မောင်ကြင်နွယ်
| မောင်ကြင်နွယ် | |
| ကိုယ်ရီးအချက်အလက် | |
| မွီးသက္ကရာဇ် | ၁၉၄၀ |
| နာမည်ရင်း | |
| မိဘနာမည် | ဦးမောင်မြအောင်+ဒေါ်မရွှေဖြူ |
| မွီးဖွားရာနီရာ | ရခိုင်ပြည်နယ်၊မောင်တောမြို့၊ခံပြင်ရွာ |
| နိုင်ငံသား | မြန်မာနိုင်ငံ |
| လူမျိုး | ရခိုင် |
| ကိုးကွယ်ရေဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
| ပညာအရည်အချင်း | |
| အလုပ်အကိုင် | စာရီးဆရာ |
| အိမ်ထောင်ဖက် | |
| သားသမီး | |
| ထင်ပေါ်ကျော်ကြားမှု | စာရီးဆရာ |
| ထင်ယှားရေလက်ရာတိ | အမေ့ အိမ်၊အမေ့ရွာ,စမ်းရေစီးသံ |
| ရယှိခရေဆုတိ | အမျိုးသားစာပေဆု(ကဗျာပေါင်းချုပ်) (၂-ကြိမ်) |
| လက်မှတ် | |
| ကွန်ယက် | |
ရခိုင်အမျိုးသားစာဆိုတိအနက် အမျိုးသားစာပေဆုကို(၂)ကြိမ်တိုင်တိုင် ဆွတ်ခူးရဟိခရေ ထူးခြားရေ စာဆိုတစ်ဦးဖြစ်ပါရေ။ ရခိုင်ပြည်နယ်၊မောင်တောမြို့၊ခံပြင်ရွာ၌ အဖဦးမောင်မြအောင်၊ အမိဒေါ်မရွှေဖြူရို့မှ (၁၉၄၀)ပြည့်နှစ်တွင်ဖွားမြင်ခရေ။ အမည်ရင်းမှာ ဦးမောင်ညွန့်ဖြစ်ရေ။ ငယ်စဉ်ကမင်္ဂလာဒုံနန့် တောင်ငူ မြို့တိတွင် နီထိုင်ခရေ။
၁၉၅၉ခုနှစ် ကျောင်းသားဘဝကပင် ဟံသာဝတီသတင်းစာကျောင်းသား ကဏ္ဍ၌မောင်ကြင်နွယ် (ကေတု) နာမည်နန့် ကဗျာတိကိုစတင်ရီးသားပနာ စာပေနယ်သို့ဝင်ရောက်ခရေ။ ထို့နောက် နဝဒေး၊ပန်တော်ဝင် ၊ ကေသီပန်၊တိုင်းရင်းမေ၊မြဝတီ၊ငွေတာရီ၊ စစ်ပြန်၊ သပြေ၊ရှုမဝ၊ ပေဖူးလွှာ ၊ သွေးသောက် အစဟိရေ မဂ္ဂဇင်း တိတွင် ကဗျာနန့်ဝတ္ထုတိုတိ၊ ဆောင်းပါးတိ၊ အများကြီးကို ရီးသားခရေ။
“စမ်းရေစီးသံ”ကဗျာစာအုပ်နန့် ၁၉၈၀ပြည့်နှစ်တွင် အမျိုးသားစာပီဆုရရှိခပြီးကေ၊ ၁၉၉၀ ပြည့်နှစ်တွင် “အမေ့ အိမ်၊အမေ့ရွာ”ကဗျာပေါင်းချုပ်ဖြင့် အမျိုးသားစာပေဆု ထပ်မံရရှိခရေ။ ၁၉၆၁ခုနှစ်က စတင်ပနာ တပ်မတော် တွင် အမှုထမ်းဆောင်ခပြီးကေ ဗိုလ်ကြီးရာထူးဖြင့် အငြိမ်းစားယူလျက် စာပီတိ ဆက်လက်ရီးသားနီဆဲဖြစ်ရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ