Jump to content

မောင်တောမြို့နယ်

ဝီကီးပီးဒီးယား က
မောင်တောမြို့နယ်
​မောင်​တောခရိုင်အတွင်းတည်​နီရာ(အနီ)
​မောင်​တောခရိုင်အတွင်းတည်​နီရာ(အနီ)
မောင်တောမြို့နယ် is located in မြန်မာနိုင်ငံ
မောင်တောမြို့နယ်
မောင်တောမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နီရာပြမြေပုံ
Coordinates: 20°49′N 92°22′E / 20.817°N 92.367°E / 20.817; 92.367Coordinates: 20°49′N 92°22′E / 20.817°N 92.367°E / 20.817; 92.367
နိုင်ငံ မြန်မာနိုင်ငံ
မြန်မာနိုင်ငံဧ့ အုပ်ချုပ်ရီးနယ်မြေဒေသတိရခိုင်ပြည်နယ်
ခရိုင်မောင်တောခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့မောင်တောမြို့
Area
  Total၁၅၁၇.၅ km2 (၅၈၅.၉၂ sq mi)
Population
 (၂၀၁၄)[]
၃၈၁၉၉
Time zoneUTC+6.30 (မြန်မာစံတော်ချိန်)

မောင်တောမြို့နယ် ရေ မြန်မာနိုင်ငံရခိုင်ပြည်နယ်မောင်တောခရိုင်ဟိ မြို့နယ်တစ်ခု ဖြစ်ရေ။[] မောင်တောမြို့နယ်တွင် မောင်တောမြို့တောင်ပြိုလက်ဝဲမြို့ခမောင်းဆိပ်မြို့နန့်မြင်းလွှတ်မြို့တို့ ပါဝင်ပြီး မြို့နယ်ရုံးစိုက်ရာမြို့မှာ မောင်တောမြို့ ဖြစ်ရေ။

မောင်တောမြို့နယ်ဧ့ အရှေ့ဘက်တွင် ဘူးသီးတောင်မြို့နယ်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနန့်နတ်မြစ်၊ တောင်ဘက်တွင် ရသေ့တောင်မြို့နယ်နန့်ဘင်္ဂလားပင်လယ်အော်၊ မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတိနန့်ထိစပ်နီပါရေ။ မောင်တောမြို့နယ်ဧ့ အနောက်ဘက်နန့်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနန့်နတ်မြစ်ရီ မိုင် ၄၁ မိုင်၊ ကုန်းမိုင် ၄၂ မိုင် နဲ့ နယ်စပ်ထိစပ်လျက်ဟိပါရေ။ တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နန့် ကမ်းရိုးတမ်း ၂၅ မိုင် အရှည်တည်ဟိပြီးကေ ရသေ့တောင်မြို့နယ်နန့်ကုန်းမိုင် ၁၂ မိုင်ခန့်၊ အရှေ့ဘက်တွင် ဘူးသီးတောင်မြို့နယ်နန့်၆၃ မိုင်ခန့် ထိစပ်လျက်ဟိပါရေ။[]


မောင်တောမြို့နယ်ဧ့ ဧရိယာ အကျယ်အဝန်းမှာ ၅၈၅.၉၂ စတုရန်းမိုင် (၁,၅၁၇.၅ စတုရန်း ကီလိုမီတာ) ဖြစ်ပါရေ။[] မောင်တောမြို့နယ်ဧ့ အရှေ့ဘက်တွင် မေယုတောင်တန်း တည်ဟိပြီးကေ နတ်မြစ်ဧ့ ချောင်းလက်တက်တိရေ ယင်းမှ မြစ်ဖျားခံပနာအနောက်ဘက်သို့ စီးဆင်းပါရေ။

မောင်တောမြို့နယ်ရေ ပင်လယ်ရီမျက်နှာပြင်အထက် အမြင့် ပျမ်းမျှ ၁၀ ပေတွင် ဟိရေ။ အရှေ့ဘက်ဟိ မေယုတောင်တန်းဟိ အမြင့်ဆုံးတောင်ဖြစ်ရေ မင်္ဂလာကြီးတောင်မှာ ပင်လယ်ရီမျက်နှာပြင်အထက်ပေ ၁၀၀၀ ခန့်မြင့်ပါရေ။

မောင်တောမြို့နယ်ရေ ပူအိုက်စွတ်စိုသော ရာသီဥတုဟိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၈ ဒီဂရီစင်တီဂရိတ်နန့်အနိမ့်ဆုံးအပူချိန်မှာ ၉ ဒီဂရီစင်တီဂရိတ် ဖြစ်ရေ။[]

မောင်တောမြို့နယ်တွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းနန့်စိုက်ပျိုးရီးလုပ်ငန်း၊ ပုဇွန်မွေးမြူရီးလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ကတ်ရေ။

မောင်တောမြို့နယ်အတွင်းတွင် တက္ကသိုလ်၊ ကောလိပ် စရေ အဆင့်မြင့် ပညာရီးကျောင်းတိ မဟိပါ။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ စာရင်းတိအရ မောင်တောမြို့နယ်တွင် အထက်တန်းကျောင်း ၈ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၈ ကျောင်း၊ အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၉၅ ကျောင်း၊ မူလတန်းကျောင်း ၅၇ ကျောင်း နန့် မူလတန်းကြိုကျောင်း ၁ ကျောင်း တည်ဟိပါရေ။

မောင်တောမြို့နယ်တွင် ကုတင် ၅၀ ဆံ့ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံ၊ ၁၆ ကုတင်ဆံ့ တောင်ပြိုလက်ဝဲမြို့ဆေးရုံ နန့်၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ၃ ရုံ ဟိရေ။ မြို့နယ်အတွင်း ကျေးလက်ကျန်းမာရီးဌာန ၉ ခု၊ ကျေးလက်ကျန်းမာရီးဌာနခွဲ ၄၄ ခု တည်ဟိရေ။

{{Reflist| <ref name="gad">မောင်တောမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ (PDF). မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန. {{cite book}}: Cite has empty unknown parameter: |1= (help)

  1. သန်းခေါင်စာရင်း အစီရင်ခံစာ. ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ. Vol. အတွဲ-၂. နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန. မေ ၂၀၁၅. pp. ၆၀. {{cite book}}: Check date values in: |date= (help)
  2. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  3. 1 2 3 အထောက်အထား အမှား- Invalid <ref> tag; no text was provided for refs named "gad".