Jump to content

ဗကလေး (ကာတွန်း)

ဝီကီးပီးဒီးယား က
{{{အမည်}}}
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၁၉၁၈ ခုနှစ် ဒီဇန်ဘာလ ၁၂ ရက်
နာမည်ရင်း
မိဘနာမည် ဦးစံလှ + ဒေါ်အေးပုံ
မွီးဖွားရာနီရာ {{{မွီးဖွားရာနီရာ}}}
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း {{{ပညာအရည်အချင်း}}}
အလုပ်အကိုင် ပဂျီ၊ ကာတွန်းဆရာ
အိမ်ထောင်ဖက် {{{အိမ်ထောင်ဖက်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု {{{ထင်ပေါ်ကျော်ကြားမှု}}}
ထင်ယှားရေလက်ရာတိ {{{ထင်ယှားရေလက်ရာတိ}}}
ရယှိခရေဆုတိ {{{ရယှိခရေဆုတိ}}}
လက်မှတ်
ကွန်ယက်

ဦးဗကလေးစွာ ၁၉၁၈ ခုနှစ် ဒီဇန်ဘာလ ၁၂ ရက်နိမာ အဖဦးစံလှ၊ အမိဒေါ်အေးပုံရို့မှ ရခိုင်ပြည်နယ် သံတွဲမြို့မာ မွီးဖွားခသူတဦး ဖြစ်တေ။ သံတွဲဟိုက်စကူးကျောင်းမှ အခြီခံပညာအထက် တန်းအောင်မြင်ခပြီး ၁၉၃၆ ခုနှစ် စစ်ကြိုခေတ် နောက်ဆုံးကာလမာ မြန်မာပြည် ပဂျီအသင်းကြီးဧ့ အဖွဲ့ဝင်ဖြစ်ခရေ။ ဦးငွေကိုင်ဦးဘဂျမ်း၊ ဗိသုကာဦးသာထွန်း၊ ဆရာဆောင်ဦးဗကြည်ဦးဟိန်စွန်း၊ ဦးအုန်းလွင်၊ ဦးစံဝင်းအစဟိရေ ပဂျီကာတွန်းပညာသျှင်တိ နန့်အတူ ပဂျီကာတွန်းများ ရီးဆွဲ ခရေ။

ဦးဗကလေးကား ဦးနုရီးရေ လူထုအောင်သံပြဇာတ် ကို သရုပ်ဖော် ပန်းချီဆွဲလို့ နိုင်ငံခြား အဖွဲ့အစည်းတခုမှ ဆီးရောင်စုံ/ စာမျက်နှာ အချောဖြင့် ထုတ်ဝီပေးသဖြင့် လူထုအောင်သံဖြင့်ပင် ဦးဗကလေးကား နာမည်ကြီးခရေ။ ဦးဗကလေးကား ကာတွန်းဆရာ အဖြစ် ရပ်တည်ခရေ။

သူရိယ၊ ရန်ကုန်၊ တိုးတက်ရေးသတင်း စာတိနန့် ဒီးဒုတ်ရယ်ရွှင်ဖွယ် ဂျာနယ်နန့် အရာဂျာနယ် မဂ္ဂဇင်းများရို့မာ ကာတွန်း ရုပ်ပြောင်‎များ ရီးဆွဲခရေ။ ၁၉၅၅ ခုနှစ် မာ အချေသတင်းစာ ထုတ်ဝီခပြီးကေ ဗြိတိသျဘားမား ညွန့်မြန်မာ ရုပ်ရှင်ကုမ္ပဏီအတွက် အဝီစိသံစုံသွင်း မြန်မာကာတွန်းရုပ်ရှင်ကား၊ ဘုန်းဝင်းဘိုင်းစကူးကုမ္ပဏီအတွက် ဖိုးလနတ်သား၊ ဒိုင်းမွန်းဘိုင်းစကူးကုမ္ပဏီအတွက် သဌေးမင်း၊ ရွှီခြင်္သေ့ရုပ်ရှင်ကုမ္ပဏီအတွက် သတရာဇိန်ပျံ၊ ဘီပီအိုင်ဘိုင်းစကူးကုမ္ပဏီအတွက် အိမ်ရှင်မ၊ ဒို့ရန်သူ ဆီးရောင်စုံ အသံထွက်ကာတွန်း ရုပ်ရှင်ဇာတ်ကားတိကို ရိုက်ကူးပီးခရေ။

လုံးချင်းဝထု၊ ဆောင်းပါး၊ ကာတွန်း၊ ပုံပြင် အမျိုးပေါင်း ၁၂ဝ ခန့် ထုတ်ဝီခပြီးကေ ၁၉၅၂ ခုနှစ် မနီလာမာ ရိုက်နှိပ်ခရေ လူထုအောင်သံ ဆီးရောင်စုံကာတွန်း စာအုပ် မာ အကျော်ကြားဆုံး ဖြစ်ခရေ။

ကာတွန်းဆရာကြီး ဦးဗကလေးစွာ ရန်ကုန်မြို့မာ ၂၀၀၉ ခုနှစ် ဒီဇန်ဘာလ ၂၉ ရက်နိက ဆုံးပါးလားခရေ။ ကွယ်လွန်ချိန်မာ အသက် ၉၂ နှစ်ဟိပြီးဖြစ်တေ။ []

  1. Eleven ဂျာနယ်