ရက္ခဘေရီ
ငယ်ဘ၀
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ဦးချဉ့်စွယ်ရွာမှာ ခမည်းတော် ဦးဦးဘသန်း၊မယ်တော် ဒေါ်ဦးခိုင်စိုး ရို့က ၁၃၅ဝ ပြည့်၊ ကဆုန်လဆုတ် ၄ ရက်၊ အင်္ဂါ(၃၊ ၅၊ ၁၉၈၈)တွင် မွီးဖွားခရေ။ မွီးချင်း မောင်နှမငါးယောက်ထဲမာ အကြီး ဆုံး ဖြစ်ပါရေ။ မူလတန်းပညာရီးကို မွီးရပ်မြီ ဦးချဥ့်စွယ်ရွာမာတက်ရောက် သင်ကြားခပါရေ။ ပဉ္စမတန်းမှ ဒသမတန်းအထိ ပုဏ္ဏား ကျွန်းမြို့နယ်၊ ယိုးတရုပ်ရွာ အထက (၁) မှာ သင်ယူခပါရေ။ ၂၀၀၆ ခုနှစ်မာ ဆယ်တန်းကို ယိုးတရုပ် အ၊ ထ၊ က ကျောင်းမှ အောင်မြင် ခပါရေ။ ၂၀၀၉ ခုနှစ်မာ စစ်တွေတက္ကသိုလ်မှ B.A (Myanmar) ဘွဲ့ရဟိခပါရေ။ ဘွဲ့ရယားကေ စစ်တွေမြို့ ဓမ္မသုခဆြာတော် ဘဒ္ဒန္တ သောမကို ဥပဇ္ဈာယ်ပြုပနာ ရဟန်းဝတ်ခပါရေ။ ၂၀၁၆ ခုနှစ်မာ ပထမ ကြီးတန်း၊ ၂ဝ၁၇ ခုနှစ်မာ ဓမ္မသင်္ဂဏီတကျမ်း အောင်မြင်ခပါရေ။ ၂၀၂၃ ခုနှစ်မာ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ သက္ကတ တက္ကသိုလ် (Sampurnanand Sanskrit University, Varanasi) မှ M.A (Budhha Darshana) ဘွဲ့ရဟိခပါရေ။
ပရဟိတဆောင်ရွက်မှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]ကျောက်တော်မြို့နယ်၊ သရက်တပင် ကျေးရွာ (၂၀၁၃၊ ၂၀၁၄၊၂၀၁၅)၊ အထက်ပေါက်တောကျေးရွာ (၂၀၁၅)၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဦးချ၌စွယ်ကျေးရွာ (၂၀၁၆)၊ အလယ်ချောင်းကျေး ရွာ (၂ဝ၁၇၊ ၂ဝ၁၈)၊ မာန်အောင်သားကျေးရွာ (၂ဝ၂၂)ရို့မာ Dhamma School သင်တန်းတိ စီစိုင်ဖွင့်လှစ် သင်ကြားခဖူးရေ။ ပုဏ္ဏားကျွန်း မြို့နယ်၊ မာန်အောင်သားကျေးရွာ (၂၀၁၇၊ ၂၀၁၈၊ ၂၀၂၂၊ ၂ဝ၂၃)၊ ကျောက် တော်မြို့၊ မစွာကံကြီးသျှင် ဘုရားဝင်း (၂၀၂၁၊ ၂ဝ၂၂) ကျောက်တော် မြို့နယ်၊ ရွှေလှိုင်ကျေးရွာ (၂၀၂၁၊ ၂၀၂၂) ရို့မာ ဖွင့်လှစ်ထားခရေ မေတ္တာ ဟင်းခင်းပညာဒါန ပရဟိတကျောင်း၌ စေတနာဝန်ထမ်း သင်ကြားရီးဆြာ အဖြစ် လေးနှစ်တာဝန်ထမ်းဆောင်ခရေ။
စာပီဖြတ်သန်းမှု
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]စာပီနယ်ထဲကို (၁၊ ၈၊ ၂၀၁၄) နိထုတ် သဇင် ပန်းခိုင်ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁၁)တွင် ဖော်ပြခံရရေ ““ ရက္ခိတရို့ အဇ္ဈတ္တကဗျာ” ဖြင့် ဝင်ရောက်ခပါရေ။ သမိုင်းသုတေသီဆြာတော် ပညာစာရ(ရမ္မာဝတီ)နန့်အတူ ရမ်းဗြဲနယ်တစ်ခွင် လှည့်လည်ပနာ ရက္ခိုင်ပေငါလုံးချင်းတည်း မဟုတ် ၃၁
စာဟောင်းတိ လိ့လာမှတ်တမ်းပြုခရီးတွင် ပါဝင်ခဖူးရေ။ အိန္ဒိယ နိုင်ငံ၊ တြိပူရပြည်နယ်တစ်ခွင် တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်လျက် ရက္ခိုင် ရှီးဟောင်းပေပုရပိုက်တိ တစ်ကိုယ်တော်ယှာပုံတော်ခရီးဖွင့်ပနာ မှတ် တမ်းပြု လေ့ပါလတ်တေ။ အခါအနိန်နန့် ဒေသထုတ် မဂ္ဂဇင်းတိမာ ကဗျာ၊ ဆောင်းပါး၊ အက်ဆေးတိ ဝင်ရောက်ရီးသားပြီး ပီစာ၊ ပုရပိုက် တီးဖြတ်မူတိနန့် လုံးချင်းစာအုပ်တိ ထုတ်ဝီရီးအတွက် ကြိုးပမ်း လျက် ဟိပါရေ။ ဂုချိန်ခါ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့၊ မဟာချူလာလောင် ကွန်းရာဇဝိဇ္ဇာလျ တက္ကသိုလ် (Mahachulalongkornrajavidyalaya University, Ayutthaya) ၌ (The Master of Education Pro- gram in Teaching English, M.Ed) ဘွဲ့အတွက် ပညာဆက်ပနာ သင်ကြားလျက် ဟိပါရေ။
ထုတ်ဝေပြီး စာအုပ်များ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ ယသောဓရာ၏ အလွမ်းဒိုင်ယာရီ ကဗျာရှည် (စတုတ္ထအကြိမ်) ၂ဝ၂၁
၂။ ရခိုင်ထီးတော်ပဒေသကျမ်း၊ ပီမူ။ (ဒုတိယအကြိမ်) ၂ဝ၂၂
၃။ စန္ဒကုမ္မာလင်္ကာတော် (ပီမူ) ၂၀၂၂
၄။ ရခိုင်စိုင်းဒြားဖေ (ပုရပိုက်မူ) ၂၀၂၃
၅။ ရခိုင်မဟာသမတရာဇဝင် (ဘိသိက်၊ ပီမူ) ၂ဝ၂၄
၆။ The Defenders of Our Fatherland and Revolutionary Poems (ရခိုင်ကဗျာများ) ၂ဝ၂၄
၇။ ငါတစ်ယောက်တည်း မဟုတ်ဘူး(ဆောင်းပါး၊အက်ဆေး စုစည်းမှု) ၂၀၂၅
ရက္ခဘေရီအမည်ဖြင့် စာမူပါဖူးသော ကဗျာများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ ရက္ခိတရို့ အဇ္ဈတ္တ (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၁၊ အမှတ်- ၁၁)
၂။ အလင်းနိဒါန်း (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၁၊ အမှတ်- ၁၃)
၃။ အသစ်တစ်ဖန် ရှင်သန်ခြင်း (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၂၊ အမှတ်- ၃)
၄။ ဘဝဆီမီး (အောင်တံခွန်ဝံသရက္ခိတမဂ္ဂဇင်း၊ အတွဲ- ၇၊ အမှတ်- ၄)
၅။ လောကတွက်ငါ ဖြစ်ရပါစီ (အောင်တံခွန်ဝံသရက္ခိတမဂ္ဂဇင်း၊ အတွဲ- ၈၊ အမှတ်- ၂)
၆။ ထိုင်ငြင်းနိန်လို ဖြစ်ဖိုလား (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၃၊ အမှတ်- ၈)
၇။ တိုက်ပွဲဝင်တေး (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၁)
၈။ စတုတ္ထမြင်းမိုရ်သို့ စာပန်းချီ (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၂)
၉။ ပိတောက်ဖူးသင် သနားစီချင် (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၅)
၁၀။ ရင်နာရချိန်များ (အောင်တံခွန်ဝံသရက္ခိတမဂ္ဂဇင်း၊ အတွဲ- ၈၊ အမှတ်- ၃)
၁၁။ မကြောက်တရားအသျှင်သို့ (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၈)
၁၂။ မောင်တောကို ကယ်တင်ပါ (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၉)
၁၃။ အဆိပ်သင့် ကဗျာ (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၁၀)
၁၄။ ဆံတော်ရှင်သို့ ရင်လှိုင်းခတ်သံ (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၁၁)
၁၅။ ဝိုင်းသို့ မှာတမ်း (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၅၊ အမှတ်- ၁)
၁၆။ သံချောင်းသံတိတ် ကျောင်းပိတ်ချိန် (သဇင်ပန်းခိုင်၊ အတွဲ- ၅၊ အမှတ်- ၃)
၁၇။ Dhamma School (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၅၊ အမှတ်- ၄)
၁၈။ စာကျက်ကတ်မေ (အောင်တံခွန်ဝံသရက္ခိတမဂ္ဂဇင်း၊ အတွဲ- ၉၊ အမှတ်- ၁)
၁၉။ ဆု (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၅၊ အမှတ်- ၅)
၂၀။ ဒဂုံမြို့သစ် ၅ဝ ရပ်ကွက် အောင်မြေရတနာဆရာတော် ဘဒ္ဒန္တ သီလဝံသာဘိဝံသ၏ ထေရုပ္ပတ္တိရှစ်လုံးဖွဲ့လင်္ကာများ (အောင်မြေရတနာ ငွေရတုမဂ္ဂဇင်း)
၂၁။ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာအိမ်ရာ အောင်မြေရတနာ ဆရာတော် ဘဒ္ဒန္တ ခေမာစာရ၏ ထေရုပ္ပတ္တိ ရှစ်လုံးဖွဲ့လင်္ကာများ (အောင်မြေရတနာ ငွေရတုမော်ကွန်း)
၂၂။ ရက္ခိတလမ်း မုန်တိုင်းကြမ်း (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၇၊ အမှတ်- ၆)
၂၃။ သားကို ခွင့်ရွှတ်ပါအမင်(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၈၊ အမှတ်- ၂)
၂၄။ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ အောင်မင်္ဂလာဆရာတော် ဘဒ္ဒန္တပညာသာမိ၏ ထေရုပ္ပတ္တိ ရှစ်လုံးဖွဲ့လင်္ကာများ (အဂ္ဂါဘိဓဇ ပူဇာမော်ကွန်း)
၂၅။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရစစ်တွေမြို့ဓမ္မသုခဆရာတော် ဘဒ္ဒန္တ သောမ၏ ထေရုပ္ပတ္တိရှစ်လုံးဖွဲ့လင်္ကာများ (ထေရ်ရဂုဏ်ရည်မော်ကွန်း)
၂၆။ ကျွဲတက်ကျောင်းဆရာတော် ဘဒ္ဒန္တ သာဂရ မထေရ် (သုဓမ္မာ၊ လှံပျောက်ပဝါရဏဂိုဏ်းချုပ်) ၏ ပတ္တမြားရတုဝိဇာတမင်္ဂလာ ထေရုပ္ပတ္တိရှစ်လုံးဖွဲ့ကဗျာများ (ပတ္တမြားရတုမော်ကွန်း)
လင်းခိုင်(မြန်မာစာ) အမည်ဖြင့် အခြားကဗျာများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၂၇။ မဝေပွင့်မီ ကြွေလွင့် ဖြေနင့်ရသည် (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၃၊ အမှတ်- ၉)
၂၈။ အမေနေ့(၂၄၊ ၁၊ ၁၆ နေ့ထုတ် စံတော်ချိန်သတင်းစာ)
၂၉။ ဆန္ဒ(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၆)
၃၀။ ငြိမ်းချမ်းရေး(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၅၊ အမှတ်- ၇)
၃၁။ ဗေဒါ(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၅၊ အမှတ်- ၈)
၃၂။ အလှဖွေရှာခြင်းအနုပညာ(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၅၊ အမှတ်- ၁ဝ)
၃၃။ လာစီချင်သည် လင်းခိုင်(ဦးချဥ့်စွယ်)(ဓမ္မသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သောမ၏ ထေရ်ရဂုဏ်ရည်မော်ကွန်း)
ရက္ခဘေရီအမည်ဖြင့် စာမူပါဖူးသောဆောင်းပါးအက်ဆေးများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ (သို့) အာရှနေဝန်းသို့ ဦးခိုက်ခြင်း(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၁၊ အမှတ်- ၁၃)
၂။ နို့ရည်မြစ်ကို ဆန်တက်ခြင်း(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၁၊ အမှတ်- ၁၆)
၃။ ပါရမီပျိုးခင်း၏ ဝီရရသ စာပေည (သို့) အတိတ်နိုးထ ဆောင်းညရင်ခွင်(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၂၊ အမှတ်- ၂)
၄။ ဦးနှောက်ယိုစိမ့်မှု၊ လူသားဆန်မှုနှင့် ရခိုင့်လူငယ်များအားဆက်စပ်ကြည့်ခြင်း(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၃၊ အမှတ်- ၂)(စိုင်းတင်ရင်ခွင်မဂ္ဂဇင်း၊ အမှတ်- ၁)
၅။ စာဖတ်ကြရမည်(အောင်တံခွန်ဝံသရက္ခိတမဂ္ဂဇင်း၊ အတွဲ- ၈၊ အမှတ်- ၁)
၆။ ရွှေကွပ်သည့်ကျောင်းမှာပင် မနေချင်(သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၄)
၇။ မေတ္တာဥယျာဉ်အတွက် သင်္ဂဟကမ်းလက်များအလိုရှိသည် (သဇင်ပန်းခိုင်ဂျာနယ်၊ အတွဲ- ၄၊ အမှတ်- ၆)
၈။ သက္ကတစာပီဟိတောပဒေသမှ အကြံကောင်း၊ ဉာဏ်ကောင်း ဝတ္ထုတိုများ- ဘာသာပြန် (ယိုးတရုပ်မဂ္ဂဇင်း၊ အမှတ်- ၁)
လင်းခိုင်အမည်ဖြင့်စာမူပါးသောအက်ဆေးဆောင်းပါးများ
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ ငါတစ်ယောက်တည်း မဟုတ်ဘူး (သဇင်ပန်းခိုင်၊ တွဲ- ၄၊ မှတ်- ၂)
၂။ မြားနှင့်သီချင်းကို တူးဆွခံစားကြည့်ခြင်း (သဇင်ပန်းခိုင်၊ တွဲ- ၇၊ မှတ်- ၆)
၃။ တစ်ကိုယ်ရည် တစ်ကာယ သည်ဘဝ (သဇင်ပန်းခိုင်၊ တွဲ- ၇၊ မှတ်- ၇)
၄။ အမေ့သား အိပ်ပျော်ပါစေ(သဇင်ပန်းခိုင်၊ တွဲ- ၈၊ မှတ်- ၂)
၅။ ဤမီးတိုင်ကဗျာကို ဆင့်ပွားခံစားကြည့်ခြင်း (ထေရ်ရဂုဏ်ရည်မော်ကွန်း)
အခြား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]၁။ ဦးချဉ်စွယ်ဆရာတော်၏ ဘဝနိဂုံးပုံရိပ်များကို တူးဆွခြင်း (အသျှင်ဇဝန၊ ရက္ခပူရ)[၁]
ကိုးကား
[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]- ↑ ငါတစ်ယောက်တည်း မဟုတ်ဘူး(ဆောင်းပါး၊အက်ဆေး စုစည်းမှု) ၂၀၂၅၊ ရန်ကုန် နန်းသဇင်ပုံနှိပ်တိုက်။