မင်းဖလောင်း
အသွင်ပြင်
| မင်းဖလောင်း | |
| မွီးသက္ကရာဇ် | |
| နာမည်ရင်း | ချစ်နှောင်း |
| မိဖုရား | ရှင်လတ် |
| နာမည်ကွဲ | မင်းဖလောင်း(သီကွန်ဒါသျှာ) |
| ရခိုင်သက္ကရာဇ် နန်းတက် | 933 |
| ရခိုင်သက္ကရာဇ် နန်းကျ | 955 |
| ခရစ်နှစ် နန်းတက် | 1571 |
| ခရစ်နှစ် နန်းကျ | 1593 |
| အိမ်နိမ့် | 37 |
| နန်းစံ | 22 |
| အသက် | 59 |
| ဖခမည်းတော်၊မယ်တော် | မင်းဘာကြီး |
| ကိုးကွယ်ရေဘာသာ | ဗုဒ္ဓဘာသာ |
| ဆက်ခံခရေဘုရင် | စင်္ကြာဝတေး |
| ဆက်ခံရဖို့ဘုရင် | မင်းရာဇာကြီး |
| မင်းဆက် | ဒုတိယမြောက်ဦးမင်းဆက် |
မင်းဖလောင်း(သီကွန်ဒါသျှာ) (ရခိုင်သက္ကရာဇ် ၉၃၃-၉၅၅)(ခရစ်နှစ် ၁၅၇၁-၁၅၉၃)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။
မင်းစကြာလွန်လီကေ မင်းဘာဘုရင်၏သားတော်ငယ် ချစ်နှောင်းရေ မင်းဖလောင်းအမည်နန့် သက္ကရာဇ် (၉၃၃) ခုနှစ်တွင် ထီးနန်းကို ဆက်ခံခရေ။ အနောက်ဘင်္ဂါ(၁၂)မြို့၌ မငြိမ်မသက်ဖြစ်နီ၍ လား ရောက်နှိမ်နင်းခရရေ။ ဧမင်းရေ ဝရာဇ်တောင် စာတီ၊ သင်္ချပ်တော်စာတီ၊ ပါးမွီးတော်စာတီ၊ နလိပ်တော်စာတီနန့် ထုက္ကန်သိမ်ဘုရားတိ ကို တည်ထားကိုးကွယ်ခရေ။ နရာဓိပတိ ဦးရီးတော် သီရိသူရိယဟု စာတမ်းထိုးထားရေ ငွီဒင်္ဂါးတိကို ထုတ်ဝီသုံးစွဲခ ရေ။ နန်းစံ(၂၂)နှစ် သက္ကရာဇ် (၉၅၅)ခုတွင် နတ်ရွာစံရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-21)