Jump to content

မဲခေါင်မြစ်

ဝီကီးပီးဒီးယား က
မဲခေါင်မြစ်
湄公河 (Méigōng Hé) / 澜沧江 (Láncāng Jiāng)
မဲခေါင်မြစ် (Megaung Myit)
ແມ່ນ້ຳຂອງ (Maenam Khong)
แม่น้ำโขง (Maenam Khong)
ទន្លេមេគង្គ (Tônlé Mékôngk)
Sông Mê Kông / Sông Cửu Long (九龍)
မဲခေါင်မြစ်ကျောတလျှောက်
အရာနာမည်(တိ)湄公河 (Méigōng Hé) / 澜沧江 (Láncāng Jiāng)
မဲခေါင်မြစ် (Megaung Myit)
ແມ່ນ້ຳຂອງ (Maenam Khong)
แม่น้ำโขง (Maenam Khong)
ទន្លេមេគង្គ (Tônlé Mékôngk)
Sông Mê Kông / Sông Cửu Long (九龍)
နိုင်ငံတရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်
အချက်အလက်တိ
မြစ်ဖျားခံရာLasaigongma (拉赛贡玛) Spring
Mt. Guozongmucha (果宗木查), Zadoi, en:Yushu Tibetan Autonomous Prefecture, Qinghai, China
၅,၂၂၄ m (၁၇,၁၃၉ ft)
33°42.5′N 94°41.7′E / 33.7083°N 94.6950°E / 33.7083; 94.6950
စီးဝင်ရာနီရာမဲခေါင်မြစ်ဝှမ်း
ဗီယက်နမ်နိုင်ငံ
 m (၀ ft)
10°11′20″N 106°44′56″E / 10.189°N 106.749°E / 10.189; 106.749Coordinates: 10°11′20″N 106°44′56″E / 10.189°N 106.749°E / 10.189; 106.749, 10°15′41″N 106°45′11″E / 10.261291334222218°N 106.75297696603432°E / 10.261291334222218; 106.75297696603432
အလျား၄,၃၅၀ km (၂,၇၀၀ mi)
စီးဆင်းမှု
  • တည်နီရာ:
    မဲခေါင်မြစ်ဝှမ်းဒေသ၊ တော
  • အနည်းဆုံး နှုန်း:
    ၁,၄၀၀ m3/s (၄၉,၀၀၀ cu ft/s)
  • ပျမ်းမျှ နှုန်း:
    ၁၆,၀၀၀ m3/s (၅၇၀,၀၀၀ cu ft/s)
  • အတိဆုံး နှုန်း:
    ၃၉,၀၀၀ m3/s (၁,၄၀၀,၀၀၀ cu ft/s)
မြစ်ဝှမ်း အချက်အလက်တိ
မြစ်ဝှမ်းအရွယ်၇၉၅,၀၀၀ km2 (၃၀၇,၀၀၀ sq mi)
မြစ်လက်တက်တိ
မဲခေါင်မြစ် တနီရာမှ ဆည်းဆာရှုခင်း

အရှည် ၄,၈၀ဝ ကီလိုမီတာ ဟိရေ မဲခေါင်မြစ် (အိန်းဂလိချ်: Mekong River) စွာ အရှိတောင်အာသျှဒေသဧ့ ဗဟိုချက်မကို ဖြတ်ပနာ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလှာရေ။ ဒေမြစ်စွာ ဒေသအထဲဟိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီးကေ၊ ယင်းမြစ်ဖျားခံရာတိဘက်ဒေသမှ ဗီယက်နမ် မြစ်ဝှမ်းဒေသတိအထိ လွှမ်းခြုံမှု ဟိရေ။ လူသန်းပေါင်း ၆ဝ ခန့်စွာ မဲခေါင်မြစ်နန့် ယင်းဧ့ မြစ်လက်တက်တိကို မှီပြီးကေ အစားအသီာက်၊ ရေနန့် သယ်ယူပို့ဆောင်ရီးကိစ္စများအတွက် မြစ်ကို အသုံးပြုနီကတ်ရရေ။ ယင်းချင့်အပြင် မြစ်ကိုမှီပြီးကေ နိစိုင် သက်မွီးဝမ်းကြောင်းကိစ္စအတိကို ဆောင်ရွက်နီကတ်ရယား၊ ယိုင်ကျေးမှုပိုင်းဆိုင်ရေအရလည်း အထူးအရေးပါရေ မြစ်ဖြစ်တေ။ ယင်းချင့်အပြင် မဲခေါင်မြစ်စွာ ကမ္ဘာထက်မာ မျိုးစိတ်အကွဲပြားဆုံး ငါးတိရဟိစီရား တံငါလုပ်ငန်းကိုလေ့ အထောက်အကူပြုပါရေ။ ဘရာဇီးနိုင်ငံဟိ အမေဇုံမြစ်ပြီးကေ မဲခေါင်မြစ်စွာ ငါးမျိုးစိတ် အစုံလင်ဆုံးသော မြစ်တစင်း ဖြစ်တေ။

မြန်မာနိုင်ငံဧ့ သျှမ်းပြည်နယ်နန့် လာအိုနိုင်ငံအကြားမာ မဲခေါင်မြစ်က နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ်သန်း စီးဆင်းလားရေ။ ဒေဒေသမာ "ရွှီတြိဂံဒေသ" လည်း အပါအဝင်ဖြစ်ပြီးကေ မြန်မာ-ထိုင်း-လာအို ၃-နိုင်ငံ ပေါင်းဆုံရာဒေသ ဖြစ်တေ။ ရွှီတြိဂံဒေသမာ ယစ်မူးဆီးဝါးထုတ်လုပ်မှုကြောင့် လူသိများလှရေ ဒေသလည်း ဖြစ်တေ။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံဧ့ တောင်တန်းများပေါ်မာ ဌာနေတိုင်းရင်းသား ၂၂,၀⁠၀ဝ ခန့် မှီတင်းနီထိုင်ဗျာယ် ဟိရေ။ ဒေနီရာတိမာ ဝီးလံခေါင်သီလှရား အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နန့် အင်းတိုင်းရင်းသားတိ နီထိုင်ဗျာယ် ဟိရေ။

မဲခေါင်မြစ်စွာ တရုတ်လူမျိုးတိကဲ့သို့ပင်၊ လားဟူလူမျိုးတိအတွက်လည်း အထူးအရေးပါလှပါရေ။ သူရို့က မဲခေါင်မြစ်ကို လန်ချန်း (Lancang) ဟု တရားဝင်ခေါ်ကတ်တေ။ ရှီးရိုးရာပုံပြင်တိအရ ရှီးဦးလားဟူလူမျိုးတိစွာ ဒေမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကတ်တေဟု ဆိုကတ်ပြီး၊ ရိုးရာ တေးခြင်းများ၊ ပုံပြင်တိက ဒေမြစ်ကို ကိုးကားလို့ ဖော်ပြပြောဆိုလေ့ ဟိ ကတ်တေ။[]

မဲခေါင်မြစ်ဝှမ်းဒေသ

မြစ်ရီစီး‌‌‌ကြောင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မဲခေါင်မြစ်စွာ အာသျှတိုက်မာ စီးဆင်းသော မြစ်ကြီးတသွယ် ဖြစ်တေ။ မိုင်ပေါင်း ၂၈ဝဝ မျှ ဟိပြီးကေအာသျှတိုက်မာရှည်လျားသော မြစ်ကြီးများ စာရင်းဝင်ဖြစ်တေ မဲခေါင်မြစ်စွာ တိဗက်ကုန်းပြင်မြင့်မာ မြစ်ဖျားခံရေ။ သံလွင်မြစ်ဧ့ မြစ်ဖျား ခံရာနီရာနန့် များစွာ မဝီးလှပါ၊၊ အဦးအစ စီးဆင်းရေမှစပြီးကေ အထက်ပိုင်းမာ အနောက်ဘက်ဟိ သံလွင်မြစ်နန့်ပင်ဖြစ်ဖြစ်၊ အရှိဖက်ဟိ ယန်ဇီမြစ်ရို့နန့်ပင်ဖြစ်ဖြစ် မျှိုင်းပြိုင်ဆိုပိုင် စီးဆင်းရေ။ မိုင်ပေါင်း ၁၂ဝဝ မျှ တရုတ်ပြည်သူ့သမ္မတနိုင်ငံမား စီးဆင်းပြီးကေ မြန်မာနိုင်ငံဖြစ်ရေ သျှမ်းပြည်နယ်၊ ကျိုင်းတုံနယ်စပ်တလျှောက် ဝိုက်သန်းစီးဆင်းပနာ တစိတ်တဒီသအားဖြင့် လာအိုနိုင်ငံနန့် နယ်နိမိတ်ပိုင်းခြား သတ်မှတ်လိုက်ရေ။

ထိုနောက် လာအိုနိုင်ငံမားသို့ ဖြတ်သန်းစီးဝင်ဗျယ်ဒေးလျှင် ထိုင်းနိုင်ငံဧ့ အရှိဖက် နယ်စပ်တလျှောက် ဖြတ်သန်းစီးဆင်းဧ့။ ယင်းကနိန်တဖန် ကမ္ဘောဒီးယားနိုင်ငံကို ဖြတ်သန်းစီးဆင်းပြီးရေအခါ ဗီယက်နမ်နိုင်ငံမားသို့ စီးဝင်ဗျယ်ဒေးလျှင် ဟိုချီမင်မြို့ (အယင်ဆိုင်ဂွန်မြို့)နံဘေးမာ တောင်တရုတ်ပင်လယ်မားသို့ စီးဝင်ရေ။ ထိုကြောင့် မဲခေါင်မြစ်စွာ တိဗက်ကုန်းပြင်မြင့်မှ စတင်စီးဆင်းပြီးကေ နိုင်ငံ ၆ ခုမားသို့ ဖြတ်သန်းစီးဝင်ရေ။

သို့အတွက်နန့်လည်း အရပ်ဒေသကိုလိုက်လို့ နာမည်အမျိုးမျိုး မာရေ။ မဲခေါင်မြစ်စွာ တိဗက်ပြည် ဒဇနတ်လွန်မွန်တောင်ခြီမှ စတင်စီးဆင်းရေဟု ယူဆရရေ။ ထိုဒေသကား ပင်လယ်ပြင်အထက် အမြင့်ပေ ၁,၆၇ဝဝ ခန့်မာတည်ဟိရေ။ တိဗက်ပြည်မာ ဒဇချူဟု မာရေ။ မြစ်ဖျားခံရာမှ အရှိတောင်ဘက် ချီယမ်ဒိုသို့ စီးဆင်းရေ။ ထိုဒေသကား ပင်လယ်ပြင်အထက် အမြင့်ပေ ၁ဝယ ဝ⁠ဝဝ ခန့်မာ တည်ဟိရေ။ ဆက်လက်ပြီးကေ တောင်ဘက်ကို မထင်ရှားသော တောကြို တော်ကြားတလျှောက် စီးဆင်းရေ။ လတ္တီတွဒ် ၂၉ ဒီဂရီ ဟိ ဒါယူမှ လွန်ရေအခါ လန်ဆန်ကျန်ဆိုပနာ တရုတ်နာမည်ဖြင့် မာရေ။ မိုင်ပေါင်း ၃ဝဝ မျှ မသဲမကွဲ မြင့်မားသော တောင်စောင်း ကျောက်ကမ်းထောင်းများ အကြားမာ အဟုန်ပြင်းစွာ စီးဆင်းရေ။ တရုတ်နိုင်ငံမှ လွန်ရေအခါ မြစ်စွာ ကိုက် ၃ဝ⁠ဝ၊ ၄ဝဝ ခန့် ကျယ်လာရေ။

ရှီးအခါက ဗန်းမော်မှ တာလီဖူးသို့ လားရေဂါရီဝန်တင်လမ်းစွာ မဲခေါင်မြစ်ကို ကြိုးတန်းထားဖြင့် ဖြတ်ကျော်ရရေ။မဲခေါင်မြစ်စွာ ယင်းဖြတ်လားရရေ တောင်ထုကြီးများအလိုက်၊ လမ်းကြောင်းပြောင်းပြီးကေ စီးဆင်းရေ။ မြန်မာနိုင်ငံသျှမ်းပြည်နယ်နန့် လာအိုနိုင်ငံရို့ကို ပိုင်းခြားသော နယ်နိမိတ်ပိုင်လည်း ဖြစ်၏။

ထိုင်းနိုင်ငံ ချင်းဆင်(န်) (Chiang Saen) ခရိုင်နန့် လွမ်ပရာဘွမ်မြို့ရို့အကြားမာ အရေးပါသော မြစ်လက်တက်များ စီးဝင်ရေ။ မဲခေါင်မြစ်မာ ရေမော် (၄) တန် ဟိရေ။ မြောက်လတ္တီတွဒ် ၁၆ ဒီဂရီဟိ ကေမာရတ်မာဟိရေ ရေမော်စွာ မိုင် ၆ဝ မျှ ရှည်ကာ အဟုန်ပြင်းထန်ဧ့။ စတုတ္ထ ရေမော်လည်း ဖြစ်၏။ နောက်ဆုံး ရေမော်စွာ ခွန်မာ ဟိရေ။ ယင်းနီရာကပင် တောင်တရုတ်ပင်လယ်မားသို့ မစီးဝင်မီ မိုင် ၄ဝဝ မျှကွိကောက် စီးဆင်းရေ။

ကမ္ဘောဒီးယားနိုင်ငံမားသို့ စီးဝင်ဗျယ်ဒေးနောက် ဗီယက်နမ်နိုင်ငံမားသို့ ရောက်ကေ မြစ်စွာ ၃ ကြောင်းကွဲကာ တောင်တရုတ်ပင်လယ်မားသို့ စီးဝင်ရေ။ မဲခေါင်မြစ်စွာ မြီပြန့်နန့် မြစ်ဝကျွန်းပေါ်ဒေသများမာ ရီကြီးတတ်ရေ။ ကမ္ဘောဒီးယားနိုင်ငံနန့် ဗီယက်နမ်နိုင်ငံရို့စွာ မဲခေါင်မြစ်ကြောင့် မြေဩဇာကောင်းမွန်ကတ်တေ။ မဲခေါင်မြစ် တလျှောက်မာ လောင်းသင်္ဘောများ လားလာနှိုင်ယောင် ပြင်သစ်ရို့ကများစွာ ကြိုးပမ်းပြုပျင်ခရေ။ ဂုချိန်ခါမာလည်း အမေရိကန်နန့် အာသျှတိုင်းရင်းသားရို့စွာ မဲခေါင်မြစ်အကြောင်းကို ပိုပြီးကေသိဟိနှိုင်ဖို့ လိ့လာစုံးစမ်းဗျာယ်ဟိပြီးကေ၊ တိုးတက်ရီး လမ်းစတိကို ရှာဖွီနီကတ်လီရာ။

မဲခေါင်မြစ်ထက်မာ တည်ဟိရေ မြို့တိအနက် ထင်ရှားစွာရို့ကား လာအိုနိုင်ငံဧ့ မြို့တော် ဗီယင်ကျန်းမြို့နန့်ကမ္ဘောဒီးယားနိုင်ငံဧ့ မြို့တော် ဖနွမ်းပင်မြို့ရို့ ဖြစ်ကတ်၏။[]

  1. © 2009 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရေ ကွန်ယက် (BRN)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)