ်စုနန့် တောင်ငူမြို့နယ်စု၊ သာယာဝတီမြို့နယ်စုဆိုပနာ မြို့နယ်စု(၄)စု ပါဝင်ခပြီး ပြည်ထဲရီးဝန်ကြီးဌာနဧ့(၇.၁၀.၁၉၉၂) ရက်စွဲပါအမိန့်ကြော်ငြာစာနန့် မြို့နယ်စုတိဧအမည်ကို ခရိုင်ဟု ပြင်ဆင်သတ်မှတ်ခရေ။ ထိုစဉ်က ပဲခူးတိုင်းဒေသကြီးတွင်ခရိုင်(၄) ခရိုင်၊ မြို့နယ်(၂၈) မြို့နယ်၊ မြို့(၅၂)မြို့၊ ရပ်ကွက်(၃၂၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၄)အုပ်စု၊ ကျေးရွာ (၆၂၈၇)ရွာနန့် ဖွဲ့စည်းထားဟိခရေ။ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းခံရခြင်း ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရီးကောင်စီ တတ်လာပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့စွဲနန့် ပြည်ထဲရီးဝန်ကြီးဌာနက ခရိုင်အသစ်တိ တိုးချဲ့ဖွဲ့စည်းခရာ ပဲခူးတိုင်းဒေသကြီးတွင် ပဲခူးခရိုင် တောင်ငူခရိုင် ပြည်ခရိုင် သာယာဝတီခရိုင် ရို့အပြင် ညောင်လေးပင်ခရိုင် နန့် နတ်တလင်းခရိုင် ဆိုပနာ ခရိုင်သစ်နှစ်ခုထပ်မံဖွဲ့စည်းကာ လက်ဟိတွင် ပဲခူးတိုင်းဒေသကြီးတွင်ခရိုင်(၆) ခရိုင်၊ မြို့နယ်(၂၈) မြို့နယ်၊ မြို့(၅၂)မြို့၊ ရပ်ကွက်(၃၂၈) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄၁၄)အုပ်စု၊ ကျေးရွာ (၆၂၈၇)ရွာနန့် ဖွဲ့စည်းထားဟိခရေ။

တည်နီရာနန့် အကျယ်အဝန်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပဲခူးတိုင်း​ဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၄၇ မိနစ်မှ ၁၉ ဒီဂရီ ၂၀ မိနစ်၊ အယှေ့လောင်ဂျီကျု ၉၄ ဒီဂရီ ၃၅ မိနစ်မှ ၉၇ ဒီဂရီ ၁၀ မိနစ် အတွင်းကျရောက်ပြီး ဧရိယာအားနန့် ၉၇၃၇၀၄၃ဧက၊ စတုရန်းမိုင်အားနန့် ၁၅၂၁၄.၁၀ စတုရန်းမိုင် ကျယ်ဝန်းသည်။

ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းဒေသတိသည် အကြမ်းအားနန့် စိုစွတ်သော မုတ်သုံရာသီဥတုရဟိကာ မြောက်ပိုင်းဒေသတိမှာမူ ခြောက်သွေ့သည့် ရာသီဥတုဟိရေ။ ပဲခူးတောင်ငူနန့် ပြည်မြို့တိတွင် နွေဥတု အပူဆုံးကာလတိတွင် အပူချိန် ၈၈ ဒီဂရီ မှ ၉၀ ဒီဂရီ ဖာရင်ဟိုက် ထိဟိတတ်သည်။ ပျှမ်းမျှအားနန့် တိုင်းဒေသကြီးတစ်ခုလုံးဧ့အပူချိန်မှာ ၇၅ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ရေ။ မိုးရေချိန်မှာ အမြင့်ဆုံးအားနန့် မြစ်သားမြို့တွင် ၁၃၂.၃၆ လက်မထိ စံချိန်တင်ရောက်ဟိခဖူးသကဲ့သို့ အနိမ့်ဆုံးအားနန့် ပြည်မြို့တွင် ၄၅.၄၉ လက်မသာရဟိခဖူးရေ။

ပဲခူးတိုင်းဒေသကြီးဧ့မြို့တော်မှာ ပဲခူးမြို့ဖြစ်ရေ။

ပဲခူးတိုင်းဒေသကြီးအား တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့မှ အုပ်ချုပ်သည်။ တိုင်းအစိုးရအဖွဲ့ရုံးသည် ပဲခူးမြို့တွင် အခြေစိုက်ရေ။ ပဲခူးတိုင်းဧ့နယ်မြေအခြေအနေအရ ပဲခူးတိုင်းဒေသကြီး (အယှေ့ပိုင်း) ဧ့အုပ်ချုပ်ရီးရုံးတိသည် ပိုမိုအချက်အချာကျသည့် တောင်ငူမြို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ဧ့အုပ်ချုပ်ရီးရုံးတိသည် ပြည်မြို့၌ လည်းကောင်း အသီးသီး ရုံးစိုက်ရေ။

၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်တိ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တိနန့် ဖွဲ့စည်းကာ စတင်ကျင်းပခရေ။

ပဲခူးတိုင်း တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၃)ဦးနန့် ဖွဲ့စည်းထားရေ။ တိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၄)ရုံး၊ မြို့နယ်တရားရုံး (၂၈)ရုံးဟိရေ။


ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ခရိုင်၆ခုမြေပုံ
  ပဲခူးခရိုင်
  တောင်ငူခရိုင်
  ပြည်ခရိုင်
  သာယာဝတီခရိုင်
  ညောင်လေးပင်ခရိုင်
  နတ်တလင်းခရိုင်
  1. ပဲခူးခရိုင်
  2. တောင်ငူခရိုင်
  3. ပြည်ခရိုင်
  4. သာယာဝတီခရိုင်
  5. ညောင်လေးပင်ခရိုင်
  6. နတ်တလင်းခရိုင်

ခရိုင် (၆)ခုအား မြို့နယ် ၂၈မြို့နယ်နန့် ဖွဲ့စည်းထားရေ။

ပဲခူးတိုင်းဒေသကြီး အယှေ့ပိုင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ပဲခူးခရိုင် ပဲခူးမြို့နယ်  ကဝမြို့နယ်  သနပ်ပင်မြို့နယ်  ဝေါမြို့နယ်
ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်  ဒိုက်ဦးမြို့နယ်  ရွှေကျင်မြို့နယ်  ကျောက်တံခါးမြို့နယ်  ကျောက်ကြီးမြို့နယ်
တောင်ငူခရိုင် တောင်ငူမြို့နယ်  အုတ်တွင်းမြို့နယ်  ထန်းတပင်မြို့နယ်  ရေတာရှည်မြို့နယ်  ဖြူးမြို့နယ်   
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ပြည်ခရိုင် ပြည်မြို့နယ်  ပေါက်ခေါင်းမြို့နယ်  ရွှေတောင်မြို့နယ်  ပန်းတောင်းမြို့နယ်
သာယာဝတီခရိုင် သာယာဝတီမြို့နယ်  လက်ပံတန်းမြို့နယ်  မင်းလှမြို့နယ်  မိုးညိုမြို့နယ်  အုတ်ဖိုမြို့နယ်  ကြို့ပင်ကောက်မြို့နယ်
နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်  ဇီးကုန်းမြို့နယ်  သဲကုန်းမြို့နယ်  ပေါင်းတည်မြို့နယ်
Historical population
YearPop.±%
၁၉၇၃ ၃,၁၇၉,၆၀၄    
၁၉၈၃ ၃,၇၉၉,၇၉၁+19.5%
၂၀၁၄ ၄,၈၆၇,၃၇၃+28.1%
Source: ၂၀၁၄ သန်းခေါင်စာရင်း[]

၂၀၁၄ သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးတွင် လူဦးရေ ၄.၈သန်းဟိရေ။ တစ်နိုင်ငံလုံးတွင် လူဦးရေ ဆဌမမြောက် အတိဆုံးနီရာတွင်ဟိရေ။ အမျိုးသား ၂.၃သန်းနန့် အမျိုးသမီး ၂.၅သန်းဟိရေ။ လူဦးရေသိပ်သည်းဆမှာ စတုရန်းတစ်ကီလိုမီတာကေ (၁၂၃.၅)ဦးဟိရေ။ ပဲခူးတိုင်းဒေသကြီးတွင် လူ(၁၀၀)ကေ ၇၈ဦး ကျေးလက်တွင် နေထိုင်ကြသည်။

ဘုရားကြီးဘုရား(ပြည်) ဘောဘောကြီးဘုရား(ပြည်)

  1. 1 2 Lua error in Module:Citation/CS1/Date_validation at line 335: attempt to compare nil with number.
  2. "Sub-national HDI - Area Database - Global Data Lab". hdi.globaldatalab.org (in English). Retrieved 2018-09-13.
  3. မြန်မာပြည်ဖွား ဂေါ်ရခါး၊ ရီး-မေမြို့ချစ်ဆွေ၊၂၀၀၀ ခုနစ်ထုတ်