ပြားတောင်ကျွန်း
အသွင်ပြင်
ပြားတောင်ကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပြားတောင်ကျွန်းစွာ ဝင်းကျွန်း၏ အနောက်ဘက်၊ ပြားကျွန်း၏ တောင်ဘက်ရို့တွင်ဟိရေ။ မြောက်ဘက်နန့် အရှိဖက်ရို့တွင် မဟိန်ချောင်းက စီးဆင်းပြီး တောင်ဘက်မာ ဘောဒါချောင်းဟိရေ။ ယင်းတစ်ဘက် အရပ်ရေ တောင်ခြီရင်းကျွန်းဖြစ်ရေ။ တခါတရီကျွန်းကို တောင်ခြီရင်းကျွန်းတွင် ထည့်သွင်းတတ်ကတ်ရေ။
ပြားတောင်ကျွန်းတွင် လက်ပန်ပြား၊ တလိုင်းချောင်း၊ စစ်ကဲချောင်း၊ ဆားပြင်၊ သရက်ချို၊ ငခူချောင်း၊ ငခူရှည်၊ ရွာချောင်းကြီး၊ ကျော်ရှင် စရေရွာတိပါဟိကတ်ရေ။
မင်းရာဇာကြီးတည်ခရေ ကြွေမသီတပ်(စန္ဒ။၂း၁၄၉)စွာ တလိုင်းချောင်းအရပ်ဟု ယူဆရရေ။[၁]
==ကိုးကား
- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။