Jump to content

ဖားပြုတ်ကေရာဇဝင်လင်္ကာ

ဝီကီးပီးဒီးယား က

ဖါးပြုတ်ကေ ရာဇဝင်လင်္ကာ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၃၅၉ ခု၊ ကဆုန်လဆုတ်(၆)ရက် ၁၉၉၇ ခု၊ မေလ(၂၇)ရက် အင်္ဂါနိတွင် ဦးပညာစာရမှတဆင့် ဒုတိယ ဦးအောင်ကျော်ဇော၊ ဗလိပြင်ပါးက ရီးကူးပါရေ။

၁။ သကျဝတာ့ ကုမာရဟု ကုသဝတီ ပြည်ဋ္ဌာနီတွင် သိင်္ဂီရောင်လွှမ်း ရွှီထီးနန်း၌ စံမြန်းပျော်ပါး ခမျဉ်းတိက စကားမိန့်မြွက် နှုတ်အာစက်ကို လိုက်ဖက်ခေါ်တွင် သာကီဝင်ဟု ကျော်ထင်နာမ ကပိလ၌ နှမနန့်မောင် ပြည်တည်ထောင်၍ များမြောင် မင်းပေါင်း တွက်ရွီချောင်းသော် လေးသောင်းလွန်ထ ကပိလဝယ် ထွန်းသဘုန်းရှိန် ဇေယသိန်က မတိန်သောင်းတွင်း ရန်ဖြိုခွင်းသည် သားရင်းမျက်ရှူ သီဟနုတည်း။ နှိုင်းတုကင်းပ ထိုကဖွားမြော် သားသုဒ္ဓေါ်လျာ ညာပျော်ကြင်ရာ မေမာယာနန့် ပဇါဂေါတမီ သမ္ဘာညီသော် ဇာနီသားထွဋ် သားသိဒ္ဓါတ်ကို မိမြတ်တောင်ညာ မေမာယာမှ ဖွားခါသန့်စင် မျက်နှာမြင်၍ ရောက်ဝင်သက္ကရာဇ် ဆယ့်ခြောက်နှစ်မာ နယ်မြီသန့်ယှင်း ခြောက်ပြစ်ကင်းသား ဘုံဆောင်များဝယ် စံစားရွှင်ပျော် ဆယ်ကကျော်၍ လွန်သော်သုံးနှစ် ပြောင်ဝင်းရွှေလှော် မေယသော်နန့် သင့်လျော်ညီမျှ ရမ္မစသား သက္ကရာဇ်တွင် မချစ်ထီးနန်း တောသို့လှမ်းလျက် မြစ်ကမ်းပြင်သာ အနော်မာ၌ ဖန်ဝါဆင်မြန်း ရဟန်းပြုထ ဒုက္ကရကို ကျင့်ထခြောက်နှစ် နို့စစ်ဆွမ်းမြတ် ခံလတ်ပြီးနောက် မာန်စစ်ရောက်၍ ပါယ်ဖျောက်ပြီးထ သုံးလောက၌ တုပဖယ်ယှား လူနတ်များရို့ ညွတ်တွားဦးခိုက် ပူဇော်ထိုက်သည် သုံးတိုက်မှန်ကူ သယမ္ဘူစစ် ဘုရားဖြစ်ထ မြတ်ဗုဒ္ဓနန့် ဓမ္မဆယ်ပါး မြတ်တရားက ရှစ်ပါးအရိယာ မြတ်ဆြာကို သုံးဖြာရိုကျိုး လက်အုပ်မိုး၍ ရှိခိုးပြီးခါ ပြည်ဓညာ၌ နရာဓိပတိ သိရိသုဓမ္မာ မင်းရာဇာအား လိမ္မာကဝိ ဉာဏ်မြင်ရှိရေ နှံ့သိပြည်ရွာ ကျော်ဇောစွာသား ပညာဝံသ နာမခေါ်တွင် မတ်ကျော်ထင်၏ ပြည်ခွင်ဓည နောက်ကာလမာ ဖြစ်ထကြောင်းလမ်း လျှောက်တင်ခန်းကို ခွဲခြမ်းစုံလင် ကဗျာဆင်အံ့ ခေါ်တွင်သမုတ် ပညတ်ထုတ်သား ဖါးပြုတ်ရာဇဝင် ဤပုံပြင်ကို ပြည်ခွင်နယ်သူ များဗိုလ်လူရို့ မှတ်ယူစီလို ရီးစပ်ဆိုသည် နဂိုသိုက်ကျမ်း မူရင်းတည်း။

၂။ မဟာဝိဟိံက တိုင်းရဋ္ဌဟု ဓညရွှေပြည် ထီးနန်းတည်၍ ရွှေစည်ဆော်နှိုး ပိုင်အုပ်စိုးသည် မင်းရိုးမင်းဆက် စဉ်မပျက်ဘဲ ဆင်းသက်၍လာ မင်းများစွာတွင် ကောဇာသက္ကရာဇ် ကိုးရာရှစ်ဆယ် စွမ်းကယ်လေးဂု ရတုဂိမ နံယုန်လဝယ် ရွှေဓမ္မရာဇ် ရှင်မင်းချစ်သည် တဖြစ်လွှဲပြောင်း နတ်ရွာအောင်းသော် ထီးဆောင်းဆက်ခံ အိမ်ရှိစံဟု သားမွန်မည်ဟိ သီရိသုဓမ္မ ဘွဲ့နာမဖြင့် အဂ္ဂမဟေသီ သုဒေဝီနန့် ရွှေညီစုံချယ် ကြာရိပ်လယ်တွင် တင့်တယ်မယုတ် မင်းပြုလုပ်၍ စိုးအုပ်သောခါ မင်းလေးဖြာဝယ် မဟာကဝိ ပညာဟိသား၊ နှံ့သိပြည်လုံး လက်ရုံးမည်ခေါ် ပညာကျော်ရို့ ထံတော်နံပါး ရိုညွတ်တွားသည် ခစားရမည် မိန့်ဆိုသည်တွင် မတ်ကျော်ထင်လည်း ဘုရင်မင်းမြတ် ထံတော်ရပ်သို့ ချဉ်းကပ်ခစား မင်းတရားက စကားကြူအီး ဤသို့မီး၏။ ပျံ့မွှီးလှိုင်သင်း ပညာလင်းစွာ ဆင်ခြင်ပညာတ် လက်ရုံးမတ်လည်း မင်းမြတ်သခင် ငါဘုရင်၏ နတ်ခွင်ပြောင်းကြွီ စုတေလီက ဌာနီအောင်ချာ ဤပြည်သာကား ဘဇာသို့မင်း ပိုင်စိုးနင်း၍ မြင်ခြင်းဇာလို ကြောင်းထိုထိုကို သိလိုအရီး မတ်ကြီးမိန်းရေ မနှေးမြန်စွာ ဖြေကြားလော။

၃။ ပညာဝံသ ကဝိန္ဒ ဉာဏခေါင်ထွဋ် လက်ရုံးမတ်၏ ရိုညွတ်ဝပ်စင်း လျှောက်တင်ခြင်းကား ပြည်မင်းရာဇာ နားတော်နာလော့ ကောဇာသက္ကရာဇ် တွက်စစ်သင်္ချာ ထောင့်တစ်ရာနန့် `စွန်းလာရှစ်ဆယ် ခြောက်ခုကယ်တွင် ဝန်းကျင်သာလှ ပြည်ဓညကို တပါးခေါ်ငြား ကျေးကုလားဟု အသားဖြူစင်း ဖလောင်းမင်းလျှင် ပိုင်နင်းအာဏာ ဖြစ်လီပါအံ့။ ယုတ်မာဝါဒ မင်းပါပရို့ စိုးထသောခါ ပြည်ဓညာတွင် ကြီးစွာနိမိတ် အတိတ်ဖြာဖြာ ပြလီပါအံ့။ ပညာဝံသ မတ်ဥာဏက လျှောက်ထသောခါ ရာဇာသီရိ ဘူပတိစွာ ကြီးဘိအတိတ်၊ နိမိတ်ကြောင်းစ ဇာသို့ပြမည် ထပ်မိန်းသည်တွင် ဘုရင်မတ်ကျော် နန်းကြီးပျော် ပြသော်နိမိတ် ထိုအတိတ်ကို ခွဲစိတ်ပြသား ပင့်လျှောက်ငြားအံ့။ ဖါးပြုတ်တစ်ကောင် အုန်းဘောင်စီးလျှက် ဖြားရီတက်တွင် ချောင်းကိုဝင်၍ မရွှင်မသာ ဆန်တက်လှာအံ့။ ထိုခါကာလ ချောင်းကမ်းစတွင် ပြားဇီးပင်၏ ကိုင်းတွင်နားလျက် ပန်ဇင်းငှက်က နှုတ်ထွက်ချိုသာ ချစ်ခင်စွာဖြင့် မိတ္တာရောပြွမ်း ခင်ပွန်းမိတ်ဆွေ ဖါးပြုတ်ကေ မိတ်ဆွေသဟာ ဇာပြည်ရွာက လာခပါလေ မီးမြန်းပေအံ့။ ကိုင်းနေပန်ဇင်း လာကြောင်းရင်းကို ရှင်းလင်းသိသာ မီးမြန်းခါတွင် ကိုယ်မှာဗြုတ်ချပ် မချောမွတ်သား၊ ခေါ် မှတ်တွင်ပေ ဖါးပြုတ်ကေက ချစ်ဆွေပန်ဇင်း ငါလှာခြင်းကား ဇာသင်းဇာဝါ ဇာပြည်ရွာကို လည်ကာလှည့်ပတ် လာသတတ်ဟု စိစပ်မသွေ ဖြေဆိုလေအံ့။ မိတ်ဆွေပန်ဇင်း ကြားလတ်လျှင်းသော် ပြည်တွင်းမြို့ရွာ ဖြာဖြာထူးခြား သတင်းများကို မှတ်သားဇာပုံ ကြားခတုံလေ ငှက်မေးဖြေလိမ့်။ မိတ်ဆွေဖါးပြုတ် ပါးဇာ့လှုပ်၍ မဟုတ်မှန်စွာ ဖြေစွာမှာကား သမုဒ္ဒရာ သီတာရီမြီ မိုးလီမုန်တိုင်း အုံ့မှိုင်းမှိုင်းနန့် ရီလှိုင်းပဲ့တင် ငလျင်အားကြီး တုန်ခါဟီး၍ အပြီးမှန်စွာ လှုပ်လီပါအံ့။ ကျောက်ဖျာပြင်ကြီး ခြားသီးဗြန်းဗြန်း ခုနစ်ခြမ်းပင် ကွဲလီကျင်အံ့။ မြီတွင်ပေါက်ရောက် တွင်းမှာမြောက်လည်း ယွင်းဖေါက်ပြိုယိုင်း ခုနစ်ပိုင်းကေ ကျိုးမည်ပင်တည်း။ ပြည်တွင်နီလူ သူရို့မူကား တူရူဟိနောက် တောင်မြောက်မျက်နှာ ခွဲခြားကာဖြင့် လေးဖြာလေးသင်း လူစုကြင်း၍ ကွဲခြင်းဖြာဖြာ ဖြိုက်လီရာသည် မှတ်ပါဆွေရင်း ငှက်ပန်ဇင်း။

၄။ ဖါးပြုတ်ပြောကြား ထိုစကားကို မှတ်သားမယွင်း ငှက်ပန်ဇင်းမူ စိတ်တွင်းမသာ ကြောက်လန့်စွာဖြင့် မိတ္တာမယုတ် ဆွေဖါးပြုတ် အဟုတ်စင်စစ် ဤသို့ဖြစ်လျှင် မွန်းနစ်ကြမ္မာ ယင့်သူငါစွာ ဘဇာအမှု ဤသို့ပြု၍ အာယုဇီဝ ရှည်နီရလား။ ကြောင်းစအရီး ငှက်ကမိန်းသော် မိန်းဖြေဖေါ်ထုတ် ဆွေဖါးပြုတ်က အဟုတ်စင်စစ် ဤသို့ဖြစ်လျှင် စီစစ်မှတ်ယူ ကြီးသူဝမ်းခေါင်း ငယ်သူအောင်းက လွတ်ကြောင်းသက်ရှင်၊ ချမ်းသာအင်ကို တွေးထင်ကြံစည် မြင်ပါသည်ဟု ယုံကြည်စီမှု ဖြေဆိုပြုအံ့။ သမုရာဇာ မှတ်ယူနာလော ထိုခါပန်ဇင်း ဇီးကိုင်းတွင်းတွင် ကြောင်းခြင်းဖြာဖြာ ကြားရပါ၍ ညဇာတိုင်ရောက် ကြောက်ကြီးလှောက်က လွတ်မြောက်သက်ရှင် တွက်ဆင်ခြင်သော် ရောင်ရင်ငှက်ကြီး သစ်ကိုင်းစီးလျက် ပျော်မွိရွှင်ရွှင် အိပ်ရာဝင်က ရောင်ရင်ဝမ်းခေါင်း ခိုပုန်းအောင်းရန် ငှက်ငယ်ကြံအံ့။ အမှန်သေချာ ပုန်းရန်လာသော် အိပ်ရာပျော်ထက် ရောင်ရင်ငှက်ဟူ စိတ်မူမသာ လန့်ဖြတ်ကာဖြင့် ကျာကျာကြော်ကြော် မြည်ကျွီးအော်လိမ့်၊ ကြော်ကြော်ရောင်ရင် ဟစ်ကျွီးလျှင်ကား ရုပ်သွင်ယွင်းယို တောင်မျောက်ညိုမှု နုပျိုရုက္ခ နိန်ထပျော်ရွှင် သဗြုတ်ပင်ခွ လက်တွင်ကိုင်ပြီး သဗြုတ်သီးကို မညီးနှစ်သက် လွန်စွဲမက်၍ ကိုက်လျက်စားမည် ပြုနိန်သည်တွင် ကြောက်စိတ်ဝင်လျှက် ဝင်းလျှင်မှည့်ပြီး သဗြုတ်သီးမူ မျောက်ကြီးလက်မှ လွတ်ကြွီကျသော် အောက်ကနိန်ထ တောဆတ်မ၏ ပိဋ္ဌတွင်ခေါ် နောက်ကုန်းပေါ်သို့ မရှေ့မကောက် ဇောသက်ရောက်၍ ထိုနောက်တခါ ဆတ်မမှာကား ကြင်နာဒုက္ခ လန့်ကြုံလှ၍ ပြီးထခြီစုံ တောရဂုံတွင် နွယ်ခြုံပေါင်းယှက် တောကြက်ဘာသာ ဥပေါက်ကာဖြင့် နီရာသိုက်အုံ ပြစ်ပြစ်ကုန်ရောင် နင်းတုံဖြိုဖျက် ကြွီပျောက်ပျက်က တောကြက်မမှာ စိတ်ပူဆာ၍ လမ်းမာရို့ဆုံ ခြပုတ်အုံကို အကုန်ဖြိုဖျက် ခြီနန့်ယက်အံ့၊ ကုံတက်သခင် ရွှီနားဆင်လို ထိုတွင်တခါ ခြများစွာရို့ နီရာသစ်အုံ ဖြိုဖျက်ကုန်သော် မရုန်မရက် အမျက်ထွက်၍ ဝက်မနီရာ ရောက်လီပါက ဝမ်းမှာတွယ်ကပ် နို့သားမြတ်ကို ကိုက်လတ်ခြပေါင်း ခြုံအုပ်ဆောင်းမှ ထွက်ပြောင်းဝက်မ ပြီးလီကလျှင် နာကြင်ပေလတ် အားလုံးပြတ်လျက် ဆာမွတ်လွန်စွာ တောင်ယာအတွင်း စပါးခင်းကို အတင်းဝင်ခါ စားလီပါအံ့၊ ထိုခါအဟုတ် ယာကိုလုပ်ပနာ ထိမ်းအုပ်စောင့်ကြပ် ခေါ်တွင်မှတ်စွာ (ပညတ်) ဗျိုင်းညတ်သမုတ် င/မဲတုတ်ကေ ဝက်ကိုမြင်သော် ယာရှင်တသီး ယာသူကြီးကို အပြီးတိုင်ကြား ပြောလီငြားအံ့၊ စကားကြောင်းရာ တိုင်ကြားလာတွင်၊ တောင်ယာထိန်းအုပ် င/မဲတုတ်ကျာ ယာကလာသော် ယာမှာစပါး မှည့်ယာလားဟု ပိုင်ကြားသူကြီး ယာရှင်ဆီး၍ ယာကြီးခြင်းရာ အဖြာဖြာကို သေချာအတည် မိန်းလိမ့်မည်ဟု ရွှေပြည်မတ်ဝန် လျှောက်ဝပ်ပန်သည်၊ မင်းမွန်ထောင်နား ဆင်ကာတည်း။

၅။ တောင်ယာသူကြီး အယင်ဆီး၍ မိန်းပြီးသောခါ ဖြေသည်မှာမူ တောင်ယာစပါး ကောင်းမွန်ငြား၍ မှည့်ကားမှည့်ထ အစပတ်လည် မျောက်ဖျက်သည်ပင် အလယ်ခွင်ဝယ် ဝက်ဝင်၍တိုး ကြောင်းရင်းမျိုးကို ယာစိုးမဲတုတ်`မှန်အဟုတ်ဖြင့် ဖေါ်ထုတ်ပြတ်ပြတ် ဖြေဆိုလတ်သော် စိုးကွပ်ပိုင်နင်း သူကြီးမင်းက ချက်ချင်းမကြာ ငါ့တောင်ယာတွင် ဝင်ကာနီထ တောဝက်မကို မရမနီ ဖမ်းယူခီဟု ခိုင်းစီမနှေး အာဏာပီးလိမ့်၊ သက်မွီးယာလုပ် င/မဲတုတ်မူ သုတ်သုတ်ပြန်ကာ ယာခင်းမှာလျင် ဝင်ကာစားထ တောဝက်မအား လှပကျော့ကွင်း ထောင်လီလျှင်းသော် ကျော့ကွင်းတွင်ကျ တောဝက်မကို လက်ရဖမ်းယူ ပိုင်းနင်းသူခေါ် သူကြီးတော်အား ရွှင်ပျော်ဝမ်းသာ ဆက်လီပါအံ့၊ မဟာတွင်ပြီး ယာသူကြီးက ပြာညီးကာယ တောဝက်မ ပိုင်သစိုးနင်း ငါ့ယာခင်းကို အတင်းနှောက်မွှီ သင်စားလီသည်၊ အတည်သဘော မှန်သလောဟု စောကြောစစ်ဆီး သူကြီးမိန်းလိမ့် ပြာမွဲကာယ . တောဝက်မသည် ရွှင်ပြဝမ်းသာ အိပ်နီရာတွင် များစွာခြပေါင်း မကောင်းဆိုးမိုက် လာ၍ကိုက်မူ တောတိုက်မြိုင်သာ ပြီးချင်ပါလည်း လွတ်ရာမမြင် မကြိုင်လင်ဘဲ လမ်းတွင်တွိပြီး တောမျောက်ကြီးက ချိုအီးသံမြ တောဝက်မ ကြွကြွဆိုးစွာ ဇာခြင်းရာကြောင့် လျှောက်ကာထူးကဲ ဗြီးသနည်းဟု တည်လည်းပုစ္ဆာ မိန်းသောခါကာ အကျွန်မချွတ် ခြကိုက်လတ်၍ ကင်းလွတ်စီလို ဗြီးသည်ဆိုက မျောက်ညိုကပင် တောင်ယာခွင်ကို ပြီးဝင်မသွီ စားပါလီဟု ခိုင်းစီတိုက်တွန်း ဆိုပြောညွှန်းသော် ပင်ပန်းလောင်ဆာ မွတ်သိပ်ပါ၍ တောင်ယာစပါး ဝင်ကာစားဟု ပြောကြားဝက်မ ဖြေဆိုကမူ ခြကိုတဖန်၊ ခေါ်ခိုင်းပြန်၍ လျင်မြန်တုံက တောခြမနန့် များစွာခြပေါင်း ထောင်သိန်းသောင်းရို့ စုဆောင်းညီမျှ လာရောက်ကလျှင် ကြောင်းစအရီး စစ်ဆီးမေးက စည်းဝီးညီမျှ ကျွန်တော်ခြရို့ နီကြသိုက်အုံ အလုံးစုံကို အကုန်ဖြိုဖျက် တောကြက်ယက်က ပြိုပျက်ထောင်းထောင်း ခြအပေါင်းရို့ ခိုအောင်းစရာ မဟိပါ၍ မာန်ပါမျက်ထွက် တစ်ပြိုင်နက်ပင် တောဝက်နီရာ ရောက်လီပါက ညီညာဝိုင်းအုံ ကိုက်ခဲကုန်ဟု လုံးစုံခြများ ဖြေဆိုကြားလိမ့်၊ ပိုင်ကားယာခင်း သူကြီးမင်းက. ယှင်းလင်းသိရ တောကြက်မကို အရခေါ်စီ စီစစ်လီသော် မြိုင်ခြီပျော်ထ တောကြက်မလည်း ကြွကြွယင်လျင် ရှိတော်ခွင်သို့ ရောက်ဝင်လှာထ ဟေကြက်မ ခြရို့နီရာ သိုက်အုံသာသို့ ဘဇာအတွက် သင်ခြစ်ယက်ဟု အချက်ကျကျ စစ်ဆီးကမူ အကျွန်ဘာသာ ဥပေါက်ကာဖြင့် သိုက်မှာပျော်ရွှင် နီစိုင်တွင်ဝယ် မြိုင်ခွင်နီထ တောဆတ်မလျှင် ဆွဆွမကြာ မငဲ့ညှာဘဲ ရောက်လှာချက်ချင်း ခြီနန့်နင်း၍ ပျက်ယွင်းသိုက်အုံ ပြစ်ပြစ်ကုန်သည်၊ ပူအုံပြင်းပြ ကျွန်တော်မလည်း ဒေါသလည်းပုံ တောခြအုံကို အကုန်ဖြိုဖျက် . ခြီနန့်ယက်၍ မသက်မိတ္တာ ပြုမိပါရေ၊ သေချာကြက်မ လျှောက်ချက်တည်း။

၆။ ကြက်မလျှောက်ချက် အကြောင်းဆက်ကို ယာကွက်ပိုင်နင်း သူကြီးမင်းက ရှင်းလင်းသိထ တောဆတ်မကို ခဏမသွိ ခေါ်ယူစီ၍ ရောက်လီသောခါ စစ်ဆီးပါလိမ့်၊ တောမာနီထ ဟေဆတ်မ ကြက်မရိပ်မြုံ ဥသိုက်ပုံကို အကုန်ပြစ်ပြစ် ဘဇောင်ဖြစ်၍ အချစ်မထား နင်းကြိတ်ထားခ စကားလှစ်ဖေါ် မိန်းလတ်သော်လည်း၊ တောပျော်ကျွန်မ ဆတ်ဘဝဖြင့် နီထမြိုင်သာ ညဥ့်အခါတွင် တောမာပေါက်ရောက် ကြီးမြင့်မောက်သား ပေါက်ဖေါ်ကျော်ထင် သဗြုတ်ပင်၏ အောက်ခွင်နီးရပ် အိပ်မည်မှတ်၍ လဲဝပ်နီထ ပင်ထက်ကမူ မိုက်လှမျောက်ကြီး သဗြုတ်သီးနန့် ဆွတ်ပြီးပစ်ချ ကျွန်ဆတ်မ၏ ကြောမနောက်ကုန်း ဘုန်းဘုန်းလည်းကျ ကြောက်လန့်လှ၍ လျင်ဆွမအီး ထွက်တုန်ပြီးသော် ရှုပ်ထွီးသိုက်အုံ တောကြက်မြုံကို အာရုံသတိ မထားမိဘဲ စိစိညက်ကြွီ နင်းမိလီ၏၊ ညစ်ပီယုတ်မာ ဆိုးသွမ်းစွာဖြင့် အကျွန်အလျှင်း မြော်မနင်းတည်း၊ ရှင်းလင်းသိသာ ဖြေဆိုခါတွင် တောင်ယာပိုင်နင်း သူကြီးမင်းလည်း မိုက်ခြင်းကဲပို တောင်မျောက်ညိုကို ခေါ်ဆိုတဖန် ရှိရပ်ထံသို့ ရောက်ပြန်ခရာ စစ်မီးခါတွင် ကျွန်ုပ်သခင် သဗြုတ်ပင်၍ ကိုင်းတွင်ထိုင်ပြီး သဗြုတ်သီးကို မညီးသမှု စားဖို့ပြုက အိုမှုကြီးထ ရောင်ရင်မမူ ကြောက်လှလန့်ဖွယ် သံကျယ်ကျယ်ဖြင့် သွယ်သွယ်ဖြာဖြာ အော်ဟစ်ခါတွင် လွန်စွာလန့်ကြောက် လက်သို့ရောက်ပြီး သဗြုတ်သီးကား တားဆီးခြင်းငှါ မပြုသာဘဲ စိုင်ကာလွတ်ထွက် ဆတ်ကြောထက်သို့ ကြွီကျသက်ရောက် စိတ်ဆိုးပေါက်၍ သီပျောက်စီလို ကျွန်မျောက်ညိုကား မလိုမုန်းပွား မပစ်ငြားသည်၊ လျှောက်ထားအလို မျောက်ကဆိုလိမ့်၊ ဗဟိုစိုးနင်း ပြည့်ရှင်မင်း စိတ်တွင်းမှတ်ယူ သတိမူလော့၊ ယာသူကြီးမင်း သံကျယ်ပြင်းစွာ ကြီးခြင်းမည်တွင် ငှက်ရောင်ရင်ကို ခေါ်ငင်စိုင်းစား အာဏာထားလိမ့်၊ ကြီးမားကာယ ရောင်ရင်မလည်း လာထရှိမှောက် ထံနားရောက်က အံ့လောက်ကြီးထ ရောင်ရင်မ မြိုင်မအသံ တောလုံးညံအောင် ပြင်းထန်ဆူပွက် ဇာအတွက်ကြောင့် နှုတ်ထွက်ကျော်ကျော် သင်ဟစ်အော်ဟု လှစ်ခေါ်စစ်ဆီး သူကြီးမိန်းအံ့၊ မြည်ကျွီးသံနက် ရောင်ရင်ငှက်က လေ့ကျက်ဘာသာ အကျွန့်မာကား မြင့်စွာပေါ်ထွက် အပင်ထက်ဝယ် ငြိမ်သက်ပျော်ရွှင် အိပ်ရာဝင်က ခေါ်တွင်မှတ်ချက် ပန်ဇင်းငှက်မူ ဆိုးပျက်ယုတ်ခြင်း ကျွန့်ဝမ်းတွင်းသို့ အတင်းဝင်မည် ပြုလုပ်သည်တွက် ကြောက်လန့်ချက်ချင်း ပေါ်ထွက်ခြင်းကြောင့် အော်မြည်ရ၏၊ များလှသတ္တဝါ ကြောက်လန့်ပါယောင် သည်းစွာကြော်ကြော် ငါမအော်ရ တောပျော်ငှက်မ လျှောက်တင်သသည် ပိုင်ထသူကြီး သိလတ်တည်း။

၇။ သူကြီးသိလတ် ထိုနောက်ထပ်ဝယ် နုဖတ်ပိန်သွယ် ပန်ဇင်းငယ်ကို အကယ်မချွတ် ခေါ်စီလတ်၍ မလွတ်ရှောင်ခွါ ရောက်သောခါတည်း၊ ငယ်စွာကိုယ်လက် ပန်ဇင်းငှက်အား ကြောင်းဆက်ကုန်စင် ငှက်ရောင်ရင်၏ ဝမ်းတွင်ခိုအောင်း ခြင်းရာပေါင်းကို မစောင်းမမှား မီးစစ်ငြားက ချောင်းနားသို့ယိုင်း ပြားဇီးကိုင်းတွင် နီပျော်ရွှင်၍ အောက်ခွင်ရပ်သာ ငုံ့ကြည့်ခါဝယ် မိတ္တာမပြေ ဖါးပြုတ်ကေမူ ဖြားရီတက်ကြီး အုန်းဘောင်စီးလျက် အီးကာအီးကာ ဆန်တက်လှာသော် ကြင်နာဆပွား မိတ်ဆွီဖါး လျားလျားထန်လာ ဆွီသဟာကား ဇာရွာဇာပြည် လှည့်လာသည်တွင် ညာကြေသတင်း ထူးထွေခြင်းကို မယွင်းဇာနည်း ကြားသနည်းဟု ဆင့်ကဲဖြာဖြာ ကျွန်မိန်းခါမူ သီတာရီမြီ မိုးနန့်လီက တထွီမုန်တိုင်း အုံ့မှိုင်းပဲ့တင် ငလျင်တော်လေး တုန်ခဲသွက်လက် အိုးထိန်းစက်သို့ ဆန်တက်ရုံကာ လှုပ်လီပါအံ့၊ “ မြီမှာပေါက်ရောက် တွင်းမှာမြောက်လည်း အံ့လောက်ထူးစွာ ခုနစ်ဖြာထိ စိတ်ဖြာမျိုးမျိုး ဗိုင်းဗိုင်းကျိုးလည်း လူမျိုးများစွာ ပေါင်းဗိုလ်ပါလည်း စိတ်ဖြာလေးထွီ ကွဲပြားလီအံ့၊ ထိုနီပုံပန်း ဝဖြိုးလွန်းသား၊ ကြီးသူများ၏ ဝမ်းဖါးဝမ်းတွင် ငယ်သူဝင်မှ သက်သာရလိမ့်၊ ဤသည်ခြင်းရာ မိတ္တာသဘော ဖါးပြုတ်ပြောက ငယ်သောကာလ ကျွန်ငှက်ကလည်း တွက်ဆရွံ့ကြောက် သက်မပျောက်အောင် လုံလောက်မည်ထင် `ငှက်ရောင်ရင်၏ ဝမ်းတွင်ဝင်ရန် ဆောလျင်ပျံ၍ ရှာကြံမချို့ ခေါင်းနန့်တို့၍ ဝင်ဖို့ပေါက်ရှာ ပြုလုပ်ပါဟု နှုတ်လျှာသွက်သွက် ပန်ဇင်းငှက်လျှင် ပြောဆိုတင်လိမ့် ပြည်ရှင်သီရိ နားတော်ငြိလော့ ကဝိပညာ မတ်မဟာသည် ဆယ်ဖြာလက်မြှောက် လျှောက်အပ်တည်း။

၈။ ပန်ဇင်းခေါ်ငှက် လျှောက်တင်ချက်ကို ပိုင်နက်ယာခင်း သူကြီးမင်းက အလင်းသိပေ ဖါးပြုတ်ကေကို ခေါ်ချေတဖန် စီခိုင်းပြန်လိမ့် အမှန်လျင်လျား တမန်လား၍ ခေါ်ငြားသောခါ ဖါးပြုတ်မှာကား ဟိုစွာယောင်ယောင် ဒေယောင်ယောင်နန့် ဘဇောင်မသိ မသိမာယာ အဖြာဖြာကို ပြောခါရှောင်ရှား နီလီငြားအံ့၊ ထပ်ပွားခါခါ ခေါ်လီပါသော် ပါယ်စွာရှောင်ရှား မနီအားဘဲ ခုန်လွှားစိုက်စိုက် နောက်ကလိုက်၍ ဦးတိုက်ရှိးမှောက် ထံပါးရောက်သော် မကြောက်မရှက် ပြုမူချက်ကား ခြီလက်ပြောင်းပြန် ထက်သို့လှန်လျက် မျက်ဆံဆီသုတ် လျှာကိုထုတ်၍ အားယုတ်ပြတ်ကြွီ အသက်သီအောင် သတ်ခီအပြီး အမိန့်ပီးက စုဝီးနီးပါး အာဏာသားရို့ သနားမညှာ ကျောက်မာမာနန့် ကိုင်ကာထုလီ ညက်ညက်ကြီ၍ အရီစုတ်ပြတ် သွီးလိမ်းကပ်လျက် ဖြတ်ဖြတ်လည်းတုံ စိတ်မလုံဘဲ ခုန်ကာခုန်ကာ လားလီပါသော် လမ်းမာတွိငြား လူအများက ဖါးပြုတ်ခင်ပွန်း သင့်နှုတ်ခမ်းကား ထူးဆန်းပေစွ နီမြန်းလှ၏၊ ဇာကဂုခါ သင်လားလာဟု ဆီးကာရပ်တန့် မိန်းအံ့တည်း။ တိုးတွန့်စိတ်ထား မဟိအားဘဲ ဖါးကပြန်ကြား ပြောစကားမူ များပြားသောင်းသောင်း အိုလူပေါင်းရို့ ဖြစ်ကြောင်းမယွင်း သူကြီးမင်း၏ ပျော်ခင်းစကား အိမ်သို့လား၍ ကွမ်းစားခရ နှုတ်ခမ်းစတွင် နီလတ်ကျာကျာ ရဲနီပါဟု လိမ္မာဖါးပြုတ် ဟန်ပန်လုပ်လျက် ဖွင့်ထုတ်လီချို ဖြေကြားဆိုလိမ့်၊ မင်းကိုလျှောက်တင် မတ်ကျော်ထင်သည် ဤတွင်တန့်နား ရပ်ဆိုင်းတည်း။

၉။ စိန္တာမယ ဇဝနနန့် ဟာသပညာ တတ်လိမ္မာသား ပြည်သာဓည တိုင်းရဋ္ဌက ဒီပသောင်းခွင် ကျော်ဇောထင်သည် ဉာဏ်ရှင်ကဝိန် သုခမိန်၊ စိုးနှိမ်ပိုင်သ အာဏာရထား မင်းလှသခင် ငါဘုရင်အား ကုန်စင်ဖြာဖြာ နိမိတ်လာကို သေချာပြတ်သား သင်ပြောကြားလည်း ရွှီနားမရှင်း ဓိပ္ပါယ်လင်းယောင် ကြောင်းရင်းသိုက်ဓါတ် ရုပ်နံဓါတ်နန့် လျောက်ပတ်သွယ်သွယ် အဓိပ္ပါယ်ကို အကျယ်ချဲ့ထွင် သင်လျှောက်တင်ဟု ဘုရင်သီရိ မိန့်တော်ရှိက တတ်သိပညာ ကြီးကျယ်စွာသည် မဟာလက်ရုံး ညာပန်းကုံးလျင် ရွှင်ပြုံးကြည်သာ လျှောက်သည်မှာကား ရမ္မာမေဃ ဒေနှစ်ဝနန့် ဒွါရာဝတီ မြို့သိင်္ဂီကို ခွန်းဆီပိုင်သ အစိုးရသား ဓညပြည်ရှင် အိုသခင်၊ ဆင်ခြင်စဉ်းစား မှတ်နာကြားလော့၊ ဖါးပြုတ်အက္ခရာ ထိုနှစ်ဖြာတွင် ဖါးမှာမှတ်ရီး ကြာသပတီးပင် နာမ်ပေါ်ထင်၏၊ ဗြုတ်ကောက်မှာမူ ရှီးနည်းတူသည် မှတ်ယူစီစစ် ဂုရုနှစ်ဖြာ နံထွက်လှာသား သေချာစေ့ငု တွေးဆရှုသော် ဂုရုဆြာ နံဖြစ်ပါ၍ ကောက်ရာမဟုတ် ဓါတ်ရုပ်အရာ နှိုင်းယှဉ်ကာဖြင့် လျော်စွာမယုတ် ဖါးဗြုတ်ဗမာ ပြည်ဆြာနန့် မြို့ရွာတိုင်းတွင် ဆြာတင်လျက် ပေါ်ထင်အလျှံ လူတင်းခွန်လျှင် ဖြစ်မည်ပင်တည်း။ ဒေပြင်တဖြာ တစ်ကြောင်းမှာကား နှစ်ဖြာဂုရု ပေါင်းရို့ပြု၍ ဆယ်ခုဖြစ်ထ ကိန်းအရကို အဋ္ဌရှစ်ခု နှုတ်စားပြုက နှစ်ခုတွင်ကျ စန္ဒရဟု နာမဝေါဟာ တနင်းလာလျှင် နံပေါ်ထင်၍ မိုးခွင်အာကာ လ,ဒေါင်းဝါသို့ ချမ်းသာအီးမြ ဒုက္ခိတဟု များလှဗိုလ်ပါ လူများစွာအား ဒေသနာခေါ် တရားတော်ကို နာပျော်ဖွယ်ရာ ဟောတတ်ပါ၍ တစ်ဖြာနည်းလမ်း လောကီကျမ်းက ပြညွှန်းအလာ ဒွေးမာသမဏ၊ ကိန်းအရကြောင့် ဝတ်ထသင်္ကန်း ထေရ်ရဟန်းကို ရည်ညွှန်းတခါ ကောက်ပြပါသည်၊ နံမှာဖါးပြုတ် အရတည်း။

၁၀။ ဓညပြည်မြတ် သာတုလွတ်သား အထွဋ်မင်းခေါင် ရွှီနားထောင်လော့၊ အုန်းဘောင်ခေါ်ရာ ထိုနှစ်ဖြာတွင် အုန်းမှာတထွီ နံကောက်လီသော် တနင်္ဂနီ ရောင်ခြည်လျှံထွက် နိဦးရက်တွင် ဖွားသန့်စင်၍ ကျော်ထင်ထူးခြား တနင်္ဂနီသားလျှင် ဖြစ်မည်မြင်သည်။ ထို့ပြင်တဖြာ တစ်ကြောင်းမှာကား မှတ်ရာကြံဆောင် အုန်းဘောင်အရာ အောင်ပစင်စစ် မိတ်ဖက်ဖြစ်၍ ပစ္ဆိမဒိသာ နောက်မျက်နှာတွင် ကျယ်စွာလျားနံ တိုင်းနိုင်ငံ၌ ကျော်ဝှန်ပေါ်ပေါက် မှီခိုလောက်သား ထွန်းတောက်ပညာ လူလိမ္မာဟု ဇာနည်ခေါ်လျှောက် လူတယောက်နန့် ပေါ်ပေါက်ကြင်ဆွေ မိတ်ဖြစ်ပေ၍ မသွေမှန်လျှင် ဟိမည်ပင်ဟု ဆင်ခြင်တွေးဆ ယူသင့်စွတည်း။ ထိုမှတစ်ချက် ဖြားရီတက်ဟု သိုက်ထွက်အလာ ဆိုသည်မှာကား ကမ္ဘာ့ထုံးစံ ထက်သို့ဆန်၍ နိယံမပျက် ဖြားရီတက်ကို ပြချက်အလို တိုက်ရိုက်ဆို၏၊ ချောင်းကိုဝင်လှာ ဆိုသည်မှာကား ပမာနှိုင်းချင်း အုန်းဘောင်နင်းဟူ ရုပ်ဓါတ်တူသား သတ္တသဘော စီးကာမျော၍ ရီကြောစုံကာ ဝင်ရောက်လှာဟု ယူရာသင့်ချက် ပန်ဇင်းငှက်၏ သိုက်ထွက်အလာ နိမိတ်မှာကား ကောက်ရာဧကန် ပန်မာတဝ ကြာသပတီး ရန်ဖီးရှင်း၏။ နံကြွက်မင်းတည်း ဇင်းအက္ခရာ နံဓါတ်မှာမူ အင်္ဂါဖြစ်ထ နာမ်နှစ်ဝကို ရောထပေါင်းစု (၅+၃ -၈)ကိန်းရှစ်ခုလျှင် ရတုံကျင်၍ ရှစ်ခွင်ဒီသာ ရပ်မျက်နှာဟု မဟာခေါ်မှတ် ဂြိုလ်ရှစ်ရပ်နန့် စားလဒ်မယွင်း သုံညကြွင်း၏။ ပြည်မင်းရာဇာ ကြောင်းတစ်ဖြာကား ကြာသပတီး ချမ်းအီးရန်ကင်း ဂြိုဟ်ကြွက်မင်း၏ မယွင်းစစ်စစ် ဆယ့်ကိုးနှစ်တည်း၊ နောက်ဖြစ်အက္ခရာ ဇင်းနာမ်မာကား အင်္ဂါဂြိုဟ်သက် ရှစ်ခုထွက်၍ ပေါင်းဖက်နှစ်ရပ် တွေးယှဉ်လတ်က သတ္တဘိသ ဂဏန်းရ၍ ကျီထတြင်း နဝင်းလည်းကျီ နက္ခတ်ကျီဟု တူးထွီစင်စစ် ကျီသည်ဖြစ်၍ ဆန်းသစ်ပေါ်ထင် ဤပြည်ခွင်ဝယ် လူတွင် လူနတ် လူထူးမြတ်ဟု အထွဋ်လူတွင် သျှောင်ဆံပင်ကို သုတ်သင်လုံးလုံး ဂေါင်းတုံးဆန်တို ထိုပုဂ္ဂိုလ်ဝယ် နှစ်လိုဖွယ်ရာ ကိုင်းလယ်ယာနန့် ဥစ္စာကျွဲနွား သားမယားက စပါးဥစ္စာ မဟိပါတည်း၊ လူရို့ပီးမှ ဘုန်းပီးမျှတ သုံးဆောင်ရသား လူမျိုးများဟု မှတ်သားထုတ်ချင့် ယူဆသင့်သည် ပင်မြင့်ပန်ဇင်း နာမ်ရတည်း။

၁၁။ ပင်မြင့်ပန်ဇင်း ပြည်အခြင်းကို သတင်းမိန်းရာ သီတာရီမြီ မိုးလီမုန်တိုင်း တမှိုင်းမှိုင်းနန့် ဒေလှိုင်းပဲ့တင် ငလျင်အားကြီး တုန်ခါဟီးမျှ မြီကြီးချာလည် လှုပ်လိမ့်မည်တည်း၊ တိုင်းပြည်မြို့ရွာ နီပြည်သာတွင် ကမ္ဘာချောက်ကြီး ခြားသီးမတည် ဟိလိမ့်မည်ပင်၊ တောတွင်လည်းပေါက် တွင်းထဲမြောက်မူ အံ့လောက်စရာ ခုနှစ်ဖြာထွက် ကျိုးပိုင်းပျက်လိမ့် ကျေးလက်ပြည်ရွာ လူရို့မာမူ လေးဖြာလေးသင်း ကွဲပြိုယွင်းအံ့၊ ဖီးကင်းသက်ရှင် နီပါချင်မူ ခိုဝင်ထူးဆန်း ကြီးသူဝမ်းခေါင်း ငယ်သူအောင်းမှ လွတ်ကြောင်းသုခ သက်ရှင်ရလိမ့်၊ သိုက်ပြအထွက် ကောက်နှုတ်ချက်ကား ဆိုးညက်ဝါဒ မင်းရာဇဟု ပါပလူပျက် ထိုလက်ထက်၌ ပြန့်ထွက်ကျယ်စွာ မြစ်သီတာ၏ ရီမှာကြီးလတ် တောင်ခါးပတ်နန့် ကြီးလတ်တောင်ညို ပျက်စီးယိုယွင်း ရီကြီးခြင်းရို့ ထင်လင်းဖြစ်ရာ ပြည်ဓညာ၌ မြင့်စွာထက်ယံ ဖြားရီလွန်၍ ဗိမာန်အိမ်များ ဆန်စပါးကား ကျွဲနွားသီကြီ ပျက်စီးလီအံ့၊ တိုင်းနီပြည်သူ လူရို့မူကား ဆာပူငတ်မွတ် မချွတ်ဒုက္ခ ဆင်းရဲကြအံ့။ ဥက္ကာကဝိ မတ်ခေါင်ထိက မြင်သိတိုင်းပင် လျှောက်ပင့်တင်သော် ဘုရင်ရာဇာ သုဓမ္မာမူ နောင်ခါစင်စစ် ဤသို့ဖြစ်က စန်းနန့်ကံလီ လူဗိုလ်ခြီရို့ ကျီလီကိန်းခန်း လွတ်ငြိမ်းချမ်းသာဖြစ်လီရာလော။ ဝါစာချိုဧ ဖေါ်လှစ်မိန်းက သီဖီးကုန်ငြား ကျွဲနွားများနန့် စပါးဆန်တုံ ငတ်မွတ်ကုန်လည်း လုံးစုံစေ့ရေ ကိန်းမကျီသည် တထွီဆန်းထူး နာခံဦးလော့။ ယှဉ်ပူးစစ်တိုက် ရန်ခိုက်ဖြစ်၍ ခုတ်ထစ်များစွာ“ ပျက်စီးရာသည် ထွေလာကြောင်းရီး ဟိပါသိမ့်ဟု နောင်ဝီးမြင်မြော် မတ်ဝန်ကျော်က လျှောက်သော်ကြားသိ သီရိရာဇာ မင်းမြတ်စွာလျှင် နောင်ခါဖြစ်လတ် အနာဂတ်ကို သိုက်ဓါတ်ပေါ်ယောင် သရုပ်ဆောင်၏၊ ကုန်အောင်စုံစွာ သိဟိသာရန် တင်လျှောက်ပြန်ဟု တဖန်တိုက်တွန်း မိန့်ရွှီခွန်းကို ရွှင်လန်းကြည်သာ လျှောက်သည်မှာမူ ပမာနီလ ဘုန်းရောင်ပသား၊ နရသနင်း ပြည်ရှင်မင်း ရုန်းရင်းရန်စစ် ကြီးကျယ်ဖြစ်အံ့။ ခွပ်တိုက်သီကြီ ဗိုလ်လူခြီရှို့ ဆန်ရီစပါး ငတ်မွတ်ရှားလျက် လွန်အားကြီးလျင် ပူဇော်ထင်ရေ ရောင်လျှင်ကိန်းလျှပ် စာတီမြတ်နန့် အထွဋ်ပုထိုး ပြိုလျက်ကျိုးခြင်း မြိုင်ရိုးကမ်းပါး တောတောင်များလေ့ ကြိုကြားတစ်ဖြာ ထက်အညာသို့ ဆန်ကာဖေါက်ထွင်း ရီတက်ခြင်းက လုပ်ခင်းလမ်းစမ်း လူလားလမ်းလည်း စောင်းရန်းတုံးတင် ပိတ်ဆို့ခြင်းနန့် ခွီးဝက်တိရစ္ဆာန် ချိန်မမှန်ဘဲ ဖေါက်ပြန်လွန်ကျူး ပျော်မြူးတူးခြင်း ညွတ်နူးလန်းရွှင် စပါးပင်၌ များဖျင်ပိုးမဲ ဒေါင့်ဒဲကျခြင်း၊ မြီကြီးတွင်း၌ မှီတင်းကိန်းပိုက် ပျော်နှစ်ခြိုက်သား ပရွက်များလေ့ ထူးခြားလွန်စွာ ပေါ်လှာများခြင်း ဒေကြောင်းရင်းရို့ မယွင်းမဖေါက် ထွက်ပေါ်ပေါက်အံ့ ပြာအောက်မဲညစ် သင်းခွဲကျစ်လည်း စင်စစ်မယွင်း ပြည်ရွာတွင်းသို့ အတွင်းရောက်ဝင် လူရို့မြင်သော် အမင်္ဂလာ ယူရာမချွတ် ဖီးကြုံတတ်သား နိမိတ်များ ဖြစ်လီပါသည်။ လိမ္မာလက်ရုံး လျှောက်ချက်ထုံး။

၁၂။ ထိုနောက်မဖြာ တပြည်ရွာက ဒေသနာမြတ် ဟောကြားတတ်ဟု ခေါ်မှတ်တွင်ထ ဓမ္မကထိက ဝေါဟာရဖြင့် ကျော်ထလူဗိုလ် ပုဂ္ဂိုလ်တစ်ယောက် ပေါ်ပေါက်ခလတ် ပိဋကတ်ကို တတ်မြောက်ယောင်ယောင် အာဂုံဆောင်သား ပြောဆိုကြား၍ တရားသဘော ဓမ္မကြောကို ဟောပြောယောင်ယောင် မဟောယောင်ဖြင့် ကြံဆောင်လှည့်ပတ် ပြုလတ်ဖြာဖြာ ပြည်ရွာမြို့နယ် လွန်ကြီးကျယ်သား တင့်ရေသပ်ရပ် မဏ္ဍပ်ကြီးကြီး ဆောက်လုပ်ရားပြီးလျင် ပြောင်ညီးသပြာ ငွေငါးရာက ပွားထတစ်ထောင် လက်ဆောင်ပီးကမ်း လူင/နှမ်းရို့ ထူးဆန်းထွေပြား မြတ်တရားကို ဟောကြားလိုလို မဟောလိုနန့် သူ့ကိုပြည်သား ပြည်သူများမူ ရွှင်ပွားသဒ္ဒါ ကြည်ညိုပါလိမ့်၊ မြို့ရွာနိဂုံး ပြည်ဇနပုဒ် ပွီချုပ်သောင်းအူ ကျွတ်ကျွတ်ဆူလျက် ပြည်သူ့ဆြာ အကြောင်းရာကေ ပြလာစင်စစ် နိမိတ်ဖြစ်၏။ ပြည်ချစ်မင်းမြတ် နာယူမှတ်လော့၊ ကြီးလတ်ကျောက်ဖျာ ကွဲလီပါအံ့၊ ခြင်းရာတဘောင် အဓိပ္ပါယ်ဆောင်သော် နောင်တွင်မယွင်း ပါပမင်း၏ ပိုင်နင်းအာဏာ လက်ထက်ခါ၌ ကျယ်စွာပိုင်းခြား ပြည်တိုင်းကားကား မှတ်သားမည်ဟိ ဣန္ဒြိယ အယုဇ္ဇနန့် ရက္ခပူရ ပိုင်စိုးသလိမ့်၊ ရက္ခပူရ ပြည်ဓညဟု တိုင်းမအောင်ချာ ဤပြည်သာကား ငယ်စွာကျိုင်းလွန်း ဤတစ်ဝှမ်းကို ရည်မှန်းကြံဆ ထင်မှတ်ကြ၏။ ဓညပြည်ဝှမ်း ကျယ်ပြန့်ခန်းကို ရွှီနန်းစံစား ရှင်မင်းများအား လျှောက်ထားပန်ထွာ ရှင်းပြပါအံ့ ဦးစွာအစ ဘုန်းဂုဏ်ထ၍ စိုးရပိုင်နင်း တန်ခိုးလင်းစွာ သောင်းတွင်းကြေညာ မဟာသမ္မတ နွယ်ဝံသတွင် သာဂရမင်း ဘုန်းလင်းထိန်ဝေ၊ ဝါသုဒေဝ စောနရက ယဋပဏ္ဍိ နှံသိဗြဟ္မာဏ ရာဇိန္ဒနန့် ယက္ခအောင်ပြု မာရယုက ဇေတုစိုင်ဆက် တန်ခိုးထက်သည် ကျော်ဇောကိတ္တိ ဘုန်းရောင်ညိသား အဘိရာဇာ ထွန်းလင်းဖြာသည် ကံရာဇာကြီး ဘုန်းမီးထွန်းလင်း ဘုန်းရောင်လင်းစွာ စန္ဒသူရိယာ ဒသရာဇာ မင်းမဟာဟု အာဏာထွန်းဝင်း ဘုန်းရောင်လင်းသည် မင်းအဆက်ဆက် စိုးထ ပစ္ဆိမဟု မည်ရဒိသာ နောက်မျက်နှာဝယ် ရက္ခာပူရ တိုင်းမနိုင်ငံ မှတ်ရန်တဖြာ ဂုမ္ဘီလာမြို့ မချို့ ပိုင်းခြား နိမိတ်ထား၏။ နောက်ပါးတောင်ကျ ဘာဂီရဟု မြစ်မနဒီ ခွန်ဆီပိုင်စိုး ရီရိုးတခြား မှတ်ချက်ထား၏။ မြောက်သားမျက်နှာ သတ်မှတ်ရာမှာ မောက်သူဇာမြို့ မချို့ပိုင်သ ကာလကတ္တား မခြားသိမ်းပိုက် သင်္ဘောဆိပ်ထိ မှတ်သိတစ်ထောက် အနောက်မြောက်မူ မြစ်ရီာင်ဖြူ၏ မှတ်ယူတစ်ဖက် အနောက်မျက်နှာ ကမ်းနားမာလျင် ခေါ်ရာမချို့ ဘိလပ်မြို့ထိ ခြားသိမှန်လှ အတွင်းမာကမူ ရက္ခပူရ တိုင်းမအောင်ချာ ပြည်ဓညာ၏ အပါအဝင် နယ်ပယ်ခွင်လျင် မှန်ပင်မသွေဖြစ်ပါရေဟု လူဆွေမင်းအား တင်လျှေက်ကြားရေ မတ်တိလက်း ဝံသတည်း။

၁၃။ လက်ရုံးဝံသ တင်လျှောက်သက နရဘုန်းမော် ရွှီနန်းပျော်လည်း သိုက်ခေါ် စနဲ ကျောက်ဖျာကွဲဟု ထူးကဲတဘောင် အလင်းဆောင်၍ မင်းခေါင်ငါအား တင်လျှောက်ကြားဦး၊ စကားလှစ်ဖေါ် မိန့်လတ်သော်တည်း မင်းကျော်ရာဇာ မှတ်ယူနာလော့။ ကမ္ဘာကျောက်ကြီး ပုံစံမှီး၍ တသီးပြလာ အကြောင်းမှာကား ယုတ်မာမကင်း ဖလောင်းမင်း၏ ပိုင်နင်းသောခါ ခွန်ဘဏ္ဍာဟု ခန့်ကာစီရင် ပုဒ်မတင်၍ ပြည်ခွင်မြို့ရွာ အုပ်ချုပ်ပါအံ့ ခန့်ကာမယွင်း အုပ်ချုပ်ခြင်းကို တိုင်းရင်းန၁မ အိန္ဒိယနန့် မြန်မာတိုင်းပြည် ထိုနှစ်သွယ်ကို ပြေလည်စီရန် ကောက်အခွန်ဟု ဘဏ္ဍာအရီး ခွဲခြားပီး၍ ခွဲရီးတဖြာ ကြောင်းပေါ်လှာသည် ကမ္ဘာကျောက်လျင် ကွဲခြင်းပင်တည်း။ တွင်းတွင်မြောက်မှာ ခုနစ်ဖြာထိ ကျိုးပိုင်းဟိလဲ မှတ်သည်ကြောင်းရာ တဘောင်မှာမူ ဓညပူရ ဤပြည်မ၌ ဂစ္ဆပနဒီ မြစ်ပြင်ညီမှ ရှေ့ဆီပြုဗ္ဗာ နယ်ပယ်သာနန့် တစ်ဖြာတသွယ် နောက်ဖက်နယ်ဟု နှစ်သွယ်နှစ်မွှာ ပြဆိုရာတွင် ရှေ့နယ်၌ ပါဝင်သုံးခု လေးခု နောက်နယ် ထိုနှစ်နယ်တွင် ပေါင်းသွယ်နှစ်ခု အစုစုလျှင် လူထုနှစ်လို တစ်ယောက်ကိုပင် မြှောက်တင်သတ်မှတ် ပြည်အမတ်ဟု ခန့်အပ်တစ်ထွေ ရွီးချယ်ပေလိမ့် တစ်ထွေ ထူးခြား လူအများရို့ ကွဲပြားလေးခု စိတ်ဖြာပြုအံ့ ပေါ်မှုတဘောင် လင်းပြဆောင်မူ တိုင်းသူပြည်သား ရက္ခိုင်များရို့ ကွဲပြားလေးစု ဖြာစိတ်ပြု၍ တစ်စုစိတ်ကား ရဟန်းများကို ကပ်ငြားလေပါ တစ်စုမှာမူ ရာဇခေါ်မှတ် မင်းကိုကပ်အံ့ တရပ်တစ်ဖြာ တစ်စုမှာကား ကုလားကိုကပ် ပညတ်ဝေါဟာ ကုလားမှာကား သီရွာမှတ်ယူ ဟိန်းဒုတ်အရိုး ကုလားမျိုးတည်း ပွားတိုးတစ်ဖြာ တစ်စုမှာလျှင် ရှိရပ်ခွင်၌ ခေါ်တွင်မည်ရ မုတ္တမသို့ ပြောင်းထခြားနား ကွဲကွာလားလိမ့် ကြီးမားဝမ်းခေါင်း ငယ်သူအောင်းက လွတ်ကြောင်းသက်ရှင် ချမ်းသာအင်ကို မြင်ပါသတတ် ထိုကြောင်းရပ်ကား တတ်မြောက်ပညာ လူလိမ္မာနန့် ဥစ္စာများပြား လခစားဟု ကြီးမားရာခံ ဋ္ဌာနန္တရ ဂုဏ်ပေါင်းခသား ကြီးသူများကို တင်စားအလို ပြသည်ဆို၏ အလိုတစ်ဖြာ ပြဆိုရာတွင် မဟာရဋ္ဌ တိုင်းမပြည်ကြီး အသီးသီး၌ ခိုမှီးနီသူ လူပညာဟိ ကဝိအင်ညီ အာဇာနည်ကို တစ်လီမှတ်ယူ ကြီးသောသူဟု လွယ်ကူကြံဆ ယူဆသင့်၏ ထိုမှတစ်ချက် ပန်ဇင်းငှက်နန့် နှိုင်းဖက်သင့်လျော် ရဟန်းတော်ရို့ နှိုးဆော်စုဆောင်း စည်းဝီးပေါင်း၍ သင့်ကြောင်း ညီမျှ သံဃသမဂ္ဂီ အညီဆင်ယင် ပွဲသဘင်ဟု ခေါ်တွင်ဝေါဟာ ကျင်းပပါလိမ့် မဟာသံဃ သမဂ္ဂဟု ညီမျှတိုင်ပင် ထိုသဘင်ကို ပြည်ခွင်နီသူ များဗိုလ်လူတိ သိမ်းယူပိုင်နင်း တိုင်းပြည်မင်းလည်း စိတ်တွင်းကြည်သာ ဝမ်းမြောက်ရာလိမ့်။ သို့ပါတစီ ဝမ်းသာပေလည်း ကြောင်းထွီတဖြာ သုံးကတ်ိမ်သာထက် ပိုကာထိုပွဲ မဆင်နွဲနိုင် တိုင်ဆွဲကစပ် သူငယ်များရို့ ဆိုငြားတစ်ဖြာ တဘောင်မှာကား တစ်ကြိမ်သာဝင် မောင်သျှင်ပန်းဇင်း ပြာမနင်းတုံ ပြုံးပြင်းတုန်တည်း နှစ်ကြိမ်သာဝင် မောင်သျှင်ပန်းဇင်း ပြာမနင်းတုံ ပြုံးပြင်းတုန်တည်း သုံးကြိမ်လည်းဝင် မောင်သျှင်ပန်းဇင်း ပြာမနင်းတုံ ပြုံးပြင်းတုန်တည်း မတုန်မလှုပ် ဖမ်းမချုပ်ဘဲ လွှဲထုတ်လေးကြိမ် သုံးကြိမ်ဝင်ရေ လေးကြိမ်မဝင် ဆိုရိုးတည်း။

၁၄။ ထိုမှတထောက် နားတော်လျှောက်အံ့ ဝမ်းသာကြည်သာ မှတ်ယူနာလော့ ပြည်ရွာတိုင်းသား လူအများရို့ နွမ်းပါးဒုက္ခ ဆင်းရဲရ၍ စိတ်ကမသာ ပူဗျာပါနှင့် စားရာချို့တဲ့ နီရာမဲ့တည်း တရက်တစ်ခြား ရီနည်းငါးသို့ အားထားကင်းကွာ ဖြစ်ပေါ်လှာ၍ သာသာအခြား လူမျိုးများတို့ တရားမသက် ညှင်းနှိပ်စကသား လူပျက်မိုက်တွင်း ဖလောင်းမင်းရို့ ကောက်ခြင်းဖြာဖြာ ခွန်ဘဏ္ဍာများ တိုးတက်ပွားလျက် သနားပြစ်ကင်း ကောက်ခံခြင်းကို ပီးသွင်းကိုယ်တိုင် မဆောင်နှိုင်၍ ကြံ့ခိုင်သီလ စောင့်ထိန်းကြသား သမဏခေါ် ရဟန်းတော်နန့် နှိုင်းဆော်ညီပြု လူတစုရို့ ကြီးထုကျယ်လှ အိန္ဒိယကို မျှတပေါင်းစုံ တွဲဖက်ပြု၍ ပြည်သူ့တပ်သား ဟိန်းဒုတ်များရို့ စိတ်အားတက်ကြွ ဆူပူကြလိမ့် ဝါဒစင်ဖြူ ဟိန်းဒုတ်ကုလား လူမျိုးများပင် ငှက်ရောင်ရင်နန့် သိုက်ဝင်ရုပ်ဓါတ် မှတ်ယူအပ်၏ တိုင်းရပ်ပြည်ရွာ ဆူပူခါတွင် ဓညခေါ်မည် ရက္ခိုင်ပြည်ကို စိုးသည်ပိုင်နင်း ဖလောင်းမင်းမူ ဆွေရင်းမခြား ကိုယ့်လူများဟု ခန့်ထားစီမံ ဘုရင်ခံနန့် ဌာနံအခြား အောက်ငယ်သားကို မခြားကုန်စင် ကိုယ့်ပြည်ခွင်သို့ ခေါ်ငင်ယူထား. ရက္ခိုင်များကို ကိုယ်စားတဖန် ဘုရင်ခံဟု ထပ်မံတသီး ခန့်ထားပြီး၍  သီးသီးခြားခြား ရာထူးများကို ငယ်သားဖြာဖြာ ခန့်အပ်ကာလျှင် ကိုယ့်ပြည်ခွင်၌ စီရင်အာဏာ ခွန်ဘဏ္ဍာကို ခွဲကာလည်းကောက် ဖလောင်းမျောက်အား ဝမ်းသာခြီ ဘဏ္ဍာဆက်ပြီးကေ မပျက်မှန်စွာ နီလီပါလိမ့်။ ပြလာသိုက်ထွက် ဤအချက်ကား မျောက်ဖျက်လန့်ပြီး သဗြုသီးကေ တားဆီးမသာ လွတ်ကျလှာသား၊ သဘောသာတည်း။ ထင်ယှားပေါ်လွင် သဗြုတ်ပင်မှာ လွင့်စင်ကြွီပြတ် မထင်မှတ်လင့် ဆိုးသွတ်မိုက်တွင်း ဖလောင်းမင်းကား မယွင်းရုပ်ဓါတ် မျောက်ဟုမှတ်လော့ မပြတ်အပြီး သဗြုတ်သီးမူ ထိန်ညီးရတနာ ငွီအသပြာဟု ဘဏ္ဍာခွန်တော် တူမျှလှော်၏ ထွန်းပေါ်ထင်မြင် သဗြုတ်ပင်ကား တိုင်းခွင်ပြည်ရွာ တူလီပါ၍ ပမာသို့ပင် သိုက်ဓါတ်ဝင်သည်၊ ဆင်ခြင် ဤသို့ယူဆတည်း။

၁၅။ မျောက်ဖျက်လန့်ဖြတ် လက်ကလွတ်၍ သီးထွဋ်သဗြု ဆတ်ကြောထုသို့ ကျမှုသိုက်လာ တဘောင်မှာကား ယူရာမရှား ရက္ခိုင်များအား ကိုယ်စားမချွတ် ပြည်ကိုအပ်ရာ လက်ခံခါတွင် ဘာသာမခြား ရခိုင်သားရို့ သနားမညှာ ကိုယ့်ပြည်ရွာဝယ် ဘဏ္ဍာမင်းခွန် ထူးကဲလွန်၍ ကောက်ခံလီပါ များသံဃာရို့ ပိုင်ရာသီးခြား မြီကွက်များနန့် မှတ်သားထူးဆန်း ရဟန်းမကျန် အခွန်ဘဏ္ဍာ ကောက်လီပါငြား ခြင်းရာများမူ ပြုငြားတစ်ချက် ဆတ်ကြောထက်သို့ ကြွီသက်ကျပြီး သဗြုသီးနန့် စံမှီးပုံတင် ရုပ်ဓါတ်ပင်တည်း ပျော်ရွှင်နှစ်ခြိုက် တောကြက်သိုက်ကို နင်းခိုက်ဆတ်မ ကြွီပျက်ကျသား ကြောင်းရာများမူ ပြည်သားရခိုင် တိုင်းခရိုင်တွင် လုပ်ကိုင်လယ်ယာ မနီသာဘဲ ရှောင်ခွါ ပြီးလတ် တောကြက်သိုက်နန့် နိမိတ်မှတ်ယူ သဘောတူသား၊ တောသူမြိုသက် ဒိုင်းနက်ချင်းလင်း ကဒူးချင်းနန့် သျှမ်းလဟင်း ချမ်းကဟာ နီရာရွာသို့ ဝင်လှာခေါ်တုံ တောကြက်မြုံကို အကုန်ဖြိုနင်း ပုံမယွင်းသို့ တူချင်းတကယ် ရှမ်းရို့နယ်နန့် နယ့်ပယ် ယိုးဒယား ရောက်ဝင်လှား၍ ခြများသိုက်အုံ ကြက်ယက်ပုံသို့ မရုံးမရက် ခြပြီးထွက်လျက် စိတ်လက်မသာ ရှောင်ကွင်းကာဖြင့် ခေါ် ရာသမုတ် တရုတ်ပန်းသီး နယ်ပယ်ကြီးနန့် ခြားသီးတသွယ် ဗသျှူးနယ်သို့ တကယ်မချွတ် ရောက်တုံလတ်သော် အမြတ်တရား မရှူငြားဘဲ လုစားတိုက်ယူ ဟိတ်မာန်ထူလျက် ဆူပူသောင်းကျန်း လွန်ဆိုးသွန်းသား ညစ်နွမ်းယုတ်မာ ပြုသောခါလျှင် အာဏာပိုင်နင်း တရုတ်မင်းနန့် အငြင်းလည်းပွား ယိုးဒယားရို့ မင်းများနှစ်ဖြာ စစ်တိုက်ပါလိမ့် ပမာတူမျှ တောဝက်မနန့် နှိုင်းဆမယုတ် မင်းတရုတ်ရို့ ပြအုပ်နှိုင်းယူ ရုပ်ဓါတ်တူသား ယိုးဒယားက ရှိဖျားဦးစွာ စစ်တိုက်ပါလိမ့် ပေါ်လှာကိန်းခင်း အကြောင်းရင်းကား ပြာလွန်ဝက်မ နို့သီးစကို ခြကားကိုက်ရာ မနီသာဘဲ ရှောင်ခွါပြီးထွက်.. အကြောင်းဆက်ပင် ဖြစ်တုံကျင်စွာ သိုက်ဝင်ရုပ်ဓါတ် ဤသို့တည်း။

၁၆။ ထိုသို့သောခါ တပြည်သာက ဦးစွာစစ်ခင်း တိုက်လီလျှင်းသော် သောင်းတွင်းပတ်ကုံး ကမ္ဇာလုံးပင် ဟုန်းဟုန်းပြောင်ပြောင် မီးကြီးလောင်သို့ လွှဲရှောင်မသာ ဆူပူပါလိမ့် ရှိးခါကိန်းဓါတ် ထားခလတ်သား ခေါ်မှတ်ဆန်းထူး မြောက်ဦးနတ်သမီး သိုက်ကြီးအလို ထုတ်ဆိုပြငြား ကုလားကဖိ ရှမ်းကအိအံ့ မဟိရာမာ ဖီးလွတ်ရာခို သဟာသခေါ် ရာကျော်စတု ဆဗသျှူးတွင် မြောက်ဦးမြို့ကြီး မဟာထီး ဒိုင်းကျီ ဘုရားပေါ် လောင်းမလိုငြား စီကာတန်းတား ခင်းလိမ့်မည် တရုတ်ကမိုး မြိုကငြိုး ပဲခိုးကထောင် ရှမ်းကမြှောင် တဲခေါင်ကုလား မီးပွားစစ်ကြီးဖြစ်လိမ့်မေ။ ယင်းသောအခါ မရာမာရို့ ချမ်းသာစီလို ပုရိမ်ချောင်းခို ပြဆိုမှတ်ပိုက် ဤသို့သိုက်လည်း ယူထိုက်သင့်စွာ ဟိလီပါ၏ ပြလာမမှား ဤသိုက်များကား မြို့စားခေါ်ပြီး အမတ်ကြီးဟု ရွှေသီးမိန့်မ အလွန်လှသား နာမသညာ သီရိမာလာခေါ် ထင်ပေါ်တဖန် မိပရံ၏ ပြညွှန်နည်းနာ” အလိုသာတည်း၊ စဉ်ကာဆက်လက် ထိုခါဝက်သည် မျောက်ဖျက်နန့်ရာ တွိလီပါက တောင်ယာအတွင်း စပါးခင်းကို ဖေါက်ထွင်းစားချေ ညွှန်ပြပေသား၊ ထိုကြောင်းများကို မှတ်သားမယွင်း ဖလောင်းမင်းနန့် မကင်းဦးညွတ် မေတ္တာဓါတ်ဖြင့် ဖွဲ့စပ်ပေါင်းသင်း တရုတ်မင်းရို့ ချင်ခြင်းလွန်စွာ ဖြစ်လီပါအံ့။ ထိုခါမိတ်ရင်း တရုတ်မင်းအား အချင်းသဟာ ပြည်ဓညာကို ခေတ္တမသွီ သိမ်းယူလီဟု ကြီးငွီတဖြာ ခွန်ဘဏ္ဍာက အာဏာပိုင်နင်း အုပ်ချုပ်ခြင်းကို မျောက်မင်းဖလောင်း လွှဲအပ်ပြောင်းလျှက် ကြာညောင်းအဟုတ် တရုတ်သုံးနှစ် စင်စစ်မှတ်ပါ ပိုင်စိုးပါအံ့ မြင့်ရာထိုထက် လ,ရက်ဗီဇနာ မပိုင်ပါတည်း၊ ခြင်းရာအလို ဇာကြောင်းဆိုမူ ပုဂ္ဂိုလ်ထူးဆန်း ထေရ်ရဟန်းရို့ ထီးနန်းဖန်တည် ရခိုင်ပြည်တွင် ဂုဏ်ရည်ထွန်းလင်း ပြည်ဦးကင်းဝယ် ခင်းကျင်းရွှင်ပြ သုံးနှစ်မျှဖြင့် သင်္ဃသမဂ္ဂီ အံ့ချီသဘင် ပွဲဆင်ယင်အံ့ ပါဝင်အတိတ် ထိုနိမိတ်ကြောင့် တိုက်ရိုက်မသွီ ပြောနိုင်လီ၏။ တထွေမှတ်သား တရုတ်များရို့ သိမ်းငြားပြည်ရွာ ထိုအခါတွင် ကြီးစွာအံ့လောက် ပြည်သိမ်းမြောက်ကို ပစ်ဖေါက် ခုနစ်ချက် တပြိုင်နက်ပင် လေးချက်ကားရှူ၊ သုံးချက်မူကား လှိုင်းဆူထံပြင်း အောင်လီခြင်းကြောင့် ဝက်မင်းတရုတ် သုံးနှစ်အုပ်ရန် ထိပြညွှန်သည် မတ်မွန်ကောက်ချက် ချမှတ်တည်း။

၁၇။ တရုတ်လူမျိုး သုံးနှစ်စိုး၍ ပွါးတိုးလွန်မြောက် ထိုမှနောက်ကား ဘုန်းတောက် ထိန်ဝင်း ဇာသို့မင်းရို့ ပိုင်နင်းစိုးအုပ် မင်းပြုလုပ်မည် သိမြင်သည်ကို ထီးစည်ပိုင်နင်း ငါ့ပြည်မင်းအား ထင်လင်းသေချာ လျှောက်တင်ပါဟု ရာဇာဘုန်းခေါင် စောရန်အောင်က ဉာဏ်ရောင်ကွန့်မြူး မတ်ဝန်ထူးအား ကြည်နူးချိုသာ မိန့်ခွန်းဖြာသော် ရာဇာမင်းခေါင် ရွှီနားထောင်လော့။ တောင်ယာသခင် စပါးရှင်က ယာတွင်ထိန်းအုပ် င/မဲတုတ်အား တောအုပ်မြိုင်သာ စပါးယာကို သေချာစေ့ငု လား၍ရှူဟု ခိုင်းပြုစီသား ယာသို့လား၍ ရှုစားကြည့်ရာ ယာမှာနားပတ် မျောက်ဖျက်လတ်၍ တွင်းထပ်တရိုး ဝက်ဝင်တိုးသား ကြောင်းရာများကို ထင်ရှားကုန်စင် သိသိမြင်၍ ဆွေလျှင်ပြန်လာ ရောက်သောခါတွင်’ တောင်ယာပိုင်နင်း သူကြီးမင်းက ချက်ချင်းသုတ်သုတ် င/မဲတုတ်ကျာ ယာကလာသော် ယာမှာစပါး မှဲ့ယာလားဟု မိန်းငြားသောခါ ယာမှာစပါး မှဲ့ကားမှထ အစပတ်လည် မျောက်ဖျက်သည်ပင် ဝက်ဝင်၍တိုး ဆိုရိုးတစ်ဖြာ တဘောင်မှာမူ တောင်ယာပိုင်နင်း သူကြီးမင်းကား ထွန်းလင်းလျှံဖြာ ဘုန်းအာဏာနန့် တေဇာကြီးခြင်း စင်္ကြာမင်းလျှင် ဖြစ်မည်ပင်တည်း။ ယာတွင်အုပ်ချုပ် င/မဲတုတ်မူ သူမတူသော မွှေးကြူလှိုင်ဘိ ပညာဟိဟု ကဝိတန်ခွန် သံတမန်သာ ဖြစ်လီပါအံ့။ တောင်ယာမှာမူ ရုက္ခပူရ ဓညပြည်လျှင် ဖြစ်မည်ပင်တည်း၊ ဘုရင်စင်္ကြာ မင်းရာဇာက ပြည်ရွာတိုင်းခန်း အဝန်းဝန်းရို့ ရွှင်လန်းချမ်းသာ မချမ်းသာကို လိမ္မာမယုတ် င/မဲတုတ်အား လျင်သုတ်မနီ လားကြည့်ခီဟု စီခိုင်းလွှတ်ငြား ယာစပါးရို့ မှည့်ကားမှည့်ယက် ထိုသိုက်ထွက်မူ ပြည်လက်ခပ်သိမ်း ငြိမ်းကားငြိမ်း၏ သိုက်ကိန်းအကျ ဓိပ္ပါယ်ရ၏ အစပတ်လည် မျောက်ဖျက်သည်တွင် အလယ်ခွင်ကို ဝက်ဝင်တိုးလတ် ထိုကြောင်းရပ်ကား ဗိလပ်မြို့မှ နီထိုင်ကျလျှက် ဓညမည်မှတ် ပြည်ကိုပတ်၍ အမြတ်ဘဏ္ဍာ ရတနာဖြူလင်း သိမ်းယူခြင်းတည်း။ မယွင်းထိုမျှ တရုတ်ကလည်း များလှအသပြာ ခွန်ဘဏ္ဍာကို ဆောင်လာမကင်း သိမ်းယူခြင်းပင် ဖြစ်တုံကျင်၏။ ယာတွင်အုပ်ချုပ် င/မဲတုတ်အား ပြာသုတ်ကာယ တောဝက်မကို အရဆောင်ကျိုင်း ဖမ်းယူခိုင်းရာ အလိုမှာကား ပညာတတ်မြတ် သံအမတ်က မင်းမြတ်စင်္ကြာ မိန့်အာဏာဖြင့် ဥက္ကလာတိုင်း သမိုင်းခေါ်တုံ မြို့ရန်ကုန်တွင် ရွှေတိဂုံစာတီ ရင်ပြင်ညီသို့ မဖီမဆန် မသွယ်လှန်ဘဲ လာရန်နှိုးဆော် ဖိတ်ကြားခေါ်လိမ့်။ ထင်ပေါ် မချွတ် ဤကြောင်းရပ်ကား ရုပ်ဓါတ်တဖြာ သိုက်မှာတသွေ နာမ်ဝေတဖုန် အားလုံးခြုံ၍ စေ့ငုံပေါ် အောင် အတိတ်ဆောင်သည် တဘောင်အလိုဖြစ်၏တည်း။

၁၈။ ထိုပြင်တဖြာ တဘောင်မှာကား “မိုးနှီးဖျာ ရွာသားဖို့ င/ပရှားလှန်း ဇကန်းဖို့ ဝက်သားကင် မောင်သျှင်ဖို့” ဤသို့တဖြာ ဆိုကတ်ပါသား ထိုစကားတွင် မှတ်သားစရာ ဓိပ္ပါယ်မှာကား မိုးနှီးဖြာ ရွာသားဖို့ဟု လူရိုးနှုတ်လျာ ဆိုသည်မာကား မိစ္ဆာမကင်း ဖလောင်းမင်း၏ ပိုင်နင်းအာဏာ စိုးသောခါတွင် ထားရာမချွတ် ရာဇဝတ်ရုံး မဆုံးဖြတ်တတ် တရားမရုံ ခွန်ဝန်ရုံနန့် မှတ်တုံရေ စစ္စရီ ခွန်ပါးကောက်သွင်း မြီစာရင်းရုံ ယစ်မျိုးစုံက သိမ်းရုံဗလီ မြို့ဆီသစ်တော မှတ်လောတလီ မြူနီစီပယ် တစ်သွယ်တောတောင် တကြောင်ဖိဘိ များတိဆင်းလောင်း ရုံးမျိုးပေါင်းရို့ လုံးကြောင်းပြည်ရွာ ဖွင့်လှစ်ကာဖြင့် လိမ္မာပါးနပ် ပညာတတ်ရို့ ရုံးဂတ်အုပ်ချုပ် - အမှုလုပ်လည်း တဆုပ်ထမင်း စားရခြင်းနန့် တောင့်တင်းဝရုံ ဟိကြတုံလီ ပြတုံအခြား င/ပရှားလှန်း တောဇကန်းဘို့ ဆိုသည်ပျို့လျှင် မှတ်ဖို့တစ်ခန်း တောဂျကန်းနန့် မဲလွန်းရုပ်သွင် မူဆလင်ကုလား မခြားနားတည်း။ ဝက်သားမီးကင် ယင်းကြောင်းတင်မှု တရုတ်လူမျိုး မြတ်နိုးခင်မင် ဝက်သားကင်သည် ဘုရင်တရုတ် ဆိုပြထုတ်၏ ကောက်နှုတ်ဝက်ကင် မောင်သျှင်အဖို့ စကားရို့မူ နေကိုပြောင်ဝင်း စင်္ကြာမင်း၏ ပိုင်နင်းဥစ္စာ အဖို့သာလျှင် ဖြစ်ပါသတတ် ရှင်းပြလတ်သော် စိုးကွပ်ပိုင်နင်း တရုတ်မင်းစွာ ထန်ပြင်းတေဇာ ဘုန်းအာဏာဖြင့် စင်္ကြာသခင် ရီမြီသျှင်၏ ရှိခွင်မျက်မှောက် စက်ခြီအောက်သို့ ရောက်လှာခစား ပျပ်ဝတ်တွားက မင်းဖျားစကား မိန်းသည်များကား ရာဇဆွေရင်း တရုတ်မင်း ကျော်သင်းလှိုင်ကြူ ရက္ခပူရ ဓညဝတီ ပြည်ဋ္ဌာနီကို ခွန်းဆီသိမ်းယူ အဇာသူ၏ ထွက်ပြူအာဏာ ဘုန်းတေဇာဖြင့် မင်းလာစော်ကဲ ပြုသနည်းဟု တည်လည်းပုစ္ဆာ မိန်းသောခါတွင် နိုင်ရာပုံဆောင် ခြကောင်အများ ယိုးဒယားဟု မင်းဖျားဘုံရပ် အပိုင်ဖြစ်သား လူအများကို မှတ်သားခေါ်ပြု ချမ်းဒုမျိုးသား ယိုးဒယားရို့ ဆိုးဝါးထကြွ သောင်းကျန်းကြ၍ ညီမျှပေါင်းသင်း စစ်တပ်ခင်း၍ တိုက်ခြင်းမယုတ် ပြုလုပ်ကတ်ရန် မင်းမွန်ဖလောင်း မိတ်ဆွီကောင်းက ခွင့်တောင်းပန်ထွာ လူရိုင်းပါဟု ပြောလှာသည်တွက် တူညီချက်ကြောင့် စစ်မက်ပြယ်ပျောက် တပ်ပြန်ရောက်သော် ဝမ်းမြောက်ရွှင်ခြင်း ဖလောင်းမင်းက မကင်းမေတ္တာ ဆွေသဟာ ငါ၏ပိုင်နင်း မှန်မယွင်းတည်း။ ကျော်သင်းနာမ မွှီးကြိုင်လှသား ရက္ခပူရ ဓညဝတီ ပြည်ဋ္ဌာနီကို ခွန်ဆီပိုင်အုပ် စိုးမိုးချုပ်၍ မင်းလုပ်လီပါ ငွီဘဏ္ဍာကို ခွဲကာတဝက် ငါ့အားဆက်ဟု နှုတ်ထွက် မိန့်ခြင်း ဖလောင်းမင်းကြောင့် စိုးနင်းအုပ်ချုပ် ကိုယ့်ဆန္ဒဖြင့် လုပ်ထားကြောင်းရာ မဟုတ်ပါဟု သေချာပြောကတ်ား ပန်လျှောက်ထားသည် မင်းဖျားစင်္ကြာသိလတ်တည်း။

၁၉။ တရုတ်မင်းဖျား လျှောက်စကားကို ကြီးမားတေဇာ မင်းစင်္ကြာက သေချာမုချ ကြားသိရသော် တောခြပမာ တူမျှစွာစား ယိုးဒယားဟု မင်းဖျားဘုရင် ပြည်သခင်ကို ခေါ် ငင်စစ်ဆီး မည်ပီးနှိုင်တ တောကြက်မနန့် ညီမျှတမူ ပုံစံတူသား၊ တောသူ မြို သက်၊ ဒိုင်းနက် ချင်း လင်း ကဒူးချင်းနန့် ရှမ်းလဟင်း ရှမ်းလဟာ ကျွန်ပြည်ရွာသို့ ဝင်လှာထကြွ သောင်းကျန်းကြသော် များလှရွီတွက် စီးပွားပျက်၍ မသက်မသာ စားအခါဟု ရိက္ခာခေါင်းပါး ငတ်မွတ်ရှား၍ တပါးသူဆိုင် တရုတ်ပိုင်တွင် အနိုင်တိုက်ကြ ပြုလုပ်ရသား ကျွန်ုပ်အားလျှင် ချင်ပွားမနော စိတ်သဘောြဖင့် တိုက်သောခြင်းရာ မဟုတ်ပါဟု ဖြေကာချေပ တောကြက်မနန့် ညီမျှနှိုင်းယူ ရုပ်ဓါတ်တူသား တောသူသက်မင်း ခေါ် ဆောင်သွင်း၍ အလင်းမိန်းငြား ကျွန်ုပ်များမူ ကျွန်းသားဘာဝ သက်မြိုစသား ချင်းလင်းများနန့် လုပ်စားနီရာ ဆတ်ပမာသို့ နှိုင်းရာမခြား ရခိုင်သားရို့ တိုက်စားလုယက် လာနှောင့်ယှက်၍ ပွားတက်လယ်ယာ လုပ်စားရာနန့် နီရာခြားသူ ဖြစ်ပါမူ၍ လုပ်ယူပါရ ကျွန့်ဆန္ဒဖြင့် ရန်စခြင်းရာ မဟုတ်ပါဟု ပန်ထွာဖြေဆို ရက္ခိုင်ကိုလည်း အလိုရှေ့တူ ခေါ်တော်မူ၍ ဘုန်းလူစင်္ကြာ စီစစ်ရာတွင် သကျနွယ်ဖွား ရက္ခိုင်များက လျှောက်ထားအဟုတ် ကျွန်ုပ်ဘာသာ လယ်လုပ်ကာဖြင့် ချမ်းသာစားသောက် ပြည်တလျှောက်တွင် ဝမ်းမြောက်ဝမ်းသာ နီသောခါလျှင် ယုတ်မာမကင်း ပါပမင်းမူ အတင်းဝင်လု မင်းစိုးပြုထ တစ်ခုမကျန် ကောက်အခွန်ကို. စီမံခန့်ထား တောင်းပန်များ၍ လုပ်စားလယ်ယာ စပါးမာလည်း ဈီးနှာမကောင်း ဆင်းရဲပေါင်းရို့ စုဆောင်းကုန်ထ ခွန်အခကို ကျနပိုင်ပိုင် မပီးနှိုင်၍ မခိုင်စိတ်ဝမ်း မရွှင်လန်းဘဲ တောတန်းမြိုင်သာ ရှောင်ကင်းကွာ၍ လွတ်ရာရောက်ဝင် လူများဖျင်ရို့ သက်ရှင်စီမှု ခေါ်ပုံပြုသား ညစ်ကျုဖြာဖြာ ဆိုးယုတ်စွာဖြင့် လုပ်ခါသောက်စား ပြုသူများဟု မင်းဖျားစင်္ကြာ မမှတ်ပါလင့်၊ ချေခါဖြေတင် လျှောက်တင်ငြားသော် ဆိုးဝါးပြည်သူ.မျောက်နန့်တူသား အယူပျက်ယွင်း ဖလောင်းမင်းကို ခေါ် တွင်းစစ်ဆီး စင်္ကြာမိန်း၏ မဝီးအပါး လခစားသည် မိုက်မှားမကင်း ဖလောင်းမင်း ပိုင်နင်းစိုးဖျက် ရက္ခိုင်များရို့ ရိရှားပင်ပန်း ဆင်ရဲနွမ်းလျက် ခွဲခြမ်းဖြာဖြာ ခွန်ဘဏ္ဍာကို ဖိကာနိုင်ထက် ဇာအတွက်ကြောင့် ပွားလက်ထူးကဲ ကောက်သနည်းဟု၊ မင်းရဲစင်္ကြာ မိန်းသောခါတွင် မိစ္ဆာဖလောင်း ဖြေဆိုကြောင်းကား မင်းကောင်းစင်္ကြာ နားဆင်ပါလော့၊ ကျယ်စွာလျားနံ တိုင်းနိုင်ငံဟု နာမံတွင်ထ အိန္ဒိယသား ဟိန်းဒုတ်များနန့် ဆက်ပွါးနွယ်ရိုး ရက္ခိုင်မျိုးဟု • မြတ်နိုးသိက္ခာ ဖန်နီဝါကို ရုံကာဆင်မြန်း ထေရ်ရဟန်းရို့ ခင်ပွန်းမိတ်ကြီး ဖွဲ့စည်းပြီးလျင် သီးသီးထကြွ ဆူပူကြ၍ မင်းလှကျွန်တော်.ကိုယ့်အာဘော်သား ဖလောင်းဖျားကို သိမ်းငြားခေါ်ယူ ရက္ခပူရ ပြည်ဓညတွင် ဝံသမပြား ရက္ခိုင်များအား ကြီးမားဌာနံ ဘုရင်ခံနန့် ခြံရံငယ်သား ရာထူးများနန့် ခန့်ထားသီးသီး လွှဲအပ်ပြီးလျှင် ပြည်တိုင်းခွင်၌ များဖျင်လူထု ဆန္ဒမှုဖြင့် တစ်ခုမယုတ် စိုးအုပ်ချုပ်ဟု ပြည်လုပ်ဥပဒေ ထားခပေ၏။ မျိုးဆွေမခြား ရက္ခိုင်များဟု လွှဲငှားဋ္ဌာနံ ဘုရင်ခံက နိုင်ငံပြည်သား ရက္ခိုင်များကို သနားမဖက် ညှင်းနှိပ်စက်လျက် ပွားတက်ဖြာဖြာ ခွန်စနာကို အာဏာပြင်းပြ ကောက်ခံကြ၏ ဘောဂနွယ်မဲ လွန်ဆင်းရဲလျက် ခန့်ခွဲဘဏ္ဍာ မပီးပါသော် ပြင်းစွာ ရိုက်သတ် သီမတတ်မျှ ပြုလုပ်ကြသား ကိစ္စများကို မခြားနွမ်းရိုး ရက္ခိုင်မျိုးချင်း ပြုလုပ်ခြင်းသာ ဖြစ်တုံပါ၏ ရာဇာဖလောင်း ကျွန်မကောင်း၍ လက်ထောင်းညက်ကြွီ မပြုလီဟု လျှောက်ဖြေချေသွင်း မျောက်ရုပ်မင်းစွာ စိတ်တွင်မျှားနှယ် ပမာတည်း။

၂၀။ ဖလောင်းတင်လျှောက် ထိုမှနောက်တွင် ပုံကောက်နှိုင်းဖက် ရောင်ရင်ငှက်နန့် သိုက်ထွက်ရုပ်တူ များဟိန္ဒူဟု လူဖြူ ကုလား နိုင်ငံသားကို ခေါ်ငြားစစ်ဆီး ပြောဆိုရီးကား ရှုတ်ထွီးဆူပွက် သောင်းကျန်းချက်မူ နှစ်သက်ရွှင်ပြ ကျွန့်ဆန္ဒဖြင့် ပြုထမှန်စွာ မဟုတ်၍ ဓညပြည်ဖွား ရဟန်းများနန့် ပြည်သားပြည်သူ များဗိုလ်လူရို့ စိတ်တူညီညာ လာခေါ်ပါသော် ကြင်နာနှစ်ခြိုက် ငါရို့လိုက်၍ တိုက်ခိုက်ထကြွ ဆူပူရဟု ချေပအလို ဖြေကာဆိုက၊ ပုဂ္ဂိုလ်မြတ်ကျော် ရဟန်းတော်ရို့ ပင့်ခေါ်တဝ စီစစ်ကမူ ကျနသေချာ ဖြေသည်မှာကား မဟာဗလ ဝါနရဟု ယုတ်လှမိုက်ခြင်း ဖလောင်းမင်း၏ ပိုင်နင်းဌာန အိန္ဒိယနန့် မြန်မာ့အောက်ဘက် သတ်မှတ်ချက်ဖြင့် အထက်ရှိခါ တွဲယှဉ်ကာလျှင် ညီညာမယွင်း အုပ်ချုပ်ခြင်းဟု ကျမ်းရင်းတထွေ ဥပဒေနန့် မသွေရှုတ်ထွီး ဘဏ္ဍာရီးကို ကွာဝီးလွန်းစွ အိန္ဒိယနန့် ခြားနားတဖြာ တစ်ကြောင်းသာတည်း။ သို့ရာမဟုတ် မရှုပ်ထွီးယောင် ချက်မြှုပ်ဖြစ်ရာ ကိုယ့်ပြည်ရွာကို ကိုရာမခြား ပြည်သူများနန့် သင့်ငြားမပျက် စီရင်ချက်ဟု ဆက်ဆက်ဥပဒေ ဘဏ္ဍာငွေကို မှီနီပြည်သူ ဆန္ဒယူသား သဘောထားပြု ရယူမပျက် ဘဏ္ဍာဆက်သွင်း နီလိုခြင်းနန့် တိုင်းရင်းအိန္ဒိယာ လူများစွာနန့် ညီညာလူဗိုလ် တောင်းခံလို၍ ပိုမို ထကြွ ဆူပူကြလိမ့်။ ဖြစ်ထကြောင်းရာ မဟိပါဘဲ ထွေလာဆန်းပြား သူရူးများသို့ မိုက်မှားပြုရာ မဟုတ်ပါတည်း။ သေချာဖြေကြား ပန်လျှောက်ထားလိမ့်၊ မတ်များလက်ရုံး ပန်းကိုကုံးသို့ ပြည်လုံးဦးတင် နန်းကြီးရှင်အား နောင်တွင်ဖြစ်လှာ တဘောင်လာကို ပန်ထွာလျှောက်ထား မင်းကြီးကြားက မမှားသိုက်ရုပ် မောင်ဖါးပြုတ်ကို လွှတ်ချုပ်အာဏာ မင်းစင်္ကြာက ခေါ် ကာမနှေး မစစ်ဆီးလော၊ ကြောင်းရီးသိသာ မိန်းလီပါသော် ပညာဗဟု ဉာဏ်ပါးစုက ကဏ္ဍဖါးဗြုတ် သိုက်စာရုပ်ကို ဖေါ်ထုတ် စစ်ရာ မလိုက်ပါတည်း။ ယုတ်မာဖလောင်း မျောက်ငစောင်းက တစ်ထောင့်ကျော်ခဲ ကိန်းခန်းလွဲ၍ တနည်းတဖြာ ကျေလေပါယာ နောက်မာတချိန်း ကွမ်းစားကိန်းဟု သွီးလိမ်းဖါးပြုတ် ရုပ်ဓါတ်တစ်ဖြာ ဟိသိန့်ပါရေ စင်္ကြာစစ်ခန်း အပြီးတည်း။

၂၁။ ရက္ခမဏ္ဍိုင် ပြည်ရခိုင်တွင် စိုးပိုင်အုပ်ချုပ် မင်းပြုလုပ်သား ဖေါ်ထုတ်နာမ နရပတိ သီရိသုဓမ္မ ဘွဲ့မည်ရသည် ထွန်းပတေဇာ မင်းမြတ်စွာလျှင် ဝါစာနှုတ်မြွက် တဖန်ဆက်၍ ဖြစ်ပျက်ခြင်းရာ မိန်းသည်မာကား ကမ္ဘာတစ်လွှား လူအများရို့ ဆူပွက်ထကြွ တိုက်ခိုက်ကြသော် များလှဗိုလ်ခြီ အထွီထွီရို့ သီကြီစရာ ဟိတုံပါလော မီးစစ်ကြောက များသောဗိုလ်ခြီ လူထွီထွီရို့ သီကြီတုံးရုံး ပျက်စီးပြုန်းအံ့၊ မှတ်တုံတစ်ရက် ပြဆိုအဋ္ဌ သောသတ္တနန့် အဋ္ဌနဝါ နှစ်များမှာလျှင် ပြည်ရွာဗိုလ်လူ အိုးသို့ဆူအံ့၊ - ဖွေးဖြူအရိုး လူကောင်မျိုးကား ပွားတိုးများလှ တောင်နန့်မျှအံ့၊ ယင်းကတစ်ချိန် ကျိန်းနန့်ရမောင် ကြပ်စင်တောင်တွင် လူကောင်အများ ကြွမ်းနှယ်ပါးလိမ့် လျှောက်ထားလက်ရုံး စကားဆုံးက ရွှေဘုန်းတော်လင်း စင်္ကြာမင်းကား မယွင်းဇာခါ စိုးပိုင်ပါလိမ့် ရာဇာသိရိ မိန်းတော်ဟိသော် ရွှေတိဂုပ္ပ စေတိယဟု လှပတလင်း ရင်ပြင်တွင်း၌ မင်းများလေးဖြာ တွိဆုံပါအံ့ ရာဇာမင်းများ ထိုလေးပါးကား မှတ်သားအဟုတ် တရုတ်ဖလောင်း တကောင်းယိုးဒယား မင်းဖျားစင်္ကြာ ဤလေးဖြာတည်း။ ရာဇာမင်းများ ယင်းလေးပါးရို့ ဆန်းပြားဖုံဖုံ ရွှေတိဂုံခေါ် ရင်ပြင်တော်၌ ထွက်ပေါ်မာန များဒေါသရို့ ကင်းပစီရန် ရန်မာန်ဖြေကြောင်း ညီညာပေါင်းလျက် စိတ်ကောင်းမနော စကားပြောပနာ ရွှင်မောကိုယ်စိတ် မဟာမိတ်နန့် ကင်းမိဿဟာ ဖွဲ့ပြီးခါလျှင် ဤရွာဤပြည် ဤတိုင်းပြည်၌ အတည်အဟုတ် မင်းပြုလုပ်ဟု ရွှေနှုတ်မြွက်ဟ တပါးကမူ တပါးသူကို ချစ်မူချစ်ဟန် တိုက်တွန်းပြန်လိမ့် ဖန်ဖန်ခါခါ တိုက်တွန်းပါလည်း ရာဇာအဟုတ် ငါမလုပ်လို တဦးဆိုက အလိုတူမျှ တဦးကလည်း မုချအဟုတ် ငါမလုပ်ဟု ဖွင့်ထုတ်ငြင်းကန် ကိုယ့်နိုင်ငံသို့ ထပြန်၍သာ လားကတ်ပါလိမ့် (မြန်မာအလို တဘောင်ဆိုမှာ ရွှေညာကိုဆန်ပါလေ တောင်ဖန်ကဝိုင်းသနန့် ရွှီဗျိုင်းဖြူ ရွှီဗျိုင်းဖြူ၊ ပညာဟိရယ် မလေးမောင်ဒေမာဟိသည်)အဓိပ္ပါယ်မှာ ဗျိုင်းဖြူဖြစ်ခြင်း ဖလောင်းမင်းတည်း ယှင်းလင်းတဖြာ ရွှေညာအလို ပြဆိုမချို့ ဘိလပ်မြို့ကို ထိုပျို့အလာ မှတ်ယူရာ၏ စင်္ကြာသခင် ကောင်းကျော်ထင်ကား ပေါ်လွင်နှစ်လ ဇာရပ်စသား ဇာနယ်တိတွင် ထင်ရှားလွယ်ကူ ရောက်တော်မူလိမ့်၊ လှိုင်ကြူပျံ့အီး မင်းကမိန်းသော် မနှေးမကြာ မင်းမဟာလည်း၊ ပန်ထွာလက်မြှောက် ဤသို့လျှောက်၏ တွေးထောက်ရှုမျှော် ကိုးလကျော်က စွန်းပေါ်ဆယ်ခု ဆယ့်တစ်ခုတွင် ရွက်နုဖူးငုံ လကဆုန်ဝယ် ကြုံကြိုက်ရောက်ထ ဆန်းပက္ခ၌ အဋ္ဌရက်ခိ ဂဠုန်နိတွင် ချမ်းမြိသာယာ မြတ်စွာအလောင်း သူတော်ကောင်းဟု ထီးဆောင်းစင်္ကြာ ဘော်သန္တာသို့ ဖြူစွာပြောင်ညီး ဆင်သုံးစီးဖြင့်  ́ ဗိုလ်ကြီးလေးယောက် သံခမောက်ဆောင်း သတ္တိကောင်းရို့ စုပေါင်းရံကာ နောက်တော်သာက လျှောက်ကာအတည်.လာလိမ့်မေဟု ရွှေပြည်မတ်ဝန် ဤသို့ပြန်သည် မင်းမွန်သီရိ အားရတည်း။

၂၂။ ဘော်ငွေသာခွါ တောင်ပမာသို့ ဖြူစွာသန့်စင် တစ်စီးဆင်၌ သုံးအင်ပိဋကတ် ကျမ်းဂန်မြတ်ကို တင်လတ်ပြီးခါ ဝင်ရောက်ပါလိမ့် -ဖြူစွာမတင် တစ်စီးဆင်ကား ရောင်လွင်ထွန်းပေါ် ဓါတ်မွေတော်ကို ပူဇော်သဒ္ဒါ တင်ယူလာလိမ့် ကြီးစွာဆင်ဖြူ တစ်စီးမူကား ဘုန်းလူစင်္ကြာ မင်းရာဇာလျှင်-တင်ကာအပြီး ကိုသာစီးအံ့၊ မတ်ကြီး လေးယောက် အားကိုးလောက်သား သံခမောက်ဆောင်း သတ္တိကောင်းဟု ဖီးပေါင်း ငြိမ်းပျောက် ထိုလေးယောက်တွင် တစ်ယောက်သောသူ သတ္တိမူကား ကြီးသူမဟာ မြီမျက်နှာကို နီးစွာရှုံ့တပ် ချဉ်းခါရှုပ်လိမ့်၊ အဟုတ်မှန်စွာ တစ်ယောက်မှာကား ဗိုလ်ပါလမ်းသား ငယ်သူများကို ပြောကြားသောခါ မငြင်းပါဘဲ လိုက်နာမပျက် ဩဇာသက်အံ့ ထူးချက်တစ်ဖြာ တစ်ယောက်မှာမူ ပြောရာပြောစ ဟိလတ်ကမူ များလှယူဇနာ ကွာဝီးပါလည်း ပြောခါစကား အားလုံးကြား၍ ကြီးမားအံ့ရာ သံကျယ်ပါလိမ့်၊ နောက်မာပေါ်ပေါက် ကျန်တစ်ယောက်မူ အံ့လောက်ထူးထွီ ပဒါးသီနန့် သံသီဝိဇ္ဇာ ဖြစ်လီပါ၍ ပြည်ရွာနိုင်ငံ လူမကျန်အောင် ဝေဖန်မျှပီး ဝယောင်ကျွေးတုံ စည်းဝေးဗိုလ်ပါ လူများစွာရို့ ပျော်ရာမညီး မြီကြီးချက်ချာ ကြံဝင်ရာတွင်  ́သက်စာပန်တောင်း၊ မြို့ဟောင်းရွှေပြည် တည်လိမ့်မည်တည်း ထီးစဉ်နန်းဆက် နွယ်မပျက်ဘဲ ပွားထက်များစွာ နှစ်သုံးရာလျှင် ကြန့်ကြာတည်နေ ရှည်မြင့်ပေလိမ့်၊ ထိန်ဝေထွန်းပ ဘုန်းတေဇနန့် ပြည့်ဝမယုတ် သမ္မာသမ္ဗုဒ္ဓ လောင်းရာမဟု ရာဇဘုရင် စင်္ကြာရှင်ကို ဖူးမြင်ဗိုလ်လူ တို့ရန်သူရို့ ပြာဖြူပြဒါး သုံးစွဲစား၍ ဖီးများကင်းဘိ နာမဟိဘဲ ဇီဝသက်ရှည် နီရမည်ဟု ရွှေပြည်သီရိ မင်းပတိအား တင်လျှောက်ကြားသည် မတ်များပညာဗဟုတည်း။

၂၃။ သီရိဓမ္မ ဘွဲ့တော်ရသား ဓညပြည်လုံး နီတနှုန်းသို့ ရွှေဘုန်းတောက်ပြောင် ရန်မျိုးအောင်လျက် ကြံဆောင်တဖြာ မိန်းသည်မာကား စင်္ကြာမင်းမြတ် လောကနတ်မူ ဇာဇာတ်ဇာမျိုး' ဇာအရိုးဟု မြတ်နိုးကြည်သာ တင်လျှောက်ပါဦး ပုစ္ဆာစကား မိန်းလတ်ငြားသော် မင်းဖျားရာဇာ. လျှောက်သည်မှာကား ရာဇာမင်းမြတ် နာယူ မှတ်လော၊ မိမြတ်တောသူ မမူသကြား သားကားစိုင်္ကြာ နီရပ်မှာမူ မြိုင်သာဝန ဂစ္ဆပတည်း စောင့်ထဝိဇ္ဇာ ဦးရီမာကား မှတ်ပါလေးပါး စင်္ကြာများကို သိကြားရီစင် သွန်းလောင်းကျင်၍ မင်္ဂလာဘိသိက် အောင်နိမိတ်ဖြင့် နှိုင်းထက်စင်္ကြာ ရိန္ဒမာလှံပျံ သီဝလံဒါး ရောင်လျှံကြွားသည် ပတ္တမြားလက်စွပ် တစ်လျှပ်လျှပ်ထိ နဝရတ်ဦးသျှောင် ရောင်ဖြိုးပြောင်သား ကိုင်ဆောင်မပြတ် သားမြီးယပ်က ဆတ္ထထီးဖြူ တလူလူဖြင့် ကျောက်မူစီခြင်း ခြီနင်းတဖြာ ညိုပြာစိန်ရောင် အတောင်နှစ်ဆယ်၊ ချောနုနယ်သား တင့်တယ်လျောက်ပတ် နတ်ဝတ်ပုဆိုး တိမ်မီးခိုးသို့ မြတ်မျိုးနတ်ဆင် ဆယ်မျိုးဝင်သည်၊ တောစဉ်နှိုင်းယူ ဆင်ရို့မူကား အဖြူ သုံးစီး မာတင်ကြီးတွင် ရောက်ညီးလျှံပေါ် ဓါတ်မွီတော်ဟု ပူဇော်သက္ကာ ရတနာဆင် တစ်စီးတွင်၌ တင်တုံအပြီး တစ်စီးကိုယ်မှာ ပီစာထွဋ်မြတ် ပိဋကတ်သုံးပုံ တင်ဆောင်ကုန်၏ ဘုန်းဂုဏ်တေဇာ ထွန်းလင်းဖြာကား စကြာသခင် တစ်စီးတွင်၌ စိတ်ရွှင်ကြည်သာ စီးဗြီးခါလျင် ကြေငြာကျော်ဟိုး နောက်တောင်ရိုးမ ဗိုလ်လူရန်ကာ လျှောက်၍လာသော် သက်သာပန်းတောင်း မြို့ဟောင်းရွှေပြည် ထီးနန်းတည်ရာ သက်ရှည်ကြံ့ကြာ နှစ်သုံးရာပင် ဖီးကင်းစင်လျက် စိတ်ရွှင်ဝမ်းသာ မြင့်ချေပါအံ့ ရာဇာသီရိ သမုတိအား ကဝိမတ်လှ ပန်လျှောက်သက ရှိကဖေါ်ထုတ် မောင်ဖါးဗြုတ်၏ အာလုပ်နီမြန်း ကွမ်းစားခန်းကို ပြညွှန်းတစ်ဖြာ လျှောက်ကြားပါဟု ရာဇာဘုန်းတန် တိုက်တွန်းပြန်က သိုက်မှန်ဓါတ်ရုပ် မောင်ဖါးပြုတ်ကား ပြထုတ်ဉာဏ်ကျယ် လူများလယ်တွင် ဆန်းကြယ်ထူးခြား ပြောဆိုကြားတတ် ဂုဏ်ဒြပ်ကြောင့် ခေါ်မှတ်ဖေါ်ထုတ် င/မဲတုတ်ဟု သမုတ်တွင်ပြီး တမန်ကြီးသာ ဖြစ်လီပါလိမ့် ဦးစွာမဆွ 'ပထမက မင်းလှဘုရင် စင်္ကြာရှင်မြတ် မရောက်လတ်ခင် ဖန်ဝါတင်သား ရဟန်းများရို့ နံပါးဝဲယာ ခြံရံကာဖြင့် သာသာကြည်ကြည် ပါလိမ့်မည်တည်း ရွှေပြည်စိုးနင်း သောင်းထိုက်တွင်းဝယ် ဘုန်းမင်းလျှံပတ် ရှင်မင်းမြတ်အား ရိုညွတ်ရွံ့ကြောက် ဤမျှလောက်သာ လျှောက်ထားပါအံ့၊ ကျယ်စွာထူးခြား ဓိပ္ပါယ်လားကို ခွဲခြားဖြာဖြာ မပြောပါယာ ပညာဗဟု နာမ်ပေါင်းစုက ဆယ်ခုလက်မြောက် ဦးတင်လျှောက်သည်  ဗြီးမြောက်ဖါးဗြုတ် သိုက်ကျမ်းတည်း။

ကျမ်းပြုရခြင်းအကြောင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၂၄။ ရမ္မာဒီပ ကျွန်းဌာန၌ များလှကြီးကျယ် ထောင်သွယ်သွယ်ဟု (တောင်-တိုက်နယ်) နယ်ပယ်ဖြာဖြာ ဟိကတ်ရာဝယ် ဝေါဟာသမိုက် သံချောင်းတိုက်တွင် (ဝေါဟာ ခေါ်ဆောင် သံချောင်းတောင်တွင် အောင်မြင်သရဖူ)မကိုဋ်သရဖူ စောမှန်ကူ၏ ရောင်ထူလျှံဝါ သာသနာလည်း ပမာနီလ ထွန်းလင်းပသို့ များလှစည်ပင် ဂုဏ်ပေါ်တွင်သည် ခေါ်တွင်သညာ သံချောင်းရွာ၌ ဒီသာခေါ်မှတ် တောင်အရပ်တွင် အထွဋ်ဘုံသာ ကျောင်းဝိဟာ၌ သိက္ခာသီလ မြတ်ဓမ္မကို နိညမကင်း ပွားများခြင်းနန့် သတင်းမွေ့လျော် ကိန်းအောင်းပျော်သည် ဝါတော်လေးဆယ် ခြောက်စွန်းကယ်သား နှိုင်းဖွယ်မရ ဂုဏ်ကြီးလှသည် မြတ်ထတသွယ် ဥပ္ပဇ္ဈယ်ခေါ် ဆြာတော်က တွေးမျှော်ရည်သန် ကဗျာဉာဏ်ဟု ကြံဖန်စပ်ဟပ် ဖွဲ့ဆိုတတ်သလော မတတ်လောဟု သဘောနှစ်ဆ ကြည့်ရှုရအောင် ရှေးကသမိုက် ဖါးဗြုတ်သိုက်ခေါ် နိမိတ်တစ်ဖြာ ပုံပြင်လာကို `လင်္ကာမယုတ် စီကုံးလုပ်ဟု ရွှေနှုတ်မိန့်ကြား အာဏာထားက ဂုဏ်များကြီးကျယ် ဥပ္ပဇ္ဈယ်၏ နှိုင်းဖွယ်ချိုပွား မိန့်စကားကို ပယ်ရှားမသာ ဖြစ်လီပါ၍ သီသာဦးဖျား တင်ကာထားလျက် ဝပ်တွားရိုညွတ် ဆြာမြတ်အား ဖွဲ့အပ်ကဗျာ စီကုံးပါအံ့ ပန်ထွာလျှောက်လျှင်း ကျမ်းမူရင်းလျင် ပျောက်လားသည်ထွက် တဝက်ပျက်၍ စိတ်လက်မသာ နှစ်နှစ်ကြာမှ ကျမ်းစာမူရင်း ရဟိခြင်းကြောင့် မယွင်းမကွက် လျှောက်ထားချက်တိုင်း မစောင့်ဆိုင်းဘဲ အားလှိုင်းပြင်းထန် စပ်ကာရန်ဖြင့် ပန်းဟန်အသွင် စီကုံးဆင်စွာ မြတ်ရှင်ဆြာ မိန့်တိုင်းသာတည်း။

၂၅။ နဒီပြင်သာ မြစ်လေချာထက် ညိုပြာမှုံရီ မှိုင်းဝီဝီဖြင့် တူညီမလွဲ ငှက်ဝမ်းဘဲသို့ ထူးကဲပေါ်လှာ ကျွန်းရမ္မာတွင် လယ်ချာဖွယ်ထိုက် သံချောင်းတိုက်ဝယ် သမိုက်လင်းထိန် · ရနံဒွိန်(ရွာ)တွင် ဂုဏ်သိမ်စုပေါင်း နောက်ဘက်ကျောင်း၌ ကိန်းအောင်းမျှတ သပ္ပါယဖြင့် နီထပျော်ရွှင် ဆရာသျှင်ရို့ ခေါ်တွင်မှတ်ပြု သုလျှင်အစ မကားအလယ် နငယ်အဆုံး ဗျဉ်းသုံးလုံးဖြင့် စုရုံးမှည့်ကြ ဘွဲ့နာမဖြင့် တွင်ထသညာ ထေရ်ဆြာသည် ဓညာပြည်တွင်း ဘုန်းရောင်လင်းသား၊ ပိုင်နင်းစိုးရ သုဓမ္မရာဇာ မင်းမြတ်စွာအား ပညာဗဟု လျှောက်တင်ပြုသား ခေါ်မှုတွင်ပေ ဖါးပြုတ်ကေ၏ ဖြစ်ထွေပုံပြင် ရာဇဝင်ကို ပန်းသွင်ပုံနှုန်း ဖွဲ့စီကုံး၏ လေးလုံးကဗျာ ဤလင်္ကာ၌ ကျမ်းစာမူရင်း မယှင်းလင်း၍ အရစ်တဖြာ ဆုံးမှာတစ်မျိုး၊ လယ်တစ်ရိုးတွင် တစ်မျိုးပင်တည်း။ ပုံတွင်ရှီးဟောင်း စာတစ်ကြောင်းတွင် ၎င်းသုံးခါ ပါခြင်းရာသို့ ထွီးကာရှုပ်ခြူ သပွတ်အူတက် စိတ်ယူခက်ခဲ စိတ်ဆင်းရဲ၏၊ ကြီးကဲဆြာ မိန့်အာဏာကို ပယ်ခွါပိုင်ပိုင် မတတ်နှိုင်၍ လက်မှိုင်လည်းချ ဖွဲ့စပ်ရ၏ များလှရှင်လူ တိုင်းပြည်သူရို့ မှတ်ယူစရာ ဤကဗျာ၌ ပါသည်အချက် ဆက်လက်တစ်ဖြာ ရယ်စရာလည်း ပါဝင်တစ်ရပ် ဗုဒ္ဓမြတ်ရို့ ခေါ်မှတ်ရှိက ဓညဝတီ မြို့ သိင်္ဂီ၏ ဌာနီကျယ်ဝန်း နယ်ပယ်ခန်းကို ပြညွှန်းတကြောင်း အာရုံကောင်းဖြင့် သောင်းသောင်းဗိုလ်လူ များနာယူလျင် ရှေ့တူမယွင်း ကိုယ့်ပြည်မင်းနန့် ကြီးခြင်းတိုင်းခမ်း ကျယ်အဝှန်းကို စွဲလန်းမြဲစွာ ပြန်ရလာယောင် ညီညာအတူ ချစ်ကြည်ဖြူ၍ ညီညာတောင်းဆို ရှေးအဟိုက နီကိုတောင့်တ ထွန်းပေါ်ရသို့ မှတ်ကစိတ်တွင်း နှလုံးသွင်းဟု ဆွေရင်းမျိုးချာ ပြည်ချစ်ငါက ဓညာပြည်ဖွား မျိုးချစ်များအား တရားတစ်ဖြာ ဟောပြောပါသည်၊ ပြည်ရွာနိုင်ငံ ဧကြောင်းတည်း။

၂၆။ သံဂုံပမ မည်နာမဖြင့် ဗုဒ္ဓလေးဆူ စောမှန်ကူရို့ မိန့်ကြူရွှေနှုတ် ကြာကုမုဒ်မှ ဖေါ်ထုတ်မြွက်ဟ ဗျာဒိတ်ရသည်၊ ဓညဝတီ ပြည်သိင်္ဂီကို ခွန်ဆီပိုင်သ အစိုးရသား ဘုန်းကံပတိ တန်ခိုးဟိသည် သီရိစန္ဒရ မင်းမြတ်ကလျှင် ပိုင်ကာထီးနန်း စိုးစံမြန်းလျက် ထိုကာလ၌ ခ-ဆ-ပဉ္စာ ကိန်းကြုံလာ၍ ချေကာဖြိုဖျက် . ကျော်လှာတက်သား၊ သက္ကရာဇ်ကောဇာ နှစ်သင်္ချာမူ ထောင်မှာစွန်းပြု ရာသုံးခုနန့်၊ ဆယ်ခုနှစ်ဖြာ လေးခုသာတွင် ပြိစ္ဆာလွန်ကျော် မိုးလပေါ်၌ တွင်ခေါ်မှတ်ပြု ဓနုရာသီ ချိုင်ပေါင်မှီသား စည်းစီလှည့်ပတ်” ကြယ်နက္ခတ်ဟု ပညတ်မိဂသီ၊ ရွှေတုံအီသား ဖြူနီညိုလွင် ပန်းသဇင်နန့် ခေါ်တွင်ထူးဆန်း ဂမုန်းပန်းရို့ ပွင့်လန်းချိန်မှန် မြောက်လီပြန်၍ ချမ်းလွန်အီးကျ ဟေမန္တဟု မာသမည်ခေါ် လနတ်တော်ဝယ် ပြည့်ကျော်ပိုက်ထွက် ဆုတ်တစ်ရက်စိ ဆင်မင်းနိ၌ ရောင်ငွိလျှံလျှံ နီစက်ပျံသည် ပရံနောက်ခန်း၊ ဂေါယာကျွန်းသို့ ပထွန်းရဲရဲ ဝင်လုဆဲတွင် ထူးကဲမှတ်ချက် နာရီစက်က ငါးချက်ဒိန်ဒိန် ခတ်တီးချိန်တွင် ဝတိံဘုံနန်း နတ်ကြငှါန်းသို့ ထူးဆန်းအံ့ဖွယ်၊ ရွှီနန်းလယ်၌ တင့်တယ်စံစား မင်းတရား၏ စကားမီးခွန်း နောက်ဖြစ်ခန်းကို ဉာဏ်စွမ်းဟာသ ကြံတွက်ဆ၍ ကျနသေချာ ဖြေဆိုပါသား၊ ပညာလက်ရုံး မတ်ပန်းကုံး၏ လျှောက်ထုံးခေါ်ထ ပဏ္ဍကဟု နာမသမုတ် ဖါးဗြုတ်ရာဇဝင် ဒေပုံပြင်၏ ကြောင်းအင်ဖြာဖြာ ဖွဲ့စပ်ကာဖြင့် ကဗျာလေးလုံး ပန်းသို့ကုံး၍ ပြီးဆုံးအောင်မြင် ရန်ဖီးစင်သည် ဤတွင်နိဂုံး ကဏ္ဍတည်း။

အက္ခရာ ဧက မေ ကဉ္စ ဗုဒ္ဓရူပံ သမံသိယာ

တသ္မာဟိ၊ ပဏ္ဍိတော၊ ပေါသော လိက္ခေယျ ပိဒုက္ကယံ။

ဣဒံ မေပုညံ အာသဝက္ခယံ ဝဟံဟောတု။

ပု-ဒိ-အာ နန့် ပြည့်စုံပါလို၏။

မြောက်ဦးခေါ် လျှောက်ထုံးကိုမူတည်ပနာ ရမ္မာဝတီ သံချောင်းရွာဇာတိ ရနံဒွိန်ဆြာတော် အသျှင်သုမန ရီးသားတော်မူသော ဖါးပြုတ်ကေရာဇဝင် လင်္ကာ

ဒေမာပြီး၏။