မာန်အောင်ကျွန်း
ရခိုင်ပြည်ဧ့ ဒုတိယအကြီးဆုံးကျွန်းမာ မာန်အောင်ကျွန်းဖြစ်ရေ။ အရှိက အနောက်သို့ ၂၂ မိုင်၊ မြောက်မှ တောင်သို့ ၁၈ မိုင်ဟိပြီး စတုရန်းမိုင် ၉၇.၈၄ ခန့် ကျယ်ဝန်းရေ။ ကျွန်းဧ့ တောင်ဘက်ရေ ကုန်းမြင့်ဖြစ်ကာ ပုလဲငူတောင် (၈၄၉ ပေ)၊ တောင်နီတောင် (၆၄၆ ပေ)ရို့ ထင်ရှားရေ။ တောင်နီတောင်ခြီမာ ရေနံလက်ယက်တွင်းတိ ဟိရေ။
အဓိကချောင်းမှာ ဟုန်းချောင်းဖြစ်ပြီး၊ ဟုန်းချောင်းဝတွင် မာန်အောင်မြို့ တည်ဟိရေ။ တစ်နှစ်လုံး ပျမ်းမျှမိုးရီချိန် လက်မ ၂ဝဝ ခန့်ဟိပြီး ပူအိုက်စွတ်စိုရေ။ ပင်လယ်ရီမျက်နှာပြင်ထက် ၆ ပေ မြင့်ရေ။ ကျွန်းတောင်ဘက်နန့် အနောက်ဘက်မာ ပြန့်ပြူးရေ ပင်လယ်ကမ်းခြီဟိရေ။ ကျွန်းရံတိမှာ ရဲကျွန်း၊ တိုက်ကျွန်းနန့် ဗီကန်မီးပြကျွန်းရို့ ဖြစ်ကတ်ရေ။ ရဲကျွန်းမှာ မာန်အောင်ကျွန်းဧ့ အရှေ့တောင်ဘက် ၄ မိုင်ဘက်အကွာမာ ဟိပြီး တောင်မြောက် ၆ မိုင်ခန့် ရှည်လျားရေ။ [၁]
မာန်အောင်ကျွန်း စွာ ရမ်းဗြဲကျွန်းဧ့ အနောက်တောင်ဘက်မာဟိရေ။ လတ္တီတွတ်၁၈°၄၀’နန့် ၁၈°၅၆’မြောက်အ ကြား နန့်လောင်ဂျီတွတ်၉၃°၃၁’နန့် ၉၃°၅၀’အရှိ၊ အတွင်းမာ ဟိကတ်ရေ။ အမြင့်ဆုံးတောင် ထိပ်စွာ၂၅၇မီတာ(၈၄၉ပေ)ဟိပြီးကေ။ အနောက်တောင်ဖက်ပိုင်းမာ ပုလဲငူတောင်ဖြစ်တေ။
ရွံ့နဂါးတောင်အစုအဝီးတခု ဖြစ်ပြီးကေ၊ လောင်ဂျီတွတ်၉၃°၃၉’၄၁”အရှိနန့် လတ္တီတွတ် ၁၈°၄၄’ ၅၆”မြောက်မာတည်ဟိရေ။ ရက္ခိုင်ကမ်းရိုးတန်းမာအကြီးဆုံးသော နဂါးတောင်အစုအဝီး တစ် ခုဖြစ်တေ။ ပေါက်ကွဲမှုအကြိမ်အရီအတွက်ကိုမှတ်တမ်းတိ စိသားကိုက်မဟိကေလေ့၊ကြိမ်ဖန်များစွာ ပေါက်ကွဲမှု ဖြိုက်ခပြီး ဖြစ်တေ။ ကျယ်ဝန်းရေ နဂါးတောင်အဝကို ထင်ယှားစွာတွိ့ရရေ။ ကျေပြန့် ရေ စက်ဝန်းပုံဟိ ရွံ့ဖုံးလွှာဧရိယာကို တွိ့ရရေ။
ရွံ့ဖုံးလွှာကို အနောက်ဘက်မာ၊ အဟိဖက် ပိုင်းထက်ကျေပြန့်စွာ တွိ့ရရေ။ ရွံ့ဖုံးလွှာ စွာအနောက်ဘက် နန့်အနောက်တောင်ဘက်ကို မီတာ ၁၀၀လှောက်အကွာအဝီးထိ ပြန့်ကျက်နိန်ရေ။လက်ဟိ အချိန်မာနဂါးတောင်အဝက ရွံ့တိစီးဆင်းလျှက်ဟိနီရေ။ နဂါးတောင်အဝက အနိမ့်ပိုင်းသို့ စီးဆင်းလှားရေ ရွံ့ရည်စီးကြောင်း (mud flow) တိကို ထင်ယှားစွာ မတွိ့ဟိပါ။ နဂါးတောင်အဝရေသိသာရေ အမြင့်တခု မာတည်ဟိ မနေခြင်းကြောင့်ဖြစ်တေ။ ယင့်ချင့်အပြင် ပေါက်ကွဲမှုပြင်းအားကြောင့် ရွိ့တိအမြင့်တခုသို့ မြင့်တက်လားပြီးကေ၊ ထွက်ဟိလာရေ ရွံ့တိ နန့်အတူ မြီနိမ့်ရာအရပ်သို့ ယပ်တောင်ပုံစီးဆင်းဖြန့်ကျက်လားကတ်ရေ။
ရွံ့ဖုံးလွှာဧရီယာဧ့ပုံအရ၊ ကျွန်းဧ့ အောင်ခံကျောက်အနိန်အထား ရီလွှာတွန့်ချိုင့်(syncline) ဖြစ်နီပုံရရေ။ နဂါးတောင်ဧ့ လုံးဝိုင်းမှုဟိနီခြင်း၊ နဂါးတောင်အဝအလယ် စွာချိုင့်ဝှမ်းဖြစ်နီ ခြင်းနန့် ဘေးပတ်ပတ်လယ်မာ ဟိန်းနီရေတောင်တန်းတိ ဟိနီမှု ရီလွှာတွန့်ချိုင့် (syncline) ဖြစ် နီမှီငြမ်းပနာ သက်သီပြနိူင်ရေ။
ကျွန်းဧ့ အလယ်မာရွံံ့နဂါးတောင် အစုအဝီးကို တွိ့ရရေ။ ရွံ့နဂါးတောင်ပေါက်ကွဲမှုကြောင့် ရီနွီးငွီ့တိ နန့် ဆာလဖါဓာတ်ငွီ့တိအပြင်၊ ရီနံနန့် မီသိန်းသဘာဝဓာတ်ငွီ့ ရို့လေ့ပါဝင်ရေ။ [၂]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မြောက်ဦးစစ်တမ်း -မောင်မောင်စိုး
- ↑ မျိုးမြင့်၊ဒေါက်တာ၊ ရခိုင်ကမ်းရိုးတန်းကိုလေ့လာခြင်း (Study of Arakan Coast) အပိုင်း(၁)