ဖွဲတာကျွန်း
အသွင်ပြင်
ဖွဲတာကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဖွဲတာကျွန်းစွာ ကျောက်တော်နယ် အပေါက်ဝရွာက အရှိဖက် နှစ်မိုင်အကွာ ကုလားတန်မြစ် လက်ယာကမ်းမာ တည်ဟိရေ အရပ်ဖြိုက်ရေ။ ကျောက်ဖြူစုနန့် လမုတစ်ပင်ရွာ အဂြားမာဟိရေ။ အရှိဖက်အနီးမာ ယွန်းချောင်းအဝဟိရေ။ တောင်ဘက်အရပ်တစ်ဘက်ကမ်းစွာ ဒုက္ကန်ချောင်းခေါ် ခံတပ်ဟိခရာ အရပ် ဖြိုက်ရေ။ ဖွဲတာကျွန်းတွင် မင်းရာဇာကြီးက ရှစ်တပ်အစုဝင်တပ်တခုကို ထားဟိခရေ။ ရာဇဂြိုဟ်တပ်လို့ ယူဆရရေ။ ဒေတပ်စွာ ကုလားတန်လွင်ပြင် အလယ်ပိုင်းကို ကွပ်ကဲနိုင်ရေ အနီထားမာ ဟိခရေ။ ရာဇဂြိုဟ်မြို့စွာ ရက္ခိုင်လက်ယာကိုးဆယ့်ကိုးမြို့ဝင် တစ်ခုဖြစ်ရေ။ မြန်မာမင်း နောင်တော်ကြီးက ရွှီပြည်ဝန်ကို ရက္ခိုင်သို့ လေးမြို့ချောင်းကြောင်း ချီတက်စီရေအခါ ရက္ခိုင်ဘုရင် စန္ဒပရမရာဇာက ရမ်းဗြဲစားနန့် ဒေရာဇဂြိုဟ်စားရို့ကို စီလွှတ်တိုက်ခိုက်စီခရေ။ အောင်နှိုင်ခရေအတွက်ကြောင့် တောင်စဉ်က မြန်မာစစ်တပ်ရို့စွာ ဗြီးလီရေ(စန္ဒ။၂း၂၆၇)။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း