Jump to content

မင်းသွေး

ဝီကီးပီးဒီးယား က
မင်းသွေး
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၂၁ ဇွန် ၁၉၈၆
နာမည်ရင်း နေမင်းအောင်
မိဘနာမည် ဦးအောင်သန်း၊ ဒေါ်သန်းမြိုင်
မွီးဖွားရာနီရာ တောထူရွာ၊ မာန်အောင်မြို့ရခိုင်ပြည်နယ်
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း B.Sc (IC) (Dagon University in 2006)
အလုပ်အကိုင် အဆိုတော်သရုပ်ဆောင်
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု သရုပ်ဆောင်
ထင်ယှားရေလက်ရာတိ
ရယှိခရေဆုတိ
လက်မှတ်
ကွန်ယက်

မင်းသွေး (ခေါ်) နေမင်းအောင် (၂၁ ဇွန် ၁၉၈၆–၃ အောက်တိုဘာ ၂၀၁၈) စွာ မြန်မာ ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်ရေပိုင် ရခိုင်အဆိုတော် တစ်ယောက်လည်း ဖြစ်ပါရေ။ ရခိုင်အမျိုးသား တစ်ယောက်ဖြစ်ပါရေ။ ရခိုင်ပြည်နယ် မာန်အောင်မြို့ တောထူရွာ ဇာတိဖြစ်တေ။

မင်းသွေး စွာ ၂၀၀၈ ခုနှစ်မာ ရုပ်ရုင် လောကသို့ စတင်ရောက်ဟိပါခရေ။

နီထိုင်မူဘဝ နန့် ပညာရီး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မင်းသွေးကို ၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်နိတွင် ဦးအောင်သန်း နန့် ဒေါ်သန်းမြိုင် ရို့က ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မာ မွီးဖွားပီးခပါရေ။ မွီးချင်းမောင်နှမ သုံးယောက်ဟိရေ။ ယင်းချင့်မှာ အစ်ကို ဇော်လင်းအောင်၊ အစ်ကို ရုပ်ရှင်သရုပ်ဆောင် နေတိုး၊ ညီမ စုမွန်အောင် ရို့ ဖြစ်ကတ်ရေ။ ၂၀၀၁ ခုနှစ်မာ BEHS(မာန်အောင်မြို့) မာ အထက်တန်းကျောင်းတက်ရောက်ခပြီးကေ ၂၀၀၆ ခုနှစ်တွင် ဒဂုံတက္ကသိုလ် မှ B.Sc (IC) ဘွဲ့ရဟိခရေ။

ရခိုင် မြန်မာ အဆိုတော် ဖော်ကာ၊ ညီမင်းခိုင်ရို့နဲ့လည်း ဂီတလှုပ်ရှားမှုတိကို မကြာမကြာ ပူးပေါင်းပြီးကေ လုပ်ဆောင်နီသူလည်း ဖြစ်ပါရေ။

သူဧ့ အနုပညာသက်တမ်းတစ်လျှောက် ဇာတ်ကားပေါင်း 200 ကျော် ပါဝင်သရုပ်ဆောင်ခပါရေ။

မင်းသွေးစွာ သရုပ်ဆောင်ပိုင်းတင်မက အဆိုပိုင်းတိမှာပါ ဝါသနာပါရေအတွက်နန့် ထိုးစစ် ဆိုရေ တကိုယ်တော် တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ်အတွင်းက ဖြန့်၀ီခပါရေ။

စင်ကာပူနိုင်ငံ က မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးကေ မကြာခင် အသက် ၃၃ နှစ်အရွယ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နိ ည ၁၁ နာရီ မိနစ် ၂၀ အချိန်တွင် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် နှလုံးဖောက်ခြင်းကြောင့် ဆီးရုံသို့ ပို့ဆောင်စွာမာ သတိလစ်လားပြီးကေ ကွယ်လွန်လားခပါရေ။

  • ကြောက်ကြောက်ကြောက်(၂၀၁၇)
  • မုန်းစွဲ(၂၀၁၈)
  • သတ်ကွင်း(၂၀၁၈)
  • မဟူရာရုပ်ရှင်ရုံ(၂၀၁၉)
  • နိုင်ငံကြီးသား(၂၀၁၉)
  • လေးပါးကျော့ရှိန်ဝရဇိန်(၂၀၁၉)
  • ထိုးစစ်(တကိုယ်တော်အယ်လဘမ်)
  • ပထမသုံး(ဂရုအယ်လဘမ်)

https://www.mmtimes.com/news/actor-min-thway-passes-away-age-33.htm

https://www.duwun.com.mm/article/mekui-akkyepaety-uite-ekakeza-id7355