Jump to content

ဘာသာဗေဒ

ဝီကီးပီးဒီးယား က

တက်ကျသံ အမျိုးမျိုးက ကွဲပြားရေ အနက်အဓိပ္ပါယ် အမျိုးမျိုးကို ဖော်ညွှန်းနိန်ကေ ယင့်ချင့်ဘာသာစကားက တက်ကျသံဘာသာစကား (tonal language) ဖြစ်တေ။
ဥပမာအနိန်နန့် မြန်မာဘာသာစကားစွာ တက်ကျသံဘာသာစကား ဖြစ်တေ။ "စာ" ဟူလျှင် ရီးခြစ်မှတ်သားရေ အရာ လို့ အဓိပ္ပါယ် ရောက်ပြီး "စား" ဖြစ်လားကေ အစာကို ပစထဲကို သွတ်သွင်း ဝါးမျိုခြင်း အဓိပ္ပါယ် ဖြစ်လားလီရေ။ ယပိုင်နန့် မြန်မာစကားစွာ အာ့-အာ-အား ဆိုစွာမျိုး အသံအနိမ့်အမြင့် ၃မျိုး ဟိရေ တက်ကျသံဘာသာစကား ဖြစ်တေ။ တရုတ်ဘာသာစကားကမူ အသံအနိမ့်အမြင့် ၄မျိုးနန့် ဖြစ်ပြီးကေ၊ ထိုင်းဘာသာစကားစွာမူ အသံအနိမ့်အမြင့် ၅မျိုးနန့် ဖြစ်တေ။
အိန်းဂလိချ်ဘာသာစကားကမူ တက်ကျသံဘာသာစကား မဟုတ်ပါ၊ be ကို /ဘီ/ဆန်ဆန် အသံထွက်သည်ဖြစ်စီ /ဘီး/ဆန်ဆန် အသံထွက်သည်ဖြစ်စီ အိန်းဂလိချ်စကားမာ အနက် မပြောင်းပါ၊၊ ဘာသာစကားရပ် ပညာဟူစွာ စံနစ်တကျ သိပ္ပံနည်းကျကျဖြင့် ကမ္ဘာ့ဘာသာ စကားတိကို ခိုင်းနိူင်းလိ့လာ ဆန်းစစ်ကြည့်ရေ ပညာတရပ် ဖြစ်ပေ ရေ။ ထိုပညာရပ်ရေ စကားဇာစ်မြစ်ပညာရပ်မာ အကျုံးဝင်ရေ ပညာတရပ်လေ့ ဖြစ်လီရေ။

ကမ္ဘာပေါ်ဟိ အဓိကဘာသာစကားတိ ဖြန့်ကြက်တည်ဟိနီပုံပြ မြီပုံ

ဘာသာဗေဒစွာ လူသားများ တဦးနန့်တဦး ပေါင်းသင်းဆက်ဆံရာမာ အသုံးပြုရေ ဘာသာစကားတိကို သိပ္ပံနည်းကျ လိ့လာခြင်းဖြစ်ပြီးကေ ယေဘုယျအနိန်နန့် ၁) ဘာသာစကားဧ့ ကိုယ်ထည်သဏ္ဍန်ကိုလိ့လာခြင်း၊ ၂) ဘာသာစကားဧ့ အဓိပ္ပာယ်ကို လိ့လာခြင်း၊ ၃) စကားစပ်ပေါ်မူတည်ပနာ ဘာသာစကားကို လိ့လာခြင်းဆိုပနာ သုံးပိုင်း ခွဲခြားနှိုင်ရေ။

ဘာသာစကားဧ့ ကိုယ်ထည်သဏ္ဍန်ကို လိ့လာခြင်းဆိုစွာမာ ဘာသာစကားတိဧ့ တည်ဆောက်ပုံ(သဒ္ဒါ)ကို လိ့လာခြင်းကို ဆိုလိုရေ။ တနည်းအားဖြင့် ဘာသာစကားတိကို ပြောဆိုရီးသားရာမာ လိုက်နာရရေ စည်းမျှိုင်းတိကို လိ့လာခြင်း ဖြစ်တေ။ စကားလုံးတိ ဖွဲ့တည်ပုံ၊ စာကြောင်းများ ဖွဲ့တည်ပုံနန့် အသံထွက်စနစ်တိကို လိ့လာခြင်းများ ပါဝင်ရေ။

ထိုပညာရပ်ကို လွန်ခရေ နှစ်ပေါင်း ၂ဝဝ ကျော်လောက်ကမှ စနစ်တကျ လိ့လာလိုက်စားခကတ်တေ။ သက္ကတ ဘာသာစကားကို ဥရောပပညာသျှင်ရို့ တွေ့သိလာခြင်းစွာ ဘာသာစကားတိကို နှိုင်းနိူင်းလိ့လာရာမာ များစွာ အထောက်အကူ ဖြစ်ခလီရေ။ ဘာသာစကားရပ် ပညာအရ ကမ္ဘာထက်မာ ပြောဆိုကတ်ရေ ဘာသာစကားပေါင်း ၆ဝဝဝ ကျော် ဟိရေဟု ဆိုရေ။ ယင်းရို့စွာ မူလဘာသာစကားကြီးတိက ဆင်းသက်ခြင်းများဖြစ်ပနာ များရေအားဖြင့် တခုနန့် တခု ဆက်နွယ်မှုတိ ဟိရေဟု ဆိုလီရေ။ ဂရိရို့စွာ ရှီးခေတ်ယိုင်ကျေးမှု အမျိုးမျိုးကို ဖန်တီးခသူများ ဖြစ်ကတ်တေ။


ယကေလေ့ စကားဇာစ်မြစ်ပညာရပ်မာပင်ဖြစ်ဖြစ်၊ ဘာသာအချင်းချင်း ဆက်သွယ်ပုံမာပင်ဖြစ်ဖြစ် လမ်းမွိ့လိုက်ဖိရေ။ ဘာသာခြားစကားရို့စွာ လူရိုင်းရို့၏ စကားဖြစ်တေဆိုပနာ အယူဟိသဖြင့် ကိုယ်ရို့ဧ့ ဒေသန္တရ ဘာသာစကားတိလွဲပြီးကေ အရာဘာသာစကားတိကို လိ့လာဆန်းစစ်ခြင်း မပြုခကတ်လီ။ စကားလုံးဧ့ အရင်းအမြစ်ကို ရှာဖွီရာမာ မည်စွာက ဓာတု၊ မည်စွာက ဝိဘတ်ဆိုပနာ သက္ကတကျမ်းပြု ဆရာရို့သိကြ ပိုင်ဂရိဆရာရို့ခွဲခြားမသိကြချေ။ ခရစ်ယာန်အယူဝါဒ ပျံ့နှံ့လာရေအခါ ဘာသာစကား လိ့လာမှုစွာ တိုးတက်လာရေ။ ခရစ်ယာန်ဝါဒပျံ့နှံ့ရီးအတွက် ဂရိ၊ ရောမရို့ကဲ့သို့လူယိုင်ကျေးတိနန့် လူရိုင်းတိ၏ အကြားဟိ အတန်းစားခွဲခြားမှုပိုင် အတားအဆီးတိကို ဖြိုဖျက်ကတ်တေ။ ယင်းခါ ကိုယ်ရို့ဘာသာစကားမှအပ အရာဘာသာစကားတိကို သိဟိနားလည်လာကတ်ကေလေ့ ဘာသာစကား အချင်းချင်း ဆက်သွယ်ပုံကို သိပ္ပံနည်းကျကျ မလိလာ မစူးစမ်းခကြသိမ့်လီ။ ပုံနှိပ်အတတ်ပေါ်လှာပြီးယပြီးနောက်မာ ဘာသာစကား တခုနန့် တခု နှိုင်းနိူင်းလိ့လာရန် လွယ်ကူလာခလီရေ။ ယကေလေ့ ဘာသာစကား တခုနန့်တခု နှိုင်းယှဉ်ပနာ လိ့လာ ဆန်းစစ်ခြင်းကို ၁၈ ရာစုခေတ်မာမှ စံနစ်တကျ ပြုလုပ်ခကတ်လီရေ။

ဂုချိန်ခါ နိုင်ငံများစွာမှ ပညာသျှင်ရို့စွာ ထိုပညာရပ်ကို လိ့လာဆောင်ရွက်ဗျာယ် ဟိကတ်လီရေ။ ယင်းပိုင်စနစ်တကျ နှိုင်းနိူင်းဆန်းစစ်ရာမာ ကမ္ဘာတဝန်းမာ ပြောဆိုရီးသားဗျာယ် ဟိကတ်ရေ ဘာသာစကားရို့စွာ အရွီအတွက်အားဖြင့် ကောင်းကောင်းများ လှပေရာ ယင်းရို့ကို လိ့လာစိစစ်ရန် မလွယ်ကူလှပါ၊၊ ယပိုင်ဖြစ်ကေလေ့သော့ ဝါကျဖွဲ့ပုံဖွဲ့နည်းကို အမှီပြုပနာ အောက်ပါအတိုင်း ၄ မျိုး ၄ စား ခွဲခြာထားကတ်တေ။

(က) နီရာမရွီး၊ သို့မဟုတ် တသီးပုဂ္ဂလ၊သို့မဟုတ် ဧကဝဏ္ဏဘာသာစကား

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ထိုဘာသာစကားမျိုးမာ မြန်မာစကားလုံးလူ၊ မြစ်၊ မာဆိုရေ စကားတလုံး၊ အသံတချက်ထွက်ရေ ဧကဝဏ္ဏစကားလုံးမျိုးဖြစ်တေ။ အသွင်မပြောင်းဘဲ နီရာကိုလိုက်ပြီးကေ ဝါကျဧ့ အဓိပ္ပာယ်ကို သိရရေ စကား လုံးမျိုးဖြစ်တေ။ ယင်းရို့စွာ အသွင်မပြောင်းဘဲ တသီးပုဂ္ဂလ တည်နှိုင်ရေကြောင့်၊ တသီးပုဂ္ဂလ ဘာသာ စကားမျိုးလို့လေ့ ခေါ်ရေ။ ထိုဘာသာစကားမျိုးမာ တရုတ်ဘာသာစွာ အထင်ရှားဆုံးဖြစ်တေ။ ယင်း ဘာသာစကားမျိုးမာ သဒ္ဒေချင့်ကျမ်းရီးထုံးရီးနည်းကို အလိအထ မပြုကြချေ။

(ခ) ကိုယ်တွင်းပြည့် ဘာသာစကား

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ထိုဘာသာစကားမျိုးမာ ကတ္တား၊ ကံ၊ ကြိယာ စသည်ရို့ကို စုရုံးပြီးကေ ရှည်လျားရေ စကားလုံး တခုတည်းဖြင့် ဝါကျဖြစ်ယောင် ဆက်သွယ်ထားရေ။ ယင်းပိုင်ရေ ဘာသာစကားမျိုးကို တောင်နန့် မြောက်အမင်ရိကတိုက် တိုင်းရင်းသား ဘာသာစကားရို့မာ တွိရရေ။ စကားတလုံးဧ့ အတွင်းကိုအဓိပ္ပာယ် ပြည့်စုံအောင် လိုအပ်ရေ အစိတ်အပိုင်းတိကို သွတ်သွင်းထားအတွက်နန့် ကိုယ်တွင်းပြည့် ဘာသာစကားဟု ခေါ်ရေ။

ထိုဘာသာစကားမျိုးမာ စကားလုံးဧ့ အစိတ်အပိုင်းရို့စွာ တခုနန့် တခု ကော်ဖြင့်ကပ်ထားပိုင်ပူးတွဲနိကတ်ရေ။ ယင်းပိုင်ပူးတွဲရဟိရေ စကားလုံးရို့စွာ ကိုယ်တွင်းပြည့် ဘာသာစကားမျိုးမာပိုင်အဓိပ္ပာယ်ပြည့်စုံရေ ဝါကျမဟုတ်ဘဲ၊ သီးသန့်တည်နိန်ရေ စကားလုံးတိ ဖြစ်တေ။ တူရကီဘာသာစကားတွင် ထိုစကားလုံးမျိုး တွိရရေ။ ပူးတွဲထားရေ စကားလုံးရို့ကို တစ်ခုကျ ခွဲထုတ်ပြီးကေ သီးသန့်စကားလုံးတိ အဖြစ်လည်း သုံးနှိုင်သိမ့်ရေ။ မြန်မာဘာသာစကားမာ ယင်းပိုင်ပူးတွဲစကားလုံး မကန်မဝှန်ဟိရေ။ ပုံစံအားဖြင့် သီးသန့်ခွဲခြားဆိုရေ စကားလုံးစွာ သီး၊ သန့်၊ ခွဲခြားဆိုရေ သီးသန့်တည်နီရေစကား ၄ လုံး ကို ပူးတွဲထားခြင်းဖြစ်တေ။ ယင်းအတွက်နန့် မြန်မာဘာသာစကားကို ပူးတွဲဘာသာ စကားလို့လေ့ ခေါ်နှိုင်ရေ။ တချို့ပုံစံများမာ စကားလုံး တပိုင်းသာ သီးသန့်တည်နီနှိုင်လို့၊ ကျန်အပိုင်းမာ ထိုသီးခြား ရပ်တည်နှိုင်ရေ စကားလုံးဧ့ အထောက်အပံ့လှောက်ရာ ဖြစ်တေ။ ကောင်းခြင်း ဆိုရာမာ ကောင်း စွာ သီးသန့် တည်နီနှိုင်လို့ ခြင်း စွာ နောက်ဆက်တွဲပစ္စည်း ဖြစ်တေ။ တချို့ဘာသာစကားရို့မာ အထောက်အပံ့ပစ္စည်းကိုရှိကလည်း ဆက်နှိုင်ရေ။ အာဖရိကတိုက် ကဖားဘာသာစကားမာ အထောက်အပံ့ပစ္စည်းကို ရှေ့မာ ထားလီရေ။

(ဃ) ရုပ်ပြောင်းဝိဘတ်သွယ် ဘာသာစကား

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရုပ်ပြောင်းလဲခြင်း နှစ်မျိုးဟိရေ။ တချို့စကားလုံးရို့စွာ အထဲပြောင်းလဲနည်းနန့် ပြောင်းလဲကတ်တေ။ တချို့ကား နောက်ဆက်ပစ္စည်း ပြောင်းလဲနည်းနန့် ပြောင်းလဲကတ်တေ။ ဆီမစ်တဘာသာစကားတိစွာ အထဲပြောင်းလဲနည်းနန့် ရုပ်ပြောင်းကတ်တေ။ ယင်းရို့မာ ဓာတုစွာ ဗျည်းသုံးလုံးဖြစ်ပနာ ထိုဗျည်းများ အတွင်းကိုသရတိကို ထည့်ခြင်းနန့် လိုအပ်ရေ စကားလုံးတိကို ရရေ။ အင်ဒို-ဥရောပဘာသာ စကားတိစွာ နောက် ဆက်ပစ္စည်းကြောင့် ရုပ်ပြောင်းကတ်တေ။ ထိုဘာသာစကားမျိုးမာ ဓာတုစွာ သရကိုမှီပြီးကေ အသံတပြိုင်တည်း ထွက်ရေ ပင်ရင်းစကားလုံးဖြစ်တေ။ သက္ကတနန့် ပါမ္ဗိဘာသာရို့စွာ ဧပိုင်ရုပ်ပြောင်းရေ ဘာသာစကားတိ ဖြစ်ကတ်တေ။ ပုံစံမာ သိခြင်းအနက်ရရေ ဗုဓ် ဆိုရေ ဓာတုနန့် တ ဆိုရေ နောက်ဆက်ပစ္စည်းရို့ပေါင်းစပ်ကတ်ရာ ဗုဒ္ဓဆိုရေ တည်ပုဒ်ကိုရရေ။ တည်ပုဒ်ဆိုစွာမှာ ဓာတုနန့် နောက်ဆက်ပစ္စည်း ရို့ပေါင်းစပ်ထားခြင်းဖြစ်တေ။ ဗုဒ္ဓဆိုရေ တည်ပုဒ်မှ၊ ဗုဒ္ဓေါ ( ဘုရားစွာ )၊ ဗုဒ္ဓဿ ( ဘုရားဧ့ )၊ ဗုဒ္ဓ ( ဘုရားမာ ) အစဟိရေ နာမ်ဝိဘတ်သွယ်ရေ စကားလုံးတိကိုရရေ။ ဒေနည်းနန့် နောက်ဆက် ပစ္စည်း ပြောင်းလဲခြင်းနန့် လိုအပ်ရေ စကားလုံးရဟိရေ ဘာသာစကားမျိုးကို ဝိဘတ်သွယ် ဘာသာစကားဆိုပနာလည်း ခေါ်ဝေါ်ရေ။

ယင်းပိုင်ဘာသာစကား ၄ မျိုး ၄ စားခွဲခြာထားကေလေ့ ဘာသာစကား တမျိုးစွာ ဖော်ပြ ရေ ၄ မျိုး ၄ စားအနက် တမျိုးမာ ပါဝင်ဗျယ်ဒေးလျှင် အရာတမျိုးနန့် မသက်ဆိုင်တော့ဆိုပနာ မမှတ်ယူရာ။ တမျိုးမာ ပါဝင်ရေ်လည်း အရာတမျိုးမာလည်း ပါဝင်ရေ လက္ခဏာတိကို ရံဖန်ရံခါ တွိရရေ။ ပုံစံပြရ လျှင် မြန်မာစကားစွာ ခွီး၊ အိပ်ပိုင်စကားတလုံး၊ အသံတချက် ထွက်ရေစကားလုံးတိကြောင့် မြန်မာ ဘာသာစကားစွာ ဧကဝဏ္ဏဖြစ်တေဟု ဆိုအပ်ရေ။ ယကေလေ့ လူများ ဆိုရေ စကားလုံးမာ သီးသန့် စကား လူ နန့် သီးသန့်စကားတိကို ပူးတွဲထားသဖြင့်၊ မြန်မာဘသာစွာ ပူးတွဲဘာသာစကားဟု ဆိုအပ်ပြန်ရေ။ ယင်းချင့်ကိုပင်ထောက်လို့ ဘာသာစကားစွာ အစိုင်တည်မြဲရေ အရာမဟုတ်လီ။ စိတ်ကူး စိတ်သန်းကို ဖော်ပြခြင်း ဖြစ်ရေအတိုင်း စိတ်သွားတိုင်း ပြောင်းလဲတတ်ရေ သတ္တိကောင်းကြောင်း သိသာလီရေ။

ဘာသာစကားရပ် ပညာကို လိ့လာစူးစမ်းကတ်ရေပညာသျှင်တိစွာ ကမ္ဘာ့ဘာသာစကားတိကို အထက်ပါအတိုင်း ၄ မျိုးခွဲခြားနှိုင်ရေရာမက၊ ဘာသာစကားတိဧ့ စည်းကမ်းချက်တိကိုပါ တွိဟိလာကတ်တေ။ ယင်းရို့ကို တွိဟိခြင်းနန့် ဘာသာစကားပေါင်း များစွာရို့စွာ မူလပင်မ ဘာသာစကားမျိုးမှ ခွဲထွက် ခခြင်းများ ဖြစ်တေကိုလေ့ တွိလှာကတ်ရရေ။ အထူးအနိန်နန့် ထိုပညာသျှင်တိစွာ အင်ဒို-ဥရောပဘာသာ စကားတိဧ့ ပင်မမျိုးရင်းကိုစူးစမ်းသုတေသန ပြုကတ်တေ။ ယင်းခါ သက္ကတ၊ ပါးရှင်း၊ ဂရိ၊ လက်တင်၊ ဂျာမန်၊ အိန်းဂလိချ်နန့် နော့စ ဘာသာစကာရို့စွာ မူလအင်ဒို-ဥရောပ ဘာသာစကား ပင်မကြီးမှ ဆင်းသက် ဆက်နွှယ်ရေ ဘာသာစကားတိ ဖြစ်ကတ်ောင်းတွိရရေ။ အင်ဒို-ဥရောပ ပင်မဘာသာစကားဝင် ဘာသာစကားပေါင်း မြောက်မြားစွာ ဟိသိမ့်ရေ။

ထိုဘာသာစကားတိမာ မူလဇာစ်မြစ်ချင်းတူရေ စကားလုံးတိကို တွိရရေ။ သိပ္ပံပညာသျှင်တိဧ့ ယူဆချက်မာ ရှေးရှီးအခါက ဥရောပအလယ်ပိုင်းမာ လူမျိုးတမျိုးတည်းဟိပြီးကေ အင်ဒို-ဥရောပ မူလဘာသာ စကားကို ပြောဆိုခကတ်ဟန်တူစွာ နောင်အခါ လူဦးရွီ တိုးပွားလာသဖြင့် ရီကြိုင်ရာ မြက်နုရာ ရွှိပြောင်းကတ်ရာ၊ အရပ်လေးမျက်နှာသို့ရောက်လားကတ်တေ။ တချို့စွာ ဂရိသို့ရောက်ရေ။ တချို့စွာ ပြင်သစ်ရို့လေ့ကောင်း၊ အင်္ဂလန်သို့ပင်ဖြစ်ဖြစ် ရောက်ဟိကတ်တေ။ အုပ်စုကွဲလားရေ လူစုတိ၏ သားသမီး မြီးမြစ် အစိုင်အဆက်များ လက်ထက်မာ နှစ်ကာလ ရှည်ကြာရေ် မူလဘာသာစကားစွာ တဆတ်ဆတ် ပြောင်းခကြဟန် တူလီရေ။ ယင်းအတွက်နန့် မူလဇာစ်မြစ်တူကေလေ့ အသံနန့် အသွင်အပြင် ပြောင်းလဲရေ စကားလုံး များ တွိဟိကတ်ရခြင်း ဖြစ်လီရေ။ သက္ကတဘာသာစကားမာ ပီတာ ဆိုရေ စကားလုံးစွာ လက်တင်ဘာသာမာ ပေတာဆိုပနာပင်ဖြစ်ဖြစ်၊ ဂျာမန်မာ ဖောတာ ဆိုပနာပင်ဖြစ်ဖြစ်၊ အိန်းဂလိချ်မာ ဖားသား ဆိုပနာပင်ဖြစ်ဖြစ် တွိကတ်ရလီရေ။

ဥရောပနန့် အာသျှမိုင်းနား၊ မြောက်အိန္ဒိယရို့မာ အင်ဒို-ဥရောပ ဘာသာမျိုးရင်းမှ ဆင်းသက်ရေ ဘာသာစကားတိကို သုံးနှုန်းပြောဆိုခကတ်တေ။ ဘာသာစကားရပ်ပညာကိုလိ့လာသူ ပညာသျှင်တိက ကမ္ဘာမာမူလဘာသာစကားမျိုးရင်းစွာ အင်ဒို-ဥရောပ ဘာသာစကားတခုတည်း မဟုတ်ကြောင်း သိဟိလာကတ်တေ။ ယင်းအတွက်နန့် မူလပင်မ ဘာသာစကားကြီးတိကို စူးစမ်းရှာဖွီ လိ့လာကတ်ရေအခါ အောက်ပါရို့စွာ ကမ္ဘာမာ ထင်ရှားရေ မူလပင်မ ဘာသာစကားကြီးများ ဖြစ်ကတ်ကြောင်း တွိရလီရေ။

ယင်းရို့ကား အင်ဒို-ဥရောပ၊ သို့မဟုတ် အာရိယန် ဘာသာစကား၊ ဟမီတို-ဆီးမစ်တ ဘာသာစကား၊ အင်ဒို-တရုတ်၊ သို့မဟုတ်၊ တိဗက်-တရုတ် ဘာသာစကား၊ယူရယ်-အယ်လတ ဘာသာစကားရို့ဖြစ်ကတ်တေ။ အင်ဒို-ဥရောပ ဘာသာစကားကြီးဧ့ အဆက်အနွယ်များမာ အဂုကမ္ဘာမာ အရေးပါ ထင်ရှားရေ ဘာသာစကားတိ ပါဝင်ရေ။ ဟမီတို-ဆီးမစ်တ ဘာသာစကားကြီးမာ ယဟူဒီ၊ ဗက်ဗီလုံးနီးယား၊ ဆီးရီးယား၊ အာရေဗျ၊ အီဂျစ်အစဟိရေ ဘာသာစကားတိ ပါဝင်ရေ။ အင်ဒို-တရုတ်၊ သို့မဟုတ် တိဗက်-တရုတ် ဘာသာစကားကြီးမာ တရုတ်၊ ယိုဒယား၊ တိဗက်၊ မြန်မာ အစဟိရေ ဘာသာစကားတိ ပါဝင်ရေ။ ယူရယ်-အယ်လတ ဘာသာစကားကြီးမာ ဖင်းနစ် ဘာသာစကား၊ အင်စတိုးနီးယန်း ဘာသာစကား၊ တူရကီ ဘာသာစကား၊ မွန်ဂိုလီယန် ဘာသာ စကားနန့် မန်ချူး ဘာသာစကားရို့ပါဝင်လလီရေ။

အမင်ရိကတိုက်တိက တိုင်းရင်းသား လူမျိုးတိစွာ လူမျိုး တမျိုးလျှင် ဘာသာစကား တမျိုးစီ ပြောဆိုကတ်လို့ တမျိုးနန့် တမျိုး ဆက်သွယ်မှုလည်း မတွိရ။ ပင်ရင်းမူလဘာသာစကား တမျိုးတည်းမှ ဆင်းသက်ရေ လက္ခဏာတိလေ့ မတွိရချေ။ အမင်ရိကတိုက်များမာ ဘာသာစကားအမျိုးကွဲ အများဆုံး တွိရရေ။

အာဖရိကတိုက်မာ ဘာသာစကား အသုံးအနှုန်းတိုရေ များစွာ ထူးခြားလို့ မျိုးစုအားဖြင့် အနည်းဆုံး ၅ မျိုးခွဲခြားနှိုင်ရေ။ ယင်းရို့မာ (၁) ဗွတ်ရှမန်းအစု (၂) ဗန္တူအစု (၃) ဆူဒန်အစု (၄) ဟမီတအစုနန့် (၅) ဆီးမစ်တအစုရို့ဖြစ်ကတ်တေ။ အာဖရိကတိုက် ဘာသာစကားတိကို လိ့လာရာမာ များစွာ စိတ်ပါဖွယ် ပြဿနာတိနန့် တွိရလို့၊ ဘာသာစကား ဖြစ်ပေါ်လှာပုံ၊ ကြီးပွားပုံ၊ စကားလုံး ပြောင်းလဲလှာပုံရို့ကို ကောင်းစွာ လိ့လာနှိုင်ရေဟု ပညာသျှင်ရို့က ဆိုလီရေ။

တချို့ဘာသာစကားရို့မာ အဂုထက်တိုင် ဇာအုပ်စု၊ ဇာမျိုးရင်းမာမှ မပါဝင်ကြောင်း တွိရရေ။ ပုံစံအားဖြင့် ဂျပန်ဘာသာစကားနန့် ပြင်သစ်တောင်ပိုင်းဒေသမာ ပင်ဖြစ်ဖြစ်၊ စပိန်မြောက်ပိုင်းဒေသ ရို့မာ ပင်ဖြစ်ဖြစ် ပြောဆိုကတ်ရေ ဗတ်စ ဘာသာစကားရို့ဖြစ်ကတ်လီရေ။ ဘာသာစကား တမျိုးစွာ ဟိရင်းစွဲအတိုင်း ရပ်တံ့တည်နီရေ မဟုတ်ပါ။ ယင်းရို့စွာ နည်းအမျိုး မျိုးဖြင့် တိုးတက်ပြောင်းလဲနိကတ်ရေ။ စစ်မက်အရီးကြောင့် ပင်ဖြစ်ဖြစ်၊ ကုန်သွယ်မှုကြောင့်ပင်ဖြစ်ဖြစ်၊ တနိုင်ငံနန့် တနိုင်ငံ ဆက်ဆံကတ်ရသဖြင့် တနိုင်ငံမှ စကားလုံးတိ တနိုင်ငံသို့ရောက်ကတ်ရရေ။ ယင်းခါ ဟိရင်းဘာသာစကားတွင် စကားလုံး သစ်များ တိုးလာကတ်တေ။ ယင်းအပြင် အချိန်ကာလ ကြာမြင့်ရေအခါ၊ စကား လုံးတိ၏စာလုံးပေါင်းများ၊ အသံထွက်များ၊ အဓိပ္ပာယ်တိစွာလည်း ပြောင်းလှာကတ်တေ။ စကားလုံးတိ စွာ ခက်ခဲရေအသံမှ လွယ်ကူရေ အသံသို့လည်း ပြောင်းကတ်တေ။ အရီးခက်ရေ စကားလုံးတိကို အရီးလွယ်ယောင် ပြောင်းကတ်တေ။ လူရို့စွာ ခက်ခက်ခဲခဲ ဟိခလျှင် လွယ်လင့်တကူ ဖြစ်လေအောင် ကြိုးစား တက်ကတ်တေမာ ဓမ္မတာပေတည်း။ ယင်းအတွက်နန့် ပုဂံခေတ်မြန်မာစာ အရီးအသားနန့် ဂုခေတ် မြန်မာစာ အရီး အသားမတူပိုင်၊ ဂုခေတ် အိန်းဂလိချ်ဘာသာ အရီးအသားနန့် ရှီးခေတ် အိန်းဂလိချ်ဘာသာ အရီးအသား ရို့စွာလည်း မတူတော့ချေ။ ယင်းအပြင် လူရို့စွာ အသုံးအနှုန်းသစ်တိကိုလည်း ထွင်လှာကတ်တေ။ စက်မှုလုပ်ငန်း၊ သိပ္ပံပညာရို့တိုးတက်ထွန်းကားခြင်းစွာ ဘာသာစကားရို့အား ဝေါဟာရ စကားလုံးအသစ်တိနန့် တိုးပွားစီရေ။

ဘာသာစကားရို့စွာ လွန်ခရေခေတ်တိက စကားလုံးတိပြောင်းလဲခြင်း၊ အသစ်အသစ် တိုးပွားခြင်းရို့ဖြစ်ခယင့်နည်းတူ ရှေ့အဖို့မာလည်း စကားလုံးတိ ပြောင်းလဲခြင်း အသစ်အသစ် တိုးပွားခြင်း ရို့ဟိနိန်ဖို့သာ ဖြစ်လီရေ။ စကားသစ်များ တိုးတက်နေစဉ် တချို့စကားလုံးတိစွာ တဆတ်ဆတ် အသုံး နည်းကာ တိမ်ကော ပပျောက်လားခြင်းတိလေ့ ဟိလီရေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)