မုသာဝါဒဧ့ ဆိုးကျိုး
မုသာဝါဒဧ့ ဆိုးကျိုး
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]အယင်ဂခါက....ရွာတစ်ရွာမှာ
ကုန်သည်ဦးရောနဲ့ ဇနီးဖြစ်သးတေ ဒေါ်ကျစ်ရို့ နီထိုင်ကတ်ပါရေ။ သူရို့စော် အလှူဒါနလည်း မလုပ်ကတ် သီလလည်း မစောင့်ကတ် ဘာဝနာဆိုစာကတော့ခါ အဝီးမှာ။
ယင်းပိုင်နက်
တစ်ရက်မှာတော့ခါ…ကုန်သည်ဦးရောစော် ရောဂါတစ်ခုနဲ့ သီကျလားပနာ တောကြီးတစ်ခုမှာ ပြိတ္တာဘဝဖြစ်လားပါရေ။ ကုန်သည်ဦးရော မဟိရေနောက် ဦးရောဧ့ ဇနီးဖြစ်တေ ဒေါ်ကျစ်စော် နာမည်နဲ့ လိုက်အောင်ကိုပင် ငွေတိကို ကျစ်ကျစ်ပါအောင် စုထားပနာ ဇာသူ့ကိုမှ ပီးကမ်းမှုတိ မလုပ်ပါလတ်။ သူ့ဆွေမျိုး မိတ်ဆွေတိက အခက်အခဲဖြစ်လို့ အကူညီလာတောင်းကတ်ရေအခါ ဒေါ်ကျစ်က…တပျင်းစိတ်ညစ်ပြပါရေ။
အမိယေဟိုက်..
ငါ့ပိုင် လင်မဟိသားမဟိရေ မဆမကိုရာ နင်ရို့က အထင်ကြီးနီကတ်တေပါ့ယေ။ ငါ့မှာ… နင်တိက်ို ကူညီရလောက်အောင် မချမ်းသာပါဝေး။
ဇာပိုင်ပင် ဝါပနာပြောနီကေလဲသော... ဆွေမျိုးတိက မယုံကတ်ပါ။
အဓမ္မအကူညီတောင်းကတ်တေလတ်။
ယော်… ငါ့မှာ တစ်ခုလဲ မဟိလို့ပြောပြီးပါယာလေ။
ယင်းချင့်ကိုမှ နင်ရို့တိက မယုံကတ်ဆိုကေလဲ ငါ ကျိန်ပနာ ပြောပြဘာမေ။
ငါ့မှာ ရွှေငွေဥစ္စာ ဟိပါယက်နဲ့ မဟိပါဆိုပနာ ပြောမိခကေ... ဖြစ်လာရေဘဝမှာ ချီးကို စားရရေသူ ဖြစ်ရပါဇီ...
ကိုင်…ယုံကတ်ယာလား-?
ယင်းပိုင် ကျိန်ပနာ ဝါလို့ ပြောလိုက်တေအခါမှ အာလုံးသူ စိတ်လျော့ပနာ ပြန်လားခကတ်တေလတ်။
ဒေါ်ကျစ် စော် ယင်းပိုင်နက် ဝါပြောမိရေ မုသာဝါဒကံကြောင့်… ယင်းဘဝကနီပနာ သီလားရေအခါ
သူ့လင်သေ ပြိတ္တာကြီး ဦးရော ဟိရေ တောထဲမှာရာ ပြိတ္တာမ လားဖြစ်ရေလတ်။
ဒေါ်ကျစ် အနီနက် သူစားရရေ အနံ့ အရသာက မကောင်း။ အနံ့ အရသာဟိပါရေ စားစရာတိကို စားဖို့ဆိုပနာ လက်နဲ့ လှမ်းယူလိုက်စော်နက် ချီးပိုးလောက်ကောင်ချေတိနဲ့ ချီးဘုံကြီးဖြစ်လားရေလတ်။ ယင်းချီးဘုံကြီးကိုရာ ဒေါ်ကျစ်မှာ အားရပါးရ စားသောက်ရရေပါ့။
ကိုင်...
ချစ်ခင်ရပါရေ သူတော်ကောင်း မိတ်ဆွေတိ…
အေချင့်ကတော့ခါ…သီလ မစောင့်ထိန်းရေ မိသားစုဧ့ အဖြစ်အပျက်တစ်ခုဘာ။ တဝကိုမှ ကြောက်စရာကောင်းပါရေ။
ဘုရားရှင်ကလည်း…ငါးပါးသီလကို ခါးမှာဝတ်တေ ခယောက်ဝတ်စော်ပိုင် နောင်းနီအောင် ဝတ်ကတ်ပါလို့ ဆုံးမခပါရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မစိုးရိမ်မြင့်နိူင်/မြောက်ဦး