Jump to content

ဖွန်းလူမျိုး

ဝီကီးပီးဒီးယား က
ဖွန်းလူမျိုး
လူဦးရွီ စုစုပေါင်း
၁၆၀၀[]
အများစု နီထိုင်ရေ နီရာ
ကချင်ပြည်နယ်, မြန်မာနိုင်ငံ[]
ဘာသာစကား
ဖွန်းဘာသာစကား, မြန်မာဘာသာစကား
ကိုးကွယ်မှု
ခရစ်ယာန်, ထေရဝါဒ ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
အောက်သား, သျှမ်းလူမျိုး

ဖွန်းလူမျိုးစွာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် အသိအမှတ်ပြုထားရေ လူမျိုး (၁၃၅) မျိုးထဲမာ ပါဝင်ရေ။ အစိုးရမှ ဗမာတိုင်းရင်းသား (၉) မျိုးမာ ပါဝင်ရေ မျိုးနွယ်စုဖြစ်တေ။[]

ဖွန်းရို့စွာ တိဘက်-ဗမာ အနွယ်ဝင်များဖြစ်ကတ်လို့ မရူလရှီအဇီးမိုင်းသာလူမျိုးတိပိုင်ပင် ဗမာစကားပြော လူမျိုးငါးမျိုးအနက် တမျိုးအပါအဝင် ဖြစ်တေ။ မိုးကောင်းမင်းများလက်ထက် လက်အောက်ခံလူမျိုး သျှစ်မျိုးအနက် တမျိုးအပါအဝင်ဖြစ်ပြီးကေ ဖွန်းကြီးမျိုး၊ ဖွန်းငယ်မျိုး ဆိုပနာ ဟိကြောင်းဖြင့်လည်း ဆိုကတ်ရေ။[]

ဖွန်းလူမျိုးတိစွာ မြစ်ကြီးနားခရိုင်နန့် ဗန်းမော်ခရိုင် နယ်နိမိတ် အလယ်မာ နီထိုင်ကတ်ရေ။ ဗန်းမော်မြို့အထက် ရွှေဘို၊ မြစေတီရွာတိနန့် ဆင်ဘိုမြို့အကြား ဧရာဝတီမြစ်‌ပထမ ကျဉ်းတလျောက်မာ တွိရရေ။ မြစ်ကြီးနားဒေသဟိ ဖွန်းလူမျိုးနန့် ဗန်းမော်ခရိုင်ဟိ ဖွန်းလူမျိုး စိကေချေကွဲပြားကတ်တေ။ ပူးလောင်၊ နမ့်တီ၊ ထုံးဘို၊ သမိုင်းကြီး အစဟိရေ ဗန်းမော်ခရိုင်အထဲရွာတိမာ နီထိုင်ကတ်သူတိကို ရှီးအခါက ဖွန်းဖျေ ( သို့ ) မွန်တီဖွန်းလူမျိုးဟုခေါ်ကတ်တေ။ အဂု မေကျော့ဖွန်းဟု ခေါ်ရေ။ မြင်သာ၊ ပင်လုံရေနား၊ မန်လေ၊ ပင်လုံတော၊ ပင်တော်၊ နမ့်ဟဲ အစဟိရေ မြစ်ကြီးနားခရိုင်အထဲ ရွာတိမာ နီထိုင်ကတ်ရေသူတိကို ဖွန်းဆမန်း ( သို့ ) မွန်ဝန်ဖွန်းလူမျိုးဟု ခေါ်ကတ်တေ။ ဖွန်းရွာတိစွာ အိမ်ခြေ သုံးဆယ်လှောက်သာဟိရေ ရွာတိဖြစ်တေ။[]

ဖွန်းလူမျိုးရို့စွာ တရုတ်နိုင်ငံ မင်တီနန့် မင်ဝန်ဒေသမှ မိုးကောင်းမြို့နံဘေး နမ္မတီချောင်းဝန်းကျင်သို့ ပြောင်းရွိနီထိုင်လာရေ လူမျိုးမှဆင်းသက်လာရေလို့ အဆိုဟိရေ။ ယင်းထဲက လူခများများစွာ အထက်ချင်းတွင်းအရပ်ဟိ မောင်တီးအရပ်ကိုပြောင်းရွှိလားပနာ ကျန်လူနည်းစုက ဧရာဝတီပထမမြစ်ကျဉ်းဒေသကို ပြောင်းရွိ နီထိုင်ကတ်ရေ။ မြစ်ကျဉ်းဒေသကို ပြောင်းရွိနီထိုင်ကတ်ရေ သူရို့၏ အဆက်အနွယ်တိကို ဖွန်းခေါ်ရေဟု ဆိုကတ်ရေ။[]

အခြားကြေ့ရန်: ဖွန်းဘာသာစကား

ဖွန်းဘာသာစကားစွာ တိဗက်-ဗမာနွယ်ဘာသာစကားမှ အမျိုးကွဲက ပိုင်-ဗမာနွယ် ထပ်မှန်ပနာ အမျိုးကွဲက ဗမာနွယ်မှ ဖွန်းဘာသာစကား ဖြစ်လာရေ။ ဖွန်းစကားကို လူကြီးတိရာပြောတတ်လို့ လူငယ်တိစွာ မြန်မာစကားကိုရာ ပြောဆိုကတ်ရေ။ ဖွန်းစကားကို လူကြီးများ ပြောဆိုရေအခါလူငယ်တိက စကားဝှက်ပြောရေဟုပင် ထင်ကတ်တေအထိ ဖွန်းစကားစွာ တိမ်ကောဗျာယ် ဟိနီလီဗျာယ်။[]

  1. https://joshuaproject.net/people_groups/14381/BM
  2. https://joshuaproject.net/people_groups/14381/BM
  3. "တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးနန့်ပတ်သက်ပနာ ဇာအစိုးရလက်ထက်မာ စာရင်းပြုစုပြီး ရဟိပါလတ်တေနန့် စပ်လျဉ်းရေမီးခွန်း". Archived from the original on 3 February 2020. Retrieved 3 February 2020.
  4. 1 2 3 မြန်မာ့စွယ်စုံကျမ်း. Vol. အတွဲ ၇. စာပီဗိမာန်. ၁၉၆၃. p. ၃၃၁. {{cite book}}: Check date values in: |date= (help)
  5. မောင်ပုဆိုးကြမ်း ရီးရေ တိုင်းရင်းသား လူမျိုးများ အဘိဓာန် စာအုပ်မှ

တမ်းပလိတ်:မြန်မာပြည် လူမျိုးများ