မြေငူကျွန်း
မြေငူကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြေငူကျွန်းစွာ ဘင်္ဂလားပင်လယ်အော်တွင်းတွင် တည်ဟိရေ ကျွန်းတစ်ခုဖြစ်ရေ။ ရက္ခိုင်ပြည်နယ်တွင် ပါဝင်ရေ ကျွန်းတစ်ခုဖြိုက်ပြီး စစ်တွေမြို့ဧ တောင်ဘက် ၅ ကီလိုမီတာအကွာတွင် တည်ဟိပနာ အရှိဖက်ရှိ ပိန္နဲချောင်းကျွန်းနန့် ၂ ကီလိုမီတာလှောက်ကျယ်ရေ ရီလက်ကြားနန့် ပိုင်းခြာထားရေ။ ကျွန်းဧ တောင်ဘက်အဆုံးအနီးတွင် ရက္ခိုင်ဗုဒ္ဓဘာသာဝင်ရို့ဧ အထင်ကရ ဆံတော်ယှင်စာတီ တည်ဟိစွာကို အစွဲပြုပနာ ဆံတော်ရှင်ကျွန်းဟု လည်းတွင်ရေ။
ပထဝီဝင်
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]မြေငူကျွန်းစွာ ရက္ခိုင်ပြည်မာ ဖရုံကာကျွန်းတိထဲက အနောက်ဘက် အစွန်ဆုံး ကျွန်းလည်းဖြိုက်ရေ။ မြေငူကျွန်းစွာ ၃၃ ကီလိုမီတာရှည်လျားကာ အကျယ်မှာ ၃.၈ ကီလိုမီတာလောက်ဟိရေ။ မြငူကျွန်းတွင် ရွာပေါင်း ၂၂ ရွာဟိရေ၊ ကျွန်းဧ တောင်ဘက်ပိုင်းတွင် ကုလားသိမ်ရွာနန့် မြောက်ဘက်ပိုင်းတွင် သဲခုံရွာရို့ တည်ဟိရေ။ ပြိုင်းတောင်ကျေးရွာအုပ်စု၊ပြိုင်းတောင်ကျေးရွာစွာ မြေငူကျွန်းတွင်လူဦးရီအများဆုံးနီထိုင်ရေ ကျေးရွာဖြိုက်ရေ။ ကျွန်းမြောက်ဖျားပိုင်း သဲခုံသောင်ထက်မာ တည်ဟိရေ။ သဲခုံရွာစွာ နှစ်စိုင် ပင်လယ်ရီ တိုက်စားမှုကြောင့် ရွာတည်နီရာ အကျယ်အဝန်းမာ တအီးအီးချင်း တိုက်စားစွာမြုတ်လာနီရေ။[၁] မြီငူကျွန်းအား အရှိနန့်အနောက်ကို တောင်တန်းမှ နီရာယူထားရေ ကျွန်းဧ တောင်ပိုင်းနန့် မြောက်ပိုင်းကို ကုန်းကြောင်းခရီးနန့် လားလာနိုင်အတွက်ငှာ တမန်းသားလမ်း ဖောက်လုပ် ဆောင်ရွက်လျက်ဟိရေ။ ကျွန်းဧအရှိဖက်တွင် ရွာချင်းစပ်ဖေါက်လုပ်ထားရေတမန်းသားလမ်းမဟိ ရီကြောင် ရီလမ်းယာအသုံးပြုနီရရေ။[၁] မင်းဘာဘုရင်လက်ထက် တပင်ရွှီထီး မြောက်ဦးမြို့တော်ကို ဝန်းရံလာရေအခါ ရန်သူရို့အား ပိတ်ဆို့ဖို့ ရက္ခိုင်အင်းအားတစ်ခုစီကို ဒေကျွန်းနန့် ရာမောင်ကျွန်းရို့မာ ချထားခရေ (စန္ဒ။၂း၇၁)။[၂]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ "Explore Pyaingdaung in Myanmar". Archived from the original on 29 July 2013. Retrieved 23 July 2015.
- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။