Jump to content

ဘဒ္ဒန္တဣန္ဒပါလ

ဝီကီးပီးဒီးယား က
Sayadaw Baddanta Indapala
ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ
Ven Indapala
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ဓမ္မနာမည်ဣန္ဒပါလ
ပုဂ္ဂိုလ်ရီးရာ
နိုင်ငံသား/လူမျိုးရခိုင်
မွီးဖွား၁၃၂၂ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ တနင်္ဂနွီနိ
မကျည်းကျွန်းရွာ၊ ရမ်းဗြဲမြို့နယ်၊ ရခိုင်ပြည်
ရာထူး တာဝန်
ဂုဏ်ဒြပ်ဆရာတော်

သာသနာ့အာဇာနည် ဧကာဒသမ တိပိဋကဓရ တိပိဋကကောဝိဒ ရမ္မာဝတီဆြာတော် ဘဒ္ဒန္တဣန္ဒပါလ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဆြာတော် ဘဒ္ဒန္တဣန္ဒပါလစွာ ရက္ခိုင်ပြည်နယ်၊ ကျောက်ဖြူ ခရိုင်၊ ရမ်းဗြဲမြို့နယ်၊ မကျည်းကျွန်းရွာ၌ ခမည်းတော် ဦးငွေတင်အောင်၊ မေတော် ဒေါ်ပဲစိန်ရို့မှ ၁၃၂၂ ခုနှစ် ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ တနင်္ဂနွီနိတွင် မွီးဖွားသန့်စင်သော သားဦးရတနာ ဖြစ်ပါရေ။

သျှင်သာမဏေမှ ရဟန်းဘဝသို့

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဆြာတော်စွာ ၁၃၃၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နိတွင် ငယ်ဆြာရင်းဖြစ်တော်မူသော မကျည်းကျွန်းရွာ မြောက်ကျောင်းဆြာတော် ဘဒ္ဒန္တသာသနာမထေရ်ကို ဥဇ္ဈာယ်ပြုလျက် အဘောင်မဖြစ်သူ ဒေါ် ဧမြဦး နန့် မိဘနှစ်ပါးရို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေပြုခပါရေ။ ၁၃၄၃-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက် အင်္ဂါနိတွင် ပဲခူးမြို့ မင်းကျောင်းစာသင်တိုက် ခဏ္ဍသိမ်တော်၌ ပဲခူးမျက်နှာတော်ကျောင်း ဆြာတော်ကြီး ဘဒ္ဒန္တနာဂိန္ဒမထေရ်ကို ဥဇ္ဈာယ်ပြုလျှက် ပဲခူးမြို့ စျီးပိုင်း ၁၈ လမ်း၊ ဦးသိန်းအောင်၊ ဒေါ်မေမေခင် မိသားစုရို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ဟိခပါရေ။

ဆြာတော်စွာ ရမ်းဗြဲမြို့နယ်၊ မကျည်းကျွန်းမြောက်ကျောင်း ဆြာတော် ဘဒ္ဒန္တသာသန (သာသနဓဇ ဓမ္မာစရိယ)၊ ပဲခူးမြို့ မင်းကျောင်းတိုက် ဆြာတော် ဘဒ္ဒန္တသူရိယ (ပါဠိပါရဂူ BA) မြောင်းမြမြို့ တိုက်သစ် ပဇ္ဇောတာရုံ ပန်းကုံးကျမ်းပြုဆြာတော် ဘဒ္ဒန္တကုမာရ၊ စာချဘုန်းကြီး ဘဒ္ဒန္တနန္ဒ(ပါဠိပါရဂူ)၊ မတ်ကွန်းတောင်ရိုး၊ မိုးမြိတ်ကုန်းမြေ၊ တိပိဋက နိကာယကျောင်းတိုက်၊ ရန်ကုန်တိပိဋကကျောင်းတော်မတ်ကွန်း အာဒိ ကမ္မိကတိပိဋကဓရဓမ္မဘဏ္ဍဂါရိကဆြာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆြာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (သိရောမဏိ ဝဋံသကာ BA) စရေဆြာတော်တိထံ၌ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာတိကို သင်ယူဆည်းပူးခပါရေ။

အောင်မြင်ခရေစာမိန်းပွဲတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဆြာတော် ဘဒ္ဒန္တဣန္ဒပါလစွာ အစိုးရပထမပြန်စာမီးပွဲ၌

ပထမငယ်တန်း (၁၃၃၈)၊ ပထမလတ်တန်း (၁၃၃၉)၊ ပထမကြီးတန်း (၁၃၄၀)၊ သာသနဓဇ ဓမ္မာစရိယဘွဲ့ (၁၃၄၂)၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယဘွဲ့ (၁၃၄၇)၊

တိပိဋကဓရ ရွီးချယ်စာမီးပွဲကြီးတွင် • •

၁။ ၁၃၄၅ ခုနှစ်၊ ၃၆ ကြိမ်မြောက် စာမီးပွဲ၌ ဝိနည်းပထမပိုင်း အာဂုံ၊

၂။ ၁၃၄၆ ခုနှစ်၊ ၃၇ ကြိမ်မြောက် စာမီးပွဲ၌ ဝိနည်းဒုတိယပိုင်း အာဂုံ (ဝိနယဓရဘွဲ့)၊

၃။ ၁၃၄၉ ခုနှစ်၊ ၄ဝကြိမ်မြောက် စာမီးပွဲ၌ ဝိနည်းပထမပိုင်း သဘောရီးဖြီ၊

၄။ ၁၃၅၁ ခုနှစ်၊ ၄၂ ကြိမ်မြောက် စာမီးပွဲ၌ ဝိနည်းဒုတိယပိုင်း သဘောရီးဖြီ (ဝိနယကောဝိဒဘွဲ့)

၅။ ၁၃၅၃ ခုနှစ်၊ ၄၄ ကြိမ်မြောက် စာမီးပွဲ၌ ဒီဃနိကာယ် ၃ `ကျမ်း အာဂုံဂုဏ်ထူး၊ (ဝိသိဋ္ဌ ဒီဃဘာဏကဘွဲ့) ၆။ ၁၃၅၄ ခုနှစ်၊ ၄၅ ကြိမ်မြောက် စာမီးပွဲ၌ ဒီဃနိကာယ် ၃ကျမ်း သဘောရီးဖြီ (ဒီဃနိကာယကောဝိဒဘွဲ့)

၇။ ၁၃၅၇ ခုနှစ်၊ ၄၈ ကြိမ်မြောက် စာမီးပွဲ၌ အဘိဓမ္မာ ပထမပိုင်း ၅ကျမ်း အာဂုံ (ဂုဏ်ထူး)..

၈။ ၁၃၆ဝ ခုနှစ်၊ ၅၁ ကြိမ်မြောက် စာမီးပွဲ၌ အဘိဓမ္မာ ပထမပိုင်း ၅ကျမ်း‘သဘာရီးဖြီ

၉။ ၁၃၆၂ ခုနှစ်၊ ၅၃ ကြိမ်မြောက် စာမီးပွဲ၌ အဘိဓမ္မာ ဒုတိယပိုင်း အာဂုံ (တိပိဋကဓရဘွဲ့တံဆိပ်)နန့် အရိုးနီ ကနက္ကဒဏ်းပြု

သုံးလက်တံဆိပ်ပါဟိရေ သာသနာ့အောင်လံတော်ကို အောင်မြင် ရဟိတော်မူခပြီးကေ၊

၁ဝ။ ၁၃၆၅ ခုနှစ်၊ ၅၆ ကြိမ်မြောက် တိပိဋကဓရ ရွီးချယ်ရီး စာမီးပွဲကြီးတွင် အဘိဓမ္မဒုတိယပိုင်း သဘောရီးဖြီ အောင်မြင် တော်မူအနိန်နန့် တိပိဋကကောဝိဒဘွဲ့တံဆိပ်နန့် အရိုးဝါကနက္က ဒဏ်ထီးဖြူသုံးလက်တံဆိပ်ပါဟိရေ သာသနာ့အောင်လံတော်ကို အောင်မြင်ရဟိတော်မူခပါရေ။

တိပိဋကစာမီးပွဲကြီး၏ ပေါင်းကူးတန်းထားပိုင်ဖြိုက်ရေ ရန်ကုန်နိကာယ်အမျိုးရားစာမီးပွဲ၌ အတ္ထဝိသာရဒဝိနယဓရဘွဲ့၊ ဝိနယ ဓမ္မာစရိယဘွဲ့၊ ဓမ္မတ္ထဝိသာရဒဒီဃဘာဏကဘွဲ့၊ ဓမ္မဝိသာရဒမူလ အာဘိဓမ္မကဘွဲ့တိကို အောင်မြင်ခပြီး ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ၃ ခုလုံး၌ ဂုဏ်ထူးအတိကြီးဖြင့် အောင်မြင်ခြင်းကြောင့် ပြည် တိပိဋကဓရ ဆြာတော်ဆု၊ ခြောက်ထပ်ကြီးဆြာတော်ဆု၊ မစိုးရိမ်ဆြာတော်ဆု အနိန်နန့် ထူးချွန်ဆု ၃ ကြိမ် ရဟိခတော်မူခပါရေ။

ပဲခူးမြို့၊ ဝိနယတင်းခွန်စာမီးပွဲ၌ ပါတိမောက္ခသီလသိက္ခာတန်း၊ ဝိနယာဓိက စာမီးပွဲ၌ မဇ္ဈိမပဏ္ဏသတန်း၊ သထုံမြို့၊ သုဝဏ္ဏဘူမိ၊ အမျိုး သားစာမီးပွဲ၌ ပထမဆင့်၊ ဒုတိယဆင့်၊ မန္တလေးနိကာယ်၊ မိုးကုတ်နိ ကာယ် အစဟိရေ အမျိုးရားစာမီးပွဲများစွာရို့ကိုလေ့ ဖြေဆိုအောင်မြင်ခပါရေ။

စာမီးပွဲအောင်မြီဌာနတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပထမတန်းနန့် ပထမလတ်တန်းကို ပဲခူးမြို့ မတ်ကျောင်းစာသင် တိုက်မှလိ့ကောင်း၊ ပထမကြီးတန်းနန့် ဓမ္မာစရိယစာချတန်းကို မြောင်းမြမြို့တိုက်သစ်ပဇ္ဇောတာရုံကျောင်းတိုက်မှလိ့ကောင်း၊ မြန်မာဂုဏ်ထူးတန်းနန့် တိပိဋကဆိုင်ရာ အဆင့် အတန်းအားလုံးကို မတ်ကွန်းတောင်ရိုး၊ မိုးမြိတ်ကုန်းမြေ၊ တိပိဋက နိကာယကျောင်းတိုက်+ ရန်ကုန်တိပိဋက ကျောင်းတော်ရို့မှလိ့ကောင်း ဖြေဆိုအောင်မြင်ခပါရေ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ သာသနာရီးဝန်ကြီးဌာန၊ သာသနာရီးဦးစီးဌာနကကြီးမှူးကျင်းပရေ တိပိဋကဓရတိပိဋကကောဝိဒ ရွီးချယ်ရီးစာမီးပွဲကြီးတွင် ဘဒ္ဒန္တဣန္ဒပါလစွာ သင်ရိုးပိဋကတ်သုံးပုံလုံးကို မတ်ကွန်းတိပိဋကဓရဆြာတော်ကြီး တည်ထောင်တော်မူခရေ တိပိဋကနိကာယကျောင်းတိုက်မှ ဝင်ရောက်ဖြေဆိုအောင်မြင်ခပါရေ။

တိပိဋကဓရ ပိဋကကောဝိဒဘွဲ့ရဟိခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပိဋကတ်သုံးပုံလုံးကို အာဂုံရော၊ ရီးဖြီပါအောင်မြင်ပြီးစီးလားရေအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ ပရိယတ္တိစာမီးပွဲလောကတွင် ဧကာဒသမ (၁၁ပါး) မြောက် တိပိဋကဓရပိဋကကောဝိဒ သာသနာ့အာဇာနည် အသျှင်မြတ်အဖြစ် ပေါ်ထွန်းလာခဗျာယ် ဖြစ်ပါရေ။

နိုင်ငံတော်မှ အမြဲတမ်း လှူဒါန်းသော ကုန်း၊ ရေ၊ လေ အခမဲ့ အထက်တန်းခရီးလားလက်မှတ်ရို့ကိုလေ့ ခံယူရဟိတော်မူပါရေ။ ဆြာတော်ဘဒ္ဒန္တဣန္ဒပါလစွာ ဂုချိန်ခါ ကျေးဇုသျှင်မင်းကွန်း အာဒိကမ္မိကတိပိဋကဓရ ဆြာတော်ကြီး တည်ထောင်တော်မူခရေ တိပိဋကနိကာယကျောင်းတိုက်ကြီး၏ စီမံအုပ်ချုပ်မှု မဟာနာယက ဆြာတော်အဖြစ် တာဝန်ထမ်းဆောင်ကာ သာသနာပြုလျက် ဟိပါရေ။[]

  1. အေးသိန်း၊ နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ (၂၀၀၇)၊ ရန်ကုန်၊ ဂုဏ်ထူးစာပီ၊ ၁၀၃-၁၀၆