Jump to content

မေတ္တသုတ်

ဝီကီးပီးဒီးယား က

၁။ ယဿာနုဘာဝတော ယက္ဓာ၊ နေဝ ဒေဿေန္တိ ဘီသနံ။ယဉှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

၁။ မေတ္တသုတ်ပရိတ်တော်ဧ့ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းရို့စွာ ကြောက်ဖို့ကောင်းရေ အဆင်း အသံ အစဟိရေ အာရုံတိကို မပြဝံ့ မခြောက်ဝံ့ကက်ကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဉ့်အခါမှာဖြစ်စီ၊ နိန့်အခါမှာဖြစ်စီ၊ မပျင်းမရိ လုံ့လပြုပနာ ရွတ်ဖတ်ရေလူစွာ

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ဧဝမာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၂။ ချချမ်းသသာအိပ်ရရေ။ အိပ်ကေလေ့ မကောင်ရေ အိပ်မက်ကို တဖေ့ချေတောင်မမြင်မက်၊‌ ဒေပိုင် အစဟိရေ ဂုဏ်ကျေးဇူးတိနန့် ပြည့်စုံရေ မေတ္တာသုတ်ပရိတ်တော်ကို အို - သူတော်ကောင်းရို့ ငရို့ ရွတ်ဖတ်ကက်ပါမေ။

၃။ ကရဏီယ’ မတ္ထ ကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိ မာနီ။

၃။ လောကီ လောကုတ္တရာအကျိုးစီးပွားမှာ လိမ္မာရေလူစွာ ငြိမ်သက်အီးချမ်းရေ နိဗ္ဗာန်ကို အာရုံပြုပနာ ဒေဆိုလတ္တံ့ရေသူတော်ကောင်းနည်းလမ်းကို ကျင့်ကြံအားထုတ် ပြုလုပ်အပ်တေ။

၄။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။သန္တိန္ဒြိယော စ နိပကောစ၊ အပ္ပဂဗ္ဘော ကုလေသွ’ နနုဂိဒ္ဓေါ။

၄။ ၁- ကိုယ်နန့်အသက်ရို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ဖို့ စွမ်းနိုင်ရာ၏။ ၂- ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏။ ၃- စိတ်သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏။ ၄ - ဆိုဆုံးမလွယ်ရာ၏။ ၅- နူးညံ့သိမ်မွေ့ရာ၏။ ၆ - သူတစ်ပါးအပေါ် ထောင်လွှားရေ မာန်မာနမရှိရာ။ ၇ - ရောင့်ရဲလွယ်ရာ၏။ ၈ - မွေးမြူလွယ်ရာ၏။ ၉ - နည်းပါးရေ အမှုကိစ္စရှိရာ၏။ ၁၀- ပေါ့ပါးသော အသက်မွေးခြင်း ဟိရာ၏။ ၁၁ - ငြိမ်သက်သော ဣန္ဒြေဟိရာ၏။ ၁၂- အရာရာမှာ ခွဲခြမ်းစိတ်ဖြာ ရဲရင့်ရေ ဉာဏ်ပညာဟိရာ၏။ ၁၃ - ကိုယ်နှုတ်နှလုံးသုံးပါးလုံး ရုန့်ရင်းကြမ်းတမ်းမှု မဟိရာ။ ၁၄- ဒါယကာရို့အ‌ပေါ်မှာ တွယ်တာမက်မောမှု မဟိရာ။

၅။ န စ ခုဒ္ဒ’မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၅။ ပညာဟိရို့ ကဲ့ရဲ့ရှုတ်ချအပ်တေ မကောင်းမှုတစုံတခုကို တဖေ့ချမျှပင်လေ့ မပြုမလုပ်ရာ၊ ခပ်သိမ်းရေ သတ္တဝါရို့စွာ ကိုယ်ဧ့ချမ်းသာခြင်းနန့် ပြည့်စုံကက်ပါစီကုန်သတည်း၊ စိတ်ဧ့ ချမ်းသာခြင်းနန့် ပြည့်စုံကက်ပါစီကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မဟိကက်ပါစီကုန်သတည်း။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာဝ’ နဝသေသာ။ဒီဃာ ဝါ ယေဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၆။ အကြွင်းမဟိ အလုံးစုံ ထွက်သွက်ဝင်သက်ဟိရေ သတ္တဝါ၊ ထင်ရှားဟိရေ သတ္တဝါ၊ ထိတ်လန့်တတ်တေ သတ္တဝါ၊ တည်ကြည်ငြိမ်သက်တေ သတ္တဝါ၊ ရှည်ရေ သတ္တဝါ၊ တိုရေ သတ္တဝါ၊ ပုကွရေ သတ္တဝါ၊ မတိုမရှည်ရေ သတ္တဝါ၊ ကြီးရေ သတ္တဝါ၊ ငယ်ရေ သတ္တဝါ၊ မကြီးမငယ်ရေ သတ္တဝါ၊ ၀ရေ သတ္တဝါ၊ ပိန်ရေ သတ္တဝါ၊ မ၀မပိန်ရေ သတ္တဝါ။

၇။ ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

၇။ မျက်စိနန့်မြင်ကောင်းရေ သတ္တဝါ၊ မျက်စိနန့် မမြင်ကောင်းရေ သတ္တဝါ၊ အဝီးမှာနီသော သတ္တဝါ၊ အနီးမှာနီရေ သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးရေ သတ္တဝါ၊ ဖြစ်ဆဲတည်နီရေ သတ္တဝါ၊ ဒေအလုံးစုံသတ္တဝါတိစွာ ကိုယ်စိတ်နှစ်ပါး ချမ်းသာခြင်း ဟိကက်ပါစီကုန်သတည်း။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ နကိဉ္စိ။ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခ မိစ္ဆေယျ။

၈။ တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစီကေ့၊ အမှုကိစ္စတစုံတခုမှာ တစ်ယောက်က တစ်ယောက်ကို ညှဉ်းဆဲချုပ်ချယ်ရေ ကာယကံ ဝစီ ကံနန့်ဖြစ်စီ၊ခိုက်ရန်မျက်ပွား အငြိုးထားရေ စိတ်နန့်ဖြစ်စီ၊ တဖေ့ချေတောင်မှ မထီမဲ့မြင် မအောက်မိန့်ပါစီ‌ကေ့၊ အချင်းချင်းဧ့ ဆင်းရဲဒုက္ခကို အလိုမဟိပါစီကေ့။

၉။ မာတာ ယထာ နိယံ ပုတ္တ၊ မာယုသာ ဧကပုတ္တ’ မနုရက္ခေ။ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

၉။ အမိစွာ မိမိရင်သွီးဖြစ်တေ တစ်ဦးတည်းဖြစ်တေ သား‌သျှကို အသက်အတွက်ကြောင့် အဖန်တလဲလဲစောင့်ရှောက်ရေပိုင် ဒေနည်းအတူပင် ခပ်သိမ်းရေ သတ္တဝါတိမှာ အတိုင်းအရှည်မဟိရေမေတ္တာစိတ်ကို ပွားစီရာ၏။

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ဥဒ္ဓံ အဓော စ တိရီယဉ္စ၊ အသမ္ဗာဓံ အဝေရ’ မသပတ္တံ။

၁၀။ ကာမဘဝလို့ဆိုရေ အောက်လောကမှာဖြစ်စီ၊ ရူပဘဝလို့ဆိုရေ အလယ်လောကမှာဖြစ်စီ၊ အရူပဘဝလို့ဆိုရေ အထက်လောကမှာဖြစ်စီ၊ ဒေလောကသုံးပါးရို့မှာ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းလည်းမဟိ ကိုယ်တွင်းဘေးရန်လည်းမဟိ အပြင်ဘေးရန်လည်းမဟိ အတိုင်းမသိ ချစ်ခင်မြတ်နိုးရေ မေတ္တာစိတ်ကိုလေ့ ပွားစီရာ၏။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာ’ဿ ဝိတမိဒ္ဓေါ။ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု။

၁၁။ ရပ်နီစဉ်ပင်ဖြစ်စီ၊ လားနီစဉ်ပင်ဖြစ်စီ၊ ထိုင်နီစဉ်ပင်ဖြစ်စီ၊ လှဲလျောင်းနီစဉ်ပင်ဖြစ်စီ၊ မအိပ်မငိုက်သိရေ ကာလပတ်လုံး သာသနာတော်ကြီးမှာ မေတ္တာစိတ်နန့်ယှဉ်ပနာ နီထိုင်ခြင်းကို "မြတ်တေ နီထိုင်ခြင်း" လို့ မြတ်စွာဘုရားရို့ ဟောတော်မူကုန်၏။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ကာမေသု ဝိနေယျ ဂေဓံ၊ နဟိ ဇာတု’ဂ္ဂဗ္ဘသေယျ ပုန ရေတိ။

၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်ရေသူစွာ အမြင်ဖောက်ပြန် မိစ္ဆာဉာဏ်ပသို့ မကပ်မရောက်ရေအတွက်ကြောင့် လောကုတ္တရာသီလ ဟိသည်ဖြစ်ပနာ မဂ်ဉာဏ်အမြင်နန့် ပြည့်စုံပြီးကေ ဝတ္ထုကာမ ကိလေသာကာမတိမှာ တပ်မက်မောခြင်းကင်းရေအတွက်ကြောင့်‌ နောက်တစ်ခါ အမိဝမ်းတွင်း ပဋိသန္ဓေနီခြင်းပသို့ ဧကန်မရောက်ပါဗျာလ်။

မေတ္တသုတ္တံ နိဋ္ဌိတံ

မေတ္တသုတ် ပြီးပါဗျာလ်

မေတ္တသုတ် ရွတ်ဖတ်ရခြင်းဧ့ အကျိုး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ဟိသူရို့မှာ ဘီလူးသရဲစရေ မကောင်းဆိုးဝါးရို့ဧ့ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးတိ မတွေ့ကြုံရခြင်း၊ ချချမ်းသသာ အိပ်ရခြင်း၊ နိုးရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ်လက်နက် မစူးရှခြင်း၊ ရူးသွပ်တေ ဝေဒနာကင်းခြင်းမှစပနာ ဗြဟ္မာ့ဘုံရောက်ရေအထိ အကျိုးပေးနိုင်စွမ်းဟိပါ‌ရေ။