ပြားကျွန်း
ပြားကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပြားကျွန်းစွာ ပေါက်တောနယ်၏ အနောက်မြောက်ဘက်မာဟိရေ။ မြောက်ဘက်မာ ကုလားပုန်းကျွန်း နန့် ဟင်းခရော်မြစ်၊ အနောက်ဘက်မာ ကုလားတန်မြစ်နန့် ယင်းတစ်ဘက်ကမ်းတွင် ဝရစ်တောင်ကျွန်း၊ အရှိဖက်တွင် ဝင်းကျွန်း၊ တောင်ဘက်မာ ပြားတောင်ကျွန်း အသီးသီးဟိကတ်ရေ။ တန္တဗိုလ်၊ငှက်ဆင်တုံး၊ ငဝက်စွယ်၊ ပြိန်းချောင်း၊ စက်မကျ၊ ဆယ်သုံးတန်၊ ဟင်းခရော်၊ ဂန်းကျ။ သိန်တောင်၊ ငွေတွင်းဒွေ စရေ ရွာဟောင်းရွာသစ်တိ ပါဟိကတ်ရေ။
တန္တဗိုလ်နန့် ငှက်ဆင်တုံးအရပ်ရို့မာ သမိုင်းဝင်အရပ်တိဖြိုက်ကတ်တေ။ တန္တဗိုလ် အတန့်ရေ မင်းမတည် ပြည်မရပ်ကာလက တန္တဗိုလ်မင်း၏ တပ်တတပ် ထားဟိခရာအရပ်ဟု ယူဆရရေ။ ငှက်ဆင်တုံးအရပ်မာလေ့သော့ ခံတပ်ကင်းအရပ်တစ်ခုဟု ယူဆရရေ။ ငှက်ဆင်တုံးကို ငဆင်တုံးဟု ရာဇဝင် ၌ တွိ့ရရေ (စန္ဒ။၂း၂၇ဝ)။ ၄င်းအရပ်ရို့စွာ ကုလားတန်မြစ်နန့် ဟင်းခရော်မြစ်ရို့၏ ဆုံရာအရပ်တွင် တည်ဟိကတ်ရေ။ ဟင်းခရော်မြစ်စွာ မြောက်ဦးမြို့တော်သို့ ဝင်ရောက်ရာ ပထမဆုံးသော မြစ်လက်တက်ပင် ဖြစ်ရေ။ အနောက်ဘက်စွာ ဦးရစ်တော်စာတီ အရပ်ပင်ဖြစ်ရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။