Jump to content

ဗိုလ်မင်းထောင်

ဝီကီးပီးဒီးယား က

ဗိုလ်မင်းထောင်

အနောက်ပြည်အဝင်မှာတည်ထောင်ထားခရေ အရပ်တစ်ခု ဖြစ်ရေ။ တောတောင်အရပ်ဖြစ်ပြီး မောရဝတီနန့် ဆက်စပ်နီရေ။ ယှေးယခင်က ရခိုင်မှူးမတ်တိက ဗိုလ်မင်းပြုအုပ်ချုပ်ခရေ။

မင်းရာဇာကြီးလက်ထက်က မောင်စောပန်ရေ ဗိုလ်မင်း ဖြစ်ရေ။ ထိုစဉ်က ရခိုင်သုံးပုံနှစ်ပုံနန့် ကျန်လူတိမှာ မွန်တိဖြစ်ကတ်ရေ။ ဂု ဧရိယာစတုရန်း ၁၉၃၅ မိုင်ဟိရေ။

၁၉၆၁ ခုနှစ်မှာ၁၃၅၁၃၄ ဦးဟိရေ။ ဗိုလ်မင်း၊ မရိုးသား၊ ကောက်ကဒန်းသား၊ ဝယိုင်သား၊ လောင်းကဒူသား၊ ဖရင်းသား၊ ရကြိုင်သား၊ ဒလက်သား၊ သက်ပြည်ကျသား၊ ချောင်းသားစရေဖြင့် အစုသားတိ နီထိုင်ကတ်ရေ။ ၁၉၅၆ ခုနှစ်ခန့်က ရခိုင်လူဦးရေ ၆၀၀၀၀ ခန့်နန့် မြို၊ ခမီ၊ လင်းဂေး၊ ဒိုင်းနက်၊ မြုံလူမျိုးတိ အိမ်ခြေ ၂၅၀၀ ခန့် ဟိခရေ။ []


  1. ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)