မြန်မာနိုင်ငံဟိ အိန္ဒိယနွယ်ဖွားတိ
| လူဦးရွီ စုစုပေါင်း | |
|---|---|
| ၂,၀၀၀,၀၀၀ - ၂,၅၀၀,၀၀၀ မြန်မာ့လူဦးရွီဧ့ ၄.၅% | |
| အများစု နီထိုင်ရေ နီရာ | |
| ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ မြစ်ကြီးနားမြို့ | |
| ဘာသာစကား | |
| ဗမာ၊ တမီးလ်၊ တေလဂူ၊ ကရေး (မဏိပူရ[၁][၂]), ဘင်္ဂါလီ၊ ဂူဂျာရတ်သီ၊ အိုဒီယာ၊ ဟိန်းဒုတ်စတန်နီ | |
| ကိုးကွယ်မှု | |
| အဓိက: ဟိန်းဒုတ်ဘာသာ စိကေချေ: ခရစ်ယာန်ဘာသာ · ဗုဒ္ဓဘာသာ · အစ္စလာမ်ဘာသာ · Sanamahism · ဆစ်ခ်ဘာသာ · ဂျိန်းဘာသာ | |
| ဆက်စပ် တိုင်းရင်းသား အုပ်စုတိ | |
| မလေးရှားအိန္ဒိယလူမျိုး၊ စင်ကာပူအိန္ဒိယလူမျိုး |
မြန်မာပြည်ဟိ အိန္ဒိယနွယ်ဖွားတိ စွာ မြန်မာနိုင်ငံမာ နီထိုင်ရေ အိန္ဒိယနွယ်ဖွားအုပ်စုဖြစ်တေ။ 'မြန်မာအိန္ဒိယ' ဆိုရေ ဝေါဟာရရေ တောင်အာသျှ မှ ကျယ်ပြန့်ရေ လူမျိုးစုတိကို ရည်ညွှန်းပြီး အထူးအားဖြင့် ဒေနိခေတ် နိုင်ငံများဖြစ်ရေ အိန္ဒိယ နန့် ဘင်္ဂလားဒေ့ရှ် ရို့မှဖြစ်တေ။ အိန္ဒိယလူမျိုးတိစွာ မြန်မာနိုင်ငံမာ ရာစုနှစ်ပေါင်းများစွာရွှိပြောင်းအခြီချ နီထိုင်လာခကတ်ကေလေ့ လက်ဟိ မြန်မာနိုင်ငံဟိ အိန္ဒိယအသိုက်အဝန်းဧ့ ဘိုးဖီးအများစုကတော့ခါ ၁၉ ရာစုအလယ်ပိုင်းမာ အိန်းဂလိချ်အုပ်ချုပ်မှုစတင်ချိန်မှ ၁၉၃၇ ခုနှစ်မာ ဗြိတိသျှရို့ မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယမှ ခွဲထွက်ချိန်အထိ မြန်မာနိုင်ငံသို့ ပြောင်းရွိနီထိုင်ခကတ်တေ။ ကိုလိုနီခေတ်ကာလမာ အိန္ဒိယလူမျိုးတိစွာ စစ်သားတိ၊ အစိုးရဝန်ထမ်းများ၊ ကုန်သည်တိ၊ ဖေသာတိုးချီးစားသူတိ၊ ရွိပြောင်းလုပ်သားတိနန့် သင်္ဘောကျင်းလုပ်သားတိအဖြစ်ဖြင့် အစိုးရနန့် စီးပွားရီးဧ့ ကြောထောက်နောက်ခံဖြစ်ခရေ။ ၁၉၃၀ ခုနှစ်များမာ အိန္ဒိယဆန့်ကျင်ရီးအဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားပြီး ၁၉၄၂ ခုနှစ် ဂျပန်ကျူးကျော်မှုစတင်ချိန်မာ အစုလိုက်အပြုံလိုက် ရွှိပြောင်းနီထိုင်မှုတိစွာ ၁၉၆၀ ဆယ်စုနှစ်များအထဲ ရာနန့်ချီရေ အိန္ဒိယလူမျိုးတိကို အားဓမအကျပ်ကိုင် ရွှိပြောင်းစီခြင်းနန့် မြန်မာနိုင်ငံတွင်း ပဋိပက္ခမား ပိုပြီးကေဆိုးရွားပါလတ်တေ။ [၃]
ဒေနိအိန္ဒိယလူမျိုးတိစွာ မြန်မာနိုင်ငံလူဦးရွီဧ့ ၅ ရာခိုင်နှုန်းခန့် (လူဦးရွီ ၂.၀ မှ ၂.၅ သန်းခန့်) ဟိပြီးး အဓိကမြို့ကြီးနှစ်မြို့ဖြစ်ရေ ရန်ကုန် နန့် မန္တလေးမြို့တိအပြင် ကိုလိုနီခေတ်ဟောင်းမြို့များ ( ပြင်ဦးလွင် နန့် ကလော အစဟိစွာ) ရို့မာ အများစု နီထိုင်ကတ်ရေ။ ယင်းရို့စွာ မြန်မာ့စီးပွားရီး အပေါ် ဩဇာလွှမ်းမိုးမှုနန့် ထိန်းချုပ်မှုများစွာဟိရေဟု ဆိုနှိုင်ပိုင် နိုင်ငံအတွင်းမှာ အခရာကျရေ လူမှု-ယိုင်ကျေးမှုတိကိုလည်း ဖြစ်ပေါ်စီရေ။ [၄] [၅] ထင်ရှားရေ မြန်မာအိန္ဒိယလူမျိုးများမာ အိန်းဂလိချ်-မြန်မာ နွယ်ဖွား ဘောလိဝုဒ် ဇာတ်လိုက်မင်းသမီး ဟယ်လင်၊ ဝိပဿနာတရားပြဆရာ ဦးဂိုအင်ကာ အစဟိစွာရို့ ပါဝင်ရေ။
ဝေါဟာရကေးမြစ်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြန်မာဘာသာစကား မာ အိန္ဒိယလူမျိုးတိကို အများအားဖြင့် ကုလား ဟုခေါ်ကတ်တေ။ အခေါ်အဝေါ်ဧ့ မူလဇစ်မြစ်မာ ငြင်းခုံကြဆဲဖြစ်တေ။ မြန်မာစာအဖွဲ့စွာ ကုလား ဆိုရေဝေါဟာရ၏ မူလဇစ်မြစ်ကို ပါဠိ ဝေါဟာရ တမ်းပလိတ်:IAST (ကုလ) ဟု ဆိုထားကာ “မြင့်မြတ်ရေ” “အမျိုးမြတ်” သို့မဟုတ် “ဖြူစင်ရေ” ဟု အဓိပ္ပာယ်ရရေ။ [၆] [၇] ဒေဝေါဟာရ၏ မူလဇစ်မြစ်ကို ကူး+လာ ("ပင်လယ်မှ ဖြတ်ကူးလာ") ဟု ဆိုကတ်ကေလေ့ အခြီအမြစ်နောင်းနောင်း မဟိပေ။ [၈] [၉] ကုလား ဆိုရေ ဝေါဟာရရေ ဟိန္ဒီ နန့် အူရဒူ အပါအဝင် အင်ဒစ်ဘာသာစကားမကန်မဝှန်မာ "အနက်ရောင်" ဆိုရေ စကားလုံးနန့် ဆင်တူပြီး အိန္ဒိယလူမျိုးတိက ကာလာဘီတိနန့် အာဖရိကန်လူမျိုးတိအတွက် လူမျိုးရီးခွဲခြားရေ အသုံးအနှုန်းအဖြစ် အသုံးပြုရေ။ [၁၀]
ဗမာဘာသာစကား ဝေါဟာရဖြစ်ရေ ကုလား အသုံးအနှုန်းကို ရှမ်း (ၵလႃး)၊ [၁၁] မွန် (ဂလာ) ၊ [၁၂] စံဂိုးကရင် ( kola ), [၈] နန့်၊ ခမာ (កុឡា) ရို့က မွီးစပ်ဝေါဟာရများ ဖန်တီးထားရေ။ ခမာဝေါဟာရ Kola စွာ ဒေနိခေတ် သျှမ်းပြည်မှ ရွှိပြောင်းအခြီချနီထိုင်ရေ မတူကွဲပြားရေလူမျိုးတိကို ရည်ညွှန်းရေ။
ကုလား ဆိုရေ အသုံးအနှုန်းကို ဗမာအိန္ဒိယအသိုင်းအဝန်းမှ တချို့က ရှုတ်ချရေ ဝေါဟာရအဖြစ် သတ်မှတ်ကတ်တေ။ [၁၃] ၂၀၁၇ ခုနှစ်မာ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု အပြီးမာ လူမှုကွန်ယက်ကုမ္ပဏီ ဖေ့စ်ဘွတ်ခ်စွာ ယင်းဧ့ဆင်ဆာဖြတ်ထားရေစကားလုံးတိမာ ကုလား ကိုထည့်သွင်းခပြီးကေ ကုလားထိုင်နန့် မြင်းစားပဲပိုင်ယှောင် ဆက်စပ်စကားလုံးတိအတွက် ဆင်ဆာဖြတ်တောက်မှုတိကို ပြုလုပ်ခရေ။ [၁၄]
ကိုးကွယ်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
မြန်မာပြည်ဖွားအိန္ဒိယလူမျိုးတိစွာ ဟိန်းဒုတ်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဆစ်ခ်ဘာသာ၊ ဗုဒ္ဓဘာသာ နန့် ခရစ်ယာန်ဘာသာရို့ကို ကိုးကွယ်ကတ်တေ။ မြန်မာ-အိန္ဒိယ ဟိန်းဒုတ်ဘာသာဝင်များ စွာ ဇာတိအရှေ့သများနန့် ကောင်းမွန်ငြိမ်းချမ်းရေ ဆက်ဆံရီးဟိရေ။
မြန်မာပြည်ဖွားအိန္ဒိယလူမျိုးအများစုကတော့ခါ ဟိန်းဒုတ်ဖြစ်တေ။ အိန္ဒိယလူမျိုးများအကြား ဟိန်းဒုတ်ဘာသာကို ကျင့်သုံးခြင်းစွာလည်း ဗုဒ္ဓဘာသာဧ့ လွှမ်းမိုးမှုဖြစ်တေ။ ဟိန်းဒုတ်နတ်ဘုရားတိအပြင် ဗုဒ္ဓမြတ်စွာဘုရားကိုလေ့ ကိုးကွယ်ကတ်ရား မြန်မာနိုင်ငံဟိ ဟိန်းဒုတ်ဘုရားကျောင်းတိမာ ဗုဒ္ဓရုပ်ပွားတော်များ မကန်မဝှန် ကိုးကွယ်ကတ်တေ။ [၁၅] [၁၆]
ဖွဲ့စည်းပုံအခြီခံဥပဒေမာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အပေါ် ကန့်သတ်ချက်တိဟိကေလေ့ ဖွဲ့စည်းပုံ အခြီခံဥပဒေပါ ပုဒ်မတချို့အပြင် တခြားသော ဥပဒေတိနန့် မူဝါဒတိစွာ ယင့်ချင့်အခွင့်အရီးတိကို ကန့်သတ်ထားရေ။ လက်တွိမာ အစိုးရက ထိုကန့်သတ်ချက်တိကို ချမှတ်ခရေ။ [၁၇] “မွတ်စလင်တိစွာ တရားဥပဒေ၊ စီးပွားရီး၊ ဘာသာရီး၊ ပညာရီး၊ လူမှုရီး ကန့်သတ်ချုပ်ချယ်မှုတိနန့် ခွဲခြားဆက်ဆံမှုတိ၏ အပြင်းထန်ဆုံး ပုံစံတိကို ဆက်ပနာ တွိကြုံနိန်ရဆဲပါ။ [၁၈] စစ်အာဏာသျှင်စနစ်စွာ နိုင်ငံအထဲ ကုလားမသိတ်များဆောက်ရန် သို့မဟုတ် ဘာသာရီးအခမ်းအနားတိအတွက် ပြည်ပကိုလားရေအခါ ယင်းရို့၏တောင်းဆိုမှုတိကို ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုခံရခြင်းပင်ဖြစ်တေ။ [၁၉] [၂၀] မြန်မာနိုင်ငံမာ ဘာသာရီးလွတ်လပ်ခွင့် အကန့်အသတ်ဟိကေလေ့ ရခိုင်ပြည်နယ်မာ ရခိုင်-ရိုဟင်ဂျာ အဓိကရုံးကြောင့် ၂၀၁၂ ခုနှစ်မာ အိဒ်ပွဲတော် မကျင်းပရန် မူဆလင်ရို့ ဆုံးဖြတ်ခကတ်တေ။
စီးပွားရီးကဏ္ဍ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]သမိုင်းကြောင်းအရ မြန်မာပြည်ရောက်အိန္ဒိယလူမျိုးတိစွာ ကုန်သည်တိ၊ ဈီးဆိုင်ရှင်တိအပြင် ကူလီများ၊ သင်္ဘောကျင်းလုပ်သားတိ၊ စည်ပင်ဝန်ထမ်းများ၊ ဆိုက်ကားသမားများ၊ မြင်းဂါရီမောင်းသူတိ၊ အလုပ်ကြမ်းသမားတိအဖြစ် အသက်မွီးဝမ်းကျောင်းပြုခကတ်တေ။ အစိုးရဝန်ထမ်း ၊ တက္ကသိုလ်ကထိက၊ ဆီးဝါးပညာသျှင်၊ မျက်စိဒက်တင်များ၊ ရှိနိန်တိနန့် ဒက်တင်တိကဲ့သို့ အချို့ အသက်မွီးဝမ်းကျောင်းတိမာလည်း ပါဝင်ခကတ်တေ။ ယင်းရို့စွာ ကားအစိတ်အပိုင်းတိနန့် လျှပ်စစ်ပစ္စည်းများ၊ သံထည်ပစ္စည်းနန့် ဟာ့ဒ်ဝဲ၊ ပုံနှိပ်ခြင်းနန့် စာအုပ်ချုပ်ခြင်း၊ စာအုပ်တိနန့် စာရီးကိရိယာများ၊ စက္ကူနန့် ပုံနှိပ်စက်မှင်၊ စက်ခြုပ်ခြင်းနန့် အခြောက်ခံသန့်ယှင်းရီး၊ အိန်းဂလိချ်ညကျောင်းနန့် ဖေသာထုတ်ချီးခြင်းစရေ လုပ်ငန်းအမျိုးအစားများစွာကို လွှမ်းမိုးထားရေ။ အထည်အလိပ်၊ ရွှီနန့် လက်ဝတ်ရတနာများ ရောင်းဝယ်ဖောက်ကားကတ်ပြီး စျီးကွက်ကို အစိုင်အလာအားဖြင့် မြန်မာအမျိုးသမီးတိက လွှမ်းမိုးထားကတ်တေ။ ချစ်တီးးတိစွာ ဖေသာတိုးချီးစားသူတိအဖြစ် လုပ်ကိုင်ခပြီးကေ ကိုလိုနီခေတ်အထဲ မြန်မာနိုင်ငံဧ့ လယ်ယာထွက်ကုန် တိုးတက်မှုမာ အရေးကြီးရေ နီရာမှ ပါဝင်ခကတ်တေ။ [၂၁] ဒေနိခေတ်မာ အိန္ဒိယလူမျိုးအများစုစွာ ရန်ကုန်မြို့လယ်ဟိ စူးလေဘုရားလမ်းနှစ်ဘက်ခြမ်းမာ နီထိုင်ကတ်ပြီး စားသောက်ဆိုင်များ၊ လက်ဝတ်ရတနာဆိုင်တိနန့် ဖေသာလဲလှယ်မှုတိအပါအဝင် စီးပွားရီးလုပ်ငန်းများမာ အဓိကပါဝင်လုပ်ကိုင်နိကတ်ပါရေ။
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ "Manipuri language | Britannica". www.britannica.com (in English). Retrieved 2023-02-12.
Manipuri language, Manipuri Meiteilon, also called Meitei (Meetei), a Tibeto-Burman language spoken predominantly in Manipur, a northeastern state of India. Smaller speech communities exist in the Indian states of Assam, Mizoram, and Tripura, as well as in Bangladesh and Myanmar (Burma).
- ↑ "Meitei". Ethnologue (in English). Retrieved 2023-02-12.
- ↑ Egreteau, Renaud (June 2014). "The Idealization of a Lost Paradise: Narratives of Nostalgia and Traumatic Return among Indian Repatriates from Burma since the 1960s". Journal of Burma Studies 18 (1): 137–180. doi:.
- ↑ Egreteau (1 February 2011). "Burmese Indians in contemporary Burma: heritage, influence, and perceptions since 1988": 33–54.
- ↑ Medha Chaturvedi. "Indian Migrants in Myanmar: Emerging Trends and Challenges" (PDF). Retrieved 17 August 2018.
- ↑ Myanmar-English Dictionary. 1993.
- ↑ "Opening a Can of Worms in Burmese Teaching: Tackling Controversial Words in a Language Class" (in English). Retrieved 2020-06-16.
- 1 2 "(Mis)Interpretations of Burmese Words: In the case of the term Kala (Kula)". 2016-01-20. Archived from the original on 2016-01-27. Retrieved 2020-06-18.
- ↑ Indian and Chinese Immigrant Communities: Comparative Perspectives (in English). 2015-03-01. pp. 114–115.
- ↑ "Let's Talk About Racism | Movies tell us to use 'kaala' as an all-weather insult" (in English). 2017-05-19. Retrieved 2020-06-18.
- ↑ Shan-English Dictionary. 1995.
- ↑ Dictionary of Modern Spoken Mon. 1962.
- ↑ "How the word 'kalar' is a depressing indictment of Myanmar society" (in English). Retrieved 2020-06-16.
- ↑ Cebu, Juan (2 June 2017). "Facebook Bans Racist Word 'Kalar' in Myanmar, Triggers Collateral Censorship" (in English).
- ↑ Natarajan၊ Swaminathan။ "Myanmar's Tamils seek to protect their identity" (in en-GB)၊ 2014-03-06။
- ↑ Han၊ Thi Ri။ "Myanmar's Hindu community looks west" (in en)။
- ↑ "BURMA 2012 INTERNATIONAL RELIGIOUS FREEDOM REPORT" (PDF). US Government. Retrieved 27 May 2015.
- ↑ "USCIRF – Annual Report 2014" (PDF). United States Commission on International Religious Freedom. Retrieved 27 May 2015.
- ↑ Burmese Indians: The Forgotten Lives (PDF), February 2005, archived from the original (PDF) on 28 September 2007, retrieved 2006-07-07
- ↑ The Outsiders, January 2006, retrieved 2009-09-03
- ↑ "The Chettiars in Burma" (2008): 1–25.