မန်းဆာ
အသွင်ပြင်
| ကြယ်စုတန်း | |
| အတိုကောက် | Men |
|---|---|
| မူလ | Mensae |
| အသံထွက် | /ˈmɛnsə/ genitive: /ˈmɛnsiː/ |
| သင်္ကေတ | the Table Mountain |
| ညာဘက်တိမ်းစောင်းမှု | 03° 12′ 55.9008″ - 07° 36′ 51.5289″ |
| နိမ့်ဆင်းမှု | −71° - −85.5° |
| ကြယ်စုတန်း မိသားစု | La Caille |
| ဂယ်လက်တစ် ကွာဒရပ် | SQ1 |
| ဧရိယာ | 153 sq. deg. (75th) |
| ပင်မကြယ်တိ | 4 |
| Bayer/Flamsteed ကြယ်တိ | 16 |
| ပြင်ပဂြိုဟ်ပါဝင်သည့်ကြယ်တိ | 3 |
| ၃.၀၀m ထက်ပိုတောက်ပသည့်ကြယ်တိ | 0 |
| ၁၀.၀၀ pc (၃၂.၆၂ ly) အကွာမှကြယ်တိ | 0 |
| အတောက်ပဆုံးကြယ် | α Men (5.09m) |
| အနီးဆုံးကြယ် | α Mensae (33.10 ly, 10.15 pc) |
| Messier objects | 0 |
| ဥက္ကာခဲတိ | 0 |
| အနီးအနား ကြယ်စုတန်းတိ | ခမီးလီယန် ဒိုရဒို ဟိုက်ဒရပ် အောတန် ဗိုလန် |
| လတ္တီကျု +4° နှင့် −90° ကြားတွင် မြင်နိုင်ရေ ည ၉ နာရီ၌ အကောင်းဆုံးမြင်ရရေ လမှာ ဂျန်နဝါရီဖြစ်ရေ။ | |

မန်းဆာ တောင်ဝင်ရိုးစွန်းအနီး တောင်ဘက်ကောင်းကင်ဟိ ကြယ်စုတန်းတစ်ခုဖြစ်ရေ။ ပြင်သစ် နက္ခတ္တပညာသျှင် Nicolas-Louis de Lacaille ဆိုသူက ၁၈ ရာစုနှစ်တွင် ကြယ်စုတန်းတစ်ခုဖြစ်ရေ။ ယင်းကြယ်စုတန်းရေ ညဘက်ကောင်းကင်ယံတွင် အမေးမှိန်ဆုံးကြယ်စုတန်းတိထဲမှတစ်ခုဖြစ်ပြီး တောက်ပရေကြယ်တိ မဟိပေ။ အတောက်ပဆုံးကြယ် Alpha Mensae ကေမှ မြင်ရုံသာမြင်နိုင်ရေ။ ကြီးမားရေ မစ်ဂျစ်လန်နစ် တိမ်တိုက်ဧ့ အစိတ်အပိုင်းဖြစ်ပြီး ကြယ်အုပ်စုတိနန့် ကွေဆာတိဖြင့် ကြယ်စုတန်းဧရိယာအား ဖုံးလွှမ်းထားရေ။