မိုးကြိုးလွှဲစနစ်
အသွင်ပြင်
(မိုးကြိုးလွှဲစနစ်(Lightning Protection System) မှ ပြန်ညွှန်းထားရေ)

မိုးကြိုးလွှဲစနစ် (Lightning Protection System) ဆိုစွာမှာ အဆောက်အဦးတစ်ခုအား မိုးကြိုးပစ်ရေအခါတွင် ထိမှန်ခံရရေ အဆောက်အဦးအား ပျက်စီးမှုမဟိစီရန် ဖန်တီးတပ်ဆင်ထားရေ စနစ်တစ်ခုဖြစ်ရေ။ မိုးကြိုးလွှဲစနစ်ရေ ပြင်းထန်အားကြီးလွန်းရေ ဗို့အားမြင့် မိုးကြိုးလျှပ်စီးကြောင်းအား မြီပြင်ထဲသို့ ဘေကင်းစွာ ရောက်ဟိလားစီရန် ဖန်တီးပီးရေ။
မိုးကြိုးလွှဲစနစ်တစ်ခုတွင် ထိမှန်လာဖို့မိုးကြိုးဒဏ်ကို ခံနိုင်ရည်ဟိရန် ဒီဇိုင်းထုတ်ထားရေ မိုးကြိုးဖမ်းညှို့ရို့င် (Air Terminal) ၊ မိုးကြိုးလျှပ်စစ်စီးကြောင်းကို သယ်ယူရေ မိုးကြိုးသယ် လျှပ်ကူး (Conductor) ၊ မိုးကြိုးလျှပ်စီးကြောင်းကို မြီပြင်ထဲ ရောက်ဟိစီရန် မြီပြင်ထဲသို့ ထိုးစိုက်ဆက်သွယ်ထားရေ မြီစိုက်လျှပ်ငုတ် (Electrode) ရို့ ပါဝင်ရေ။