Jump to content

မောင်ပေါ်ထွန်း

ဝီကီးပီးဒီးယား က
မောင်ပေါ်ထွန်း
မောင်ပေါ်ထွန်း
ကိုယ်ရီးအချက်အလက်
မွီးသက္ကရာဇ် ၁၄ မေ ၁၉၃၅ ခုနှစ်
နာမည်ရင်း ဦးခင်မောင်စိုး
မိဘနာမည် အဖ ပန်းချီ၊ပန်းပု လက်သမား ဆရာကြီး ဦးမောင်ပု၊ အမိ ဒေါ်အေး
မွီးဖွားရာနီရာ မာန်အောင်မြို့နယ်၊ ရေမျက်ဝရွာ
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး ရခိုင်
ကိုးကွယ်ရေဘာသာ ထေရဝါဒ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း လုပ်သားတိကောလိပ်မှ ဝိဇ္ဇာ (သမိုင်းဘွဲ့)၊ ၁၉၇၃ခုနှစ်
အလုပ်အကိုင် စာရီးဆရာ
အိမ်ထောင်ဖက်
သားသမီး
ထင်ပေါ်ကျော်ကြားမှု စာရီးဆရာ
ထင်ယှားရေလက်ရာတိ ကန္တာရ စမ်းရေအိုင်၊ မောင့်ဘက်တန်နှင့် အိန္ဒိယ လွတ်လပ်ရေး တိုက်ပွဲ၊ ကမ္ဘာ့ရန်၊ အကြီးအကဲ စရေ စာအုပ်များ
ရယှိခရေဆုတိ ဘာသာပြန် အမျိုးသားစာပီဆု(၁၉၉၇)၊ ဒုတိယအကြိမ် အမျိုးသားစာပီဆု (၂၀၀၆)၊ အမျိုးသားတစ်သက်တာစာပီဆု(၂၀၁၄)
လက်မှတ်
ကွန်ယက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မာန်အောင်မြို့နယ် ရေမျက်ဝရွာတွင် အဖ ပန်းချီ၊ပန်းပု လက်သမား ဆရာ ကြီး ဦးမောင်ပု၊ အမိ ဒေါ်အေး ရို့မှ ၁၉၃၅ ခုနှစ်၊ မေလ ၁၄ ရက်နိတွင် မွီးဖွားခရေ။ ဝချေတန်း ပညာကို ဇာတိရပ်ရွာ ဘုန်းတော်ကြီး ကျောင်းနန့် အထက်တန်း ကျောင်းရို့မာ သင်ကြားခရေ။ ၁၅ နှစ် သားတွင် ရန်ကုန်မြို့သို့ ရောက်လာပြီးကေ အလွတ်ပညာကျောင်းတက်ရေ။ လှကော်မာရှယ်ကောလိပ်မှ မြန်မာ လက် ရေးတို ပထမဆု ရခရေ။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန် စာပီအသင်း (စာပီဗိမာန်) အဖွဲ့မာ လက်နှိပ်စက် လက်ရေးတိုစာရေးအဖြစ် စတင်အမှုထမ်းခရေ။ ၁၉၆၇-၆၈ခုနှစ်တွင် အခြေခံ ပညာအထက်တန်း စာမေးပွဲကို အင်္ဂလိပ် ဂုဏ်ထူးနန့် အောင်မြင်ရေ။ သတင်းစာပညာ အတတ်သင်ကျောင်း အပတ်စဉ်(၁)တွင် ပထမဆု ရဟိရေ။ ၁၉၇၃ခုနှစ်တွင် လုပ်သားတိကောလိပ်မှ ဝိဇ္ဇာ (သမိုင်းဘွဲ့) ရရေ။ ၁၉၇၈ ခုနှစ်တွင် စာပီဗိမာန် စာအုပ်အသင်း ကြီးကြပ်ရေးမှူး အဖြစ်မှ အငြိမ်းစား ယူခရေ။

၁၉၅၈ ခုနှစ်တွင် စာပန်းချီမဂ္ဂဇင်း၌ ခုနစ်နှစ်အရွယ် သမီးငယ် (Seven Year Old Girls) ရုရှားပုံပြင် ဘာ သာပြန်နန့် စာပီလောကသို့ စတင်ဝင်ရောက်ခရေ။ မဂ္ဂဇင်း၊ ဂျာနယ်တိတွင် ဘာသာပြန်ဝတ္ထု၊ ဆောင်း ပါးတိ ကွက်ကြား ကွက်ကြား ရီးသားခရေ။ စာအုပ်လောက စာစောင်၊ ပန်မဂ္ဂဇင်း၊ ချယ်ရီမဂ္ဂဇင်း နန့် စီးပွားရေး မဂ္ဂဇင်းတိမှာ အယ်ဒီတာ၊ အယ်ဒီတာချုပ်နန့် အတိုင်ပင်ခံ အယ်ဒီတာ အဖြစ် လုပ်ကိုင်ခရေ။

စာအုပ်ဟူသည် စာအုပ်ကို မောင်ဆုရှင်နန့် လည်းကောင်း၊ စာနယ်ဇင်း ဟူသည် စာအုပ်ကို မောင်ဆုရှင်၊ သိန်းတင် (ဟံသာဝတီ) ရို့နန့်လည်းကောင်း တွဲဖက်ရီးသား ထုတ်ဝီခရေ။

နိုင်းမြစ်ဝှမ်းမှ တော်လှန်ရေး၊ ကျွန်မချစ်တဲ့ဆူကာနို၊ ပင်တဂွန်၊ ယက်ဖ်တူရှင်ကို၊ မောင့်ဘက်တန်နှင့် အိန္ဒိယ လွတ်လပ်ရေး တိုက်ပွဲ၊ ကမ္ဘာ့ရန်၊ အကြီးအကဲ၊ ကျေရာကျေကြောင်း၊ ငွေရှာနည်း ငွေသုံးနည်း၊ စံပြအရောင်း သမား၊ ဟားဗတ်စီးပွားရေး တက္ကသိုလ်မှာ မသင်ခဲ့ရသမျှ၊ စံပြ ခေါင်းဆောင်မှု၊ ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွား ရေး၊ မဟာဒီလှိုင်း၊ အောက်စဖို့ တက္ကသိုလ်သုံး အင်္ဂလိပ် သဒ္ဒါကျမ်း၊ ခေတ်သစ်ရောင်းဝယ်ရေး ဗျူဟာ၊ ကန္တာ ရစမ်းရေအိုင် စရေ ဘာသာပြန်လုံးချင်း စာအုပ်ပေါင်း ၅ဝ ခန့် ပြန်ဆို ထုတ်ဝီခပြီး ဖြစ်ရေ။ နာမည်ရင်းမှာ ဦးခင်မောင်စိုးဖြစ်ရေ။ ရန်ကုန်တိုင်း၊ ၃၄၉၊ တောင်ဥက္ကလာပမြို့နယ်၊ (၁ဝ)ရပ်ကွက်တွင် နီထိုင်ခပါရေ။

၁၉၉၇ ခုနှစ်မာ ဘာသာပြန် အမျိုးသားစာပီဆုကို ကန္တာရစမ်းရေအိုင်စာအုပ်ဖြင့် ရဟိခပြီး ၂၀၀၆ ခုနှစ်မာ ကံကြမ္မာ အကျဥ်းသားဘာသာပြန်စာအုပ်နန့် ဒုတိယအကြိမ် အမျိုးသားစာပီဆု ရဟိခပါရေ။၂၀၁၄ ခုနှစ်မာ အမျိုးသားတစ်သက်တာစာပီဆုကို ရဟိခပါရေ။

မောင်ပေါ်ထွန်း ရီးသားပြုစုခရေ စာအုပ်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
  1. ကန္တာရ စမ်းရေအိုင်
  2. ကမ္ဘာ့ရန်
  3. ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး
  4. ကျားဘမ်း သူဌေးကြီး၏ စီးပွားရေး စွန့်စားခန်းများ
  5. ကျေရာကျေကြောင်း
  6. ကျွန်မချစ်တဲ့ ဆူကာနို
  7. ခေတ်သစ် ရောင်းဝယ်ရေးဗျူဟာ
  8. ငွေရှာနည်း ငွေသုံးနည်း
  9. စာနယ်ဇင်းဟူသည်
  10. စာအုပ်ဟူသည်
  11. စီးပွားရေး လုပ်ငန်းခေါင်းဆောင်တို့ လမ်းစဉ်
  12. စီးပွားရေး လုပ်ငန်းဆက်ဆံရေး ကျင့်ဝတ်များ
  13. စံပြ ခေါင်းဆောင်မှု
  14. စံပြ အရောင်းသမား
  15. နိုင်းမြစ်ဝှမ်းမှ တော်လှန်ရေး
  16. ပီဒိုချီယို၏ စွန့်စားခန်းများ
  17. ပင်တဂွန်
  18. မဟာဒီလှိုင်း
  19. မာယာ
  20. မောင့်ဘက်တန်နှင့် အိန္ဒိယ လွတ်လပ်ရေး တိုက်ပွဲ
  21. ယက်ဖ်တူရှင်ကို
  22. လုပ်ငန်းအောင်မြင်ခြင်း လျှို့ဝှက်ချက်များ
  23. ဟားဗတ်စီးပွားရေး တက္ကသိုလ်တွင် မသင်ခဲ့ရသမျှ
  24. အကြီးအကဲ
  25. အဆင့်မြင့် အောင်မြင်သူတို့၏ အလေ့အထများ
  26. အမြန်ဆုံး သူဌေးဖြစ်နည်း
  27. အောက်စဖို့ တက္ကသိုလ်သုံး အင်္ဂလိပ်စာ သဒ္ဒါကျမ်း

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၃ ရက် မိုးထဖက် ၉ နာရီ ၄၅မိနစ်တွင် လူကြီးရောဂါနန့် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ဟိ သူ၏နေအိမ်၌ ကွယ်လွန်ခပါရေ။

'နှစ်ဆယ် ရာစု မြန်မာစာရေးဆရာများနှင့် စာစုစာရင်း'၊(ပညာရွှေတောင် စာအုပ်တိုက်)၂ဝဝ၃ ခုနှစ်၊ ဧပြီလ(ပထမ အကြိမ်)