Jump to content

ဘားကုဒ်

ဝီကီးပီးဒီးယား က
UPC ဘားကုဒ်

Barcode- ဆိုစွာမှာ အလင်းဖြင့်ထိုးပြီးကေ စက်နန့်ဖတ်နိုင်ရေ အချက်အလက်ဖြစ်ရေ။ ပုံမှန်အားဖြင့်တစ်ဖက်မြင် ဘားကုဒ် (1D Barcode) နန့်နှစ်ဖက်မြင် ဘားကုဒ်(2D Barcode) ဆိုပနာ နှစ်မျိုး ခွဲခြားထားရေ။

တစ်ဖက်မြင် ဘားကုဒ်တိတွင် အချက်အ လက်တိကို ဒေါင်လိုက်လိုင်း တိတိအဖြစ် နီရာလွတ်ခြား ပြီးကေချထားရေ။ နှစ်ဖက်မြင် ဘားကုဒ်တိတွင် လေးဒေါင့်ပုံ၊ အစက်ပုံ၊ ခြောက် ဒေါင့်ပုံနန့်အခြားရေ ဂျော်မထရီ ပုံစံရုပ်ပုံလေးတိ အဖြစ်လည်း ဟိတတ်ပါရေ။ တစ်ဖက်မြင် ဘားကုဒ်တိကို ရှေးယခင်ကပင် သုံးစွဲခကတ်ပြီးကေ လူသိတိ။ နှစ်ဖက်မြင် ဘားကုဒ်တိတွင် အချက်အလက်တိကို နီရာကျဉ်းကျဉ်းနန့်အမြီာက်အမြား သိမ်းဆည်းနိုင်ရေကြောင့် ဂု အခါ ပိုမို သုံးစွဲလာကတ်ရေ။

Barcode ကိုပထမဆုံးသုံး တာက ကားတိမှာအမှတ်တံဆိပ် လုပ်ဖို့ပါ။ သို့ပေမယ့် စီပွားရီး အတွက် အောင်မြင်မှုမဟိခတာ ကြောင့် စူပါမားကတ်တိဧငွေ ရှင်းစနစ်တိမှာ အစားထိုးသုံးစွဲ လာကြပါရေ။ Barcode တိကို optical scanner လို့ခေါ်ရေ barcode reader တိနန့်ဖတ်ရှုနိုင်သလိုအ ထူးပြုလုပ်ထားရေဆော့ဖ်ဝဲတိနန့်လည်း scan ဖတ်ပြီးကေအသုံးပြုနိုင်ပါ ရေ။

Barcode ကို 1952 ခုနှစ် အောက်ရို့ဘာလ ရ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ်မူပိုင်ခွင့်တင် ခတာဖြစ်ပါရေ။ Barcode ကို ၁၉၄၈ခုနှစ်မှာ Bernard Silver ဆိုသူကျောင်း သားကသူဧသူငယ်ချင်းတိနန့်စု ပေါင်းတည်ထွင်ခကြတာဖြစ်ပါ ရေ။ Silver စွာ ဒေသတွင်း အ စားအစာလုပ်ငန်းဆိုင်ရာ ဥက္ကဋ္ဌ က ထုတ်ကုန်တိရဲ့သတင်းအ ချက်အလက်ကို အလိုအလျောက် မှတ်တမ်းတင် စစ်ဆေးနိုင်ဖို့စနစ်တစ်ခုရချင်ရေဟု သုတေ သီတစ်ဦး ကိုပြောသံကြားရာမှ ဂုပိုင့်ပြုလုပ်ရန် အကြံရဟိခ ခြင်းဖြစ်ပါရေ။ ပထမပိုင်းတွင် ultraviolet မင်ကို သုံးစွဲခရေ အတွက်ဈေးအလွန်ကြီးမားခပါ ရေ။ တဖြည်းဖြည်းပိုမိုကောင်းမွန်စီရန် ကြံစတီထွင်ကြရင်းမှ ယ နေ့သုံးစွဲရေ Barcode ပုံစံကိုရ ဟိလာကြတာဖြစ်ပါရေ။

မဂ္ဂဇင်း ဘားကုဒ်
ဘားကုဒ်အမျိုးမျိုး 
  • UPC ဘားကုဒ်
  • Code 39 ဘားကုဒ်
  • Code 128 ဘားကုဒ်
  • Code 93 ဘားကုဒ်
  • ITF 14 ဘားကုဒ်
  • I2of5 (Interleaved 2 of 5) ဘားကုဒ်
  • မဂ္ဂဇင်း ဘားကုဒ်
ဒေတာမက်ထရစ်ဘားကုဒ် ဥပမာ။ ရီးထားရေ စာမှာ "Wikipedia, the free encyclopedia" ဆိုပနာ ဖြစ်ရေ။
အင်္ဂလိပ်ဝီကီပီးဒီယား ပင်မစာမျက်နှာဧလိပ်စာကို ထည့်သွင်းထားရေ QR ကုဒ်
  • ဒေတာမက်ထရစ် ဘားကုဒ်
  • QR ကုဒ်
  • PDF417 ဘားကုဒ်