Jump to content

ယူကလစ်

ဝီကီးပီးဒီးယား က
ယူကလစ်
မွီးဖွားဘီစီအီး ၄ ရာစု အလယ်
ဆုံးပါးဘီစီအီး ၃ ရာစု အလယ်
နီထိုင်ရာအလက်ဇန္ဒရီးယား (Alexandria)၊ ဟယ်လင်ခေတ် အီဂျစ် (Hellenistic Egypt)
နယ်ပယ်သင်္ချာ
ကျော်ကြားမှုအရင်းခံယူကလစ် ဂျီဩမေတြီ (Euclidean geometry)
ယူကလစ်၏ အခြေခံများ (Euclid's Elements)

ယူကလစ် (အင်္ဂလိပ်: Euclid /ˈjuːklɪd/; ဂရိ: Εὐκλείδης, translit. Translate grc:Eukleidēs to English) ရေ အခြား ပညာလိုလားသူတိနန့်အတူ အက်သင်းမြို့ဟိ ပလေးတိုဧ တပည့်တိထံ၌ ပညာရပ်တိကို ဆည်းပူးခဖူးသူ ဖြစ်ရေ။ အီဂျစ်နိုင်ငံဧ ပထမ တော်လမီဘုရင်(ဘီစီအီး ၃ဝ၆-၂၈၃) လက်ထက်တွင် အလက်ဇန္ဒရီးယားမြို့ရေ ကမ္ဘာ့ပညာသျှင်ကြီးတိ စုဝီးရာဌာန တစ်ခု ဖြစ်ခလီရေ။ ထင်ရှားသည့် ဆရာအမြောက်အမြား ထိုမြို့သို့ ကျောင်းတိ တည်ထောင်ရန် လားရောက်ကတ်ရာတွင် ဂရိလူမျိုး ယူကလစ် အမည်ဟိ ပုဂ္ဂိုလ်လည်း ပါဝင်ရေ။ ဒေပိုင် ယူကလစ်ရေ ဂရိလူမျိုးဖြစ်၍ အယ်လက်ဇန္ဒြီးယား တွင် နီထိုင် စာပေ သင်ကြားပို့ချခရေ ဟူရေရို့က လွဲ၍ သူဧအကြောင်းကို မည်မည်ရရ မသိခကတ်ပေ။

ယူကလစ်ရေ ထိုခေတ် ပညာတတ်တိကဲ့သို့ပင် ဂီတအနုပညာ၊ မြင်မှုပညာနန့် အခြားပညာရပ်တိတွင် ကျွမ်းကျင်လီရေ။ ယကေလည်းသော သူစိတ်အဝင်စားဆုံး ပညာရပ်မှာ သင်္ချာဖြစ်ရေ။ သူဧ တပည့်တိအား ကြမ်းပြင်ပေါ်၌ သဲတိကိုဖြူးကာ တုတ်တစ်ချောင်းဖြင့် ဂျီဩမေတြီပုံတိကို ဆွဲ၍ အဆိုမှန်တိနန့် သက်သေပြချက်တိကို သျှင်းပြလီဟိရေ။ ယူကလစ်နန့် ဂျီဩမေတြီကို ခွဲခြား၍ မဖြစ်နိုင်ချေ။ သူရီးသားခသော စာအုပ်တိအနက် လူသိ အတိဆုံးဖြစ်သော ယူကလစ်ဧ အခြေခံတိ ဟု ဘာသာပြန်ဆိုနိုင်မည့် အဲလီးမင့်ကျမ်း (Elements) ကို နှစ်ပေါင်း ၂ဝဝဝ ကျော် တိုင်အောင် ကျောင်းသုံးစာအုပ်အဖြစ် အသုံးပြုခကတ်ရေ။ ထိုအဲလီးမင့်ကျမ်းရေ ၁၃ တွဲဟိရာ၊ ပထမ ၄တွဲနန့် ဆဋ္ဌတွဲ လောက်ကိုသာ လီလာသူတိရေ။ ထိုအဲလီးမင့်ကျမ်းကို ဘာသာ အမြောက်အမြားသို့ ပြန်ဆိုထားကတ်ရေ။

တစ်ခါတွင် အီဂျစ်ဘုရင်က ယူကလစ်အား ဂျီဩမေတြီ ဘာသာရပ်ကို သင်ကြားရာ၌ အဲလီးမင့်ကို လီလာရရေထက် ပို၍ လွယ်ကူသောနည်း မဟိသလော ဟုမေးရာ ဂျီဩမေတြီသို့လားရန် မင်းလမ်းမကြီး မဟိပါဟု ပြန်လည်ဖြေကြားရေဟု ဆိုရေ။ တစ်ခါတွင်လည်း ဂျီဩမေတြီတွင် ပထမဆုံးဖြစ်သည့် အဆိုကို သင်ကြား၍ အပြီးတွင် တပည့်တစ်ဦးက ထ၍ ဒေကိစ္စတိကို သင်ကြားခြင်းဖြင့် မည်ကဲ့သို့ အကျိုးထူးတိကို ရဟိနိုင်ပါမည်နည်းဟု မေးလိုက်ရာ၊ ယူကလစ်က သူဧ အစေခံအား ခေါ်၍ သင်ကြားမှုအတွက် အကျိုးအမြတ်ကို ခံစားလိုလှတဲ့ ဒီလူကို သုံးပဲနိပီးလိုက်စမ်းဟု ပြောဖူးရေဟု ဆိုလေရေ။

မျက်မှောက်ခေတ် ဂျီဩမေတြီစာအုပ်တိရေ ယူကလစ်နန့် အသေးအဖွဲ အချက်အလက် ချေတိတွင်သာ ကွဲလွဲပြီး ကေ သူဧတွိ့ဟိချက်တိပေါ်တွင် အဓိကအားဖြင့် မူတည်ထားရေကို တွိ့ရလေရေ။ အမှန်မှာ ထိုစာအုပ်တိရေ အဲလီးမင့်ကို တစ်မျိုးတစ်ဖုံ စီစဉ်ထားခြင်းမျှသာ ဖြစ်ရေ။

ယူကလစ်ရေ ဂျီဩမေတြီနန့် စပ်လျဉ်းသော စာအုပ် အမြောက်အမြားကိုလည်း ရီးထားခသေးရေ။ ထို့ပြင် မြင်မှု ဆိုင်ရာ ကျမ်းစာအုပ်နန့် ဂီတပညာဆိုင်ရာကျမ်းတိကိုလည်း ရီးသားခသေးရေ။ ယကေလည်းသော သူရီးသားခသော စာအုပ် စာတမ်း အမြောက်အမြားပင် ပျောက်ကွယ် ဆုံးရှုံး ကုန်ခလေရေ။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)