မောင်နှစ်သိမ့် (တောင်ကုတ်)
ငယ်ဘဝ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မောင်နှစ်သိမ့်ကို ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပေါက်အင်းကျေးရွာ၌ (အဖ) ဦးစိန်အောင်၊ (အမိ) ဒေါ်မိတေးရို့မှ ၁၉၄၉ ခုနှစ်၊ ဧပြီလ (၃)ရက်နိတွင် ဖွားမြင်ရေ။ နာမည်ရင်းမှာ ဦးညီမောင် ဖြစ်ပြီးကေ မွီးချင်းခုနှစ်ယောက်တွင် ဆဋ္ဌမမြောက်ဖြစ်တေ။ ရွာတွင် မူလတန်းကျောင်းမဟိလို့ ခက်ခဲစွာ ပညာသင်ကြားခရရေ။ ရမ်းဗြဲမြို့ ရွှေတုံးမူလတန်းကျောင်းမှ စတုတ္ထတန်း အောင်ရေ။ H.S.F (တန်းမြင့်ကျောင်းထွက်) စာမိန်းပွဲကို ရမ်းဗြဲမြို့၊ အစိုးရအတန်းကျောင်းမှ အောင်ခရေ။ ၁၀ တန်းကို တောင်ကုတ်မြို့ အစိုးရအထက်တန်းကျောင်းမှ ၁၉၆၉ ခုနှစ်မာ အောင်မြင်ပြီး မြန်မာ့သစ်လုပ်ငန်း (သစ်ထုတ်လုပ်ရီးဌာန)သို့ ဝင်ရောက်ခရေ။
စာပီနယ်သို့ ခြီဆန့်ခြင်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁၉၆၉ ခုနှစ်၊ မေလထုတ် စန္ဒာမဂ္ဂဇင်းတွင် “မလိုတမာ” ကဗျာ၊ ဂျုန်လထုတ် ငွေတာရီမဂ္ဂဇင်းမာ “ရွာပါသွန်းပါနံ့သာမိုး" ကဗျာရို့နန့် စာပီလာကသို့ စရောက်ခရေ။ ကလောင်နာမည်မာ ရမ္မာတင်မောင်ခိုင်ဖြစ်တေ။ ၁၉၇၁ နောက်ပိုင်းမာ မောင်နှစ်သိမ့် (တောင်ကုတ်)ဆိုရေ နာမည်ကို အစိုင်တစိုက် သုံးခရေ။
ဆရာ့လက်ရာ မဂ္ဂဇင်းစာမျက်နှာများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ဒေသထုတ် မဂ္ဂဇင်းတိအနိန်နန့် ရက္ခိုင်တန်ဆောင်မဂ္ဂဇင်း၊ ရက္ခိုင်မဂ္ဂဇင်း၊ ရက္ခိုင်ယိုင်ကျေးမှုမဂ္ဂဇင်း၊ မဟာကံပိုင်ရာပြည့်မဂ္ဂဇင်း၊ ဒွါရာဝတီမဂ္ဂဇင်း၊ ပေါက်တောရွှေမြေမဂ္ဂဇင်း၊ ရိုးမလှိုင်း (တောင်ကုတ်)မဂ္ဂဇင်းတိတွင် ကဗျာတိ၊ ဆောင်းပါးတိ ရီးသားဖူးရေ။ ယုဝတီဂျာနယ်၊ အောင်မြင်ရေးမဂ္ဂဇင်း၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်တေးကဗျာ၊ ရွက်နုဝေ၊ ရတနာသစ်၊ စိမ်းရောင်လွင်၊ မြရည်သီတာ၊ အပျိုမေ၊ ဖြစ်ရပ်မှန်မှုခင်း၊ မှုခင်းစုံ၊ ပေါ်ပြူလာ၊ ဖတ်စရာ၊ ကလျာ၊ နွယ်နီ၊ သောကြာ၊ မြဝတီ၊ နိုင်ငံ့ဂုဏ်ရည်၊ ရွှေအမြုတေ အစဟိရေ မဂ္ဂဇင်းတိမာ ကဗျာ၊ ဆောင်းပါး၊ တမျက်နှာဝထုတို၊ ဝေဖန်ရီး စစွာတိ ရီးသားခရေ။ နီခြည်သစ်၊ အချစ်ဆုံးသို့ ရင်ဖွင့်လွှာ၊ သမုဒယ ဝေဒနာခံစားမှုကဗျာတိ၊ မိုးကြိုပန်းကဗျာတိစရေ ကဗျာ စာအုပ်တိမာ ပါဝင်ရီးသားဖူးရေ။
နီရပ်လိပ်စာ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရီးဌာန၊ သံတွဲသစ်ထုတ်လုပ်ရီးဒေသရုံးတွင် တာဝန်ထမ်းဆောင်လျက်ဟိရာ အမှတ်-၂၁၅၊ ဆေးရိုးတန်းလမ်း၊ ကံပိုင်ရပ်ကွက်၊ တောင်ကုတ်မြို့တွင် နီထိုင်ရေ။ စာပီနန့် စာနယ်ဇင်းအဖွဲ့ဝင်အမှတ်မှာ ၆၀၉၃ ဖြစ်ပါရေ။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ရခိုင်မဂ္ဂဇင်း အမှတ် ၂၉၊ ၂၀၀၈၊ လောကပါလပုံနှိပ်တိုက်၊ ရန်ကုန်၊ စာ- ၂၅