Jump to content

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

ဝီကီးပီးဒီးယား က

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂသည် ကျောင်းသားနိုင်ငံရီးအဖွဲ့အစည်းဖြစ်ပါရေ။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကို ၂၀၁၂ ခုနှစ်တွင် ရက္ခိုင်ကျောင်းသားတိက စတင်ပနာတည်ထောင်ခပါရေ။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂသည် ၂၀၁၅ အမျိုးသားပညာရီး သပိတ်တွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ယှားခပါရေ။ စစ်တွေ ရီချမ်းပြင်တွင်ဟိမ့်ရေ GTC ကျောင်းကနီပနာ ကျောင်းသား ကျောင်းသူ ၂၀၀၀၀ ကျော်နန့် သပိတ်စစ်ကြောင်း စတင်ထွက်ဟိမ့်လာပြီး စစစ်တွေမြို့ထဲတွင် ကွန်ပျူတာတက္ကသိုလ် ၊ စစ်တွေတက္ကသိုလ် ကျောင်းသားတိနန့် ပူပေါင်းပနာ အမျိုးသားပညာရီးစနစ် ကို သပိတ်တိုက်ပွဲ ဆင်နွဲခကတ်ပါရေ။ ၂၀၁၅ ခုနှစ်မှာ တက္ကသိုလ်အသီးသီးမှာ ကျောင်းသားသမဂ္ဂတိစတင်ဖွဲ့စည်းခကတ်ပါရေ။ မိခင်အဖွဲ့အစည်းမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဖြစ်ပါရေ။ ၂၀၁၆ _၂၀၁၇ ခုနှစ်အတွင် ရက္ခိုင်ပြည်ရှိ ကောလိပ်တိ၊ တက္ကသိုလ်တိ ၊သက်မွေးဝမ်းကျောင်းကျောင်းတိမှာ သမဂ္ဂ အသီးသီး ပေါ်ထွန်းလာကတ်ပါရေ။ ၎င်းရို့တိမှာ ၁။ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂ(စစ်တွေ) ၂။စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ၃။ နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ(စစ်တွေ) ၄။ သံတွဲ GTI (အဂု GTC) ၅။ ကျောက်ဖြူ GTC ၆။ ကျောက်ဖြူပညာရီးဒီကရီကောလိပ် ၇။တောင်ကုတ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၈။ အခြေခံပညာ ကျောင်းသားသမဂ္ဂ (စစ်တွေမြို့နယ်) ရို့ဖြိုက်ကတ်ပါရေ။ ၂၀၁၈ ခုနှစ်တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ပထမဆုံးညီလာခံကို တောင်ကုတ်မြို့ဟိမ့် တောင်ကုတ်တက္ကသိုလ်တွင် ကျင်းပခကတ်ပါရေ။ မဟာမိတ်ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တိလေ့ တက်ရောက်ခကတ်ပါရေ။ ၂၀၁၉ ခုနှစ်မှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ဒုတိယကြိမ်မြောက် ညီလာခံကို သံတွဲမြို့ သံတွဲ(GTC) တွင်ကျင့်ပခဲ့ပါသည်။ ၂၀၁၉ ခုနှစ် အတွင်း စစ်ဘေးရှောင် ကယ်ဆယ်ရီး လုပ်ငန်းတိကိုလက်ဆောင်ခပါရေ။ ယင်းအပြင် ကျောင်းသားနိုင်ငံရီးလှုပ်ရှားမှုများအပါအဝင် ကျောင်းတွင်းလိုအပ်ချက်တိကို ဆန္ဒဖော်ထုတ်တောင်းဆိုခပါရေ။ ၂၀၂၀ ခုနှစ်မှာ မြန်မာတပ်မတော်က ရခိုင်ပြည်သူများကို အကြမ်းဖက်ဖမ်းဆီး လုပ်ဆောင်နီစွာကို ဆန္ဒပြခကတ်ပါရေ။ ၂၀၁၉ ခုနှစ်တွင် ရက္ခိုင်ပြည်တွင်း အင်တာနက်ဖြတ်တောက်မှုတိကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဆန္ဒထုတ်ဖော်ခကတ်ပါရေ။ ၂၀၂၀ ခုနှစ်တွင် စစ်ဆန့်ကျင့်ရီးလှုပ်ရှားမှုတိကို ဆန္ဒပြကတ်တေအတွက်နန့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ရဲဖော်တိဖြိုက်တေ ကိုဦးသန်းနိုင်၊ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုကောင်းထွန်း၊ ကိုမြတ်စိုးဝင်းရို့ အဖမ်းခံကတ်ရပနာ ထောင်ဒဏ်ချမှတ်ခံရပါရေ။ ၂၀၂၃ ခုနှစ် မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှု တိကြောင့် အရေးပေါ်ကယ်ဆယ်ရီး ကော်မတီဖွဲ့စည်းကာ ကယ်ဆယ်ရီး လုပ်ငန်းတိကို ဆောင်ရွက်ခကတ်ပါရေ။ ၂၀၂၃ ဩဂုတ်(၁၃) ဆန်ပြဿနာနိန့် အခမ်းအနားပြုလုပ်ကျင်းပသောကြောင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂခေါင်းဆောင်များ လွတ်မြောက်နီ‌မြီသို့ ရှောင်တိမ်းခဲ့ရပါသည်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနီဖြင့် လွတ်မြောက်နီမြီတွင် ရက္ခိုင်ပြည်သူအကျိုးပြုလုပ်ငန်းတိ၊ ကျောင်းသားထုအခွင့်အရီးကာကွယ်ရီးတာဝန်တိ၊ အမျိုးသားရီးတာဝဝန်တိကို လုပ်ဆောင်နီလျှက်ဟိပါရေ။