မေယုနယ်ခြားခရိုင်
မေယုနယ်ခြား ခရိုင် စွာ နယ်ခြားအုပ်ချုပ်ရီးဌာနမှ တိုက်ရိုက်အုပ်ချုပ်ရန် ပြဋ္ဌာန်းထားရေခရိုင်နယ်ဖြစ်တေ။ နယ်ခြားအုပ်ချုပ်ရီးကို နိုင်ငံအစိုးရက ပြဋ္ဌာန်းကြေညာပြီးကေ မေယုနယ်ခြားခရိုင်ကို လွှဲပြောင်းပီးခရေ။ ယကေလေ့ အကြောင်းကြောင်းရို့ကြောင့် လက်တွိအကောင်အထည် မဖော်နှိုင်ခပါ၊၊ ၁၉၆၁ ခုနှစ် မေလ ၃ဝ ရက်နိမာမှစပြီးကေ ထိရောက်တေ အုပ်ချုပ်ရီးကို ဆောင်ရွက်ခလီရေ။
တည်နီရာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မေယု နယ်ခြားခရိုင်စွာ အရှိပါကစ္စတန်နန့် မြန်မာနိုင်ငံ စပ်ကြားမာ တည်ဟိရေ။ နတ်မြစ်အားဖြင့် နယ်နိမိတ်သတ်မှတ်ထားဗျာယ်ဟိရေ။ မေယုနယ်ခြားခရိုင်စွာ အနောက်ဘက် လားသော် အရှိပါကစ္စတန်၊ အယှိဖက်လားသော် မယူမြစ်စိုင်တင်ချောင်းအားဖြင့် ပင်ဖြစ်ဖြစ်၊ တောင်ဘက်လားသော် ရခိုင်ကမ်းရိုးတန်း၊ ဘင်္ဂလားပင်လယ်အော်ရို့နန့် ပင်ဖြစ်ဖြစ် ပိုင်းခြားသတ်မှတ်ထားဧ့။ အယင်ရခိုင်တိုင်း စစ်တွေခရိုင်အထဲဟိ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နန့် ရသေ့တောင်အနောက်မြောက်မြို့နယ်များပါဝင်ရေ ဒေသဖြစ်တေ။ မယူတောင်တန်းကို ဗဟိုပြုပနာ မယူမြစ်နန့် နတ်မြစ်ကြားဟိ နီရာတိစွာ မေယုနယ်ခြားခရိုင်အထဲပါဝင်လီရေ။ မေယုနယ်ခြား ခရိုင်စွာ တောအထပ်ထပ်၊ တောင်အလျှိုလျှို၊ မြစ်ချောင်းအင်းအိုင်တိနန့် ရောယှက်ဝန်းရံကေလည်းဟိရေ ဒေသတခုဖြစ်၏။ မြောက်ဖက်မာ မြင့်ပနာ၊ တောင်ဘက်ကို ဆင်ခြီလျှော တဆတ်ဆတ် နိမ့်ဆင်းလားရေ။ စိုင်တင်တောင်နန့် မယူတောင်တန်းဆိုပနာ တောင်တန်းနှစ်ခုဟိပြီးးလျှင်၊ မယူမြစ်နန့် နတ်မြစ်လို့ဆိုရေ ထင်ရှားရေမြစ်နှစ်သွယ်ကလေ့ မြောက်ဘက်မှ တောင်ဘက်ကို စီးဆင်းလို့ရေ။
လူမှုပထဝီဝင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မေယုနယ်ခြား ခရိုင်မာ လူဦးရွီ ၄ သိန်းကျော် ၅ သိန်းနီးပါးဟိ၏။ များရေအားဖြင့် လယ်ယာစိုက်ပျိုးရီး လုပ်ငန်းနန့် တံငါလုပ်ငန်းတိနန့်သာ အသက်မွီးကတ်တေ။ လူများစု (၇၅ ရာခိုင်နှုန်းခန့်) မာ ဘင်္ဂါလီလူမျိုးဖြစ်ပနာ၊ ရခိုင်၊ ဒိုင်းနက်မြို၊ ခမွီး အစဟိရေတိုင်းရင်းသား လူမျိုးစုတိလေ့ နီထိုင်ဗျာယ်ဟိရေ။ ဘင်္ဂလီ ရို့စွာ အစ္စလာမ်အယူဝါဒီများဖြစ်၏။ ရခိုင်လူမျိုးတိကား ဗုဒ္ဓအယူ ဝါဒီများဖြစ်ပနာ၊ ကျန်လူမျိုးစုတိစွာ နတ်တိကို ကိုးကွယ် ဆည်းကပ်ကတ်လီရေ။ လောလောဆယ်အားဖြင့် မေယုနယ်ခြားခရိုင်ဌာနချုပ်ကို မောင်တောမြို့မာ ဖွင့်လှစ်ထားရေ။ ရခိုင်တပ်ပေါင်းစုမှူးစွာ မေယုနယ်ခြားခရိုင်ဧ့လုံခြုံရီး၊ ကာကွယ်ရီး၊ ငြိမ်းချမ်းရီး၊ တရားဥပဒေ စိုးမိုးရီးနန့် လူမှုဖွံ့ဖြိုးရီးရို့ကို ဆောင်ရွက်ဖို့အတွက် မေယုနယ်ခြား ခရိုင်အထူးအုပ်ချုပ်ရီး အရာဟိအဖြစ် အာဏာကုန် လွှဲအပ်ထားခြင်း ခံရရေ။ မေယုနယ်ခြားခရိုင်မာ အထူးအနိန်နန့် မောင်းတောမြို့၊ဘူးသီးတောင်မြို့များမာ အုပ်ချုပ်မှုဆိုင်ရေ အစိုးရရုံးများ မကန်မဝှန်ဟိရေ။ ထိုအပြင် အစိုးရစာသင်ကျောင်းတိ လည်းဟိရေ။
ရည်ရွယ်ချက်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မေယုနယ်ခြားခရိုင် ဖွဲ့စည်းရခြင်းဧ့ အဓိကရည်ရွယ်ချက်မာ တရားဥပဒေ စိုးမိုးရီးနန့် ရပ်ရွာအီးချမ်းရီးရို့ ဖြစ်၏။ လောလောဆယ်အားဖြင့် မေယုနယ်ခြားခရိုင် အုပ်ချုပ်ရီး အာဏာပိုင်ရို့စွာ အောက်ပါအချက်တိကို အဓိကထားပနာ ဆောင်ရွက်ဗျာယ်ဟိကတ်တေ။ ယင်းရို့မာ ဆူပူသောင်းကျန်းနိန်ရေ မူဂျာဟစ် သူပုန်တိအား ထိရောက်စွာ နှိမ်နင်းရန်၊ တရားဥပဒေ အပြင်ဖက်မှ နည်းအမျိုးမျိုးဖြင့် ဆိုးညစ်ကေလည်းဟိရေ စီးပွားရီး သူပုန်တိနန့် လာဘ်ပီး လာဘ်ယူ ကိစ္စများကို ထိရောက်စွာအရီးယူရန်၊ နယ်ခြားဒေသများမာ တွိကြုံရမြဲဖြစ်ရေ တရားဥပဒေမဲ့ ဝင်ရောက်လှာသူတိအား နိုင်နင်းစွာ ဟန့်တားပိတ်ပင်ရန်၊မေယုနယ်ခြား ခရိုင်မာ လူမျိုးရီးအားဖြင့် ဖြစ်စီ၊ အယူဝါဒရီးအားဖြင့် ဖြစ်စီ ခွဲခြားမှုမဟိဘဲ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူရီးကို အဓိကထားပနာ တရားမျှတစွာအုပ်ချုပ်လားဖို့၊ နိုင်ငံအစိုးရ၏ ချမှတ်ထားရေဝါဒဧ့အရ အိမ်နီးချင်းနိုင်ငံဖြစ်ရေ ပါကစ္စတန်အစိုးရနန့် ချစ်ကြီကေးနှီးမှုတိုးတက်ရန် ဇကုန် ဆောင်ရွက်ရန်၊ မေယုနယ်ခြားခရိုင်မာ တရားဥပဒေစိုးမိုးရီးနန့် လုံခြုံရီးတိုးတက်ကောင်းမွန် လာရေနန့်တတူ အထူးလိုအပ်ဗျာယ် ဟိရေ တိုးတက်ဖွံ့ဖြိုးရီး လုပ်ငန်းတိကို ဆက်ပနာ လုပ်ကိုင်လားဖို့၊ နယ်ခြားဒေသို့ လားရောက် အမှုထမ်းကတ်တေ အမှုထမ်းတိစွာ လလီးပပစ် ပြုပျင်လို့ အတတ်နိုင်ဆုံး သံတမန်စိတ်ဓာတ်ဖြင့် ဆောင်ရွက် လားဖို့၊ ပြည်ထောင်စု အစိုးရ ပို့ထားရေ အမှုထမ်းအရာထမ်းများ အားလုံးစွာ နယ်ခြားဒေသအုပ်ချုပ်ရီးဧ့ဦးဆောင်မှု အောက်မာ တစည်း တလုံးတည်း စုပေါင်းကတ်လို့ ပြဿနာ အရပ်ရပ်ကို ညီညာစွာ ရင်ဆိုင်ဖြေယှင်းလားဖို့ အစဟိစွာရို့ဖြစ်လီရေ။
ဖျက်သိမ်းခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မေယုနယ်ခြားခရိုင်ကို ဧပိုင် နယ်ခြားဒေသ အုပ်ချုပ်ရီးဌာနမှ တိုက်ရိုက်အုပ်ချုပ်လာခရာ၊ ဂုချိန်ခါမာ အခြီအနီများ တိုးတက် ကောင်းမွန်လာရေ။ ယင်းအတွက်နန့် မေယု နယ်ခြားခရိုင်ကို စစ်တွေခရိုင် ဓါတ်သို ပြန်ပနာ သွတ်သွင်းပြီးကေ ပြည်ထဲရီးဌာနဧ့ အုပ်ချုပ်မှုလက်အောက်ကို ပြန်ပနာထားဟိရန် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရီးအစိုးရ အဖွဲ့က ဆုံးဖြတ်ခဧ့။ မေယုနယ်ခြား ခရိုင်ကို နယ်ခြားဒေသ အုပ်ချုပ်ရီး လက်အောက်မှ ပြည်ထဲရီးဌာန လက်အောက်ကို ၁၉၆၄ ခုနှစ် ဖေဖဝါရီလ ၁ ရက်နိမာ လွှဲပြောင်းပီးခလီရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)