Jump to content

ယန်း ယက် ရူးဆိုး

ဝီကီးပီးဒီးယား က
ယန်း ယက် ရူးဆိုး
Rousseau by Maurice Quentin de La Tour, 1753
မွီးသက္ကရာဇ်(1712-06-28)၂၈ ဇွန်၊ ၁၇၁၂
ဂျနီဗာမြို့, Republic of Geneva
ကွယ်လွန်၂ ဇူလိုင်၊ ၁၇၇၈(1778-07-02) (အသက် ၆၆)
Ermenonville, France
ခေတ်18th-century philosophy
(Early modern philosophy)
ဒေသWestern philosophy
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)Social contract
en:Romanticism
အဓိက စိတ်ဝင်စားရာ
Political philosophy, ဂီတ, ပညာရီး, စာပီ, autobiography
မှတ်သားလောက်ရေ အတွေးအကြံ
General will, amour de soi, amour-propre, moral simplicity of humanity, အချေဗထိုပြုသင်ကြားရီးစနစ်, civil religion, popular sovereignty, positive liberty, public opinion
လက်မှတ်

ယန်း ယက် ရူးဆိုးစွာ ပြင်သစ်စာရီးဆရာ[ကိုးကားချက်လိုပါရေ]နန့် ဒဿနိကဗေဒပညာသျှင် ဖြစ်လီရေ။ သူစွာ ဟျူးဂျနိုးမိဘတိမှ ၁၇၁၂ ခုနှစ် ဂျုန်လ ၂၈ ရက်နိမာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီးဗားမြို့မာ မွီးဖွားရေ။ မိခင်မာ သူ့ကို ဖွားမြင်ပြီးကေ အနိစ္စရောက်လီရေ။ ဖခင်စွာလေ့ တရပ်တကျေးသို့ ပြောင်းရွိသွားသဖြင့် အဒေါ်ဖြစ်သူ၏ လက်မာ ကြီးပြင်းလာခရရေ။ အသက် ၁၄ နှစ် အရွယ်မာ ပုံထွင်းဆရာတဦးထံမာ ပညာသင်အဖြစ် လုပ်ကိုင်ကေနောက် အသက် ၁၆ နှစ်အရွယ်မာ အိမ်က ထွက်ဗြီးရေ။ ဒေပိုင်နန့် ၁၇၄၁ ခုနှစ်မာ ပြင်သစ်နိုင်ငံ ပါရစ်မြို့ကို ရောက်လှာဧ့။

ရူးဆိုးစွာ ပြင်သစ်လူမှုရီးစံနစ်မာ အထက်တန်းစားလူတိ၏ ဩဇာလွှမ်းပုံနန့် ဆင်းရဲသားလူတန်းစားရို့ လူတောမတိုးပုံရို့ကို သိမြင်လာလေဧ့။ ထိုအချက်ကို အခြီပြုပနာ လူမှု ပဋိညာဉ်ခေါ် စာအုပ်ကို ပြုစုရီးသားလီရေ။ ရူးဆိုးစွာ ထိုစာအုပ်မာ လူ့အဖွဲ့အစည်းမာ အစိုးရသူဆိုပနာ ပေါ်ပေါက်လာ ပုံကိုယင်း၊ အစိုးရအာဏာစွာ လူထုပါးက ဆင်းသက်လှာပုံကို ယင်း ရီးသားဖော်ပြဧ့။ သို့အတွက်နန့် လူထုသဘောမတူရေ တရားဥပဒေစွာ မတည်မြဲနိုင် ဟုဆိုရေ။ ထိုစာအုပ်စွာ ပြင်သစ်အမျိုးသားရို့ဧ့ တော်လှန်ရီးစိတ်ဓာတ်ကို သိသိသာသာ လှုံဆော်ပီးလိုက်စွာ ဖြစ်တေအတွက် ၁၇၈၉ ခုနှစ်မာ ပြင်သစ်တော်လှန်ရီး ဖြစ်ပွားရရေ အကြောင်းရင်းတခု ဖြစ်လီရေ။ သူထွင်ခရေ လွတ်လပ်ရီး၊ သာတူညီမျှရီးနန့် ချစ်ကြည်ရီးဟူရေ စာအုပ်ကို မြဒေါင်းညိုက မြန်မာဘာသာပြန်ခရေ။

ပညာရီးနန့် ဆက်စပ်ပနာလည်း ကိုယ့် အယူအဆတိကို အိမီးခေါ်စာအုပ်မာ ဖော်ပြထားလီရေ။ ရူးဆိုးက ကျောင်းသားတိကို ပညာသင်ကြားရာမာ ပိုပြီးကေ လွတ်လပ်ခွင့်ပီးရန် ထောက်ခံတင်ပြထားရေ။ ဂုခေတ် ပညာသင်ကြားရီးနည်းစံနစ်စွာ ရူးဆိုးဧ့ ပညာရီးအယူအဆတချို့ကို မှီးရေလို့ ဆိုနှိုင်ဧ့။ ထိုစာအုပ်ကို ဒေါ်မမခင်က မြန်မာဘာသာပြန်ခရေ။

ရူးဆိုးစွာ ပြင်သစ်စာပီလောကမာလည်း စိတ်ကူးစိတ်သန်း အသစ်ထွင်လို့ ရီးသားခသူ ဖြစ်လီရေ။ ဘဝအကျိုးမြင် စာပီဧ့ ဖခင်ဆိုပနာပင် တချို့က ဆိုကတ်လီရေ။ ၁၇၈၄ ခုနှစ်မာ ပုံနှိပ်ထုတ်ဝီရေ ကိုယ်တိုင်ရီး အတ္ထုပ္ပတ္တိမျိုး ဖြစ်ရေ ကွန်ဖက်ရှင်းခေါ် စာအုပ်မာ သူ၏ထင်ရှားရေ စာပီလက်ရာ ဖြစ်တေ။ ရူးဆိုးစွာ လူတိကို အသိဉာာဏ် တိုးပွားအောင် လမ်းပြခကေလေ့ ကိုယ်တိုင်မူကား အပြောနန့်အလုပ် မညီညွတ်သူ ဖြစ်၏။ သဘာဝဧ့ လှပတင့်ရေပုံကို အမွှမ်းတင်ရီးသားကေလေ့ ကိုယ်တိုင်မြို့ထဲမာ ကျပ်တည်းကျိုင်းမြောင်းစွာ နီထိုင်စွာက တိစွာ။ လူရို့ဧ့ တန်းတူအခွင့်အရီးနန့် လွတ်လပ်မှုကို အရီးဆို တင်ပြခကေလေ့ ကိုယ်တိုင်မာမူကား အမြဲဆင်းရဲငြိုငြင်စွာ နီထိုင်ရလီရေ။

၁၇၆၂ ခုနှစ်မာ ရူးဆိုးစွာ အယူဝါဒဆိုင်ရာ အယူအဆတိကြောင့် အင်္ဂလန်နိုင်ငံသို့ တိမ်းရှောင်နီထိုင်ရရေ။ ၁၇၆၇ ခုနှစ်မာ ပြင်သစ်နိုင်ငံသို့ ပြန်ရောက်ရေ။ ယကေလေ့ ကျန်းမာရီးချွတ်ယွင်းဗျာယ် ဟိရာမှ ၁၇၇၈ ခုနှစ် ဂျူလိုင်လ ၃ ရက်နိမာ ပါရီမြို့အနီးမာ ကွယ်လွန်လီရေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)

{{#property;Q6527}}