Jump to content

ရက္ခိုင်ပြက္ခဒိန်

ဝီကီးပီးဒီးယား က

ရက္ခိုင်ပက္ခဒိန် စွာ ရက္ခိုင်ပြည်မာ သမိုင်းအရ အသုံးပြုလာခရေ လ နိ နှစ် ပက္ခဒိန်စနစ် တစ်ခုဖြစ်တေ။ ယင်းပက္ခဒိန်စွာ အိန္ဒိယအခြီပြု ဗုဒ္ဓဘာသာပက္ခဒိန်စနစ်က ဆင်းသက်လာရာ မြန်မာပက္ခဒိန်နန့် နီးစပ်ရေ စနစ်ဖြစ်ကေလေ့ လထပ်စနစ်နန့် ဗေဒင်တွက်ချက်မှုတိမာ ဒေသဆိုင်ရာ ကွာခြားမှုတိဟိပါယင့်။

ရက္ခိုင်ပက္ခဒိန်ကို ရက္ခိုင်နိုင်ငံဧ့ သမိုင်းတလျှောက်မာ ဘာသာရီးပွဲတိ၊ စိုက်ပျိုးရီးလုပ်ငန်းတိ၊ နက္ခတ်ဗေဒင်တွက်ချက်မှုတိနန့် ရာဇဝင်မှတ်တမ်းတိမာ အသုံးပြုခကတ်ရေ။ အထူးအနိန်နန့် မြောက်ဦးခေတ်မာ ပက္ခဒိန်စနစ်ကို ပညာသျှင်တိက စနစ်တကျ ပြင်ဆင်သတ်မှတ်ခကတ်ရေ။

“ပက္ခဒိန်” ဆိုရေ ဝေါဟာရကို ရက္ခိုင်ပြည်နန့် မြန်မာပြည်ရို့မာ ဇာခေတ်ကာလက စတင်အသုံးပြုလာခစွာကို တိုက်ရိုက်ကျ မသိရကေလေ့ ရှီးဟောင်းစာပီတိအရ ရက္ခိုင်ဘုရင် ဘစောဖြူမင်း လက်ထက်မာ ရီးသားခရေ မင်းသမီးဧချင်းတစ်ပုဒ်မာ ယင်းဝေါဟာရကို အသုံးပြုထားကြောင်း သုတေသီတိက တွိ့ဟိထားကတ်ရေ။

ထိုဧချင်းစွာ ရက္ခိုင်စာဆိုသျှင် ဗဒူမင်းညို ဧ့ လက်ရာဖြစ်ပြီးကေ မြန်မာနိုင်ငံမာ လက်ဟိသိဟိကတ်တေအစောဆုံး ဧချင်းစာပီတိထဲက တစ်ခုဖြစ်တေ။

ဒေနိန့်ခေတ်မာ “ပက္ခဒိန်” အစား “ပက္ခဒိန်” ဆိုပနာလည်း ရီးသားအသုံးပြုမှုတိ ဟိကေလေ့ ရှီးစာပီတိမာ “ပက္ခဒိန်” ဆိုရေ ပုံစံကို ပိုပြီးကေတွိ့ရရေ။

ဘာသာဗေဒပညာသျှင်တိဧ့ လိ့လာချက်အရ ယင်းဝေါဟာရရေ—

  • ပါဠိ – ပဝုတ္တဒိန
  • သက္ကတ – ပြုတ္တဒိန

ရို့မှ ဆင်းသက်လာနှိုင်ကြောင်း ယူဆကတ်ရေ။ ယင်းရို့ဧ့ အဓိပ္ပာယ်မှာ “နိရက်တိကို ကြေညာပြသသော အရာ” ဟု ဆိုလိုရေ။

ရက္ခိုင်ပက္ခဒိန်ကို ဇာခေတ်ကာလက စတင်အသုံးပြုခစွာကို တိုက်ရိုက်ကျ မသိရကေလေ့ ရက္ခိုင်ရာဇဝင်တိမာ သက္ကရာဇ်တွက်ချက်မှုတိကို ဓညဝတီခေတ် မှစပြီးကေ အသုံးပြုခကြောင်း တွိ့ရရေ။

မြောက်ဦးခေတ် ပက္ခဒိန်ပြုပျင်ရီး

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

မြောက်ဦးခေတ်မာ ရက္ခိုင်ပက္ခဒိန်ကို စနစ်တကျ ပြုပျင်သတ်မှတ်ခကတ်ရေ။

နရအဘယရာဇာမင်း လက်ထက်မာ ခရစ်နှစ် ၁၇၆၁ (ကောဇာ သက္ကရာဇ် ၁၁၂၂) မာ ရဟန်းပညာသျှင်တိနန့် လူပညာသျှင်တိ အစီးအဝီးကျင်းပပနာ—

  • ဝါဦးသတင်းနိ
  • သင်္ကြန်အတာ
  • အတက်နီ့

ရို့ကို သတ်မှတ်ခကတ်ပြီးကေ နှစ်ပေါင်း ၂၀၀၀ အတွက် အသုံးပြုနှိုင်ရေ ပက္ခဒိန်စနစ်ကို စီစိုင်ခကတ်ရေ။

ကိုလိုနီခေတ် ပက္ခဒိန်စာအုပ်တိ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ဗြိတိသျှအုပ်ချုပ်ရီးကာလမာ ရက္ခိုင်ပက္ခဒိန်ကို အင်္ဂလိပ်နန့် မြန်မာပက္ခဒိန်တိနန့် နှိုင်းနိူင်းဖော်ပြသော စာအုပ်တိ ထုတ်ဝီခကတ်ရေ။

စစ်တွေမြို့ရှိ—

  • ကျားရုပ်ဆြာတော် ဦးအဂ္ဂ
  • ရွှီစာတီဆြာတော် ဦးတေဇာရာမ
  • ဝတ်လုံတော်ရ ဦးထွန်းစံ

ရို့က ကောဇာ သက္ကရာဇ် ၁၁၈၁ မှ ၁၂၉၀ အထိ (ခရစ် ၁၈၂၀–၁၉၂၉) နှစ်ပေါင်း ၁၁၀ အတွက် အင်္ဂလိပ်၊ မြန်မာ၊ ရက္ခိုင် သုံးဘာသာပါဝင်ရေ ပက္ခဒိန်ကို စီစိုင်ထုတ်ဝီခကတ်ရေ။

ကောဇာ သက္ကရာဇ် ၁၂၉၁–၁၂၉၅ (ခရစ် ၁၉၃၀–၁၉၃၄) အမားမာ ဗေဒင်ပညာသျှင်တိဖြစ်ရေ—

  • ဦးချင်းရှီ
  • ဦးဖြူသာယောင်

ရို့က ဓညဝတီပက္ခဒိန် ဆိုရေ နာမည်နန့် အင်္ဂလိပ်နန့် ရက္ခိုင် နှစ်ဘာသာပါဝင်ရေ ပက္ခဒိန်ကို ထုတ်ဝီခကတ်ရေ။

ယပြီးကေ နက္ခတ်ဗေဒင်ပညာသျှင် ဦးထွန်းလှခိုင် က အင်္ဂလိပ်၊ မြန်မာ၊ ရက္ခိုင် သုံးဘာသာနန့် နှစ်စိုင်ပက္ခဒိန်တိကို ထုတ်ဝီခရေ။

ရခိုင် ပြက္ခဒိန်ကို မြောက်ဦးခေတ် နရအဘယရာဇာ မင်းလက်ထက် ရဟန်းပညာဟိမ့်၊ လူပညာဟိမ့်များနန့် ညှိနှိုင်းပနာ ခရစ် ၁၇၆၁-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၁၂၂-ခုနှစ်မာ အစည်းအဝေး ပြုပနာ ဝါဆိုလပြည့်နိနန့် သင်္ကြန်အတာ အတက်နိရို့ကို သတ်မှတ်ဗျာလ် နှစ်ပေါင်းနှစ်ထောင်အတွက် တန်ခူးလထပ် ပြက္ခဒိန်ကို ပြုလုပ်စီစဉ်လာခရရေ ဆိုဧ့။ ယင်းနောက် အင်္ဂလိပ်လက်ထက် အရောက်မာ စစ်တွေမြို့ ကျားရုပ်ဆရာတော် ဦးအဂ္ဂ၊ ရွှေစေတီဆရာတော် ဦးတေဇာရာမ၊ ဝတ်လုံတော်ရ ဦးထွန်းစံရို့ရေ ယင်နရအဘယရာဇာမင်းလက်ထက် ပြုလုပ်ခကတ်တေ ပြက္ခဒိန်ကို အမှီပြုပနာ သက္ကရာဇ် ၁၁၈၁-ခုနှစ်က ၁၂၉၀-ခုနှစ်အထိ (ခရစ် ၁၈၂၀-က ၁၉၂၉-ခုထိ) နှစ်ပေါင်း တစ်ရာ့တစ်ဆယ်အတွက် အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံးဝါဒပါဝင်သော ပြက္ခဒိန်ကို စီစဉ်ထုတ်ဝီခကတ်ရေ။

ယင်းနောက် ၁၂၉၁-က ၁၂၉၅-ခုနှစ်အထိ (ခရစ် ၁၉၃၀က ၁၉၃၄ထိ) ငါးနှစ်အတွက် ဗေဒင်ဆရာ ဦးချင်းရှီနန့် ဦးဖြူသာအောင်ရို့က အင်္ဂလိပ်၊ရခိုင် နှစ်ဝါဒပါဝင်ရေ ပြက္ခဒိန်ကို ဓညဝတီပြက္ခဒိန်ဆိုရေ နာမေနန့် ထုတ်ဝေလာကတ်ရေ။

သက္ကရာဇ် ၁၂၉၅-ခုနှစ်ကစပနာ ဓညဝတီပြက္ခဒိန်နာမေနန့် နက္ခတ်ဗေဒင် ပညာဟိမ့် ဦးထွန်းလှခိုင်က အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် သုံးဘာသာနန့် တစ်နှစ်တစ်ကြိမ်ကျစီ ပြက္ခဒိန်ကို ဒေခုတိုင် နှစ်မပျက် ထုတ်ဝီလာကတ်တေ။ ယင်းအပြင် ၎င်းဦးထွန်းလှခိုင်က ဦးထွန်းစံဧ့ နှစ်တစ်ရာ့တစ်ဆယ် ပြက္ခဒိန်စာအုပ်ကို လက်ခံသော အနီနန့် အင်္ဂလိပ်၊ ရခိုင်၊ မြန်မာ သုံးဝါဒပါရေ နှစ်(၁၀၀) ပြက္ခဒိန် စာအုပ်ကြီးတစ်အုပ်ကို ခရစ် ၁၉၅၉က ၁၉၆၀ထိ၊ ရခိုင်-မြန်မာ သက္ကရာဇ် ၁၂၂၀က ၁၃၂၂-ခုနှစ် စုစည်းစီစဉ်ပနာ ၁၃၂၂-ခု၊ နယုန်လမာ စစ်တွေမြို့ ဖဖြူလမ်း၊ ရခိုင်ခေတ် ပုံနှိပ်တိုက်မာ ရိုက်နှိပ်ထုတ်ဝေခပါရေ။

ဖော်ပြပါ မြောက်ဦးခေတ် နရအဘယရာဇာမင်းက ဒေခုတိုင် ဆက်ခံလာခရေ ပြက္ခဒိန်များအရဆိုကေ ရခိုင်ပြည်မာ တန်ခူးလကို ပထမတန်ခူးလ၊ ဒုတိဒေတန်ခူးလဆိုပနာ နှစ်လခွဲပနာ လထပ်ပြုခကတ် ရေ။ မြန်မာ ပြည်မာကား ပထမဝါဆိုလ၊ ဒုတိအေဝါဆိုလဆိုပနာ ဝါထပ်နှစ်ပြုလာခကတ်ရေ။ ယင်းကြောင့် ရခိုင်ပြည်မာ တန်ခူးလထပ်တေ (ဒွေစိတြ) ပြက္ခဒိန်နန့် မြန်မာပြည်မာ ဝါဆိုလထပ်ရေ ပြက္ခဒိန်ဆိုပြီးကေ မူဝါဒကွဲပြားလားခပနာ ဒေခုတိုင် ရှည်ကြာလာခရရေ။ အင်္ဂလိပ်ရို့ အုပ်ချုပ်လာကတ်တေအခါ အနောက်နိုင်ငံ ဝါဒ နီသွားပြက္ခဒိန် တစ်မျိုးလည်း ဝင်ရောက်လာခပနာ အေခုအခါမာ ရခိုင်ပြည်၌ ပြက္ခဒိန်မှာ သုံးမျိုး သုံးဝါဒနန့် ဟိမ့်လာခရရေ။

မြန်မာဝါဒ ပြက္ခဒိန်မှာ အသုံးများခရဂေလဲ ရခိုင်ဝါဒပြက္ခဒိန်ကိုလည်း သက်ဆိုင်ရာအစိုးရက လုံးဝပစ်ပယ်နိုင်ခြင်း မဟိမ့် အသိအမှတ်ပြုပနာခွင့်ပြုထားရရေ ယေနန့် အသုံးပြုသူများလည်း ဟိမ့်ကတ်တေ။ ယဂေလဲ မြန်မာဝါဆိုလပြည့်နိတိ တနိုင်ငံလုံး ရုံးပိတ်နိ သတ်မှတ်ပီးခဂေလဲ ရခိုင်ဝါဆိုလပြည့်နိမာကား သီးခြားရုံးပိတ်ရက် သတ်မှတ်ရက် မပီးထား ယေနလို့ သီတင်းသီလစောင့်ဖို့၊ ကုသိုလ်ကောင်းမှုလုပ်ဖို့ လူတိုင်းအားလပ်ခွင့် မရနိုင်ကတ်ဖြိုက်တေ။

ရခိုင်ရဟန်းတော်တိ အနီနန့်လဲ ရခိုင်ပြက္ခဒိန်မူအရ ဝါဆိုကတ်ရေ ပုဂ္ဂိုလ်များ ဟိမ့်ကတ်သိရေပိုင် မြန်မာဝါဒ ပြက္ခဒိန်မူအရ ဝါဆိုကတ်တေ ပုဂ္ဂိုလ်များလည်း အများကြီး ဟိမ့်လာကတ်ရရေ။ မြန်မာဝါဒမာပင် ဝါထပ် ရက်ငင်ကိစ္စရေ မသျှင်းမလင်းဖြိုက်နီလို့ မြန်မာမင်းလက်ထက်ကစပနာ ဝိဝါဒကွဲပြားပနာ အင်္ဂလိပ် လက်ထက် အရောက်မာပိုပနာ ရဟန်းသျှင်လူရို့ ပြဿနာအကြီးသန် ဖြိုက်ပေါ်လာခကတ်ရရေကြောင်း ဦးကုဏ္ဍလ ဆရာတော်ဧ့ အာကနသဇာ၀စိန္တာကျမ်း နောက်ဆက်တွဲက သက်သီခံ အထောက်အထား၊ စာတမ်း မှတ်တမ်းတိအရ လေ့လာသိဟိမ့်နိုင်ဘာရေ။ အမှန်မာ ဝါထပ်ရက်ငင်ရေ ဗုဒ္ဓခေတ် အလိုမကျဖြိုက်ခြင်း၊ ဝိနည်း ကျမ်းဂန် အယူအဆကွဲပြားခြင်း၊ ဗေဒသုတေသီများနန့် အစိုးရရို့က စနစ်ကျ မှန်ကန်မှုရအောင် ဆောင်ရွက် မပီးလာနိုင်ခြင်းရို့ကြောင့်လည်း ယင်ဝါဆိုဝါထပ်ပြဿာနာရေ ရဟန်းသျှင်လူလောကမာ ဝိဝါဒဟိမ့်မြဲ ဟိမ့်နီကတ်ဖို့သာဖြိုက်ဧ့။

အေခု အကျွန်တင်ပြလိုက်ရေ ပြက္ခဒိန်ကား ရခိုင်တန်ခူးလထပ် ပြက္ခဒိန် မူပင်ဖြိုက်ရေ။ ယင်းပြက္ခဒိန်ကို ပီမာ ယှေးရခိုင် ဂဏန်းရို့နန့် ဇယားကွက်စဉ်နန့် ရွီးမှတ်ထားခရာ ၁၂၆၃-ခု ထိ တွိရရေ။ ပီစာ အရင်းအစကိုဒေါခါ ဇာနှစ်ကဆိုပြီးကေ မသိနိုင်ဘာဗျာလ်။ ပျက်စီး ကျိုးပျက်လားခယာ သက္ကရာဇ် ၁၂၃၇ -ခု နှစ်ကစပြီးကေယာ ဖတ်ရှုနိုင်ဘာရေ။ ဒေခု ပီမူအတူ အခြားအရပ်ရပ် ရခိုင်ဒေသတိမာ ရခိုင်မူပြက္ခဒိန်တိ ဟိမ့်ကောင်းဟိမ့်နိုင်ဘာသိရေ။

ဒေတင်ပြထားသော ပီမူလာ ရခိုင်ပြက္ခဒိန်စနစ်ရေ အေခုခေတ်စနစ်နန့် မတူဘာ။ ယှေးခေတ်စနစ်သုံး ပြက္ခဒိန်သာဖြိုက်ဘာရေ။ လပြည့်လကွယ်တိကိုယာ အဆုံးပြထားပနာ လဆန်းရက်စဉ်၊ လဆုတ်ရက်စဉ်တိကို စိုင်းစားပနာယာ ဖတ်ယူရဘာဖို့။ ယဂေလဲ့ တနင်္ဂနွေနိ၊ တနင်္လာနိစသော နိစဉ်များကား ဖော်ပြပနာဟိမ့်ဘာရေ။ ယင်းအပြင် ဂြိုဟ်စဉ်နန့် အမြင်နက္ခတ် စရေရို့ကိုလည်း ပြဆိုထားယေခါ ရှေးခေတ်ပြက္ခဒိန်စနစ် ဇာပိုင်ဟိမ့်ခ ရေ၊ ဇာပိုင်ပုံစံဟိမ့်ရေ စသော ဗေဒင်ပညာ ဗဟုသုတတိကိုပါ လေ့လာရဟိမ့်နိုင်ဘာရေ။ ယင်းအပြင် အေခု တင်ပြရေ ပြက္ခဒိန်မှာ ရခိုင်နရအဘယရာဇာမင်း လက်ထက်က သတ်မှတ်ခရေ ပြက္ခဒိန်ကို မူထားပနာ စီစဉ် ထားခခြင်းဖြိုက်ရာကား အေခုရခိုင်ပြက္ခဒိန်တိရေ ဒေဂုဖော်ပြပါ ပီမူလာ ပြက္ခဒိန်က ဆက်ကာ ဆက်ခံလာ ခရကြောင်း သိနိုင်ရေ။

အေခုနမူနာအဖြိုက် ပီမူရင်းက တစ်လအတွက် ပုံစံ(၁)၊(၂)ပြုပနာ ဖော်ပြလိုက်က်ရဘာရေ။ ယင်းပိုင်ဖော်ပြရာမာ ပီမူရင်းမာပြဟိမ့်ထားသော ဂဏန်းကိုလည်း နမူနာအဖြိုက်တင်ပြအပ်ရေ။ ဒေမာ သိသာရန်အေခု အများသုံး ဂဏန်းနန့်လည်း တင်ပြရခြင်းဖြိုက်ဘာရေ။

နမူနာပြပုံစံ(၁)၊(၂)ကို သိသာရန်မှာ ပုံစံ(၁)မာ အစရင်းလာ လဆန်းတစ်ရက်ဇယား ကွက်မာ ထိပ်စီး(၆) ရေ သောကြာနိကိုပြရေ။ ၎င်းအောက် ဝဲဘက်ကွက်မာဟိမ့် ၆၊၁၃၊၃၃ ရို့ရေ တနင်္ဂနွေဂြိုဟ်စဉ်ကို ဖော်ပြရေ။ ၎င်းအောက် ၀၊၁၀ ရေ တိထီနန့် ဃဋီကို ဖော်ပြရေ။

လက်ယာဘက်မာ ၆၊၂၁၊၃၉ ရို့ရေ တနင်္လာဂြိုဟ်စဉ်ကိုဖော်ပြရေ။၎င်းအောက် ၁၅၊၇ ရေ နက္ခတ် နန့် ဃဋီကို ဖော်ပြရေ။အေအတိုင်း လဆန်း ၂၊၃၊၄ ရက်စရေ ရက်စဉ် ရို့ကိုလည်း သိသာနိုင် ဘာရေ။ လပြည့်နိ၌ကား ဂြိုဟ်(၈)လုံး တိထီ၊ ဃဋီ၊ နက္ခတ် ဃဋီကိုပါ စုပေါင်းဖော်ပြရေဆိုပနာ သိကေတ်နိုင် ရေ။ လဆုတ်ဇယားကွက်ရို့၌လည်းအေနည်းအတိုင်း သိနိုင်ကတ်ဘာရေ။ ယင်းပြက္ခဒိန်ဧ့ ဂြိုဟ်၊ တိထီဃဋီ၊ နက္ခတ်ဃဋီရို့ဧ့ တွက်နည်းကိုလည်း ရှေးမူအရ ရခိုင်ပြည်သုံး မက္ခကာရန္တနည်းနန့် တွက်ဆ သိသာနိုင်ဘာရေ။

• (၁၉၇၅-ခုနှစ် ဖေဖော်ဝါရီလထုတ် ရခိုင်မဂ္ဂဇင်း အမှတ်(၂)မာ နက္ခတ်ဗေဒင် သုတေသီ နတ်မြစ်ဦးကုမာရ နာမေနန့် ဖော်ပြခယာဖြိုက်ရေ။)

ရက္ခိုင်နန့် မြန်မာ ပက္ခဒိန် ကွာခြားချက်

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
အချက်ရက္ခိုင်ပက္ခဒိန်မြန်မာပက္ခဒိန်
လထပ်စနစ် တန်ခူးလထပ် ဝါဆိုလထပ်
ခေါ်ဝေါဟာရ ဒွေစိတ္တ ဝါထပ်
သမိုင်းမူလ ဓညဝတီခေတ်ကို အခြီခံပြီး မြောက်ဦးခေတ်မာ ပြုပြင်တည်ဆောက်ခရေ ပက္ခဒိန်စနစ် ပုဂံခေတ်အခြီခံရေ မြန်မာပက္ခဒိန်စနစ်

ရက္ခိုင်ပက္ခဒိန်နန့် ဗေဒင်ပညာ

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]

ရှီးခေတ် ရက္ခိုင်ပက္ခဒိန်တိမာ—

  • ဂြိုဟ်စဉ်
  • တိထီ
  • ဃဋီ
  • နက္ခတ်

ရို့ကိုပါ ဖော်ပြထားရေ။ ထိုအချက်တိကို ရက္ခိုင်ဒေသသုံး မက္ခကာရန္တ နည်းနန့် တွက်ချက်ထားကတ်ရေ။

ရက္ခိုင်ပက္ခဒိန် သမိုင်း အချိန်လိုင်း

[တီးဖြတ်ပါ | အရင်းအမြစ်ကိုတီးဖြတ်ပါ]
ကာလအဖြစ်အပျက်
ဓညဝတီခေတ် ရက္ခိုင်ဒေသမာ အစောဆုံး သက္ကရာဇ်နန့် ပက္ခဒိန်ဆိုင်ရာ အစနစ်တိ အသုံးပြုလာကြောင်း သမိုင်းမှတ်တမ်းတိမာ တွိ့ရရေ။
မြောက်ဦးခေတ် မြောက်ဦးမင်းဆက်အုပ်ချုပ်ရီးကာလမာ ရက္ခိုင်ပက္ခဒိန်စနစ်ကို ပိုမိုတိကျစီဖို့ ပြုပြင်သတ်မှတ်မှုတိ ပြုလုပ်ခကရေ။
၁၇၆၁ ခုနှစ် နရအဘယရာဇာမင်း လက်ထက်မာ ရက္ခိုင်ပက္ခဒိန်ကို ထပ်မံပြုပြင်တည်းဖြတ်ခပြီးကေ သာသနာရီးနန့် နက္ခတ္တဗေဒဆိုင်ရာ တွက်ချက်မှုတိနန့် ကိုက်ညီရောင် ပြုလုပ်ခဲ့ရေ။
၁၈၂၀–၁၉၂၉ အင်္ဂလိပ်၊ မြန်မာ၊ ရက္ခိုင် သုံးဘာသာပါဝင်ရေ ပက္ခဒိန်တိကို ထုတ်ဝီခပြီးကေ ဒေသမားအသုံးပြုမှု ပိုပြီးကေကျေပြန့်လာရေ။
၁၉၃၀–၁၉၃၄ ဓညဝတီပက္ခဒိန် (Dhanyawadi Calendar) ကို ထုတ်ဝီခပြီးကေ ရက္ခိုင်ဒေသဧ့ ယိုင်ကျေးမှုနန့် သမိုင်းအမှတ်အသားအဖြစ် ထင်ယှားလာရေ။
ခေတ်သစ် ဒေနိန့်ခေတ်မာ ရက္ခိုင်ပက္ခဒိန်ကို ယိုင်ကျေးမှု၊ ဗေဒင်ပညာနန့် သာသနာရီးဆိုင်ရာ အခမ်းအနားတိမာ ဆက်ပနာအသုံးပြုလျက်ဟိရေ။

== Gallery ==

  • အသျှင်စက္ကိန္ဒ (ရခိုင်အေဉ်ကျေးမှုများ အမှတ်၆ က-)
  • Irwin, A. M. B. (1909). The Burmese and Arakanese Calendars.
  • Htoon-Chan (1903). The Arakanese Calendar.
  • နတ်မြစ်ဦးကုမာရ (1975). “ရက္ခိုင်ပက္ခဒိန်”. ရက္ခိုင်မဂ္ဂဇင်း။