ဗုဒ္ဓမဟာနဝမိန္ဒြ သကျမုနီ
အသွင်ပြင်

ဗုဒ္ဓရုပ်ပွားတော်ကြီး (Arakan:ဗုဒ္ဓမဟာနဝမိန္ဒြ သကျမုနီ သီရိဝိသေသဇယဇာဉ; ပါဠိ: Buddhamahānavamindra Sakyamunī Sīrivisesajayajāña) ထိုင်းနိုင်ငံမှာ အမြင့်ဆုံး ရုပ်ပွားတော် ဖြစ်ဧ။ ကမ္ဘာပေါ်မှာ ရှစ်ခုမြောက် အကြီးဆုံးလည်း ဖြစ်ရေ။
အန့်သွန့်စီရင်စု (Ang Thong)၊ Wat Muang ဘုန်းကြီးကျောင်းမှာ တည်ဟိရေ။[၁][၂] ရုပ်ပွားတော်ရေ ၉၂ မီတာ (၃၀၀ ပေ) မြင့်ဧ။ ၆၃ မီတာ (၂၁၀ ပေ) ကျယ်ဧ။ တည်ဆောက်မှုကို ၁၉၉၀ ခုနှစ်မှာ စတင်ခပြီးကေ ၂၀၀၈ ခုနှစ်မှာ ပြီးကေစီးခရေ။ ကွန်ကရစ်နန့်တည်ဆောက်ထားကာ ရွှေနန့်ခြယ်သထားဧ။[၃]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ Buddha statue at Wat Muang Monastery - Southeast Asia
- ↑ "The Biggest Buddha in Thailand ?". Archived from the original on 24 October 2016. Retrieved 8 December 2017.
- ↑ "How Big is The Biggest Buddha Statue? | Dimensions Guide". Archived from the original on 26 June 2012. Retrieved 8 December 2017.