ဗုဒ္ဓဓာတုစေတီ
ဗုဒ္ဓဓာတုစေတီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဗုဒ္ဓဓာတုစေတီ (အင်္ဂလိပ်: Buddha Dhatu Jadi; ဘင်္ဂါလီ: বুদ্ধ ধাতু জাদি; ဘန်ဒါဘန်ရွှေစေတီတော်ဟုလည်း သိကတ်ပါရေ)ရေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်မြို့တော်၊ ဘာလာဂါတာ (Balaghata) မြို့တွင်တည်ဟိသည့် စေတီတော်တစ်ဆူ ဖြစ်ပါရေ။ ဒေကျောင်းတော်ရေ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုတိယအကြီးဆုံးဖြစ်ပြီးကေ စေတီတော်ရေလည်း ဒုတိယအကြီးဆုံး ဖြစ်ပါရေ။
ဘန်ဒါဘန်ရွှေစေတီတော်ရေ ထေရဝါဒဗုဒ္ဓဧ့ အယူဝါဒအဆုံးအမနဲ့ တည်ထားကိုးကွယ်သည့် စေတီတော်တစ်ဆူ ဖြစ်ပါရေ။ ဘန်ဒါဘန်မြို့တွင် Marma (မာမ) လူမျိုးစုတည်ဟိပြီး ထိုလူမျိုးစုရေ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကတ်သူတိ ဖြစ်ကတ်ပါရေ။ စေတီတော်ကို ၂၀၀၀ ခုနှစ်တွင် တည်ထားကိုးကွယ်ခပြီးကေ ရခိုင်စေတီတိပုံစံအတိုင်း တည်ထားကိုးကွယ်ထားခပါရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]1. ↑ Golden Temple, Bandarban။ The Face of Bangla။ 30 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-03-29 တွင် ပြန်စစ်ပြီး။ 2. ↑ Balaghata: Golden Temple။ 2011-07-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-03-29 တွင် ပြန်စစ်ပြီး။ 3. ↑ The Golden Temple of Bangladesh။ The Buddhist Channel။ 2010-03-29 တွင် ပြန်စစ်ပြီး။