Jump to content

မာန်အောင်မြအေး

ဝီကီးပီးဒီးယား က

မာန်အောင်မြအေးကို အဖ - ဦးဘိုးလှဦး၊ အမိ-ဒေါ်ဒေါ်မြရို့မှ ၁၃၈၀ ခုနှစ် ပြာသိုလဆန်း (၉)ရက်နိတွင် မာန်အောင်မြို့၌ မွီးဖွားခရေ။ သားသမီး (၆)ဦးထဲက အကြီးဆုံးသားဖြစ်ပြီးကေ၊ နာမည်ရင်းမှ ဦးအာဖြစ်တေ။ ၁၉၅၀ ခုနှစ်မာ မာန်အောင်မြို့အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမိန်းပွဲကို အောင်မြင်ခရေ။ အလယ်တန်းကျောင်း၌ အလယ်တန်းပြဆြာအဖြစ် ဝင်ရောက်လုပ်ကိုင်ခရေ။

စာပီလက်ရာ မျက်နှာစာတိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

၁၉၆၀ ခုနှစ် စန္ဒာမဂ္ဂဇင်းမာ (မာန်အောင်သင်္ကြန် )ဆောင်းပါးဖြင့် စာပီနယ်သို့ စတင်ဝင်ရောက်ခရေ။ ၁၉၆၂ ခုနှစ် အလယ်တန်းကျောင်းအုပ်အဖြစ် ရာထူးတိုးမြှင့် ထမ်းဆောင်ခရေ။ ၁၉၇၆ ခုနှစ် မာန်အောင်မြို့နယ် ပြည်သူ့ ကောင်စီလုပ်ငန်းစစ်ဆီးရီးအဖွဲ့မာ အဖွဲ့ဝင်ဖြစ်ဆောင်ရွက်ခရေ။ . ၁၉၇၄ ခုနှစ်မှ စတင်ပနာ ရန်ကုန်မြို့မှ ထုတ်ဝီသော မဂ္ဂဇင်းတိ တွင် ရက္ခိုင်ယိုင်ကျေးမှုရီးရာဆောင်းပါးတိကို မာန်အောင်မြအေးနန့် မောင်တောက်ပြောင်ကလောင်နာမည်တိနန့် ရီးခရေ။ ၁၉၇၃ ခုနှစ်မာ ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်းတိ တည်ထောင်ရေ မာန်အောင်မြို့နယ်စာပီပြန့်ပွားရီးအသင်းမာ ဥက္ကဋ္ဌအဖြစ် လေ့ကောင်း၊ ၁၉၉၂-၉၃ ခုနှစ်မာ ဖွဲ့စည်းခရေ .မာန်အောင်မြို့နယ်   ယိုင်ကျေးမှုအဖွဲ့၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခရေ။ ငွေတာရီ၊ ရှုမဝ၊ စန္ဒာ၊ မိုးဝေ၊ သွေးသောက်၊ နွယ်နီ ၊ မဂ္ဂဇင်းနန့် ရက္ခိုင်ပြည်နယ်မှ ထုတ်ဝီရေ ရက္ခိုင်မဂ္ဂဇင်း၊ ရက္ခိုင် ပြည်နယ်စာစောင်၊ သန္တာမြေမဂ္ဂဇင်း (ကျောက်ဖြူ၊ ရမ္မာဝတီ မဂ္ဂဇင်း (ရမ်းဗြဲ)ရို့မာ ယိုင်ကျေးမှုရီးရာဆောင်းပါးတိ ရီးသားခရေ။ ၁၉၇၉ ခုနှစ်မာ မာန်အောင်မြို့မှ ထုတ်ဝီသော မေဃ၀တီ မဂ္ဂဇင်းမာ တာဝန်ခံစာတည်းအဖြစ် ထမ်းဆောင်ခရေ။ မေဃဝတီနန့် ရေထွက်ပစ္စည်းဆောင်းပါးပေါင်းချုပ် စာအုပ် ၂၀၀၆ ခုနှစ်၊ ဒီဇန်ဘာလတွင် ထုတ်ဝီပြီးဖြစ်တေ။ မြို့မရပ်ကွက်၌ နီထိုင်ကာစာပီတိ ရီးသားလျက်ဟိရေ။[]

  1. ရခိုင်မဂ္ဂဇင်း၊ အမှတ် ၂၉၊ ရန်ကုန်၊ လောကပါလပုံနှိပ်တိုက်၊ ၂၀၀၈။ စာ-၂၅-၆