Jump to content

မဟာသမတရာဇာ

ဝီကီးပီးဒီးယား က
မဟာသမတရာဇာ
မွီးသက္ကရာဇ်
နာမည်ရင်း သတိုးအောင်
မိဖုရား စောမယ်ပို
နာမည်ကွဲ အဂ္ဂေါပုညာစောရာဇာ၊သမ္မတရာဇာ၊သတိုးအောင်(၂)
ရခိုင်သက္ကရာဇ် နန်းတက် 1144
ရခိုင်သက္ကရာဇ် နန်းကျ 1146
ခရစ်နှစ် နန်းတက် 1782
ခရစ်နှစ် နန်းကျ 1784
အိမ်နိမ့် 40
နန်းစံ 2
အသက် 42
ဖခမည်းတော်၊မယ်တော်
ကိုးကွယ်ရေဘာသာ ဗုဒ္ဓဘာသာ
ဆက်ခံခရေဘုရင် ဓမ္မရာဇ်ရာဇာမင်း
ဆက်ခံရဖို့ဘုရင် ရခိုင်မင်းဆက်ပြတ်
မင်းဆက် တတိယမြောက်ဦးမင်းဆက်

မဟာသမတရာဇာ/အဂ္ဂေါပုညာစောရာဇာ (ရခိုင်သက္ကရာဇ် ၁၁၄၂-၁၁၄၆)(ခရစ်နှစ် ၁၇၈၂-၁၇၈၄)ရေ ရခိုင်ဘုရင်တိ ကိုယ့်ထီးကိုယ့်နန်း အုပ်စိုးစိုင်ကာလက ရခိုင်ဘုရင်တစ်ပါးဖြစ်ပါရေ။

ဓမ္မရာဇ်ရာဇာမင်းလွန်လီကေ လက်ဝဲမြန်သတိုးအောင်ရေ မဟာသမတရာဇာအမည်ဖြင့် သက္ကရာဇ် ၁၁၄၄ ခုတွင် နန်းတက်ခရေ။ ထိုမင်းနန်းတက်ချိန်တွင် ရခိုင်ပြည်တောင်ပိုင်း၌ ဗိုလ်မင်းကျော်ထွေး အနောက်ပိုင်းတွင် ငသံဒွေ ခေါင်းဆောင်ရေ လူတစ်စု စရေဖြင့် အစုစုကွဲကာ ပုန်ကန်ထြွကနီကတ်ရေ။ တစ်တိုင်းပြည်လုံး စည်းလုံးညီညာမှုမဟိဘဲ သူတစ်လူ ငါတစ်မင်းဖြစ်နီကတ်ရေ။ ထိုသူပုန်တိကို သမတရာဇာရေ ဓားပိုင်ကြီးကျော်ပုံနန့်အတူ လား ရောက်နှိမ်နင်းရ ရေ။ သူပုန်တိ အရီးနိမ့်၍ ပြိုကွဲခရရေ။

သူပုန်တိကို အောင်မြင်ပြီးနောက် မဟာသမတရာဇာမင်းရေ အဂ္ဂေါပုညာ စောရာဇာအမည်ဖြင့် ဒုတိယအကြိမ် ဘိသိက်ခံလီရေ။ အနှိမ်နင်းခံရရေ သူပုန်ရို့ထဲမှ ငသံဒွေ၊ ငထွန်းစံ၊ ငပု၊ ဖောင်သာဟိ ရို့ရေ အရှေ့ပြည် ဘိုးတော်ဘုရားထံ ခိုဝင်ပြီး ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ပန်သဖြင့် ဘိုးတော်ဘုရားဧ့သားတော် ဥပရာဇာ အိမ်ရှေ့မင်းရေ လာရောက်ပြီး ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းပိုက်လီရေ၊ ယင်းချင့်ကြောင့် မြောက်ဦးမြို့ရေ ၁၁၄၆ ခု ပြာသိုလပြည့်ကျော် (၇)ရက် စနီနိတွင် မြန်မာရို့ဧ့လက်အောက်သို့ ကျရောက်လီရေ။ မဟာသမတရာဇာမင်းကို လက်ရဖမ်းမိပြီး အမရပူရနေပြည်တော်သို့ ယူဆောင်လား လီရေ။

မာရယုမင်း ဓညဝတီကို (ဘီစီ-၃၃၂၅)တွင် တည်ထောင်ခရေမှ မင်းဆက်မပြတ် ခေတ်အဆက်ဆက် အစဉ်တစိုက် အုပ်စိုးလာခကတ်ရာ မြောက်ဦးခေတ်နောက်ဆုံးမင်း မဟာသမတရာဇာထိ ရခိုင်မင်းဆက်ပေါင်း (၂၃၈)ဆက်နှစ်ပေါင်း (၄၄၅၁)နှစ် ကြာခရေ။[]

  1. ထွန်းရွှေခိုင်၊မြောက်ဦးမြို့နယ် ဖြစ်စဉ်သမိုင်း(p-28)