ဖေမြင့်
| ဖေမြင့်
| |
| ကိုယ်ရီးအချက်အလက် | |
| မွီးသက္ကရာဇ် | ၁၉၄၉ |
| နာမည်ရင်း | |
| မိဘနာမည် | ဦးအောင်ညိမ်း၊ဒေါ် ခင် သိန်း |
| မွီးဖွားရာနီရာ | ရခိုင်ပြည်နယ်၊သံတွဲမြို့ |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | ရခိုင် |
| ကိုးကွယ်ရေဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
| ပညာအရည်အချင်း | I.B.B.S.(ဆေး တက္ကသိုလ်(၁)) |
| အလုပ်အကိုင် | စာရီးဆရာ၊ဆရာဝန် |
| အိမ်ထောင်ဖက် | ဒေါ်ခိုင်နွယ်ဦး |
| သားသမီး | သား မောင်ဖေဇော်ဦး၊ သမီး မချိုစုစုခိုင် |
| ထင်ပေါ်ကျော်ကြားမှု | စာရီးဆရာ |
| ထင်ယှားရေလက်ရာတိ | [လူသုံးကုန်ပစ္စည်းရောင်းသူများနှင့် အခြားဝတ္ထုတိုများ] |
| ရယှိခရေဆုတိ | အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) |
| လက်မှတ် | |
| ကွန်ယက် | |
ဆရာဝန်၊စာရေးဆရာဖြစ်ရေ ဆရာဖေမြင့်ကို ရခိုင်ပြည်နယ်၊သံတွဲမြို့တွင် အဖဦးအောင်ညိမ်း၊ အမိဒေါ် ခင်သိန်းရို့မှ ၁၉၄၉ခုနှစ်တွင် မွေးဖွားခရေ။
သံတွဲမြို့ အစိုးရအထက်တန်းကျောင်းအမှတ်(၁)မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ရေ။ ၁၉၇၅ခုနှစ် တွင် ဆီးတက္ကသိုလ်(၁)၊ရန်ကုန်မှ အမ်၊ဘီ၊ဘီ၊အက်စ် ဘွဲ့ရခရေ။ ၁၉၈၈ခုနှစ်အထိပြင်ပ အထွေထွေ ရောဂါကု ဆရာဝန်အဖြစ်ဆောင်ရွက်ခပြီးကေ ယင်းနောက် စာပီအလုပ်တစ်ခုတည်းကိုသာ စူးစိုက် လုပ်ကိုင်ခရေ။[၁]
၂၀၁၆ နောက်ပိုင်းဖြစ်ရပ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၀၁၆ ခုနှစ် မာ့ခ်ျလ ၂၂ ရက်နိမာ ပြန်ကြားရီးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် သမ္မတဦးထင်ကျော်က အဆိုပြုခပြီးကေ မာ့ခ်ျလ ၂၄ ရက်နိတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခရေ။[၂][၃][၄][၅]
ဦးဖေမြင့်စွာ ၂၀၂၁ စစ်အာဏာသိမ်းခြင်း အစောပိုင်းကာလတိမာ အဖမ်းခံရရေ။ ပုဒ်မတပ် အရီးယူခံရခြင်း မဟိဘဲနန့် နီပြည်တော် ရှိ စစ်ဌာနချုပ်တစ်ခုတွင် အကျယ်ချုပ်အဖြစ် တစ်နှစ်ခွဲခန့် နီခရရေ။၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် အကျယ်ချုပ်မှ ပြန်လွတ်လာရေ။ ဦးဖေမြင့်အား နီအိမ်အကျယ်ချုပ်မှ ပြန်မလွှတ်မီ ၁ရက်အလိုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရီးကောင်စီက သီရိပျံချီဘွဲ့ ပီးအပ်ခရေ။[၆]
စာပီရီးသားခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]တက္ကသိုလ်စာသင်သားဘဝကစပြီးကေစာတိ စတင်ရီးသားရေ။ အစပိုင်းတွင် ဘာသာပြန်ဝထုတိ၊ ထိုနောက် ၁၉၈၆ ခုနှစ်က စပြီးကေ ပင်ကိုရီးဝထုတိုတိ ရီးသားရေ။ ၁၉၈၉ ခုနှစ်စပြီးကေ အတ္ထုပ္ပတ္တိနန့် အသုံးချစိတ်ပညာဆိုင်ရာစာပီတိ ရီးသားပြုစုခရေ။
“စာပီဂျာနယ်” ကို စတင်စီစိုင်သူတဦးဖြစ်ပနာ ဂျာနယ် အမှတ် – ၁၂ အထိ အယ်ဒီတာအဖြစ် ဆောင်ရွက်ခရေ။ ၁၉၈၉ ဂျန်နဝါရီမှ ၁၉၉၁ အားနုန်းပိုင်းအထိ “သင့်ဘဝ မဂ္ဂဇင်း” အယ်ဒီတာအဖြစ် တာဝန်ယူခပြီးကေ၊ ၁၉၉၅ ခုနှစ်၊ စတ်တင်ဇာလက စတင်ပနာ “ဒီလှိုင်းမဂ္ဂဇင်း” ၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခရေ။
ဆေးရုံ၊ အချစ်ဦး၊ လူနာဆောင် အမှတ်ခြောက်၊ ကျွန်းနန့် အခြား ဝတ္ထုတိုများ၊ အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ၊ စိန်မြေဧကပေါင်းများစွာ၊ မဟာ ကရုဏာရှင်များနန့် ဘာကြောင့် ခုထိမချမ်းသာသေးတာလဲ စရေ စာအုပ်တိစွာ ဆရာဖေမြင့်၏ အောင်မြင်ကျော်ကြားသော စာအုပ်တိ ဖြစ်ကတ်တေ။ ဆြာဖေမြင့်စွာ လူသုံးကုန် ပစ္စည်းရောင်းသူများနှင့် အခြားဝတ္ထုတိုများစာအုပ်ဖြင့် ၁၉၉၅ ခုနှစ်မာ အမျိုးရားစာပီဆု (ဝထုတိုပေါင်းချုပ်ဆု) ရဟိခရေ။
ကလောင်ခွဲ ဇော်ငြိမ်းဖြင့် အမေရိကန်စာရီးဆရာ လူးဝီလာမား၏ ကောင်းဘွိုင်ဝထုတိကို ဘာသာပြန်ဆိုခဖူးရေ။
ရီးသား ထုတ်ဝီခရေ စာအုပ်တိ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ဆေးရုံ (Arthur Hailey ၏ The Final Diagnosis)- (၁၉၇၅ ခုနှစ်)
- လူနာဆောင် အမှတ် (၆) (Anton Chekhov ၏ Ward Six) – (၁၉၇၇ ခုနှစ်)
- အချစ်ဦး ( Ivan Turgenev ၏ First Love ) – (၁၉၈၈ ခုနှစ်)
- ကျွန်းနှင့် အခြား ဝတ္ထုတိုများ – (၁၉၉ဝ ပြည့်နှစ်)
- အောင်မြင်မှု ချမ်းသာသုခနှင့် ဓနဥစ္စာ – (၁၉၉၂ ခုနှစ်)
- ချုံကြားမှ ဘုံဖျားသို့ – (၁၉၉၃ ခုနှစ်)
- မရဏာနုဿတိနှင့် အခြားဝတ္ထုတိုများ – (၁၉၉၃ ခုနှစ်)
- မဟာ ကရုဏာရှင်များ – (၁၉၉၃ ခုနှစ်)
- စိတ်၏ သတ္တိစွမ်းများ – (၁၉၉၃ ခုနှစ်)
- မူမှန်စိတ် မူမှန်အတွေး မူမှန် အကျင့်အကြံ (၁)- (၁၉၉၃ ခုနှစ်)
- သင့်စိတ် သင့်အတွေးအကြံများ အတိုင်းတာ – (၁၉၉၃ ခုနှစ်)
- အပြောင်မြောက်ဆုံး ဘဝတခု တည်ဆောက်ခြင်း – (၁၉၉၄ ခုနှစ်)
- စိန်မြေဧကများစွာ – (၁၉၉၅ ခုနှစ်)
- ဘဝ ဒဿနာ ရသစာများ – (၁၉၉၅ ခုနှစ်)
- မူမှန်စိန် မူမှန်အတွေး မူမှန် အကျင့်အကြံ (၂)- (၁၉၉၅ ခုနှစ်)
- လူသုံးကုန်ပစ္စည်း ရောင်းဝယ် သူများနှင့် အခြား ဝတ္ထုတိုများ – (၁၉၉၅ ခုနှစ်) အမျိုးသား စာပေဆုရ
- ဒေးကာနက်ဂျီ – (၁၉၉၆-ခုနှစ်)
- မဖြစ်နိုင်ဘူး ဆိုတာ သေချာပြီလား – (၁၉၉၆- ခုနှစ်)
- ကိုယ်ပိုင် လုပ်ငန်းနဲ့ ကြီးပွားမယ့် ပုဂ္ဂိုလ် – (၁၉၉၇- ခုနှစ်)
- ဘေဘီလုံမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် – (၁၉၉၇ ခုနှစ်)(Geroge s calson)(The richest man in babylon
- နှလုံးသား အာဟာရ ရသစာများ (၁) – (၁၉၉၈ ခုနှစ်)
- စနစ်တကျ လေ့ကျင့် တည်ဆောက်ထားသော စိတ်၏ သတ္တိ စွမ်းအားများ – (၁၉၉၈ ခုနှစ်)
- ဟောနည်းပြောနည်း ကိုယ့်ဘက်ပါအောင် စည်းရုံးနည်းများ – (၁၉၉၈ ခုနှစ်)
- ကိုယ်ထူး ကိုယ်ချွန်သမား အတွက် လက်စွဲ စကားများ – (၁၉၉၈ ခုနှစ်)
- ပြောတတ် ဆိုတတ် ပေါင်းသင်းတတ်တဲ့သူ – (၁၉၉၈ ခုနှစ်)
- ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ – (၁၉၉၉ ခုနှစ်)
- ဘာကြောင့် ခုထိ မချမ်းသာ သေးတာလဲ – (၁၉၉၉ ခုနှစ်)
- နှလုံးသားအာဟာရ ရသစာများ (၂) – (၂ဝဝဝ ပြည့်နှစ်)
- မည်သို့ပင်ဖြစ်စေ – (၂ဝဝဝ ပြည့်နှစ်)
- နှလုံးသားအာဟာရ ရသစာများ (၃) – (၂ဝဝ၁ ခုနှစ်)
- ဂျီးနီယပ် (စ်) ထူးချွန် ထက်မြက်မှု စာစု – (၂ဝဝ၂ ခုနှစ်)
- စာဖတ်သမား၏ မှတ်စုများ (၂၀၀၃)
- စိတ်ဓာတ်နှင့်နည်းနာ (၂၀၀၄)
- တန်ဖိုးထားအပ်သော အရာများ (၂၀၀၄)
- ဆတ်သေချောင်းဒဏ္ဍရီနှင့် အခြားဝတ္ထုတိုများ (၂၀၀၅)
- ဦးနှောက်နှင့် နှလုံးသား (၂၀၀၅)
- အားပြင်းတဲ့ မြားတစ်စင်း (၂၀၀၅)
- စီးပွားရေးတွေးခေါ်ရှင်များ (၂၀၀၇)
- နာမည်တစ်လုံး ရမလာခင်တုန်းက (၂၀၀၈)
- စာအုပ်ကမ္ဘာ (၂၀၀၉)[၈]
မိသားစု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အိမ်သျှင်မ ဒေါ်ခိုင်နွယ်ဦး၊ သား မောင်ဖေဇော်ဦး၊ သမီး မချိုစုစုခိုင် ရို့နန့်တတူ အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် အဝေရာလမ်းတွင် နီထိုင်လျက် ဟိပါရေ။[၇]
ဝတ္ထုတိုစာအုပ်ပေါင်း(၅၀)ခန့်ရီးသားပြီးစာထဲက အချို့ကိုစုစည်းပနာ ကျွန်းနှင့်အခြားဝတ္ထုတိုများ၊မရ ဏာနု ဿတိနှင့်အခြားဝတ္ထုတိုများ၊လူသုံးကုန်ပစ္စည်းရောင်းသူများနှင့် အခြားဝတ္ထုတိုများ အစဟိရေဝတ္ထုတိုပေါင်းချုပ် စာအုပ်တိကိုရီးသားခရေ။
ဆရာဖေမြင့်ရီးသားရေ “လူသုံးကုန်ပစ္စည်းရောင်းသူများနှင့်အခြားဝတ္ထုတိုများ” စာအုပ်တွင်ရီးဖွဲ့ဖန်တီးနိူင်မှု စိတ်ကူးစိတ်သန်းထူးခြားရေအပြင် ခေတ်အလိုက်ပြောင်းလဲလျက်ဟိရေ အခြေအနေတိကို သတိမူမိစီရန် တင်ပြနိူင်ရေ လက်ရာဖြစ်လို့ (၁၉၉၅)ခုနှစ်အတွက် အမျိုးသားစာပီဆု (ဝတ္ထုတိုပေါင်းချုပ် )ကို ချီးမြှင့်ခံခရရေ။ ဆရာဖေမြင့်စွာ ဖေမြင့်စာပေတိုက်ထူထောင်ကာ စာပီတိရီးသာထုတ်ဝီလျက်ဟိပါရေ။[၈]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ကိုးကား
- ↑ The Myanmar Times။ Daw Aung San Suu Kyi to join government as NLD reveals cabinet။
- ↑ Ei Ei Toe Lwin။ With all eyes on Daw Suu, NLD set to reveal cabinet။
- ↑ Myanmar president to include Aung San Suu Kyi in his Cabinet။ 22 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 October 2018 တွင် ပြန်စစ်ပြီး။
- ↑ India lends a helping hand to Myanmar in government formation။ hindustantimes.com။
- ↑ NLD ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် အကျယ်ချုပ်က ပြန်လွတ်မြောက်။ RFA (၁၉ နိုဝင်ဘာ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့ (April 2003)။ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း။ ပညာရွှေတောင် စာအုပ်တိုက်။
- ↑ မောင်မောင်ထွန်းအောင်(ကျန်းမာရေး) အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ
