Jump to content

ဖိုးကျော့

ဝီကီးပီးဒီးယား က
ဖိုးကျော့
ဖိုးကျော့
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၄ သြဂတ် ၁၉၄၀ ခုနှစ်
နာမည်ရင်း ဦးမြင့်လွင်
မိဘနာမည် အဖ-ဦးဘောက်ဖြူ၊ အမိ-ဒေါ်ချက်တောင်းမ
မွီးဖွားရာနီရာ ကျောက်ဖြူမြို့နယ်၊ ချောင်းဝရွာ
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင် စာရီးဆရာ
အိမ်ထောင်ဖက် ဒေါ်ကြူကြူဝင်း
သားသမီး (၂) ယောက်
ထင်ပေါ်ကျော်ကြားမှု စာရီးဆရာ
ထင်ယှားရေလက်ရာတိ မြေဆီမဲမဲ သွေးရဲရဲ၊ အောင်ပွဲသို့ချီရာဝယ်၊ ဟူးကောင်းတောင်ကြား၊ စရေ စာအုပ်များ
ရယှိခရေဆုတိ အမျိုးသားစာပီဝထုရှည်ဆု(၁၉၇၂)၊ စာပီဗိမာန်စာမူဝထုရှည် ဒုတိယဆု (၁၉၉၀ ၊ ၁၉၉၁ နန့် ၁၉၉၃ သုံးနှစ်ဆက်)၊ ၁၀ ကြိမ်မြောက် မဲခေါင်စာပီဆု(၂၀၁၉)၊ တန်ခိုးဆရာထွန်းတစ်သက်တာစာပီဆု(၂၀၂၂)
လက်မှတ်
ကွန်ယက်

စာရီးဆရာ ဖိုးကျော့ကို (၁၃၀၂) ခုနှစ်၊ ဝါခေါင်လပြည့်ကျော်(၁)ရက်(၄.၈.၁၉၄၀)ရက်နိတွင် ရခိုင်ပြည်ကျောက်ဖြူမြို့နယ်၊ ချောင်းဝကျေးရွာ၌ အဖ-ဦးဘောက်ဖြူ၊ အမိ-ဒေါ်ချက်တောင်းမရို့က မွီးဖွားခပါရေ။ အမည်ရင်းမှာ ဦးမြင့်လွင်ဖြစ်တေ။ မွီးချင်း(၉)ယောက်အနက်မှ တတိယမြောက်ဖြစ်ပါရေ။[] မွီးချင်း (၉)ဦးအနက် အငယ်ဆုံးသား ဖြစ်ပါရေ။[] ငယ်စဉ်က ရွာဟိ ဘုန်းတော်ကြီးကျောင်းမာ ပညာသင်ကြားခပါရေ။

ခုနှစ်အလိုက် ဆရာ့လက်ရာတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၉၅၆ - အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ ဆင်မာန်နှင့် ငှက်ဉာဏ် အခန်းဆက်ဝတ္ထုရှည်ဖြင့် စာပီနယ်တို့ စတင်ဝင်ရောက်ခပါရေ။

၁၉၆၆ - အောက်တိုဘာလထုတ်မြဝတီမဂ္ဂဇင်းပါ ဆင်လိုက်ခြင်း ဝတ္ထုမှာ အလယ်တန်းမြန်မာစကားပြင် လက်ရွေးစင်မာ ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခြင်းခံခရပါရေ။ ဝတ္ထုတိုအချို့ကို ဂျပန်နှင့်ဗီယက်နမ် နိုင်ငံရို့တွင် ဘာသာပြန်ပနာ ထုတ်ဝီဖူးပါရေ။

၁၉၇၀ - အောက်တိုဘာလထုတ် မြ၀တီမဂ္ဂဇင်းပါ နတ်မလိုက်သောနေ့ ဝတ္ထုကို ဂျပန်နိုင်ငံ နိုင်ငံခြားဘာသာ သင်တက္ကသိုလ်မှ ပါမောက္ခ တိုရူအိုနိုက ဂျပန်ဘာသာသို့ ပြန်ဆို ထုတ်ဝီခပါရေ။

၁၉၇၂ - မြေဆီမဲမဲ သွေးရဲရဲ၊ အောင်ပွဲသို့ချီရာဝယ် ဝတ္ထုများထွက်(အောင်ပွဲသို့ချီရာဝယ်-ဝတ္ထုရှည်ဖြင့် ယင်းနှစ် အတွက် အမျိုးသားစာပေဝတ္ထုရှည်ဆုရ။)

၁၉၇၃ - လွန်လေပြီးသောအခါ၊ လောဘမြစ်ပင်လယ်၊ ချစ်ငြိုးရစ်ချည်၊ ငြိုးမာန်လျှော့ပြေ၊ ဝမ်းရေးထက်ပင် ခက်ပါသည် စရေ ဝတ္ထုတိထွက်။

၁၉၇၄ - ဆင်လုပ်သား၊ အမှောင်လမ်းကသူတို့အပြန် စာအုပ်တိထွက်။

၁၉၈၁ - မျှော်ရသူတို့ဗျာပေါဝ၊ ခပ်သိမ်းသောမြစ်တို့ကဲ့သို့ စာအုပ်တိထွက်။

၁၉၈၂ - ပြန်မပြောချင်ဘူး ဝတ္ထုထွက်။

၁၉၈၃ - ဟူးကောင်းတောင်ကြား၊ အလွမ်းကန္တာ- တောကန္တာ၊ ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ စာအုပ်တိ ထွက်။

၁၉၈၅ - သမုဒယဤပင်လယ် ဝတ္ထုထွက်။

၁၉၉၀ - အင်တွဲပွဲလျက် အရှာထွက် ဝတ္ထုရှည်စာမူဖြင့် စာပေဗိမာန်စာမူဝတ္ထုရှည် ဒုတိယဆုရ။

၁၉၉၁ - သေရွာပြန်တို့၏ အဏ္ဏဝါခရီး စာမူဖြင့် စာပေဗိမာန်ဝတ္ထုရှည်-ဒုတိယဆုရ။

၁၉၉၃ - အင်တွဲပွဲလျက်အရှာထွက် စာအုပ်ထွက်။ မြန်မာ့မုဆိုး ဝတ္ထုဖြင့် စာပေဗိမာန်ဝတ္ထုရှည် ဒုတိယ ဆုရ။

၂၀၀၁ - သေရွာပြန်တို့၏အဏ္ဏဝါခရီး စာအုပ်ထွက်။

၂၀၀၂ - ကမ္မဇဒ္ဓိ ဝတ္ထုထွက်။

၂၀၀၃ - ဆင်သင်္ချိုင်းရှာပုံတော်၊ ဆင်သေကုန်း၊ ရာဇဌာနီ၊ မြန်မာပြည် မြောက်ဖျားမှ စသောစာအုပ်များထွက်။ နောက်ပိုင်းတွင်ဆက်လက်၍ နန်းရပ်ထီးဖြူ လုယူမယ်မြင်သည်၊ မြေထုမြင်းမိုပြိုပါလေလျှင်၊ ဆောင်းရက်ရှည်တဲ့ နွေဒေသ ဝတ္ထုများထွက်။

၂၀၀၆ - မဟာလီဒို ဝတ္ထုထွက်။

ဆရာဖိုးကျော့ရေ အဂု အချိန်ထိ ဝတ္ထုတို(၇၀)ကျော်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ်(၂၀)ကျော်၊ လုံးချင်း(၃၀)ခန့် ရီးသားပြီးဖြစ်ပါရေ။

၁၉၅၆ ခုနှစ်၊ အောက်တိုဇာလထုတ် မြ၀တီမဂ္ဂဇင်းပါ ဆင်မာန်နှင့် ငှက်ဉာဏ် အခန်းဆက်ဝထုရှည်နန့် စာပီ နယ်သို့ စတင်ဝင်ရောက်ခပြီး ၁၉၇၂ ခုနှစ်မာ အောင်ပွဲသို့ချီရာဝယ် ဝထုရှည်နန့် အမျိုးသားစာပီဝထုရှည်ဆုချီးမြှင့်ခံခရရေ။

၁၉၉၀ ၊ ၁၉၉၁ နှင့် ၁၉၉၃ ခုနှစ်ရို့တွင်လည်း စာပီဗိမာန်စာမူဝထုရှည် ဒုတိယဆုရို့ကို ၃ နှစ်အတိ ချီးမြှင့်ခံခဲ့၇ရေ။

၂၀၁၉ ခုနှစ်၊ အောက်တိုဇာလ ၁၂ ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပခရေ ၁၀ ကြိမ်မြောက် မဲခေါင်စာပီဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြီဆီမည်းမည်း သွီးရဲရဲစာအုပ်နန့် မဲခေါင်စာပီဆုကိုလေ့ ချီးမြှင့်ခံခဲ့ရသိမ့်ရေ။

ရခိုင်စာရီးဆရာ ဖိုးကျော့၏ “ မြေဆီမည်းမည်းသွေးရဲရဲ” ဝတ္ထုအား ဆရာစံရွှေဘော်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသည့် (I Gave My Life For Thee)သည် (၁၀) ကြိမ်မြောက် မဲခေါင်စာပေဆုရရှိသည်ဟု မြန်မာနိုင်ငံစာရေးဆရာအသင်းက သတင်းထုတ်ပြန်ခပါရေ။

ယင်းဝထုမာ အင်္ဂလိပ်အစိုးရလက်ထက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်က ရီနံမြီအကြောင်းကို နောက်ခံပြု ရီးဖွဲ့ ထားရေ ဝထုဖြစ်ပါရေ။[]

၂၀၂၂ ခုနှစ်၊ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်မာ ကျင်းပခရေ အဋ္ဌမအကြိမ်မြောက် တန်းခိုးဆရာထွန်းဆုချီးမြှင့်ပွဲမာ စာရေးဆရာကြီး ဦးဖိုးကျော့ကို တစ်သက်တာစာပီဆုချီးမြှင့်ခပါရေ။[]

အယင်က ပြည်သူ့ဂုံနီစက်ရုံမာ စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်ခပနာ စာပီများ ဆက်လက်ရီးသားပြီး အမှတ်(၂)၊ စပယ်(၂)လမ်း၊ ၃-ရပ်ကွက်၊ ကမာရွတ်မြို့နယ်တွင် ဇနီး-ဒေါ်ကြူကြူဝင်း၊ သားသမီး(၂)ယောက်နန့်တတူ နီထိုင်ခပါရေ။

  1. အောင်ပွဲသို့ချီရာဝယ်
  2. မြေဆီမဲမဲ သွေးရဲရဲ
  3. လောဘမြစ်ပင်လယ်
  4. ဆင်လုပ်သား
  5. ဆင်မိုးလုံးနှင့် နောက်ဆုံးအဖြေ
  6. အင်တွဲပွဲလျက် အရှာထွက်
  7. သေရွာပြန်တို့၏ အဏ္ဏဝါခရီး
  8. မြန်မာ့မုဆိုး
  9. ဆင်သင်္ချိုင်းရှာပုံတော်နှင့် အခြား
  10. ဆင်သေကုန်း
  11. ကမ္မဇဒ္ဓိ
  12. မြန်မာပြည်မြောက်ဖျားမှ နဂါးမီးတောက်နှင့် ထူးဆန်းအံ့ဖွယ်
  13. မဟာလီဒ
  14. ရေအောက်မြို့တော်
  15. အလွမ်းနှင့်သာ နေတော့မည်
  16. ဂမ္ဘီရပင်လယ်
  17. ခပ်သိမ်းသောမြစ်
  18. ကျားဘီလူးနှင့် အခြား
  19. ကျားနာမျက်ကန်း
  20. ရေခဲပြင်ပေါ်က တောင်နဂါးကြီးနှင့်
  21. ဟူးကောင်းတောင်ကြား
  22. ဟိမဝန္တာကလာသူ
  23. သံသရာနောက်ဆုံးနေ့နှင့် အခြား
  24. သမုဒယ ဤပင်လယ်
  25. မီးလောင်မြေနှင့် အခြား
  26. ဟေမန္တ၏ အလှဖျက်နွေ
  27. မာယာမင်းသမီး
  28. မဟာလီဒို
  29. ပင်လယ်ကျားနှင့် အခြား
  30. နတ်စောင့်ပျားနှင့် သားရဲတို့ရွာ
  31. ရွှေပြည်ရခိုင်

[]

  1. ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ
  2. https://burmese.narinjara.com/news/detail/623a8e880e719f232cb3170f
  3. https://burmese.narinjara.com/news/detail/5d99806a94c2726fee651b15
  4. https://burmese.narinjara.com/news/detail/623a8e880e719f232cb3170f
  5. ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ