ပျူဘာသာစကား
ပျူဘာသာစကား (ပျူ:
; my)စွာခရစ်နှစ် ပထမထောင်စုနှစ်မာ မြန်မာနိုင်ငံမာ အဓိကကတော့ခါ ပြောဆိုနီကတ်တေ မျိုးတုံးကွယ်ပျောက်လားရေ တရုတ်-တိဗက်ဘာသာစကားဖြစ်တေ။ဘီစီ ဒုတိယရာစုနန့် ခရစ်နှစ် ကိုးရာစုကြားမာ ထွန်းကားခရေ ပျူမြို့ပြနိူင်ငံတိ၏ နယ်မြီများမာ အသုံးပြုခကတ်တေ။၉ရာစုနှောင်းပိုင်းကာလတိမာ နန်ကျောက် မှ ဝင်ရောက်လှာသော အောက်သားများဧ့ ရွိ့ပြောင်းနီထိုင်မှုနောက်ပိုင်းမာ ပျူဘာသာစကားဧ့ နောက်ဆုံး ကာလတိဖြစ်တေ။ပုဂံဧ့ ကမ္ပည်းစာတိမာနောက်ဆုံးကျန်ရစ်ခပြီးကေ နောက်ရာစုနှစ်များစွာအကြာအထိ ပျူဘာသာစကားစွာ မြန်မာမြီမှ ကွယ်ပျောက်လားခီရေ။ ၁၃ရာစုနှောင်းပိုင်းကာလတိမာ အထက်မြန်မာပြည်ဒေသတခုလုံးစွာ ပျူအငွိအသက်များကွယ်ပျောက်လားရေ။ ပုဂံအင်ပါယာ စွာ အထက်မြန်မာပြည်တခုလုံးကိုထိန်းချုပ်နှိုင်ခပြီး ဗမာဘာသာစကားအယင့်အယင်တိုးတက်လာကာ မြန်မာ့မြီပေါ်မာခေတ်သစ်တခု အဖြစ်ပေါ်ပေါက်ပါလတ်တေ။
ဖြစ်ပေါ်လှာပုံ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပျူစာရီးသားခြင်းကို အိန္ဒိယ တောင်ပိုင်း စာရီးနည်းပညာကို မြန်မာနိုင်ငံမာဟိရေ လူတိက ခရစ်နှစ် (၄) ရာစုခန့်မာ ရဟိခပြီးကေ နိုင်ငံခြားမှ တီထွင်သုံးစွဲခကတ်ရေ အက္ခရာတိကို ကိုယ်ရို့ဘာသာစကားအဖြစ် ရီးနိုင်ဖို့ ရည်ရွယ် ပြင်ဆင်ဖြည့်စွက်ချက်တိ ပြုလုပ်ရာမှ ပျူဘာသာစကားဖြစ်ပေါ်လှာခကြောင်းသိရရေ။
အထောက်အထားများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပျူဘာသာစကားကို ခရစ်နှစ် (၂) ရာစုခန့်က စတင် အက္ခရာတင် ရီးသားစွာကို တွိဟိရယား မြန်မာနိုင်ငံဧ့ အစောဆုံး အက္ခရာတင်စာလုံးများဖြစ်ကြောင်း သိရရေ။ ပျူလက်ရီးတိကို လိ့လာတွိဟိချက်အရ ဗြာဟ္မီအက္ခရာမှ ဆင်းသက်လာယား ခရစ်မပေါ်မှီ(၄)ရာစုက အိန္ဒိယနိုင်ငံ တောင်ပိုင်းမာ သုံးစွဲခရေ (ကဒံဗ) လက်ရီးနန့် နီးစပ်ကြောင်း သိရရေ။ ဗြာဟ္မီအက္ခရာကို ခရစ်မပေါ်မီ ၅ ရာစုကနိန် စတင်ပြီး သုံးစွဲနိန်ရေဆိုရေ သမိုင်းအထောက်အထားများ ဟိရေ။ အသီာကမင်း လက်ထက် ခရစ် မပေါ်မီ ဘီစီ ၂၇၄ မှ ၂၃၂ နှစ်အထဲ ဗြာဟ္မီ အက္ခရာကို သုံးစွဲကာ ရီးထိုးထားရေ ကျောက်စာတိကို တွိဟိရရေ။ ပျူလူမျိုးတိစွာ စာတိကို အိုး၊ ကြီးပြား၊ ကျောက်ပြားနန့် ပီရွက်ထက်မာ စာရီးသား အမှတ်အသားပြုလုပ်ကတ်တေဆိုရေ အထောက်အထားများ မကန်မဝှန် တွိဟိရရေ။ ပျူစကားတွင် အသံသျှစ်မျိုးဟိပြီးး နောက်ဆုံး ဗျည်းသတ်ရေ အလိအထ မဟိကြောင်း သိရရေ။
ဓာတ်ပုံများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ဟန်လင်း ရှီးဟောင်းသုတေသနပြတိုက်ဟိ ပျူကျောက်စာတစ်ရွှား
- ပျူခေတ်စာပီ
- ပျူအက္ခရာများ
ရည်ညွှန်းကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- Aung-Thwin, Michael (2005). The mists of Rāmañña: The Legend that was Lower Burma (illustrated ed.). Honolulu: University of Hawai'i Press. ISBN 978-0-8248-2886-8.
- Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd.
- Htin Aung, Maung (1967). A History of Burma. New York and London: Cambridge University Press.
အမျိုးအစားခွဲခြားခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ပျူဘာသာစကားအား တရုတ်-တိဗက်ဘာသာစကားမိသားစုကြီးဧ့ သီးသန့်အုပ်စုခွဲ အဖြစ် ပညာသျှင်Blagden (1911:382) ကပထမဆုံး အသိအမှတ်ပြုခရေ။ပျူဘာသာစကားစွာ တရုတ်-တိဗက်ဘာသာစကား မာ ကွဲပြားသော အသံပိုင်းဆိုင်ရေနန့် အဘိဓာန်ဝိသေသလက္ခဏာတိကြောင့်Miyake (2021၊ 2022) က တရုတ်-တိဗက်ဘာသာစကားဧ့ အကိုင်းအခက်တခုဖြစ်ကြောင်းနန့်ပတ်သတ်လို့ အတွန်တက်ခရေ။မူရင်း ရှေးတရုတ်-တိဗက်ဘာသာစကားဧ့ ပုံသဏ္ဌာန် များဖြစ်ဘော ဝေါဟာရများဆန်းသစ်မှုတိနန့် အသံထွက်မကန်မဝှန် ဆုံးယှုံးလားယင့်အတွက် ပျူစွာ ရှေးတရုတ်-တိဗက်ဘာသာစကားမဟုတ်လီ။Miyake (2022) အဆိုအရ ပျူဘာသာစကားစွာ မိခင်ဘာသာစကားအုပ်စုမှခွဲထွက်ပြီး သီးသန့်တိုးတက်လာရေဘာသာစကားမျိုးဖြစ်နှိုင်ရေဟုဆိုထားရေ။
ပျူဘာသာစကားကို ပိုင်-ဗမာ ဘာသာစကားတိမာ အစမ်းသဘောအားဖြင့် ပညာMatisoff မှ ခွဲခြားသတ်မှတ်ထားပြီးသား ပညာBradley မှ Luish ဟု ယူဆကတ်ကေလေ့ Miyake ကထိုယူဆချက်တိကိုပယ်ချခရေ။ဘာသာဗေဒပညာသျှင်တဦးဖြစ်ရေ် Van Adrien စွာလေ့ ပျူကို တရုတ်-တိဗက်ဌာနခွဲအဖြစ် အစမ်းသဖောခွဲခြာထားခရေ။