Jump to content

ဗာထဖို့ ရပ်ဆဲ

ဝီကီးပီးဒီးယား က
(ဗာထဖို့ ရပ်ဆဲ(Bertrand Russell) မှ ပြန်ညွှန်းထားရေ)
ဘာထဖို့ ရပ်ဆဲလ်

ရပ်ဆဲ၊ ဗာထဖို့(ခရစ် ၁၈၇၂ ဖွား)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

အားဘွဲ့ခံ ရပ်ဆဲဧ့ အဖို့အပြည့်အစုံမှာ ဗာထဖို့ အာသာဝီလျံရပ်ဆဲ ဖြစ်ရေ။ ရပ်ဆဲရေ အင်္ဂလန်ပြည်ဧ့ နိုင်ငံရီးလောက၌ ထင်ရှားရေမျိုးရိုး ဆင်းသက်လာသူ ဖြစ် ကေလည်း သင်္ချာပညာနန့် ဒဿနိကဗေဒ ပညာဘက်တွင် ထူးချွန်သူအဖြစ် နာဖို့ထင်ရှားရေ။ ၁၈၇၂ ခုနှစ် မေလ ၁၈ ရက်နိတွင် ဝေလနယ် ထရဲလက်မြို့၌ ဖွားမြင်ပနာ ကိမ်း ဗရစ်တက္ကသိုလ်၊ ထရင်နီတီကောလိပ်ကျောင်းတွင် ပညာသင် ကြားခရေ။ ထိုတက္ကသိုလ်တွင်ပင် ကထိကအဖြစ် အမှုထမ်းခ ရာ ၁၉၁၆ ခုနှစ်၌ သူဧ့ငြိမ်းချမ်းရီး အယူအဆတိကြောင့် နုတ်ထွက်ရလီရေ။ ပထမကမ္ဘာစစ် ဖြစ်ပွားနီစဉ် အစိုးရ ဝါဒနန့် ဆန့်ကျင်ရေ အယူအဆတိကို ပုံနှိပ်ထုတ်ဝီယေအတွက်နန့် ထောင်ဒဏ် အပြစ်ပေးခံရရေ။ ထောင်ထဲ၌ သင်္ချာဒဿနိက ဗေဒ အခြီပြကျမ်းကို ရီးခရေ။ ၁၉၂ဝ ပြည့်နှစ်မှ ၁၉၂၁ ခုနှစ်အထိ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်တွင် ဒဿနိကဗေဒပညာရပ်ကို သင်ကြားပို့ချခ ရေ။ အမေရိကန်နိုင်ငံ လော့အိန်းဂျလီးမြို့ဟိ ကာလီဖိုးနီးယား တက္ကသိုလ်၌လည်း ပါမောက္ခအဖြစ် ဆောင်ရွက်ခရေ။ ၁၉၃၁ ခုနှစ်တွင် အားဘွဲ့ကို ဆက်ခံရဟိဧ့။ အားရပ်ဆဲရေ စဉ်းစားဆင်ခြင်ဖွယ်ရာတိ ပါဝင်ရေ အတွေးအခေါ် နက်နဲရေ စာပီတိကို ပြုစု ရီးသားသူ အဖြစ် ထင်ရှားရေ။ ၁၉၅ဝ ပြည့်နှစ်တွင် စာပီဆိုင်ရာ နိုဘယ် ဆုကို ရဟိလီရေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)