Jump to content

မောရသုတ်

ဝီကီးပီးဒီးယား က

မောရသုတ်တော်မှာ ဇာတကပါဠိတော်၊ ဒုကနိပါတ်၊ မောရဇာတက ကလာရေ ဘုရားအလောင်းတော် ရွှီဥဒေါင်းမင်းဘဝက ရွတ်ဆိုပူဇော်ခရေ ဘုရားဂုဏ်တော်၊ သစ္စာလေးပါးဂုဏ်တိနန့် ရဟန္တာဂုဏ်တော်ရို့ကို ချီးကျူးကော်ရော်ပူဇော်ရေ ဂါထာဖြစ်ပါရေ။ ဘုရားအလောင်းရွှီဥဒေါင်းမင်းစွာ ဒေဂါထာကို နီထွက်နီဝင် နိန့်စဉ်ရွတ်ဖတ်ပူဇော်ကက်ရာ လာရောက်ဖမ်းယူဖို့ ကြိုးစားခရေ မုဆိုးတိ မျိုးဆက် (၇) ဆက်တိုင်တိုင် ရွှီဥဒေါင်းမင်းကို ဖမ်းယူနိုင်ခြင်း မဟိခပါ။ ယင်းပိုင် ဘုရားအလောင်းတော်ရွှီဥဒေါင်းမင်း ဒေဂါထာတော်ကို ရွတ်ဖတ်ပူဇော်ရေအတွက် အဖမ်းအဆီးအနှောင်အဖွိ့က လွတ်မြောက်ခစွာကို အကြောင်းပြုပနာ ဗုဒ္ဓဘာသာဝင်ရို့က မိမိရို့က‌လေ့ အဖမ်းအဆီး အနှောင်ဖွိ့ဘေးရန်အမျိုးမျိုးမှ လွတ်မြောက်ပါစီခြင်း အကျိုးငှါ ဒေ မောရသုတ်ဂါထာတော်ကို ပရိတ်တော်အဖြစ်နန့်ရွတ်ဖတ် ပူဇော်ကက်တေ။ ဒေ ပရိတ်တော်စွာ ဗုဒ္ဓဘာသာဝင်တိ ရွတ်ဖတ်ပူဇော်လေ့ဟိကက်တေ ပရိတ်ကြီး (၁၁) သုတ်မှာ (၅) သုတ်မြောက် ပရိတ်တော်ဖြစ်ပါရေ။

၁။ ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ မောရ ယောနိယံ။ယေန သံဝိဟိတာ ရက္ခံ၊ မဟာသတ္တံ ဝနေစရာ။

၁။သဗ္ဗညုတ ဉာဏ်တော်ဧ့ အခြီခံ အဆောက်အဦးဖြစ်တေ ပါရမီရို့ကို ဖြည့်ကျင့်တော်မူ‌ရေအခါ ဥဒေါင်းမျိုးမှာ ဖြစ်တော်မူရေအခိုက် ဘုရားအလောင်း ဥဒေါင်းမင်းစွာ ဒေမောရပရိတ်နန့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် စီစဉ်ထားလီ‌ရေ။

၂။ စိရဿံ ဝါယမန္တာပိ၊ နေဝ သက္ခိံသု ဂဏှိတုံ။“ဗြဟ္မမန္တ” န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၂။ မုဆိုးရို့စွာ ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူဖို့ နှစ်ပေါင်အများကြီးကြိုးစားခကက်ကေလေ့ ဖမ်းလို့မရနိုင်ကက်ကုန်။ ဒေမောရပရိတ်ကို မြတ်‌တေမန္တရားလို့ဆိုပနာ မြတ်စွာဘုရား ဟောကြားခ‌ရေ။ ဒေဂုအခါ ဒေမောရ ပရိတ်တော်ကို ငရို့တိ စုပေါင်းရွတ်ဆိုကက်ပါကုန်စို့။

၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။တံ တံ နမဿမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပ ဘာသံ၊တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ။

၃။ နီမင်းစွာ လူရို့ဧ့ မျက်စိပိုင်လေ့ ဖြစ်တေ။ ပြိုင်ဘက်ကင်းရေ မင်းလေ့ဖြစ်တေ။ ရွှီအဆင်းနန့်တူရေ အဆင်းလေ့ဟိ၏။ မြီပြင်တခုလုံးကို ထွန်းပရေ အလင်းရောင်လည်းဟိ၏။ အဂု ဒေနီမင်းစွာ တက်လတ်ပေ၏။ အကျွန်စွာ ရွှီအဆင်းဟိရေ မြေပြင်မှာထွန်းလင်းတောက်ပရေ ဒေနီမင်းကို ယှိခိုးပါ၏။ ရိုသေပါ၏။ ဒေနိန့်တနိန့်လုံး အသင်နီမင်းဧ့ အစောင့်အရှောက်ကို ခံယူပနာ အကျွန်နီပါအံ့။

၄။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊တေ မေ နမော တေ စ မံ ပါလယန္တု။နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧသနာ။

၄။ မြတ်စွာဘုရားရို့ ဆိုစော် မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီးဖြစ်၏။ တရားအားလုံးကိုသိမြင်တော်မူကက်ပြီး ဖြစ်၏။ ယင်းဘုရားရှင်ရို့ကို အကျွန် ယှိခိုးပါ၏။ ယင်းဘုရားသျှင်ရို့ကလေ့ အကျွန့်ကို စောင့်ရှောက်ကက်ပါစီသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးရေ ပုဂ္ဂိုလ်ကိုလေ့ ယှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ယှိခိုးပါ၏။ ကိလေသာမှ ကင်းလွတ်ကုန်ပြီးရေ ပုဂ္ဂိုလ်ရို့ကိုလေ ယှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ‌ဒေဘုရားအလောင်း ဥဒေါင်းမင်းစွာ ဒေပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လီရေ။

၅။ အပေတယံ စက္ခုမာ ဧကရာဇာ။ ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထဝိပ္ပ ဘာသံ၊တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။

၅။ နီမင်းစွာ လူရို့ဧ့ မျက်စိနှင့်တူ၏။ မြတ်တေမင်းလည်းဖြစ်၏။ ရွှီအဆင်းအရောင်လေ့ ဟိ၏။ မြေပြင်မှာလေ့ ထွန်းလင်းတောက်ပ၏။ ဒေနီမင်းစွာ အဂုဝင်လီ‌ရေ။ အကျွန်စွာ ရွှီအဆင်းဟိရေ မြေပြင်မှာ တောက်ပရေအရောင်ဟိရေ သျှင်နီမင်းကို ဦးညွှတ်ယှိခိုးပါ၏။ ‌ဒေဂု တညဉ့်ပတ်လုံး အသျှင်နီမင်းဧ့ အစောင့်အရှောက်ခံယူပနာ အကျွန် နီပါအံ့။

၆။ ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ။တေ မေ နမော တေစ မံ ပါလယန္တု။နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ဝါသ မကပ္ပယိ။

၆။ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီးကေ တရားအလုံးစုံကို သိတော်မူကက်တေဘုရားရှင်ရို့အား ဦးညွှတ်ယှိခိုးပါ၏။ ထိုဘုရားရှင်ရို့စွာ အကျွန့်ကို စောင့်ရှောက်ပါစီသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးရေ အရိယာ ပုဂ္ဂိုလ်ရို့ဧ့ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်းကောင်း၊ ကိလေသာအနှောင်အဖွိ့က လွတ်မြောက်ပြီးရေ ပုဂ္ဂိုလ်ရို့အားလည်းကောင်း၊ အရဟတ္တဖိုလ် တရားအားလည်းကောင်း အကျွန် ယှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေပိုင်ပင်လျှင် ဥဒေါင်းမင်းစွာ ဒေပရိတ်အရံအတားကို ပြုပနာ ညဉ့်အခါမှာ နီလီ၏။

မောရသုတ္တံ နိဋ္ဌိတံ

မောရသုတ်ပြီးပါဗျာလ်

ရွတ်ဖတ်ရခြင်းဧ့ အကျိုး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စရေ သူတပါးရို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်ရေ။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးရေ မမချတိအတွက် အကာအကွယ်ကောင်းဖြစ်‌တေ။ အန္တရာယ်ပြုဖို့ တစုံတယောက်က မိမိနောက်ပသို့ လိုက်နီ‌ရေအခါတိမှာ ရွတ်နိုင်ရေ။ သူတပါးက မိမိဧ့ ရာထူးအခြီနီ လျော့ကျအောင် ကြံစီနီကေလေ့အကာအကွယ် ကောင်းတစ်ခုဖြစ်ီရေ။ လုပ်ကြံသတ်ဖြတ်မှု မခံရအောင်လည်း စွမ်းစီပါသိ‌မ့်ရေ။