ယိုးကျွန်း
ယိုးကျွန်း
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ယိုးကျွန်းကို ရိုးကျွန်း၊ အနောက်ယိုးကျွန်း အစဟိစော်အနိန်နန့်လည်း ဟူ၏။ ကုလားတန်မြစ်၏ အနောက်ဘက်အကြေ အရပ်တွင် အကြီးဆုံးသောချောင်းဖြစ်တေ ယိုးချောင်းကို အခြီခံထားရေ အရပ်ဖြစ်တေ။ ယိုးဖျားအရပ် စွာ စစ်တန်းတင်လည်း ဟူ၏။
ယိုးအဖျား ကန်စောက်အနီတွင် သပိတ်တောင်မြို့တော်ကို ပဲဖြူမင်းကတည်ခရေ (စန္ဒ။၁း၃ဝ၄)။ အဂု ရွှီပန်းခိုင်ဘုရားမှာ ထင်ယှားရေ။
လောင်းကြက်ဘုရင်ဖြစ်လှာဖို့ မင်းထီးငယ်စွာ ခမည်းတော်၏ အမျက်ကြောင့် ယိုးဖျားတွင် လျှို့ဝှက်ခြင်းခံရရေ။ မင်းဖြစ်လှာအခါ ဒေအရပ်က ဆောင်ယူခကတ်ရေ (စန္ဒ။၁း၃၆၅)။
မင်းဖလောင်းရေ အိမ်နိမ့်ဘဝ၌ စစ်တန်းတင်ကို စားခရေ။ နန်းရရေအခါ ရိုးကျွန်းသို့ တစ်ကြိမ် ဆင်ဖမ်းထွက်ခရေ (စန္ဒ။၂း၁ဝ၁)။
မင်းရာဇာကြီးရေ ပဲခူးကယူခရေ ဆင်ပေါက်ဆင်မ ၂၄၈၊စီးကို အရပ်နှစ်ခု၌ ချထားခရာမာ ဒေယိုးဖျားအရပ်လည်း တစ်ခုပါခရေ။ အခြားတခုမာ ရဲကျွန်းဖြစ်တေ။( မင်းရာဇာကြီးစာတမ်း။ ဂါဝမ်း၆-၇)။
၁၇၀၀-ပြည့်နှစ်မာ ယိုးချောင်းအဖျား တည်ချောင်းတွင် နတ်မင်းရောက်ရေဟု ထင်ယှားခရေ။ (စန္ဒ။၂း၂၃၆)။
မြောက်ဦးနှောင်းခေတ်တွင် ၁၇၆ဝပြည့်နှစ်မာ အမတ်ကြီးရွှေသဲကို စားကျေး ရိုးကျွန်းနန့် စိန်တင်ကိုပါ ပီးခရေ (စန္ဒ။၂း၃၁၆)။ ရိုးကျွန်းစွာ ပညာဟိအမတ်ရို့၏ စားကျေးတစ်ခုဟု ဆိုနှိုင်ရေ။ ၁၇၈ဝ-ပြည့်နှစ်မာ ယိုးကျွန်းစွာ ပုန်ကန်ခရေ။ ဂေါင်းဆောင် ဘဏ္ဍာအုပ်ရဲဘော်နန့် ငဝမ်း ပေါက်ရို့ဖြစ်ကတ်တေ။ ဘုရင်ကလားရောက်တိုက်ခိုက်ရေအခါ ပျက်စီးပနာ ဗြးလီကေလေ့ ပြေငြိမ်းခြင်း မဟိခချေ။ ပြီးကေ ကုလားရွှေစာစွာလေ့ ပုန်ကန်လာသိမ့်ရေ။ မြောက်ဦးကျရေအခါ မဟာသမ္မတမင်းစွာ တိမ်းယှောင်လီရာ ဘဏ္ဍာအုပ်ရဲဘော်က ဖမ်းဆီးဖို့လို့ ကြားရရေအတွက် ဘုရင်စွာ ရက္ခိုင်တောင်ပိုင်းသို့ ဗြီးလီရရေ (စန္ဒ။၂း၂၉၃၊၃၁၇၊၃၂၇)။[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ၄၄-ကျွန်: မြောက်ဦးနန်း၊ ရခိုင်စာဟောင်း လေ့လာသုတသနပြုချက် (ဆရာ အောင်လှသိန်း)။