ပြောင်းပြာကျွန်း
ပြောင်းပြာကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ပြောင်းပြာကျွန်းစွာ ချောင်းကလာကျွန်းဧ အရှိဖက်တွင် ဟိရေရေ ကျွန်းဖြိုက်ရေ။ မြောက်ဘက်မာ လက်ယာကျွန်း၊ အရှိဖက်တွင် ဇီးဇာနန့် သူငယ်တော်ကျွန်း၊ တောင်ဘက်မာ ဆင်ခြံကျွန်း အသီးသီးဟိကတ်ရေ။ ရက္ခိုင်ရာဇဝင်၌ ဒုတိယဓညဝတီပြည်ရှင် သီရိရာဇာမင်းလက်ထက် အိပ်မက်တခုကို ပြန်တော်မူရန် စီစပ်ခရေ လျှောက်တင်သူ အမတ်နှစ်ဦးထဲက တဦးစွာ ပြောင်းပြားစား ဒေဝကျော်ဖြိုက်ရေ (စန္ဒ၊ ၁:၂၃၇)။ ထိုခေတ်ကသုံးစကား ပြောင်းပြာစွာ အခြားသောဝေါဟာရ (ဥပိုင်-ပရမ်ပရာ/ပရမ်ပူရာ အစဟိစော်) မှဆင်းသက်လာခခြင်း မဟုတ်ကေ ထိုကျွန်းစွာ ဓညဝတီဒုတိယခေတ်ကပင်ပင် ပေါ်ထွန်းနိန်ရာ ဟုဆိုနှိုင်ပါရေ။ ပထဝီအရကြေ့ရကေ ကုလားတန်လွင်ပြင် ဒေဘက်ပိုင်း၌ အရှိဖက်တွင် ပါးဒေချင့်ကျွန်း၊ တောင်ဘက်မာ တောင်ခြီရင်းကျွန်း၊ အနောက်ဘက်မာ ဘဲငါးရာ တောင်တန်း စစွာတိဟိနီကတ်၍ ထိုအရပ်အတွင်းမာ ဦးစွာပေါ်ပေါက်ခရေ ကျွန်းတစ်ခု ဖြိုက်နှိုင်ပါရေ။
ရက္ခိုင်ရာဇဝင်၌ ပြောင်းပြာအကြောင်းကို မင်းဖလောင်းလက်ထက် မဟာပညာကျော်လျှောက်ထုံးတစ်ခု၌ တစ်ချိန်ညွှန်းထားကြောင်းကို တွိ့ရပါရေ (စန္ဒ။၂း၁၃၇)။ ၁၇၇၄-ခုနှစ်မာ ပြောင်းပြာကျွန်းနေ တုံးတော်ရွှေကို ဘုရင်က မာန်အောင်စား ခန် ့ထားရာ မာန်အောင်သားရို့က လက်မခံကက်အနိန်နန့် ပြန်လာကြောင်း အစဟိစော်အနိန်နန့် ရာဇဝင်တစ်စောင်၌ တွိရပြန်ပါရေ(ရမ်းဗြဲကျွန်း-ကာ-၂)။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)