မဟာပေသကာရသိက္ခာပုဒ်
၇-မဟာပေသကာရသိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၄၁။ ဘုန်းတော်ကြီးရေ မြတ်စွာဘုရားစွာ သာဝတ္ထိမြို့ အနာထပိဏ်သဌီး၏ အရံဖြိုက်ရေ ဇေတဝန်ကျောင်း၌ သီတင်းသုံးနီတော်မူရေအခါ ယောက်ျားတယောက်စွာ အရပ်တပါးသို့ ထွက်လားခါနီး၌ (မိမိ၏) ဇနီးအား "ချည်ကို ချိန်ပြီးကေ ဒေပိုင်သော ယိုင်စွာကို ပီးဗလင့်ာ့၊ သင်္ကန်းရက်ပနာ ထားလော့၊ ပြန်လာကေ အသျှင်ဥပနန္ဒကို သင်္ကန်းနန့် ဖုံးလွှမ်းအံ့"ဟု ဆို၏။
ဆွမ်းခံရဟန်းတပါးစွာ ထိုယောက်ျားပြောဆိုရေ စကားကို ကြားရေသာတည်း၊ ယင်းခါထိုရဟန်းစွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒပါးကို ချိုင်းကပ်ပနာ ၎င်းအား-
"ငါ့ရှင် ဥပနန္ဒ သင်ရေ ဘုန်းကြီးသူ ဖြိုက် လီရေ။ ဒေပိုင်သော အရပ်၌ အရပ်တပါးသို့လားခါနီးဖြိုက်ရေ ယောက်ျားတယောက်စွာ (မိမိ၏) ဇနီးအား "ချည်ကို ချိန်ပြီးကေ ဒေပိုင်သောယိုင်စွာကို ပီးဗလင့်ာ့၊ သင်္ကန်းရက်ပနာထားလော့၊ ပြန်လာကေ အသျှင်ဥပနန္ဒကို သင်္ကန်းနန့်ဖုံးလွှမ်းအံ့"ဟု ပြောပါရေဟု (ဆို၏)။
ရှိလီရေ ငါ့ရှင် ယင့်သူစော် ငါ့ကို လုပ်ကျွေးသူတည်းဟု (ပြောရေ)။
ထိုယိုင်စွာလည်း သာကီဝင်မင့်သား အသျှင်ဥပနန္ဒ၏ အလုပ်အကျွေးပင်တည်း၊ ယင်းခါသာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ ထိုယိုင်စွာပါးကို ချ ဉ်းကပ်ပနာ ၎င်းအား-
"ဒါယကာ ငါ့ကို ရည်ညွှန်းပနာ ဒေသင်္ကန်းကို ရက်အပ်၏၊ အလျားရှည်ရှည် အနံပြန့်ပြန့် အသားထထူပြုလော့၊ ကကောင်း ရက်အပ် ရှယ်အပ် နယ်နန့် ကန်အပ် ဖြီးအပ်စွာကိုလဲ့ ပြုလော့"ဟု ပြောဆို၏။
အသျှင်ဘုရား ယင့်သူရို့စွာ "ဒေချည်နန့် သင်္ကန်းကို ရက်လော့"ဟု ချည်ကို ချိန်ပြီးကေ အကျွန်ုပ် အားပီးကတ်ပါရေ၊ အလျားရှည်ရှည် အနံပြန့်ပြန့် အသားထထူ ပြုခြင်းငှါ မတတ်နှိုင်ပါ၊ အသျှင်ဘုရားကကောင်း ရက်အပ် ရှယ်အပ် နယ်နန့် ကန်အပ် ဖြီးအပ်စွာကို ပြုခြင်းငှါမူကား တတ်နှိုင်ပါရေဟု (လျှောက်၏)။
ဒါယကာ တိုက်တွန်းပါရေ၊ သင်ရေ အလျားရှည်ရှည် အနံပြန့်ပြန့် အသားထထူ ပြုလော့၊ ထိုချည်နန့် စပ်ရေ ဂရုတ်ဂယှုတ် ဖြိုက်လိ့မေ မဟုတ်ဟု (ပြောရေ)။
ယင်းခါ ထိုယိုင်စွာစွာ ဆောင်ယူလာတိုင်းသော ချည်ကို ရက်ကန်း၌ ထည့်သွင်းပနာထိုမိမပါးကို ချိုင်းကပ်ပြီးကေ ၎င်းအား-
"ချည်အလိုဟိပါရေ အသျှင်မ"ဟု ပြောရေ။
အမင်ာင် ငါစွာ သင့်ကို "ဒေချည်နန့် သင်္ကန်းကို ရက်လော့"ဟု ဆိုအပ်ရေ မဟုတ်လောဟု (ဆို၏)။
အသျှင်မ အငါ့ကို "ဒေချည်နန့် သင်္ကန်းကို ရက်လော့"ဟု သင် ဆိုအပ်ရီမာ မှန်ပါရေ၊ ယေကေလေ့သော အငါ့ကို အသျှင်ဥပနန္ဒက ဒါယကာ အလျားရှည်ရှည် အနံပြန့်ပြန့် အသားထထူပြုလော့၊ ထို ချည်နန့်စပ်ရေ ဂရုတ်ဂယှုတ်ဖြိုက်လိ့မေ မဟုတ်ဟု ဆိုပါရေဟု (ပြောရေ)။
ယင်းခါ ထိုမိမစွာ ပဌမပီးရား ချည်မျှလောက် နောက်ထပ် ချည်ကို ပီးဗလင့်၏၊ "ထိုယောက်ျားစွာအရပ် တပါးမှ ပြန်လာရာ"ဟု သာကီဝင်မင့်သား အသျှင်ဥပနန္ဒ ကြားလေသော် ထိုယောက်ျား၏အိမ်သို့ ချိုင်းကပ်ပနာ ခင်းထားအပ်ရေ နီရာမာ ထိုင်ရေ။
ယင်းခါ ထိုယောက်ျားစွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒပါးကို ချိုင်းကပ်ပနာ ယှိခိုးပြီးကေ တစ်ခုသောနီရာမာ ထိုင်ကာ (မိမိ၏) ဇနီးအား "ထိုသင်္ကန်းကို ရက်ပြီးရာလော"ဟု မေး၏။
အသျှင် ထိုသင်္ကန်းကို ရက်ပြီးပါရာဟု (ပြောရေ)။
ယူခလော့ အသျှင်ဥပနန္ဒကို သင်္ကန်းနန့် ဖုံးလွှမ်းအံ့ဟု (ပြောဆို၏)။ ယင်းခါ ထိုမိမစွာထိုသင်္ကန်းကို ဆောင်ယူခပနာ လင်ယောက်ျားအား ပီးပြီးကေ ဒေအကြောင်းကို ပြောကြား၏၊ ယင်းခါထိုယောက်ျားစွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒအား သင်္ကန်းကို လှူဒါန်းပြီးနောက် "ဒေသာကီဝင်မင့်သား ဘုရားအနွယ်တော်ဖြိုက်ရေ ရဟန်းရို့စွာ အလိုကြီးကတ်ကုန်၏၊ မရောင့်ရဲနှိုင်ကတ်ကုန်၊ ဒေရဟန်းရို့ကို သင်္ကန်းနန့် ဖုံးလွှမ်းခြင်းငှါ မလွယ်ကူ၊ အဇာကြောင့် အသျှင်ဥပနန္ဒစွာ ငါစွာ ရှီးကမဖိတ်ကြားအပ်ဘဲ ယိုင်စွာရို့ပါးကို ချိုင်းကပ်ပနာ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ဘိသနည်း"ဟု သရော်၏၊ ရှုတ်ချ၏၊ အပြစ်ပြပြောဆို၏။
ရဟန်းရို့စွာ သရော် ရှုတ်ချ အပြစ်ပြပြောဆိုရေ ထိုယောက်ျား၏ စကားကို ကြားကတ်ရေသာတည်း၊ အလိုနည်းသော ရဟန်းရို့စွာ "အဇာကြောင့် သာကီဝင်မင့်သား အသျှင်ဥပနန္ဒစွာ ရှီးကမဖိတ်ကြားအပ်ဘဲ ဒါယကာ၏ ယိုင်စွာရို့ပါးကို ချိုင်းကပ်ပနာ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ရောက်ဘိသနည်း"ဟု သရော်ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကတ်ကုန်၏။
ယင်းခါ ထိုရဟန်းရို့စွာ သာကီဝင်မင့်သား အသျှင်ဥပနန္ဒကို အများကြီးသော အကြောင်းနန့်သရော်ပြစ်တင်ကတ်ပြီးကေ မြတ်စွာဘုရားအား ဒေအကြောင်းကို လျှောက်ကတ်ကုန်၏။ပ။
"ဥပနန္ဒ သင်ရေ ရှီးက မဖိတ်ကြားအပ်ဘဲ ဒါယကာ၏ ယိုင်စွာရို့ပါးကို ချိုင်းကပ်ပနာသင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်၏ဟူစွာ မှန်သလော"ဟု စိစစ်မီးမြန်းတော်မူ၏။
မှန်ပါရေ မြတ်စွာဘုရားဟု (လျှောက်၏)။
ဥပနန္ဒ သင်နန့် အမျိုးတော်သလော၊ ဆွီမျိုးမတော်စပ်သလောဟု (မေးတော်မူရာ)။
ဆွီမျိုး မတော်စပ်ပါ မြတ်စွာဘုရားဟု (လျှောက်၏)။
(မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဆွီမျိုးမတော်စပ်သူစော် ဆွီမျိုးမတော်စပ်သူ၏သင့်တော်စွာကိုလိ့ကောင်း၊ မသင့်တော်စွာကိုလိ့ကောင်း၊ ရှိစွာကိုလိ့ကောင်း၊ မဟိစွာကိုလိ့ကောင်း မသိနှိုင်၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ယင်းပိုင်ဖြိုက်ကေေလည်း သင်ရေ ရှီးကမဖိတ်ကြားအပ်ဘဲ ဆွီမျိုးမတော်စပ်သော ဒါယကာ၏ ယိုင်စွာရို့ပါးကို ချိုင်းကပ်ပနာ သင်္ကန်း၌အထူးစီရင်ခြင်းသို့ ရောက်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြိုက်ရေ ယောက်ျား ဒေ (သင်ပြုမိသောအမှု) စွာ မကြည်ညိုသေးသော သူရို့အား ကြည်ညိုစီခြင်းငှါလိ့ကောင်း။ပ။
ရဟန်းရို့ ဒေပိုင်ဆိုကေ ဒေသိက္ခာပုဒ်တော်ကို ပြကတ်ကုန်လော့။
ပညတ်သိက္ခာပုဒ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၄၂။ "ရဟန်းကိုရာကေ ရည်ညွှန်းပနာ ဆွီမျိုးမတော်စပ်သော အိမ်ရှင်သော်လိ့ကောင်း ၊ အိမ်ရှင်မသော်လိ့ကောင်း ယိုင်စွာရို့ကို သင်္ကန်းရက်စီငြားအံ့၊ အကယ် ပနာ ထိုရဟန်းစွာ ရှီးက မဖိတ်ကြားအပ်ဘဲ ယိုင်စွာရို့ပါးကို ချိုင်းကပ်ပနာ 'ဒါယကာရို့ ဒေသင်္ကန်းစွာ ငါ့ကို ရည်ညွှန်းပနာ ရက်အပ်၏၊ အလျားရှည်ရှည် အနံပြန့်ပြန့် အသားထထူ ပြု ကတ်ဖိ၊ ကကောင်း ရက်အပ်ရှယ်အပ် နယ်နန့် ကန်အပ် ဖြီးအပ်စွာကိုလဲ့ ပြု ကြ ကုန်လော့၊ ငါရို့စွာ ဒါယကာရို့အားစိကေသျှေမျှ 'ပီးကမ်းဖွယ်ကို ပီးကမ်းနိုင်ကုန်ရာ၏'ဟု သင်္ကန်း၌ အထူးစီရင်ခြင်းသို့ရောက်ငြားအံ့၊ ထိုရဟန်းစွာ ဧပိုင် ဆိုပနာ စိကေသျှေမျှ 'ပီးကမ်းဖွယ်' ကို ပီးကမ်းငြားအံ့၊ အယုတ်အနိန်နန့် ဆွမ်းလှောက်ကို ကေလေ့ ပီးကမ်းငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏"ဧပိုင် (ပြကတ်ကုန်လော့ဟု မိန့်တော်မူ၏)
၇-မဟာပေသကာရသိက္ခာပုဒ် အဖွင့်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၆၄၃။ ရဟန်းကိုရာကေ ရည်ညွှန်းပနာဟူစွာ ရဟန်း၏ အလို့ငှါ ရဟန်းကို အာရုံပြုပနာ ရဟန်းကိုဖုံးလွှမ်းလိုတွက်နန့်။
ဆွီမျိုးမတော်စပ်သော ဆိုစွာ အမိဘက်မှသော်လိ့ကောင်း၊ အဖဘက်မှသော်လိ့ကောင်းခုနစ်ဆက်မြောက် ဘိုးဘေးအစုံထိတောင် မဆက်စပ်သော။
အိမ်ရှင် ဆိုစွာ အိမ်၌နီသူ ယောက်ျားတဦး လုံးချင်းတည်း။
အိမ်ရှင်မ ဆိုစွာ အိမ်၌နီသူ မိမတဦး လုံးချင်းတည်း။
ယိုင်စွာရို့ကိုဟူစွာ ရက်ကန်းအလုပ်သမားရို့ကို။
သင်္ကန်းဆိုစွာ ခြီာက်ထည်သော သင်္ကန်းရို့တွင် နောက်ဆုံး ဝိကပ္ပနာလောက်သော သင်္ကန်းတစ်မျိုးမျိုးတည်း။
ရက်စီငြားအံ့ဟူစွာ ရက်စီ၏။
အဂယင့်လို့ ထိုရဟန်းစွာ ဟူစွာ အကြင်ရဟန်းကို ရည်ညွှန်းပနာ သင်္ကန်းကို ရက်အပ်၏၊ ထိုရဟန်းစွာ ။
ရှီးက မဖိတ်ကြားအပ်ဘဲဟူစွာ "အသျှင်ဘုရား အသျှင်ဘုရားစွာ အဇာသို့ သဘောဟိရေသင်္ကန်းကို အလိုဟိပါသနည်း၊ အသျှင်ဘုရားအတွက် အဇာသို့ သဘောဟိရေ သင်္ကန်းကို ရက်စီရေအံ့နည်း"ဟု ရှီးက မလျှောက်အပ်ဘဲ။
ယိုင်စွာရို့ကို ချိုင်းကပ်ပနာဟူစွာ အိမ်သို့ လားပနာ တခုတစ်ရီသော အရပ်သို့ ချိုင်းကပ်ပနာ။
သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ငြားအံ့ဟူစွာ "ဒါယကာရို့ ဒေသင်္ကန်းစွာ ငါ့ကိုရည်ညွှန်းပနာ ရက်အပ်ပေ၏၊ အလျားရှည်ရှည် အနံပြန့်ပြန့် အသားထထူ ပြု ကတ်ဖိ၊ ကကောင်း ရက်အပ် ရှယ်အပ် နယ်နန့် ကန်အပ် ဖြီးအပ်စွာကိုလဲ့ ပြုကတ်ဖိ၊ ငါရို့စွာ ဒါယကာရို့အားစိကေသျှေမျှ 'ပီးကမ်းဖွယ်' ကို ပီးကမ်းနိုင်ကုန်ရာ၏"ဟု စီရင်ငြားအံ့။
ထိုရဟန်းစွာ ဧပိုင်ဆိုပနာ စိကေသျှေမျှ 'ပီးကမ်းဖွယ်' ကို ပီးကမ်းငြားအံ့၊ အယုတ်အနိန်နန့်ဆွမ်းလှောက်ကိုကေလေ့ ပီးကမ်းငြားအံ့ဟူရာမာ ဆွမ်း ဆိုစွာ ယာဂုစွာ လိ့ကောင်း၊ ထမင်းစွာ လိ့ကောင်း၊ ခဲဖွယ်စွာ လိ့ကောင်း၊ အမှုန့်ခဲစွာ လိ့ကောင်း၊ ဒန်ပူစွာလိ့ကောင်း၊ မြိတ်ဆာချိုင်ရေ လိ့ကောင်း အယုတ်အနိန်နန့် တရားကိုကေလေ့ ဟောအံ့၊ ထိုရဟန်း၏ စကားဖြင် အလျားရှည်ရှည် အနံပြန့်ပြန့် အသားထထူပြုအံ့၊ အားထုတ်မှု ပယောဂကြောင့်ဒုက္ကဋ်အာပတ်သင့်၏။ ရခြင်းကြောင့် စွန့်ခြင်း (ဝိနည်းကံ) ဟိ၏၊ သံဃာအားသော်လိ့ကောင်း ၊ ဂိုဏ်းအားသော်လိ့ကောင်း ၊ ပုဂ္ဂိုလ်အားသော်လိ့ကောင်း စွန့်ရဖို့။
ရဟန်းရို့ ဧပိုင် စွန့်ရဖို့။ပ။
"အသျှင်ဘုရားရို့ ဒေ အကျွန်ုပ်၏ သင်္ကန်းစွာ ရှီးက မဖိတ်ကြားအပ်ဘဲ ဆွီမျိုး မတော်စပ်သောဒါယကာ၏ ယိုင်စွာရို့ပါးကို ချိုင်းကပ်ပနာ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အနိန်နန့်စွန့်ခြင်း (ဝိနည်းကံ) ဟိပါရေ၊ အကျွန်ုပ်စွာ ဒေသင်္ကန်းကို သံဃာအား စွန့်ပါ၏"ဟု။ပ။ ပီးရာ၏ဟု။ပ။ ပီးကုန်ရာ၏ဟု။ပ။ အသျှင့်အား ပီးပါ၏ဟု (ပြန်ပီး ရဖို့)။
၆၄၄။ ဆွီမျိုးမတော်စပ်သူ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းဟိပြီးကေ ရှီးက မဖိတ်ကြားအပ်ဘဲအိမ်ရှင်၏ ယိုင်စွာရို့ပါးကို ချိုင်းကပ်ပနာ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏၊ ဆွီမျိုးမတော်စပ်သူ၌ ယုံမှားဟိပြီးကေ ရှီးက မဖိတ်ကြားအပ်ဘဲ ဒါယကာ၏ ယိုင်စွာရို့ပါးကို ချိုင်းကပ်ပနာ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ် သင့်၏။ ဆွီမျိုးမတော်စပ်သူ၌ အမျိုးတော်ရေလို့ ထင်မှတ်ခြင်းဟိပြီးကေ ရှီးက မဖိတ်ကြားအပ်ဘဲ ဒါယကာ၏ယိုင်စွာရို့ပါးကို ချိုင်းကပ်ပနာ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်အံ့၊ နိဿဂ္ဂိပါစိတ်အာပတ်သင့်၏။
အမျိုးတော်သူ၌ ဆွီမျိုးမတော်စပ်ဟု ထင်မှတ်ခြင်းရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အမျိုးတော်သူ၌ ယုံမှားရှိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ အမျိုးတော်သူ၌ အမျိုးတော်ရေလို့ထင်မှတ်ခြင်း ရှိအံ့၊ အာပတ် မသင့်။
၆၄၅။ အမျိုးတော်သူရို့အားလိ့ကောင်း၊ ဖိတ်ကြားအပ်သူရို့အားလိ့ကောင်း၊ အခြား သူ၏ အကျိုးငှါလိ့ကောင်း၊ မိမိ၏ ဥစ္စာနန့်လိ့ကောင်း ဝါကြီးတိစွာကို ရက်စီလိုသူအား ဝါကြီးနည်းစွာကို ရက်စီအံ့၊ အာပတ် မသင့်။ ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းအားအာပတ် မသင့်။
သတ္တမ မဟာပေသကာရ သိက္ခာပုဒ် ပြီး၏။