မက်ခီယာဗယ်လီ
ဒေဆောင်းပါးကို မက္ကီအာဗဲလီအင် နန့် ပေါင်းစပ်ရန် အကြံပြုထားပါရေ။ (ဆွီးနွီးရန်) ၂၂ ဒီဇန်ဘာ ၂၀၁၈ ကပင် အဆိုပြုထားရေ။ |

နီကိုလို ဒီ ဘာနာဒို မက်ခီယာဗယ်လီ (အိန်းဂလိချ်: Nicolo Di Bernardo Machiavelli) (၃ မေ ၁၄၆၉ - ၂၁ ဇွန် ၁၅၂၇) ကို ၁၄၆၉ ခုနှစ် မေလ ၃ ရက်နိမာ အီတလီနိုင်ငံ၊ ဖလောရင့်မြို့မာ မွီးဖွား ခပြီးကေ ဖခင်မာ ဝတ်လုံတော်ရ ရှိနိန်ကြီး တဦး ဖြစ်တေ။ သူစွာ လက်တင် စာပီ ကျမ်းဂန်တိနန့် အီတလီ ဂန္ထဝင် စာပီတိကို အထူးပြု လိ့လာခကာ ၁၄၉၈ ခုနှစ်မာ ဖလောရင့် သမ္မတနိုင်ငံ အစိုးရအဖွဲ့မာ အမတ်ချုပ်အဖြစ် လေ့ကောင်း၊ ဒုတိယ နန်းရီးဝန်အဖြစ် လေ့ကောင်း၊ တာဝန် ထမ်းဆောင်ခရေ။ (ထိုအချိန်က အီတလီနိုင်ငံမာ မြို့ပြနိူင်ငံပေါင်း များစွာ မစည်းလုံးဘဲ တသီးအခြားစီ ဖြစ်နီရေ အချိန်ဖြစ်တေ။ အခရာရေ မြို့ပြနိူင်ငံရို့မာ မီလန်၊ ရောမ၊ နေပယ်လ် နန့် ဖလောရင့် ရို့ဖြစ်တေ။)
မင်းမှုထမ်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ထိုနောက်ပိုင်းမာ မက်ခီယာဗယ်လီစွာ အရေးပါရေ အစိုးရ ရာထူးများစွာ ခန့်အပ်ခြင်း ခံခရရေ အနက် ၁၅၀၇ ခုနှစ်မာ ပြည်သူ့စစ်လက်နက်ကိုင်တပ်များ ဖွဲ့စည်းရီး တာဝန်ခံ အဖြစ် ဆောင်ရွက် ခရခြင်းကာ ထူးခြားရေ။ သူ၏ အားတက်သရော တောင်းဆိုချက်အရ ပြည်သူ့ စစ်တပ်ဖွဲ့များ ဖွဲ့စည်းရီးကို တာဝန်ပီးခြင်း ဖြစ်တေ။ ယကေလေ့ သူစုစည်းခရေ ပြည်သူ့ စစ်တပ်ဖွဲ့ တိမာ ၁၅၁၂ ခုနှစ်မာ ရန်သူ စပိန်ရို့နန့် ရှိဆိုင် တိုက်ခိုက်ရာမာ အရီးနိမ့်ခရေကြောင့် ထိုနှစ်မာပင် ရာထူးမှ ပြုတ်ကျခရရေ။ မကြာခင် အစိုးရ ဆန့်ကျင်ရီး လုပ်ဆောင်ရေလို့ ဆိုကာ ဖမ်းဆီး ညှင်းပန်း ခံရရေ။ နောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်ပါလတ်တေ။
နိုင်ငံရီး တာဝန်ကို ၁၄ နှစ်ကြာမျှ ထမ်းဆောင်ခစဉ် အထဲ နိုင်ငံရီး၊ အုပ်ချုပ်ရီး၊ စစ်ရီးနန့် သံတမန်ရီး နယ်ပယ်များမာ အတွိအကြုံများစွာ ရဟိခပြီးကေလျှင် ယင့်ချင့် အတွိအကြုံများကို အခြီပြုပနာ အငြိမ်းစာ ဘဝမာ ကျမ်းများစွာပြုစုခရေ။ ထိုကျမ်းတိအနက် ရာဇနိတိကျမ်း(The Prince)စွာ အထင်ရှားဆုံးဖြစ်တေ။

ရာဇောဝါဒကျမ်း (The Prince)
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]“မင်းသား” ခေါ် The Prince ကျမ်းကို ၁၅၁၃ ခုနှစ်မာ စတင် ရီးသားပြီး ၁၅၁၆ ခုနှစ်မာ အပြီးသတ်ခကာ ထိုကျမ်းငယ်ကို ဖလော့ရင့်ဧ့ အာဏာပိုင်ဖြစ်သူ ခရာဝရင်ဇိုဒေမက်ဒီစီ (Lorenzo De Medici) ထံ ရွှီနားတော်သွင်း ပီးပို့ခရေ။ မက်ခီယာဗယ်လီက မက်ဒီစီထံကို ပီးစာမာ “အခွင့်အရီးကို မျှော်စပ်သူရို့စွာ ကိုယ့်ပိုင်ဆိုင်ရေ အဖိုးတန် ဝန်တိကို ဆက်သခြင်းနန့် အသျှင်သခင်ပါးက ဆုလာဘ်များ ရယူလီ့ ဟိကတ်ရေ။ အငါစွာလည်း အသျှင်ထံကို အကျွန်ုပ် တန်ဖိုးထားရေ ဒေကျမ်းငယ်ကို ဆက်သအပ်ရေ” ဟု ကျိုးနွံစွာ ရီးသား ဖော်ပြခရေ။
“နိမ့်ကျရေ အညတရ ကျေးတော်မျိုး ကျွန်တော်မျိုးတဦးက မင်းစိုးရာဇာများ အနိန်နန့် တိုင်းပြည်ကို ဇာမျိုးဇာပိုင် အုပ်ချုပ်သင့်ရေလို့ တင်ပြ အစီရင်ခံဝံ့ စွာဆိုပနာ မမှတ်ယူပါလင့်။ ရှုမျှော်ခင်း ပဂျီ ရီးဆွဲသူတိစွာ တောင်များ၊ ကုန်းမြင့်တိကို သဘာဝကျကျ ရီးဆွဲလိုရေအခါ မြီပြန့်လွင်ပြင်သို့ ဆင်းသက်လို့ ကြည့်ဘိပိုင် တိုင်းသူပြည်သားတိဧ့ အနိန်အထားကို အပြည့်အဝ ဖွင့်ဆိုဖို့ အတွက်ရာ သာမန် တိုင်းသူပြည်သားတဦးဧ့ နီရာမှကြည့်ရပါလိမ့်မေ” ဆိုပနာလည်း မက်ခီယာဗယ်လီက ရှင်းလင်း တင်လျှောက်ခရေ။
ထိုကျမ်းကို ဆက်သပြီးကေ ဖလော့ရင့် မြို့ပြနိူင်ငံဧ့ အာဏာပိုင်ဖြစ်သူ မက်ဒီစီဧ့ အိမ်တော်သို့ ဖိတ်ကြားခြင်းခံခဲ့ ရရေ။ သူ့အား ပညာဟိသုခမိန် အရာထားပနာ နီရာပီးခြင်း ဖြစ်တေ။ ယပြီးနောက် အရီးမကြီးလှရေ ကူးသန်းရောင်းဝယ်ရီး လုပ်ငန်းဆိုင်ရာ တာဝန်တိပီးပြီးကေ မက်ခီယာဗယ်လီအား စမ်းသပ် အသုံးပြုပြန်ရေ။ သူစွာ ကူးသန်းရောင်းဝယ်ရီး လုပ်ငန်းတာဝန်ဖြင့် ရောမမြို့ကိုလည်း လားရောက်ခရလို့ ပုပ်ရဟန်းမင်းကြီးနန့် တွိဆုံကာ “ဖလော့ရင့်မြို့သမိုင်း” ပြုစုရန် ရဟန်းမင်းကြီးပါးက ထောက်ပင့်ကြီး ရဟိခရေ။ မက်ခီယာ ဗယ်လီစွာ ပြည်သူ့စစ် တပ်ဖွဲ့များ ဖွဲ့စည်းရီးအတွက် ရဟန်းမင်းကြီးအား အကြံပီးခကေလေ့ ရဟန်းမင်းကြီးက လက်မခံသဖြင့် လက်လျှော့ ခရရေ။ ဒေမာ နိုင်ငံရီးနယ်သို့ မက်ခီယာဗယ်လီ ပြန်ဝင်ရန် ကြိုးပမ်းခြင်းကာ သမ္မတနိုင်ငံ ပြန်ပနာထူထောင်ရန် ကြံရွယ်ခြင်း ဖြစ်လိမ့်မေဟု မက်ဒီစီက သင်္ကာမကင်းဖြစ်ပြီးကေ သူ့အား ဇာ တာဝန်မျှ မပီးဖိဘဲ လျစ်လျူရှုထားလိုက်ရေ။ ထိုနောက် မက်ခီယာဗယ်လီစွာ ဖျားနာဖြိုက်လာပြီးကေ ဝမ်းအောင့်ရေ ဝေဒနာ ပြင်းထန်စွာ ခံစားရပြီး ၁၅၂၇ ခုနှစ် ဂျုန်လမာ ကွယ်လွန်ခရေ။ သူ၏ မိသားစုမာ ဆင်းရဲ ငြိုငြင်စွာ ကျန်ရစ်ခရရေ။
မိသားစုဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မိသားစုရီးရာနန့် ပက်သက်ပနာကား မှတ်တမ်းမှတ်ရာ နည်းပါးရေ။ သူစွာ ၁၅၀၂ ခုနှစ်မာ မာရီယက်တာ ကော်ဆီနီနန့် ထိမ်းမြားပြီး အချေခြောက်ယောက် ရဟိခရေ။ ဇနီးစွာက သူ့အပေါ် ကကောင်း ချစ်ကြင်မြတ်နိုးမှု ဟိရေ။ ၁၅၀၃ ခုနှစ် နိုဗန်ဘာလ ၂၄ ရက် နိစွဲဖြင့် ဇနီးသည်က မက်ခီယာဗယ်လီထံ ပီးစာမာ ခင်ပွန်းဖြစ်သူအား ချစ်စနိုး ကြီစပ်ရေ အရီးအသားတိကို တွိရရေ။
“အကျွန်ရို့ သားချေက ရှင်နန့် သိပ်တူစွာပဲ။ အသားက နှင်းပွင့် အချေလို့ ဖြူလို့။ ခေါင်းမာလေ့သော့ ဆံပင်တွေ သန်လိုက်စွာ ကတ္တီပါနက်လို မှောင်မဲနိန်ပါရေကာ။ ရှင့်လိုရာလဲ၊ သားချေဟာ ရှင်နန့်တူရေ ယေကေ ချောရေလို့ ပြောရဖို့ပေါ့နော်” ဟု မာရီယက်စွာက ရီးသားခရေ။ (စင်စစ်အားဖြင့်ကား မက်ခီယာဗယ်လီ စွာဥပဓိရုပ်ကောင်းသူ မဟုတ်၊ အရပ်မနိမ့်မမြင့်၊ သေးပပိန်ချေသွယ်၊ မျက်လုံးတောက်တောက်၊ ဆံပင်နက်နက်၊ အဂေါင်းသေးသေး၊ နခေါင်း စိကေချေ ကောက်ရေ။ နှုတ်ခမ်းကို အမြဲတမ်း တင်းတင်းစိ ထားလေးဟန် ဟိရေ။ စူးရှထက်မြက်ရေ သုတေသီ တဦး၊ အတွေးအခေါ်ရှင်တဦးဧ့ ပုံပန်းမျိုး ဖြစ်ကေလေ့ လူများရို့အား ဩဇာလွှမ်းမိုး သိမ်းသွင်းနှိုင်ရေ အင်္ဂါရုပ်မျိုး မဟုတ်ပါ။)
မက်ခီယာဗယ်လီစွာ နိုင်ငံရီးရာတိနန့်သာ နစ်မြုပ်နိန်ပနာ မိသားစုကို အလေးပီးခဲ့ဟန်မဟိ။ စီးပွားဥစ္စာ စုဆောင်းမှုလည်း မဟိခဲ့။ ယင်းအတွက်နန့် မိသားစုမာ ဆဆင်းရရဲဖြင့်ကျန်ရစ်ခကတ်ရေ။ သူစွာ မိသားစုအတွက် နောက်ဆုံး လိုက်လျောချက်တခုကိုလေးုပြုလားခီရေ။ ဘာသာရီးရာတိကို ပစ်ပယ်ထားသူ ဖြစ်ပါ့စီ သီဖို့ခါအချိန်မာ ဘုန်းတော်ကြီး မက်တီယို ပါးကောက်မာ အပြစ်ဖြေသွားခြင်း ဖြစ်တေ။ မက်ခီယာဗယ်လီ ကွယ်လွန်ပြီးကေ သားဖြစ်သူ ပီယေရိုက ပီဆာမြို့ဟိ သားချင်းတဦးထံ ရီးရေ စာမာ သူ၏ ဖခင်စွာ ဘုန်းတော်ကြီး မက်တီယိုအား သူ၏ အပြစ်ဖြေချက်ကို ကြားနာရန် ခွင့်ပြုခကြောင်း ဖော်ပြခရေ။ “ကြားနားခွင့် ပြုစွာ”ဟု သုံးနှုန်းထားခြင်းကို ထောက်လို့ သူစွာ မိသားစုအား ငဲ့ညာလို့ သူ့ဆန္ဒမပါဘဲနန့် အစိုင်အလာ တခုကို နောက်ဆုံး လိုက်လျောခြင်း ဖြစ်တေဟု ယူဆရရေ။
မက်ခီယာဗယ်လီ ရှင်သန်ခရေ ခေတ်အခြီအနီ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သူ အသက်ရှင်သန် လှုပ်ရှားခရေ ခေတ်စွာ အီတလီနိုင်ငံ စည်းလုံးညီညွတ်မှုမဟိသိမ့်ဘဲ မြို့ပြနိူင်ငံများ အဖြစ် သူတလူ ငါတမင်း အကွဲကွဲ အပြားပြား ဖြစ်နီရေ ကာလ ဖြစ်တေ။
ထိုကာလစွာ မြန်မာနိုင်ငံမာ အင်းဝ (၁၃၆၄-၁၇၅၁) နန့် ခေတ်ပြိုင် ဖြစ်တေ။ မိုးညှင်းစလုံ နန့် ယင်းဧ့သားဖြစ်သူ သိုဟန်ဘွားရို့ ဝင်ဖျက်သဖြင့် အင်းဝ ပျက်ခါနီး ကာလနန့် တချိန်တည်းလောက် ဖြစ်တေ။ အီတလီနိုင်ငံ ဖလော့ရင့်မြို့မာ နိုင်ငံရီးပညာသျှင် မက်ခီယာဗယ်လီ ပေါ်ပေါက်ချိန်စွာ မြန်မာနိုင်ငံ အင်းဝခေတ်ဦး မင်းကြီးစွာစော်ကဲ (၁၃၆၇-၁၄၀၀) လက်ထက် နိုင်ငံရီးပညာသျှင်ကြီး ဝန်ဇင်းမင်းရာဇာ ပေါ်ထွန်းချိန်နန့် ယှဉ်ကေ နှစ် ၁၀၀ ခန့် နောက်ကျရေ။ စာပီ ယိုင်ကျေးမှုကဏ္ဍမာ အင်းဝခေတ်နှောင်း ဒုတိယ မင်းခေါင် (၁၄၈၀-၁၅၀၁) လက်ထက် ပေါ်ပေါက်ခရေ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာသီလဝံသ အစဟိရေပုဂ္ဂိုလ်ထူးတိစွာ မက်ခီယာဗယ်လီနန့် ခေတ်ပြိုင် ဖြစ်တေ။ မက်ခီယာဗယ်လီဧ့ နိုင်ငံရီးပညာပီးကျမ်း “မင်းသား” စွာ ၁၅၁၆ ခုနှစ်မာ ပြုစုပြီးစီးခဲ့လို့ ရှင်မဟာရဋ္ဌသာရ၏ “သံဝရ” ပျို့မာ ၁၅၂၉ မာ ပြုစု ပြီးစီးခရေ။
အီတလီနိုင်ငံမာ မက်ခီယာဗယ်လီ ကြုံတွိခရရေ နိုင်ငံရီး အခြီအနီစွာ ခရစ်နှစ် ၁၅၂၆ မာ အင်းဝ ပျက်သုဉ်းပြီးကေ တိုင်းပြည် ကစဥ့်ကလျား ဖြစ်နီချိန်မျိုးနန့် ဆင်တူစွာ အင်းဝမာ သိုဟန်ဘွား၊ ပြည်မြို့မာ နရပတိ၊ ဟံသာဝတီမာ သုရှင်တိုင်းရွတ်ပိ၊ တောင်ငူမာ တပင်ရွှီထီးရို့ အသီးသီး တထီးတနန်း စိုးစံ နီကတ်ချိန်ဖြစ်တေ။
မက်ခီယာဗယ်လီစွာ သူ့နိုင်ငံအတွက် ရင်ဆာမိရေ။ ကြီကွဲမိရေ။ ယင်းအတွက်နန့် သူ၏ ဇာတိဌာနေဖြစ်ရေ ဖလော့ရင့်မြို့နိုင်ငံကို အီတလီဧ့ ဗထိုချက်မ အင်အားကြီး ဒေသ ဖြစ်လှာစီရား စည်းလုံးညီညွတ်ရေ သမ္မတနိုင်ငံတော်ကြီး ထူထောင်ချင်ရေ။ သူ၏ မျိုးချစ်စိတ်စွာ ဖလော့ရင့်ကို မူတည်ရေ မျိုးချစ်စိတ် ဖြစ်တေ။ ယင်းအတွက်နန့် သူစွာ ဖလော့ရင့်မြို့နိုင်ငံကို ပရုန်းနရုန်း အုပ်ချုပ်နိန်ရေ အကြီးအကဲအား မင်းသားကျမ်းကို ဆက်သလို့ သူဖြစ်စီချင်ရေ နိုင်ငံတော် တည်ဆောက်ရီး ပုံစံကို သညာပီးခခြင်း ဖြစ်တေ။ သူ၏ ကျမ်းစွာ
(က) ရန်အောင်ကြောင်း လမ်းညွှန်
(ခ) ရာဇပန်လင် မြဲရီး လမ်းညွှန်တိပင် ဖြစ်တေ။
မက်ခီယာဗယ်လီစွာ ၁၆ ရာစု အစောပိုင်းကာလ အီတလီနိုင်ငံဧ့ ပစ္စက္ခ အခြီအနီများပေါ် မူတည်ပနာ သူ၏ ကျမ်းကို ပြုစုခခြင်း ဖြစ်တေ။ ထိုကာလစွာ အင်အားကြီးရေ နိုင်ငံက အင်အားငယ်ရေ နိုင်ငံကို တရားလက်လွတ် ကျူးကျော်လွှမ်းမိုးလီ့ ဟိရေ ကာလ ဖြစ်တေ။ ယင်းအတွက်နန့် အင်အား တည်ဆောက်ရီးရေ နိုင်ငံတခုအတွက် မလွဲမသွေ လိုအပ်ချက် ဖြစ်နီရေ။ ဒေမာ မက်ခီယာဗယ်လီစွာ “အရာရာကို အင်အားဖြင့် အောင်စရာ” ဆိုရေ လုပ်ထုံးကို ဖော်စပ်လို့ သူ့အသျှင်သခင်အား နည်းပီးလမ်းညွှန် ပြုခလီရေ။
မက်ခီယာဗယ်လီ အပေါ် အမြင်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]“အိမ်ပြန်ခြံဝင်၊ နွားပါကေ ပြီးတမ်း”
(မြို့ကျောင်းဆရာဟောင်း ဦးစံထွားဧ့ လောကီထုပ္ပတ် လူရို့ဇာတ် တတိယစာအုပ် စာမျက်နှာ ၉၃-၉၅ မှ စကားလုံး ရှီးခေတ် အီတလီနိုင်ငံရီးသမား၊ အတွေးအခေါ် ပညာသျှင်၊ ကျမ်းပြုဆရာကြီး နီကိုလိုဒီဘာနာဒို မက္ခယာဗေလီ (Nicolo Di Bernardo Machiavelli) (၁၄၆၉- ၁၅၂၇) ကို အဓိပ္ပာယ် ဖွင့်ဆိုချက် ….အတွေးအမြင် စာစိုင် ၁၉၈၄ ခုနှစ်။)
ဆရာမောင်ဝံသဧ့ ခေတ်ပြိုင် ကမ္ဘာ့ရီးရာ အဘိဓာန် (၁၉၈၂)မာ အဓိပ္ပာယ်ဖွင့်ချက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရှီးခေတ် အီတလီနိုင်ငံရီးသမား၊ အတွေးအခေါ် ပညာသျှင်၊ ကျမ်းပြုဆရာကြီး နီကိုလိုဒီဘာနာဒို မက်ခီယာဗေလီ (Nicolo Di Bernardo Machiavelli) (၁၄၆၉-၁၅၂၇) ကို အစွဲပြုပနာ မက်ခီယာဗယ်လီဧ့ အယူအဆတိကဲ့သို့ ခံယူကျင့်ကြံသူ နိုင်ငံရီးသမားများ အတွက် သုံးနှူန်းရေ နာမဝိသေသန ဖြစ်တေ။ မက်ခီယာဗယ်လီစွာ ၁၅၁၃ ခုနှစ်က ရီးသားစီရင်ခရေ မင်းသားခေါ် (The Prince) ခေါ် ရာဇောဝါဒ လမ်းညွန်းကျမ်းမာ စိုးမိုးအုပ်ချုပ်မင်းလုပ်ဖို့သူတိ အတွက်နိုင်ငံရီး တက်လမ်းရှာနည်း၊ နိုင်ငံရီးအာဏာ ခိုင်မြဲယောင်လုပ်နည်းနန့် အတိုက်အခံများထက်မာ အောင်မြင်နည်းတိကို ဖော်ပြထားခရေ။ နိုင်ငံရီးအတွက် သင့်တော်ပိုင် လုပ်ဆောင်ခြင်းစွာ ကိုယ်ကျင့်တရား ကိုယ်ကျင့်သိက္ခာရို့ထက် ပိုပြီးကေ အရေးကြီးရေလို့ မက္ခယာဗေလီက ဆိုခရေ။ ကျင့်သုံးခရေ နည်းလမ်း မှန်မမှန်ကို နောက်ဆုံးအကျိုးသက်ရောက်မှုက အတည်ပြုရေ။ (The ends justify the means) ဆိုစွာမှာ မက်ခီယာဗေလီဧ့ဩဝါဒပင် ဖြစ်တေ။ နိုင်ငံအာဏာကို ဇာနည်းနန့် ရရ ရကေ ပြီးရော၊ တရားစွာ ဆိုရေ အယူအဆ ဖြစ်တေ။
ယင်းအတွက်နန့် မက်ခယာဗေလီဧ့ မင်းသားကျမ်းမှ အခြီခံမူတိကဲ့သို့ ကျင့်ကြံသူကို နိုင်ငံရီးသမားကို machiavellin politician ဟု သုံးနှူန်းရီးသားလိဟိရေ။ မက်ခီယာဗေလီဝါဒ (machiavellism) ဆိုပနာလည်း ရံဖန်ရံခါ သုံးနှူန်းကတ်ရေ။
ဆရာမောင်ဝံသဧ့ အမြင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒေနိ နာမည်ဆိုးဖြင့် ကျော်ကြားနီရေ ကံဆိုးသူ မက်ခီယာဗယ်လီဘက်မှ တယောက်တလီက ရှိနီလိုက်လို့ ခုခံမည်ဆိုပါကေ သူ၏ အမှုစွာ ၁၆ ရာစု အစောပိုင်းကာလ ဖလော့ရင့်မြို့ဧ့ နိုင်ငံရီး ပညာသျှင်တဦးသာ ဖြစ်ကြောင်း၊ သူစွာ သူ့မြို့(သူ့နိုင်ငံ)ဧ့ အကျိုးစီးပွားအတွက်ရာလျှင် စဉ်းစားဆင်ခြင်လို့ နိုင်ငံရီး လမ်းညွှန်ကျမ်း ပြုစုခခြင်း ဖြစ်ကြောင်း၊ ၂၀ ရာစုအစောပိုင်း ကာလမာ ကမ္ဘာပေါ်မာ ပေါ်ပေါက်ခရေ ဝါဒဆိုး၊ စနစ်ဆိုးတိနန့် ယင်းရို့၏ အကျိုးဆက်တိစွာ လွန်ခရေ နှစ်ပေါင်း ၄၀၀ ကျော်က အသက်ရှင် နီထိုင်ခရေ မက်ခီယာဗယ်လီနန့် မသက်ဆိုင်ပါကြောင်း၊ အဏုမြူဗုံးကို ထုတ်လုပ် အသုံးချခြင်းနန့် အဏုမြူကို စိတ်ဖြာနှိုင်ယောင် စိဆော်ခရေ စွမ်းအင်နိယာမအား ဖော်ထုတ်ခသူ သိပ္ပံပညာသျှင်ကြီး အိုင်းစတိုင်းကို ဆက်စပ်လို့ ယိုးစွပ်ချက်တင်မှု မပြုအပ်ပိုင် မက်ခီယာဗယ်လီကိုလေ့ နိုင်ငံရီးစနစ်ဆိုးတိ၏ မူလအစ လက်သည်တရားခံ တဦးအဖြစ် ကမ္ပည်းမထိုးသင့်ပါကြောင်း။ ထိုကြောင့် မက်ခီယာဗယ်လီအား “မသမာကောက်ကျစ်ရေ နိုင်ငံရီးပညာကို ထူထောင်ခသူ” အဖြစ် တံဆိပ် ကပ်ထားခြင်းက ပယ်ဖျက်ပီးသင့်ပါကြောင်း ဆိုပနာ ထုချေ လျှောက်လဲလိမ့်မေ ဖြစ်တေ။
၁၉၆၁ ခုနှစ်က အမေရိကန် ပင်ဂွင်းစာအုပ်တိုက်က အင်္ဂလိပ်ပိုင် ဘာသာပြန်ဆို သူတဦးဖြစ်ရေ ဂျော့ဘူးလ် က သူ၏ ကျမ်းဦးနိဒါန်းရှည်နန့် မင်းသားကျမ်း ဘာသာပြန်ဆိုချက်ကို ထုတ်ဝီခရေ။ သတင်းပညာ အဆင့်ထက် ကျော်လွန်ရေ မင်းသားကျမ်းကို လိ့လာရာမာ သတင်းစာပညာကို သုံးသပ်ပိုင် သုံသပ်လိ့လာခြင်း မပြုကေ နားလည် သဖောပေါက် နှိုင်ဖို့ မဟုတ်ဟုပြောဆိုရေ။ မက်ခီယာဗေလီဧ့ “ရှင်သန်နိန်ရေ အတွေးအခေါ်များ” ဆိုရေ စာအုပ်ကို ပြုစုခရေ ကောင့်ကာလိုစဖော်ဇာ ကမူ မက်ခီယာဗယ်လီစွာ တခုတည်း ရေ အမားကို ကျူးလွန်းခ၏။ ထိုအမားကား အရာမဟုတ်။ သူ့ခေတ်သူ့ကာ လဧ့ အဇ္ဈတ္တသရုပ်ကို ဖွင့်ဆိုရာမာ သိလွန်းအားကြီး၊ မှန်လွန်းအားကြီး နေခြင်း ပေတည်း ဆိုပနာ သုံးသပ်လီရေ။
ရည်ညွှန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကံဆိုးသူ မက်ခီယာဗယ်လီ - ဆရာဦးစိုးသိမ်း စာရီးဆရာ မောင်ဝံသ၊ ဒုတိယအတွေး၊ ၁၉၈၄ ခုနှစ်ထုတ် အတွေးအမြင် စာစိုင် အမှတ်-၂။