Jump to content

မြစ်

ဝီကီးပီးဒီးယား က
Samur River in Azerbaijan

မြစ် ဆိုစွာ သဘာဝအတိုင်း စီးဆင်းနီရေ ရီလမ်းကြောင်းတစ်ခု ဖြစ်ပြီးကေ အများအားဖြင့် ရီချိုတိက သမုဒ္ဒရာ၊ ပင်လယ်၊ ကန် သို့မဟုတ် တခြား မြစ်တစ်စင်းသို့ စီးဆင်းနီခြင်းပင် ဖြစ်ရေ။ တချို့တချို့ မြစ်ရို့မှာကား တခြားတခြား ရီထု တစ်ခု အတွင်းသို့ စီးဝင်ခြင်း မဟိဘဲ မြီကြီးအတွင်းသို့ စီးဝင်ပနာ ပျောက်ကွယ်လားခြင်းမျိုးလည်း ဟိတတ်ရေ။ မြစ်ငယ်တိကို စမ်းချောင်း၊ချောင်းချေ၊ အစဟိရေ အမျိုးမျိုး နာမည်ပီး ခေါ်ဝေါ်လိ ဟိကတ်တေ။ ပထဝီအနီအထား အားဖြင့် မြစ်ဧ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သတ်မှတ်ထားခြင်း မဟိကေလည်း[] တချို့တချို့ နိုင်ငံတိတွင်မူ မြစ်အဖြစ် အရွယ်အစားပေါ် မူတည်ပနာ သတ်မှတ်လေ့ ဟိကတ်ရေ။ မြစ်ငယ်တိကို နိုင်ငံအလိုက် နာမည်အမျိုးမျိုး မှည့်ခေါ်လိ့ ဟိကတ်ရေ။ တခါတရီတွင် ချောင်းငယ်ထက်ကြီးရေ ရီလမ်းကြောင်းအား မြစ်အဖြစ် သတ်မှတ်လိဟိကေလည်းသော [] သတ်မှတ်ချက်မှာ ဝေဝါးအတွက်နန့် တတိကျကျ ပြောနိုင်ဖို့ ခက်ခဲရေ။[]

မြစ်ရို့စွာ ရီသံသရာ၏ အစိတ်အပိုင်း တစ်ခုပင် ဖြစ်ရေ။ ရီဝေကြော သို့မဟုတ် ရီဝေကုန်းတန်းတိတွင် ရွာကျခြင်းမှ တဆင့် ဖြစ်ပေါ်လာရေ မျက်နှာပြင်ဆင်းရီ တိနန့် တခြားတခြား အရင်းအမြစ်တိ ဖြစ်ကတ်ရေ မြီအောက်ဖြည့်ရီတိ၊ စိမ့်စမ်းတိ နန့် သဘာဝ ရီခဲတိ၊ နှင်းခဲတိအရည်ပျော်ရာက ဖြစ်ပေါ်လာရေ ရီများ ရေ မြစ်ရို့ အတွင်းသို့ ပေါင်းစပ် ဝင်ရောက်လာကတ်ရေ။ မြစ်ရို့အား သိပ္ပံနည်းကျ လိ့လာရေ ပညာရပ်ကို ပိုတမိုလိုဂျီ(Potamology) ဟု ခေါ်ပြီးကေ ကုန်းတွင်းဟိ တိရို့ကို ယေဘုယျအနိန်နန့် လိ့လာရေ ပညာရပ်ကို ရီချိုပညာ ဟု ခေါ်ရေ။

ကမ္ဘာ၏ ပြင်ပတွင်မူ စနီဂြိုဟ်ဧ လတစ်စင်း ဖြစ်ရေ တိုက်တန် ထဲမှာ ဟိုက်ဒရိုကာဘွန်ရည်တိ စီးဆင်းနီရေ မြစ်ကို တွိ့ဟိခကတ်ပြီး ဖြစ်ရေ။ [][] သီအိုရီအရ ကြယ်ရို့ဧ လူနီထိုင်နိုင်ရေ နေရာတိတွင် မြစ်တိ ဟိရေလို့ ယူဆကတ်ရေ။


နာမည် တည်နီရာ အရှည်(မိုင်) စီးဝင်ရာနီရာ
နိုင်းမြစ်အာဖရိကတိုက်မြောက်ပိုင်း၄, ၁၃၂မြေထဲပင်လယ်
အမေဇုံမြစ်တောင်အမေရိကတိုက်၃,၉၇၆အတ္တလန္တိတ်သမုဒ္ဒရာ
ယန်ဇီမြစ်အာရှတိုက်၃,၉၁၇အရှေ့တရုတ်ပင်လယ်
မစ္စစ္စပီမြစ်မြောက်အမေရိကတိုက်၃,၉၁၇မက္ကဆီကိုပင်လယ်ကွေ့
ယင်နစ်ဆီမြစ်အာရှ၃,၄၄၅ကာရာပင်လယ်
မြစ်ဝါမြစ်အာရှ၃,၃၉၅ဘိုဟိုင်းပင်လယ်
အော့မြစ်အာရှ၃,၃၆၄အော့ပင်လယ်ကွေ့
ပရာနားမြစ်တောင်အမေရိက၃,၀၃၀ရိုင်ယိုဒီလာ ပလာတာ
ကွန်ဂိုမြစ်အာဖရိက၂,၉၂၂အတ္တလန္တိတ်သမုဒ္ဒရာ
အေမူမြစ်အာရှ၂,၇၆၃အော့ဟောက်ပင်လယ်
လီနာမြစ်အာရှ၂,၇၃၆လက်တပ်ပင်လယ်
မဲခေါင်မြစ်အာရှ၂,၇၀၅တောင်တရုတ်ပင်လယ်
မက္ကင်ဇီမြစ်မြောက်အမေရိက၂,၆၃၇ဗျူးဖို့တ်ပင်လယ်
နိုင်ဂျာမြစ်အာဖရိက၂,၆၁၁ဂီနီပင်လယ်ကွေ့
မာရေးမြစ်ဩစတြေးလျ၂,၂၈၂တောင်သမုဒ္ဒရာ
တိုကန်တင်မြစ်တောင်အမေရိက၂,၂၇၀အတ္တလန္တိတ်သမုဒ္ဒရာ
ဗော်လဂါမြစ်အာရှ၂,၂၆၆ကက်စပီယံပင်လယ်
ယူဖရေးတီးမြစ်အာရှ၂,၂၃၆ပါရှန်းပင်လယ်ကွေ့
မဒီးရမြစ်တောင်အမေရိက၂,၁၀၀အမေဇုန်
ပူးရုမြစ်တောင်အမေရိက၁,၉၉၅အမေဇုန်
ယူးကွန်းမြစ်မြောက်အမေရိက၁,၉၈၀ဘယ်ရင်းပင်လယ်
အိန္ဒုမြစ်အာရှ၁,၉၇၆အာရပ်ပင်လယ်
ဆောဖရန်စစ်စကိုမြစ်တောင်အမေရိက၁,၉၇၆အတ္တလန္တိတ်သမုဒ္ဒရာ
နာရင်မြစ်အာရှ၁,၉၁၃အေရယ်ပင်လယ်
သံလွင်မြစ်အာရှ၁,၉၀၁ကပ္ပလီပင်လယ်
စိန့်လောရင့်မြစ်မြောက်အမေရိက၁,၉၀၀ကပ္ပလီပင်လယ်<
  1. "GNIS FAQ". United States Geological Survey. Retrieved 26 January 2012.
  2. "WordNet Search: River". The Trustees of Princeton University. Retrieved 2 October 2009.
  3. "Domestic Names: Frequently Asked Question (FAQs), #17". United States Geological Survey. Retrieved 2 October 2009.
  4. Chu, Jennifer (July 2012). "River networks on Titan point to a puzzling geologic history". MIT Research. Retrieved 24 July 2012.
  5. O'Neill, Ian. Titan's 'Nile River' Discovered 12 December 2012