Jump to content

မြန်မာနိုင်ငံဟိ တိဘက်လူမျိုးတိ

ဝီကီးပီးဒီးယား က
မြန်မာနိုင်ငံဟိ တိဘက်လူမျိုး
လူဦးရွီ စုစုပေါင်း
၂၀၀+
အများစု နီထိုင်ရေ နီရာ
ဒဟွန်းဒမ်းရွာ၊ နောင်မွန်းမြို့နယ်
ဘာသာစကား
တိဘက်ဗမာ
ကိုးကွယ်မှု
ဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုတိ
တိဘက်

မြန်မာနိုင်ငံဟိ တိဘက်လူမျိုးများစွာ တိဘက်ဒေသအပြင်ဖက်မာ နီထိုင်ပြီး တိကျရေလူဦးရွီမသိဟိရသိမ့်ပါ။ မြန်မာနိုင်ငံ မြောက်ဘက်စွန်းဒေသမာဟိရေ ဒဟွန်းဒမ်းရွာ၊ နောင်မွန်းမြို့နယ်မာ တိဘက်လူမျိုးအမြားအပြားနီထိုင်ရေ။၁၉၃၂ ခုနှစ်ပိုင် ၂၀ရာစုအစောပိုင်းကာလတိမာ တိဘက်ဒေသမှ ကုန်သွယ်မှုတိဖြင့် ထိုဒေသကိုပြောင်းရွိမှုတိဟိခရေ။ ၂၀၀၃ခုနှစ်အထိ တိဘက်ခမ်းလူမျိုးကုန်စွာတိစွာ မြန်မာပြည်နယ်စပ်ဒေသတိကိုဖြတ်ပနာ ကုန်သွယ်မှုတိဟိနီဆဲဖြစ်တေ။[] ၂၀၀၂-၀၃ ခုနှစ်မာ, California Academy of sciences မှ P. Christiaan Klieger နန့် ဓာတ်ပုံဆရာ Dong Lin က သူရို့၏ဒုတိယအကြိမ် ခါကာဘိုရာဇီဒေသ ခရီးမာ မနုဿဗေဒ စစ်တမ်းကိုအောင်မြင်စွာကောက်ယူနိုင်ခရေ။ သူရို့စွာ ခမ်းတိဘက်လူမျိုးအပါအဝင် Nyima နန့် Gyaltsen လူမျိုးများနီထိုင်ပြီး စုစုပေါင်း လူဦးရွီ ၂၀၀နီထိုင်ရေ တဟွန်ဒမ်းရွာသို့ ရောက်ဟိခရေ။[]

  1. Archived 21 October 2016 at the Wayback Machine., by Dr. Christiaan Klieger
  2. Klieger, P. Christiaan (2006). "A Tale of the Tibeto-Burman 'Pygmies'". In P. Christiaan Klieger (ed.). Proceedings of the Tenth Seminar of the IATS, 2003, Volume 2 Tibetan Borderlands. Leiden.