Jump to content

ဘာထရန် ရပ်ဆဲလ်

ဝီကီးပီးဒီးယား က
ဘာထရန် ရပ်ဆဲလ်

ရပ်ဆဲ၊ ဗာထရန်(ခရစ် ၁၈၇၂ ဖွား)

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

3rd Earl ဘွဲ့ရ ရပ်ဆဲဧ့ နာမည်အပြည့်အစုံမာ ဗာထရန် အာသာဝီလျံရပ်ဆဲ ဖြစ်တေ။ ရပ်ဆဲစွာ အင်္ဂလန်ပြည်ဧ့ နိုင်ငံရီးလောကမာ ထင်ရှားရေမျိုးရိုး ဆင်းသက်လာသူ ဖြစ် ကေလေ့ သင်္ချာပညာနန့် ဒဿနိကဗေဒ ပညာဘက်မာ ထူးချွန်သူအဖြစ် နာမည်ထင်ရှားရေ။ ၁၈၇၂ ခုနှစ် မေလ ၁၈ ရက်နိမာ ဝေလနယ် ထရဲလက်မြို့မာ ဖွားမြင်လို့ ကိမ်း ဗရစ်တက္ကသိုလ်၊ ထရင်နီတီကောလိပ်ကျောင်းမာ ပညာသင် ကြားခရေ။ ထိုတက္ကသိုလ်မှာပင် ကထိကအဖြစ် အမှုထမ်းခ ရာ ၁၉၁၆ ခုနှစ်မာ သူ၏ငြိမ်းချမ်းရီး အယူအဆတိကြောင့် နုတ်ထွက်ရလီရေ။ ပထမကမ္ဘာစစ် ဖြစ်ပွားနေစဉ် အစိုးရ ဝါဒနန့် ဆန့်ကျင်ရေ အယူအဆတိကို ပုံနှိပ်ထုတ်ဝီသဖြင့် ထောင်ဒဏ် အပြစ်ပီးခံရရေ။ ထောင်ထဲမာ သင်္ချာဒဿနိက ဗေဒ အခြီပြကျမ်းကို ရီးခရေ။ ၁၉၂ဝ ပြည့်နှစ်မှ ၁၉၂၁ ခုနှစ်အထိ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မာ ဒဿနိကဗေဒပညာရပ်ကို သင်ကြားပို့ချခ ရေ။ အမေရိကန်နိုင်ငံ လော့အိန်းဂျလီးမြို့ဟိ ကာလီဖိုးနီးယား တက္ကသိုလ်မာလည်း ပါမောက္ခအဖြစ် ဆောင်ရွက်ခရေ။ ၁၉၃၁ ခုနှစ်မာ 3rd Earl ဘွဲ့ကို ဆက်ခံရဟိဧ့။ ရပ်ဆဲစွာ စဉ်းစားဆင်ခြင်ဖွယ်ရာများ ပါဝင်ရေ အတွေးအခေါ် နက်နဲရေ စာပီတိကို ပြုစု ရီးသားသူ အဖြစ် ထင်ရှားရေ။ ၁၉၅ဝ ပြည့်နှစ်မာ စာပီဆိုင်ရာ နိုဗယ် ဆုကို ရဟိလီရေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)