Jump to content

မကြန်(ဒေါ်ကြန်)

ဝီကီးပီးဒီးယား က
မကြန်(ဒေါ်ကြန်)
မကြန်(ဒေါ်ကြန်)
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ဇူလိုင်လ(၁)ရက် ၁၉၁၈ခုနှစ်၊
နာမည်ရင်း ဒေါ်ကြန်
မိဘနာမည် ဦးကျော်ထွန်း+ဒေါ်ငွေနှစ်
မွီးဖွားရာနီရာ ရခိုင်ပြည်နယ်သံတွဲမြို့
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း သမိုင်းမဟာဝိဇ္ဇာဘွဲ့
အလုပ်အကိုင် စာရီးဆရာမ၊ သမိုင်းသုတေသီ
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာရီးဆရာ
ထင်ယှားရေလက်ရာတိ [မြန်မာနိူင်ငံအခြေအနီ (၁၈၈၅-၈၆)]
ရယှိခရေဆုတိ အမျိုးသားစာပီဆု (၁၉၇၈၊၂၀၀၂၊၂၀၀၃၊၂၀၀၅၊၂၀၀၉)ပခုက္ကူဦးအုံးဖေ တသက်တာစာပီဆု(၂၀၀၄) ၊ ထွန်းဖောင်ဒေးရှင်းစာပီဆု (၂၀၀၆)
လက်မှတ်
ကွန်ယက်

ဒေါ်ကြန်စွာ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို သုတေသနပြုပြီး မှတ်တမ်းတင်ရန် အချိန်များစွာကို မြှုပ်နှံထားရေ မြန်မာနိုင်ငံမာ လူသိများရေ ပညာသျှင်တဦးဖြစ်တေ။ အချိန်များစွာကြာအောင် သူမကို နိုင်ငံ၏ သမိုင်းဆြာတိထဲက အကြီးအမားဆုံးလို့ သတ်မှတ်ခံရပါရေ။ သူမစွာ 1960 ခုနှစ်တိကပင်သမိုင်းစာအုပ်တိနန့်ဆောင်းပါးတိရီးသားခရေ။ သူမ၏ ကလောင်နာမည်မှာ မကြန်ဖြစ်ကေလေ့ တခါတစ်ရံမာ သူမ၏နာမည်ရင်း ဒေါ်ကြန်ကို သုံးရေ။ သမိုင်းပညာသျှင်တဦးအနိန်နန့် သူမ၏ရီးသားချက်တိ အကြောင်းအရာများစွာ သမိုင်းကြောင်းအရ တိကျပြီး ထိရောက်မှုဟိရေ။ မြန်မာစွယ်စုံကျမ်းစာအုပ်တိနန့် အင်္ဂလိပ်-မြန်မာ အဘိဓာန်စရေ ဘာသာရပ်အမျိုးမျိုးအတွက် စာအုပ်မကန်မဝှန်ကို ပြုစု တီးဖြတ်ခရေ။ ၂၀၀၂ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနတွင် ပါရဂူဘွဲ့ ပရိုဂရမ်အတွက် ဦးဆောင်ကော်မတီတွင် အဖွဲ့ဝင်ဖြစ်ခပါရေ။ မြန်မာနိုင်ငံ စာပီဆုတိ စိစစ်ရွီးချယ်ရီး ကော်မတီဝင်တဦးလည်းဖြစ်ပြီးကေ မြန်မာနိုင်ငံတွင် အရီးအပါဆုံးဖြစ်ရေ ဦးအုန်းဖေ စာပီဆုရွီးချယ်ရီး ကော်မတီဝင်တဦးလည်း ဖြစ်တေ။ မြန်မာနိုင်ငံပြင်မာ မကျော်ကြားသိမ့်ကေတောင် သူ့ကျောင်းသားများအတွက် မြန်မာ့သမိုင်းကို နားလည်ဖို့အတွက် အုတ်မြစ်ချပီးခရေလို့ ပြောလို့ရပါရေ။ ဒေါ်ကြန်စွာ အသက် ၁၀၂ နှစ်မာ ကွယ်လွန်ခရေ။[]

ဒေါ်ကြန်(၁၉၇၈)ခုနှစ်အမျိုးသားစာပေဆု(သုတပဒေသာ ဝိဇ္ဇာဘာသာရပ်) မြန်မာစာပေလောကတွင် ကျော်ကြားလျက်ဟိနီဆဲဖြစ်ရေ စာရေးဆရာမကြီးဒေါ်ကြန်ကို သံတွဲမြို့၌ အဖ ဦးကျော်ထွန်း၊အမိဒေါ်ငွေနှစ်ရို့မှ ၁၉၁၈ခုနှစ်၊ ဇူလိုင်လ(၁)ရက်နိ့တွင် မွေးဖွားခရေ။ အမည်ရင်းမှာ ဒေါ် ကြန်ဖြစ်ရေ။[] သူ့ဘားဘာမာ ဦးကျော်ထွန်းဖြစ်ပြီးကေ အင်္ဂလိပ်ကိုလိုနီခေတ် အုပ်ချုပ်မှုတွင် သံတွဲမြို့ ကျန်းမာရီးအရာဟိဖြစ်တေ။ သူ့အမင်က ဒေါ်ငွေနှင်း။ သူမ အသက် ကိုးနှစ်အရွယ်တွင် သူမ၏ဘာဘာ ဆုံးပါးလားခရေ။ ယင်းအတွက်နန့် သူမစွာ ငယ်စဉ်အချေဘဝမာ သူ့အမင်၊ ဝမ်းကွဲမောင်နှစ်ယောက်၊ ညီမချေတစ်ယောက်နန့် ဖြတ်သန်းခရေ။ သူမ၏ ညီအစ်ကိုမောင်နှမတိစွာ ဒေါ်ကြန်ပိုင် ပညာရီး အခြီခံ၍ သူရို့၏ဘဝတိကို ပညာရီးဖြင့် တည်ဆောက်ထားခကတ်ရေ ကျောင်းသားကောင်းတိဖြစ်တေ။ ညီအစ်ကိုမောင်နှမအားလုံး သူ့ထက်အလျင် ဆုံးပါးလားခကတ်တေ။[]

ဒေါ်ကြန်စွာ ၁၉၃၅ ခုနှစ်မာ အထက်တန်းစာမိန်းပွဲကို အောင်မြင်ခရေ။ သံတွဲမြို့ရှိ အစိုးရအထက်တန်းကျောင်းတွင် အလယ်တန်း လက်ထောက်ဆြာမအဖြစ် တာဝန်ထမ်းဆောင်ခရေ။ နောက်ပိုင်းတွင် သံတွဲမြို့၌ အထက်တန်းစာရီးအဖြစ်နန့် ရက္ခိုင်ပြည်နယ် စစ်တွေ ရခိုင်တိုင်းစာတိုက်ဌာနရုံးတွင် တာဝန်ထမ်းဆောင်ခရေ။ သူမစွာ အကြီးဆုံးသမီးဖြစ်ပြီးကေ သူ့အဖစွာ အသက်ကိုးနှစ်အရွယ်တွင် ဆုံးပါးလားရေအတွက် သူမ၏မွီးချင်းတိကို ကျွေးမွီးစောင့်ရှောက်ရန်မှာ သူမ၏တာဝန်ဖြစ်တေဟု သူမခံစားခရရေ။ မောင်နှမအားလုံး တက္ကသိုလ်ဝင်တန်းအောင်ပြီး မောင်သျှေတစ်ယောက် ရန်ကုန်မာ အလုပ်ရပြီးခါမှ ၁၉၅၁ ခုနှစ် အသက် ၃၂ နှစ်မာ ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်ပနာသင်ကြားခရေ။ သူမစွာ ယင်းအချိန်က ကိုယ့်ကိုယ်ကို အသက်ကြီးနီယာလို့ ယူဆခရေ။ ဘွဲ့ရပြီးနောက် ၁၉၅၉ ခုနှစ်မာ သမိုင်းဘာသာရပ်နန့် M.A မဟာဝိဇ္ဇာဘွဲ့ကို ရဟိခရေ။ မဟာဝိဇ္ဇာဘွဲ့ ဆက်လက်ကြိုးပမ်းနီစဉ်မှာပင် ဒေါ်ကြန်သည် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာနှင့် စာပီဌာနမာ နှစ်နှစ်ကြာ အချိန်ပိုင်းနည်းပြဆရာမအဖြစ် ပူးပေါင်းပါဝင်ခရေ။ ၁၉၅၆ ခုနှစ်မာ မြန်မာနိုင်ငံဆိုင်ရာ သုတေသနအရာဟိအဖြစ် ခန့်အပ်ခြင်းခံရရေ။[]

ပြည်ပလိလာရေး ခရီးစိုင်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၉၅၇ ခုနှစ်မာ ဒေါ်ကြန်စွာ  အုပ်ချုပ်ရီး၊ နိုင်ငံရီး၊ စီးပွားရီး၊ လူမှုရီးလုပ်ငန်းတိ၊ ကူးသန်းရောင်းဝယ်ရီး၊ ၀င်ငွေ၊ ရဲနန့် ပညာရီးရို့အပြင် ၁၈၇၂၊ ၁၈၈၁၊ ၁၈၉၁ ရို့၏ သခေါင်စာရင်းအစီအစာခံစာနန့် ပြည်ထဲရီးဌာနနန့် မြန်မာနိုင်ငံပြန်တမ်းတိ မှတ်တမ်းတိ စုဆောင်းရန်၊ လန်ဒန်တက္ကသိုလ်ရှိ အရှိတိုင်းနန့် အာဖရိက လိလာရီး(လေ့လာရေး)ကျောင်းသို့ လားရောက်ခရေ။ ၁၉၅၉ ခုနှစ်မာ M.A.A ပြီးဆုံးပြီးနောက်၊ ဗြိတိသျှကိုလိုနီလက်အောက်ရှိ မြန်မာနိုင်ငံအခြီအနိန်နန့်ပတ်သက်ရေ မှတ်တမ်းမှတ်ရာတိကို ရွီးချယ်ရှာဖွီပနာ မိုက်ခရိုဖလင်ပုံခတ်ဖို့ လန်ဒန်သို့ ထပ်မံလားရောက်ခရေ။ ၁၉၀၀ ပြည့်လွန်နှစ်များအထိ ဗြိတိသျှအစိုးရ၏ ရှားပါးစာရွက်စာတမ်းတိနန့် ရှားပါး မြန်မာပုရပိုက် ၂ ခု နန့် ရှီးဟောင်းမြန်မာ့သမိုင်းဆိုင်ရာ ပီစာမှတ်တမ်းတိအပြင် ဗိုလ်မှူးကြီး ဟင်နရီ ဘားနေး(Henry Burney)နှင့် ဗိုလ်မှူး အီးဘီ ဆလဲဒင်(Colonel E.B. Sladen) ရို့၏ စုဆောင်းမှုတိကိုပါ ယူဆောင်လာခပါရေ။[]

တာ၀န်ထမ်းဆောင်မှုတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မဟာဝိဇ္ဇာတန်း တက်စဉ် ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန၌ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခရေ။ မြန်မာနိူင်ငံသမိုင်းကော်မရှင်မာ သုတေသနအရာဟိအဖြစ် ၁၉၅၆ ခုနှစ်မှ စတင်အမှုထမ်းဆောင်ပြီး ၁၉၆၃ ခုနှစ်မာ ဗြိတိသျှခေတ်ဆိုင်ရာ ကျမ်းပြုအရာဟိ(အကြီးတန်းသုတေသနမှူး)အဖြစ် ရာထူးတိုးမြှင့်ခန့် ထားခြင်း ခံရရေ။

မြန်မာနိူင်ငံသုတေသနအသင်းဂျာနယ်၊စာပီနန့်လူမှုရေးသိပ္ပံဂျာနယ်၊ သမိုင်းတံခွန်၊ သမိုင်းသုတေသန စာစောင်စရေ့ သုတေသနဂျာနယ်တိတွင် သုတေသနစာတမ်းတိ ရီးသားခရေ။ ဘင်္ဂလာသွား စာတမ်း၊ ရတနာသိင်္ခမြို့ထွက် ရဲတင်းမော်ကွန်းရို့ကို တည်းဖြတ်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝီခရေ။ သုတေသနစာတမ်းတိနန့်အခြားသုတ၊ ရသစာပီတိကို မဂ္ဂဇင်းအသီးသီးတွင် ပါဝင်ရီးသားခပါရေ။[]

ကွင်းဆင်းဆောင်ရွက်ခြင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဒေါ်ကြန်စွာ ၁၉၇၇ ခုနှစ် ယဉ်ကျေးမှုဆုပီးအစီအစဉ်အောက်မာ ဩစတြေးလျဟိ အဓိကမြို့ကြီးများကို လေ့လာရေးခရီး လားရောက်ခရေ။ သူရေ ၁၉၇၈ ခုနှစ် အသက် ၆၀ မာ အငြိမ်းစားယူခကေလေ့ ၁၉၈၄ ခုနှစ်အထိ သမိုင်းသုတေသနဦးစီးဌာနမာ လေးနှစ်ခန့် အကြံပီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခရေ။ ၁၉၈၆ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ စက်မှုဝန်ကြီးဌာန (၁) မှ အကြံပီးပုဂ္ဂိုလ်အဖြစ် ထပ်မံဖိတ်ခေါ်ခြင်းခံခရရေ။ ယင်းကာလအတွင်းနန့် ဝန်ကြီးဌာနအတွက် အကြံပီးအဖြစ် လုပ်ကိုင်နေစဉ် မြန်မာစက်မှုလုပ်ငန်းသမိုင်း ၆ အုပ်ကို ရီးသားပြီးစီးခရေ။ သူစွာ ၁၉၉၁ ခုနှစ်မာ ပညာရေးဝန်ကြီးဌာနလက်အောက်ဟိ မြန်မာစာအဖွဲ့ဝင်အဖြစ် အချိန်ပြည့်ဝင်ရောက်ခပနာ ကွယ်လွန်ချိန်အထိ ယင်းကော်မရှင်မာ လုပ်ကိုင်ခရေ။ ဆရာမကြီးစွာ ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရီးဆွဲဖို့အတွက် အမျိုးသားညီလာခံ ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခရေ။[]

ဆရာမကြီးဒေါ်ကြန်ရေးသားရေ အမျိုးသားစာပီဆုရဟိရေ စာအုပ်အမည်မှာ“မြန်မာနိူင်ငံအခြေအနီ (၁၈၈၅-၈၆)စာအုပ်ဖြစ်ပြီး ၁၉၇၈ခုနှစ်တွင် ရဟိရေ။ဒေါ်ကြန်ရေးသားပြုစုရေ မြန်မာနိူင်ငံအခြေအနီ (၁၈၈၅-၈၆)စာအုပ်တွင်(က)သမိုင်းမတင်မီ အခါမှစ၍ ပုဂံမင်းဆက်ဖြစ်ရေအထိ ကို ခေတ်တစ်ခေတ် (ရှေးဟောင်းခေတ်)၊(ခ)ပုဂံမင်းပြတ်ရေမှ ညောင်ရမ်းမင်း ဆက်ပြတ်ရေအထိ ကို ခေတ်တစ်ခေတ် (အလယ်ခေတ်)၊ (ဂ)ညောင်ရမ်းမင်းဆက်ပြတ်ရေမှ(ကုန်းဘောင်ခေတ်)၊ (ဃ)ကုန်းဘောင်မင်းဆက်ပြတ်သည်မှ ဗြိတိသျှရို့လက်အောက် မှ မြန်မာနိူင်ငံလွတ်မြောက်သည်အထိ ကို ခေတ်တစ်ခေတ်(ဗြိတိသျှခေတ်)ဟူ ၍ခေတ်လေးခေတ်ခွဲခရေ။

ဆရာမကြီးဒေါ်ကြန်ပြုစုခရေကျမ်းမှာ ဗြိတိသျှခေတ်(အမှတ်-၁)ဖြစ်ရေ။ ၁၈၈၅ခုနှစ် ကုန်ခါနီး၌ ဗြိတိသျှ ရို့အထက်မြန်မာနိူင်ငံကိုသိမ်းယူလိုက်စွာကစ၍ တစ်နှစ်အတွင်း ပြောင်းလဲဖြစ်ပေါ်ခရေ့ အဖြစ်အပျက်တိကို ဖော်ပြထားခြင်းဖြစ်ရေ။ မန္တလေးနီပြည်တော်နန့် နယ်ပယ်ရို့၌လည်းကောင်း၊ ရှမ်းပြည်နယ်ဒေသ၊ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသရို့၌ လည်းကောင်း ရပ်တည်နီကတ်တေ စီမံခန့်ခွဲရေးနန့်စီးပွားရေးအခြေအနီရို့အပြင် အသိမ်းယူခံလိုက်ရစဉ်က ရုတ်တရက်ဖြစ်ပေါ်ခရေ စိတ်သဘောထားတိနန့် မကျေနပ်မှုတိအကြောင်းကို စာရင်းတိ၊ကြေငြာချက်တိ၊ မြေပုံတိနန့် စိစိစပ်စပ် ရီးသားထားရေ။

ဆရာမကြီးရေ ၁၉၇၈ ခုနှစ် အကြီးတန်းသုတေသနမှူးအဖြစ်မှ အငြိမ်းစားယူခရေ။ မြန်မာနိူင်ငံသမိုင်း သုတေသနဦးစီးဌာနမာ အကြံပီးပုဂ္ဂိုလ်အဖြစ်လည်းကောင်း ၊ မြန်မာနိူင်ငံစာပီနန့်စာနယ်ဇင်းအဖွဲ့ အမှုဆောင်အဖြစ်လည်းကောင်း၊ အမျိုးသားစာပီဆု ရွီးချယ်ရေးကော်မတီဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ခပြီး သုတေသနစာပီတိကို ရီးသားနီခပါရေ။[]

ရဟိခရေဆု အောင်မြင်မှုဆုတံဆိပ်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဒေါ်ကြန်စွာ သူမ၏ စာပီဘဝမာ သမိုင်းဆိုင်ရာ စာအုပ်တိနန့် ဂျာနယ်များစွာကို ရီးသားထုတ်ဝီခပြီးကေ စာပီဆုများစွာကို ရဟိခရေ။ သူမစွာ အမျိုးသားစာပီဆု (၅) ဆု၊ ၂၀၀၄ ခုနှစ်မာ ပခုက္ကူဦးအုံးဖေ တသက်တာစာပီဆု၊ ၂၀၀၆ ခုနှစ်မာ အနုပညာနယ်ပယ်၌ ထူးချွန်သော လုပ်ဆောင်မှုအတွက် ပထမအဆင့်တံဆိပ်၊ ထွန်းဖောင်ဒေးရှင်းစာပီဆု (၂၀၀၆)၊ ထူးချွန်အမျိုးသမီးဆု (၂၀၀၃၊ ၂၀၀၅၊ ၂၀၀၇) တိကို ရဟိခပြီး ၂၀၁၂ ခုနှစ်မာ သမ္မတပါးက “စည်သူ” ဘွဲ့ဖြင့် ဂုဏ်ပြုခြင်းခံခရရေ။

သူ့စာအုပ်ဖြစ်တေ “The Conditions of Burma (1885-1886)” စွာ ဗမာ့သမိုင်းသုတေသနကော်မရှင်တွင် သုတေသနအရာဟိ (အကြီးတန်း) အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၇၆ ခုနှစ်မာ အမျိုးသားစာပီဆု ချီးမြှင့်ခြင်းခံခရရေ။ ယင်းချင့်စွာ သူ၏ ကိုလိုနီခေတ်ဦးကာလဆိုင်ရာ သုတေသနလုပ်ငန်းတိထဲကမှ တစ်ခုဖြစ်တေ။ သူမစွာ ကုန်းဘောင်မင်းဆက်လက်အောက်ဟိ အခြီအနီတိကို အသေးစိတ် သုတေသနပြုခရေ။ ရှားပါးရေ ပီစာနန့် ပရပိုဒ်လက်ရီးမူတိကို ကိုးကားလို့ ပျောက်ဆုံးနီရေ အချက်အလက်တချို့နန့် အသစ်တွိဟိချက်တိကို စာအုပ်မာ ဖော်ပြထားရေ။

နိုင်ငံတော်၏ အခြီအနီကို စစ်ရီး၊ စီးပွားရီးနန့် လူမှုရီး ရှုထောင့်အမျိုးမျိုးမှ တင်ပြထားခြင်းစွာ အထူးထင်ရှားရေ။

“The Quest of History and Other Papers” စွာ ၂၀၀၂ ခုနှစ်မာ အမျိုးသားစာပီဆု ချီးမြှင့်ခြင်းခံခရရေ။ ဒေစာအုပ်တွင် သုတေသနဂျာနယ်တိနန့် မဂ္ဂဇင်းတိမာ ထုတ်ဝီခရေ သမိုင်းဆောင်းပါး ၅၀ ပါဝင်ရေ။ ဒေစာအုပ်၌ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်နန့် ဂျပန်ခေတ် မြန်မာ့သမိုင်းတိကို ဖော်ပြထားရေ။

“Administration of Chief Commissioner (1886-1897)” စွာ ၂၀၀၃ ခုနှစ်မာ အမျိုးသားစာပီဆု ချီးမြှင့်ခြင်းခံခရရေ။ ယင်းစာအုပ်စွာ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး အထက်မြန်မာပြည်တွင် ဗြိတိသျှရို့၏ အုပ်ချုပ်မှုအကြောင်းကို ဖော်ပြထားရေ။

“Village Administration Early Colonial Period (1886-1897)” စွာ ၂၀၀၅ ခုနှစ်မာ အမျိုးသားစာပီဆု ချီးမြှင့်ခြင်းခံခရရေ။ ဒေစာအုပ်စွာ ဗမာ့ရိုးရာနန့် ကျေးလက်ယိုင်ကျေးမှီငြမ်းပနာ ဖိနှိပ်ဖို့အတွက် ကျင့်သုံးခသော ကျေးရွာအုပ်ချုပ်ရီးစနစ် ယိုယွင်းပျက်စီးမှုတိကို မီးမောင်းထိုးပြထားရေ။ ယင်းချင့်အပြင် ကိုလိုနီခေတ်၏ ရုံးသုံးစာရီးဟန်နန့် ဝေါဟာရတိကိုလေ့ သူမက ဖော်ပြခရေ။

“Revenue in Konbaung Period” စွာ ၂၀၀၉ ခုနှစ်မာ အမျိုးသားစာပီဆု ချီးမြှင့်ခြင်းခံခရရေ။ ဒေစာအုပ်တွင် ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) မြန်မာ့ဘုရင်စနစ်အောက်ရှိ အခွန်တော်စနစ်ကို သူမက ဖော်ပြထားရေ။ ပြည်သူတိစွာ အစိုးရပါးကို အခွန်ဆောင်ရန် တာဝန်ဟိရေ။ အစိုးရရေ နိုင်ငံတော်နန့် လူမှုဘဝကောင်းမွန်ရီးအတွက် ထိုအခွန်တော်မှ ဘတ်ဂျက်ကို ခွဲဝီချထားပီးရေ။ မင်းတုန်းမင်းလက်ထက်မတိုင်ခင်က သင့်လျော်သော အခွန်ကောက်ခံမှုစနစ် မဟိခပါ။ ယကေလေ့ မင်းတုန်းမင်းလက်ထက်တွင် သဿမေဓအခွန်ကို မိတ်ဆက်ခရေ။ အိမ်ဆယ်အိမ်ကေ ကျပ် ၁၀၀ ကို သဿမေဓအခွန်အဖြစ် နှစ်စိုင်ပီးဆောင်ရန် လိုအပ်ရေ။ ယကေလေ့ အိမ်တိုင်းက တူညီရေ ပမာဏကို ပီးဆောင်ရန်မလိုဘဲ ချမ်းသာသူတိက ပိုပြီးကေ ပီးဆောင်ရရာ တစ်အိမ်လျှင် ပီးရဖို့ပမာဏကို ရွာသူကြီး သို့မဟုတ် ဆယ်အိမ်ဂေါင်းဆောင်တိက ဆုံးဖြတ်ရေ။ ဒေါ်ကြန်စွာ ဒေစာအုပ်တွင် ခေတ်အဆက်ဆက် အခွန်တော်ဆိုင်ရာ ဝေါဟာရတိကို ဖော်ထုတ်ပြသခရေ။

ဒေါ်ကြန်စွာ သူမမွီးဖွားရာ သံတွဲမြို့နယ်သမိုင်းလွဲပြီးကေ ရှီးအယင် ရက္ခိုင်ဘုရင့်နိုင်ငံတော်အကြောင်းကို သုတေသန အများကြီး မလုပ်ခပါ။ ရှီးဘုရင့်နိုင်ငံတော်သမိုင်းနန့်ပတ်သက်ပနာ ရက္ခိုင်လူမျိုးတချို့၏ အမြင်တိကို သူမက ဝေဖန်ခပြီးကေ ယင်းအကြောင်းကြောင့် ရက္ခိုင်လူမျိုးတချို့၏ ဝေဖန်ခြင်းကို ခံခရကြောင်း သူမက ပြောကြားခရေ။[]

ဆရာမကြီး၏ နှစ် ၁၀၀ ပြည့် မွီးနိအခါသမယတွင် ရန်ကုန်မြို့ရှိ စာပေဗိမာန်အဆောက်အအုံ၌ ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲဖြင့် ဂုဏ်ပြုခံခရေ။ မြန်မာ့သတင်းရုပ်မြင်သံကြား (MITV)က ထုတ်လွှင့်ခရေ အစီရင်ခံစာကို သူမ၏တူတော်သူမှ [you tube တွင် တင်ထားခရေ။][၁၀]

  1. http://bios.myanmar-institut.org/2020/06/02/daw-kyan-1918-2019-myanmar-historian/2020/
  2. မောင်မောင်ထွန်းအောင် (ကျန်းမာရေး) ရီးသားရေ အမျိုးသားစာပေဆုရ ရခိုင်စာဆိုတိ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါရေ။
  3. http://bios.myanmar-institut.org/2020/06/02/daw-kyan-1918-2019-myanmar-historian/2020/
  4. http://bios.myanmar-institut.org/2020/06/02/daw-kyan-1918-2019-myanmar-historian/2020/
  5. http://bios.myanmar-institut.org/2020/06/02/daw-kyan-1918-2019-myanmar-historian/2020/
  6. မောင်မောင်ထွန်းအောင် (ကျန်းမာရေး) ရီးသားရေ အမျိုးသားစာပေဆုရ ရခိုင်စာဆိုတိ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါရေ။
  7. http://bios.myanmar-institut.org/2020/06/02/daw-kyan-1918-2019-myanmar-historian/2020/
  8. မောင်မောင်ထွန်းအောင် (ကျန်းမာရေး) ရီးသားရေ အမျိုးသားစာပေဆုရ ရခိုင်စာဆိုတိ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါရေ။
  9. http://bios.myanmar-institut.org/2020/06/02/daw-kyan-1918-2019-myanmar-historian/2020/
  10. https://www.youtube.com/watch?v=7KqF1P6_KjY)။